လ - ဇွန် 2024

အစေခံနှလုံးသား

ကျွန်ုပ်၏ဦးလေးဖြစ်သူ အီမိုရီ (Emory)ကွယ်လွန်ချိန်၌ သူ့အကြောင်း ချီးကျူးဂုဏ်ပြုမှုများမှာ များပြားကာ တစ်မျိုးစီ ကွဲပြားခြားနားသည်။ သို့ရာတွင် ထိုဂုဏ်ပြုမှုများအားလုံးက သူသည် အခြားသူများကို အစေခံခြင်းဖြင့် ဘုရားသခင်အပေါ် ထားရှိသည့် သူ၏ချစ်ခြင်းမေတ္တာအား ပြသခဲ့ကြောင်းအချက်ကို တညီတညွတ်တည်း ဖော်ပြလျက် ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းစဉ်က လက်နက် မကိုင်ဆောင်သော ဆေးတပ်သားအဖြစ် ထိုသာဓကကို သူ အထင်ရှားဆုံး ပြသနိုင်ခဲ့သည်။ သူ၏ရဲရင့်မှုအတွက် မြင့်မားသည့်စစ်ဘက်ဆိုင်ရာဂုဏ်ပြုမှုများကို သူရရှိခဲ့သော်လည်း စစ်အတွင်းနှင့် စစ်ပြီးကာလများ၌ သူ၏မေတ္တာကရုဏာပြည့်ဝသော အစေခံမှုက အီမိုရီအား လူတို့အမှတ်ရဆုံး အကြောင်းအရာဖြစ်သည်

အီမိုရီ၏ အတ္တကင်းမဲ့မှုသည် ဂလာတိလူတို့အား ရှင်ပေါလု၏စိန်ခေါ်ချက်ကို လက်တွေ့အသက်ရှင်ပြခဲ့ခြင်းဖြစ်သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” (ဂလာတိ ၅:၁၃) ဟု ရှင်ပေါလုက ရေးသားခဲ့သည်။…

အကျပ်ရိုက်မှုများနှင့် ပိုမိုနက်နဲသောယုံကြည်ခြင်း

စနေနေ့မနက် သမ္မာကျမ်းစာသင်ကြားခြင်းအစီအစဥ်သို့ ရောက်လာသည့် ဖခင်တစ်ဦးမှာ သူချစ်သော ပြောမနိုင်ဆိုမနိုင်သောသမီး မြို့သို့ပြန်လာခြင်းကြောင့် စိတ်ရှုပ်ထွေးလျက်ရှိပြီး၊ သမီးဖြစ်သူ၏ အပြုအမူကြောင့် အိမ်၌ သမီးနှင့်အတူရှိနေရခြင်းက သူ့အတွက် စိတ်မသက်မသာဖြစ်ရသည်။ အစီအစဥ်သို့ တက်ရောက် လာသည့် အမျိုးသမီးတစ်ဦးမှာလည်း အရွယ်အိုမင်းလာခြင်းနှင့် နာတာရှည် ရောဂါ၏ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များကြောင့် သူ၏ခန္ဓာကိုယ်မှာကျန်းမာခြင်း မရှိပေ။ ဆရာဝန်ပေါင်းများစွာနှင့် အကြိမ်များစွာ ပြသခဲ့သော်လည်း တိုးတက်မှု မဆိုစလောက်သာရှိ၍ သူမ စိတ်ပျက်အားလျော့နေသည်။ ဘုရားသခင်၏ အကြံ အစည်တော်ကြောင့် ထိုနေ့၌ သူတို့ လေ့လာခဲ့ကြသည့် သမ္မာကျမ်းစာမှာ ရှင်မာကုခရစ်ဝင်အခန်းကြီး ၅ ဖြစ်သည်။ အစီအစဥ်ပြီးဆုံးသွားသည့်အခါ မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

မာကု ၅:၂၃ တွင် ဖျားနာနေသည့် ကလေးငယ်တစ်ဦး၏ဖခင် ယာဣရုက “အကျွန်ုပ်၏သမီးငယ် သေလုပါပြီ” ဟု ဟစ်ကြော်ခဲ့သည်။ ထိုသမီးငယ်ထံသို့ သွားရာလမ်း၌ သခင်ယေရှုသည် နာတာရှည်ရောဂါခံစားနေရသည့် အမည်မသိ…

သခင်ယေရှုအား မျှော်လင့်ခြင်း

ကျွန်မ၏သူငယ်ချင်း ပေါလ်သည် ရေခဲသေတ္တာပြင်သမားအား စောင့်ဆိုင်းနေစဥ် ဝန်ဆောင်မှုပေးမည့်ကုမ္ပဏီမှ ဖုန်းမက်ဆေ့ဂျ်တစ်ခုကို လက်ခံရရှိခဲ့သည်။ “ယေရှုလာနေပြီ၊ ၁၁:၃၅ မိနစ်လောက်မှာ ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။ ထိုရေခဲသေတ္တာ ကျွမ်းကျင်ပညာရှင်၏ နာမည်မှာ အမှန်တကယ်ပင် ယေရှု (ဟေးစူးစ်)ဖြစ်ကြောင်း မကြာမီ ပေါလ် သိရှိခဲ့ရသည်။

သို့ရာတွင် ဘုရား၏သားတော်သခင်ယေရှု မည်သည့်အချိန်၌ ကြွလာမည်ကို ကျွန်မတို့ မျှော်လင့်နိုင်မည်နည်း။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်က လူသားတစ်ဦးအနေဖြင့် ကြွလာခဲ့ကာ ကျွန်မတို့၏အပြစ်ကြွေးဒဏ်ကို ပေးဆပ်ခဲ့ပြီး သူပြန်လည်ကြွလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် သူပြန်လည်ကြွလာမည့် “နေ့ရက်(သို့)အချိန်”အတိအကျကို ခမည်းတော်တစ်ပါးတည်းသာလျှင် သိကြောင်း ပြောခဲ့သည် (မ ၂၄:၃၆)။ ကယ်တင်ရှင် ဤလောကသို့ ပြန်ကြွလာမည့်အချိန်ကို ကျွန်မတို့သိရှိလျှင် မိမိတို့၏ နိစ္စဓူဝဦးစားပေးလုပ်ငန်းဆောင်တာများတွင် မည်သည့်အပြောင်းအလဲများ ဖြစ်လာနိုင်သနည်း (ယော ၁၄:၁-၃)။

သူပြန်လည် ကြွလာမည့်အချိန်အတွက် အသင့်ဖြစ်စေရန် သခင်ယေရှုက ကျွန်မတို့အား သတိပေးထားသည်။ “အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌…

ခရစ်တော်၌ သီးသန့်ဖယ်ထားခြင်း

ဇွန်လခေါင်းစဥ် | သန့်ရှင်းခြင်း

ကျွန်ုပ်တို့ခေတ်တွင် ‘သန့်ရှင်းခြင်း’ ဆိုသည့်စကားကို မကြာခဏ တစ်လွဲနားလည်ကြပေရာ၊ သူများထက်သာသည့် အကျင့်အကြံကြောင့် မာနကြီးသူအား ‘ဘုရားဖြစ်မဲ့ အုတ်နီခဲ’ ဟူ၍ အပျက်သဘောဆောင်ကာ ပြောဆိုသုံးနှုန်းမှုကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သန့်ရှင်းခြင်းကို သခင်ယေရှုအား ယုံကြည်သူတို့…

ရှင်ယေရှုအကြောင်း ကျွန်ုပ်၏ သားသမီးများအား မည်သည့် အချိန်မှစပြီး ပြောပြသင့်သနည်း။

ရရှင်ယေရှုအကြောင်း ကျွန်ုပ်၏ သားသမီးများအား မည်သည့် အချိန်မှစပြီး ပြောပြသင့်သနည်း။

ရှင်ယေရှုအကြောင်းစကားစမြည်စပြောရန် စောလွန်းသည်ဟူ၍မရှိပါ။
ဒီဇင်ဘာလ ၂၁ , ၂၀၂၀
by
Chris Wale

ကျွန်ုပ်တို့၏ဉယျာဉ်အနောက်ဘက်ခြမ်း၌ လက်တစ်ဆုပ်စာ ဟင်းသီး ဟင်းရွက်ပင်များစိုက်ပျိုးနေသည်။ ကျွန်ုပ်၏ ငါးနှစ်အရွယ်သားလေး တိုမို က…

သင့်ကလေးများကို ကျမ်းစာ ဖတ်စေချင်ပါသလား။ သင်မှအစပြုပါ။

သင့်ကလေးများကို ကျမ်းစာ ဖတ်စေချင်ပါသလား။ သင်မှအစပြုပါ။

၂၀၂၄ ခုနှစ်သို့ ဝင်ရောက်လာရာ၊ ကျွန်ုပ်တို့ထဲမှအချို့မှာ ကျွန်ုပ်တို့၏ ကလေးများ ကျမ်းစာဖတ်လာရမည် စသည့် နှစ်သစ်သန္နိဌာန် ချမှတ်ကြမည်ဖြစ်သည်။ အဘိုးလည်းဖြစ်၊ သင်းအုပ်ဆရာလည်းဖြစ်သူက သူကိုယ်၌က အစပြုပြီး မည်သို့လုပ်ဆောင်ခဲ့ကြောင်း ဝေမျှထားသည်။
ဇန်နဝါရီလ ၁…

အပြောင်မြောက်ဆုံး ဘုရား၏ဖန်ဆင်းခြင်းလက်ရာ

ဦးနှောက်၏အလုပ်လုပ်ပုံနှင့်ပတ်သက်ပြီး နားလည်ရန်ကြိုးပမ်းမှုတွင် အာရုံကြောသိပ္ပံပညာနယ်ပယ်၌ ကြီးမားသည့် တိုးတက်မှုရရှိထားသော်လည်း ထိုသို့နားလည် မှုမှာ အစောပိုင်းအဆင့်များ၌သာရှိနေသေးကြောင်း သိပ္ပံပညာရှင်များက ဝန်ခံထား သည်။ ဦးနှောက်၏ဖွဲ့စည်းမှုပုံစံ၊ အလုပ်လုပ်ပုံအချို့၊ ပတ်ဝန်းကျင်ကိုတုံ့ပြန်သည့်၊ အာရုံခံစားမှုများကို လှုံ့ဆော်သည့်၊ လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည့်၊ ခံစားချက်များကို ထိန်းချုပ်သည့် ဦးနှောက်၏အခန်းကဏ္ဍများကို သူတို့ သိရှိနားလည်ကြသည်။ သို့ရာတွင် ဤအပြန်အလှန် တုံ့ပြန်မှုအားလုံးက အပြုအမူ၊ အသိအမြင်နှင့် မှတ်ဉာဏ်တို့အပေါ် မည်သို့ပံ့ပိုးပေးသည်ကိုမူ သူတို့ ယခုတိုင် နားမလည်နိုင်သေးပါ။ ဘုရားသခင်၏ နက်နဲရှုပ်ထွေးလှသည့် အပြောင်မြောက်ဆုံး ဖန်ဆင်းခြင်း လက်ရာတော်ဖြစ်သော လူသားမှာမူ နက်နဲဆန်းကြယ်ဆဲပင်ဖြစ်သည်။ 

လူ့ခန္ဓာကိုယ်၏အံ့ဖွယ်လက္ခဏာများကို ဒါဝိဒ်က သိမှတ်နားလည်ခဲ့သည်။ သူ့အား “အမိဝမ်းထဲ၌ ဖုံးအုပ်” (ဆာလံ ၁၃၉:၁၃) ထားသည့် သဘာဝဖြစ်စဥ်တစ်ခုလုံးအပေါ် သက်သေထင်ရှားသည့် ဘုရားရှင်၏ အလုံးစုံ ထိန်းချုပ်အုပ်စိုးခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို ပုံဖော်တင်စားလျက် ဒါဝိဒ်က ချီးမွမ်းဂုဏ်ပြုထားသည်။ “အကျွန်ုပ်သည် ကြောက်မက်ဘွယ်သောလက္ခဏာ၊ထူးဆန်း သော…