လ - ဩဂုတ် 2024

မိသားစုထက် ပိုသော

ဂျွန်သည် ဂုဏ်သတင်းကြီးသောကောလိပ်တစ်ခု၌ အဆင့်မြင့် ပါမောက္ခအဖြစ် ခန့်အပ် ခံခဲ့ရသည်။ သူ၏အစ်ကိုဒေးဗစ်သည် ကျေနပ်ခဲ့သော်လည်း၊ ညီအစ်ကိုချင်းအနေဖြင့်၊ ငယ်စဉ်က သူနှင့် ဂျွန်တို့ နပန်းလုံးပြီး ဂျွန်ကို မြေပေါ်လှဲသိပ်ခဲ့သည်ကို မစနောက်ဘဲ မနေနိုင်ပါ။ ဘဝတွင် အောင်မြင်မှုများဆွတ်ခူးခဲ့သော်လည်း ဂျွန်သည် ဒေးဗစ်၏ အမြဲတမ်း ညီလေးဖြစ်ပါသည်။

သင်သည် မေရှိယဖြစ်လျှင်ပင် မိသားစု အထင်ကြီးအောင် လုပ်ရန် ခက်လှသည်။ ယေရှုသည် နာဇရက်မြို့သားတို့ကြားတွင် ကြီးပြင်းလာခဲ့ပြီး၊ သူသည် ထူးခြားသောသူဖြစ်ကြောင်း ယုံကြည်ရန် မြို့သားတို့ရုန်းကန်ခဲ့ရသည်။ သို့သော် ယေရှုကြောင့် သူတို့အံ့ဩခဲ့ရသည်။ “ဤမျှလောက်သောတန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။ သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော” (မာ ၆:၂-၃)။ ရှင်ယေရှုက“ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်”ဟု (:၄) မှတ်ချက်ချခဲ့သည်။ ဤလူများသည် ယေရှုကို ကောင်းစွာသိသော်လည်း သူသည် ဘုရားသခင်၏…

စီရင်ချက်ချပြီးပြီ၊ လွတ်ငြိမ်းပြီ

“ကျွန်တော် မလုပ်ဘူး။” ယင်းသည် လိမ်ညာမှုတစ်ခုဖြစ်ပြီး ဘုရားသခင်က ကျွန်တော့်ကို မတားဆီးချိန်အထိ အပြစ်မှလွတ်ကာနီးပင်ဖြစ်ခဲ့သည်။ ကျွန်တော်အလယ်တန်းကျောင်းသားဘဝက ဖျော်ဖြေပွဲတစ်ခုတင်ဆက်စဉ် စင်နောက်မှ နေ၍ စက္ကူကိုလုံးပြီး စင်ပေါ်မှလူများကို ပေါက်သည့်အဖွဲ့၌ ကျွန်တော်ပါခဲ့သည်။ ကျွန်တော်တို့၏ဒါရိုက်တာသည် ရေတပ်သားဟောင်းတစ်ဦးဖြစ်ပြီး အလွန်စည်းကမ်းကြီးသည့်အတွက် သူ့ကို ကျွန်တော် ကြောက်ပါသည်။ ထို့ကြောင့် သူငယ်ချင်းများက ကျွန်တော်လည်း ပါကြောင်းပြော‌သောအခါ ဒါရိုက်တာကို လည်းကောင်း၊ ထို့နောက် ကျွန်တော့်ဖခင်ကိုလည်းကောင်း လိမ်ညာခဲ့သည်။

သို့သော် ဘုရားသခင်က ဆက်ပြီး လိမ်ညာရန် ခွင့်မပြုပါ။ သူသည် ကျွန်ုပ်ကို ဩတ္တပစိတ် အလွန်မကြည်မလင်ဖြစ်စေခဲ့သည်။ ရက်သတ္တပတ်အတန်ကြာမျှ တောင့်ခံပြီးနောက် ကျွန်တော် စိတ်လျှော့လိုက်သည်။ ဘုရားသခင်နှင့် အဖေ့ကို ကျွန်တော့်အား ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ခဏအကြာတွင် ကျွန်တော်၏ ဒါရိုက်တာ၏အိမ်သို့သွားကာ မျက်ရည်စက်လက်ဖြင့် အပြစ်ကို ဝန်ခံခဲ့သည်။ သူသည် ကြင်နာတတ်ပြီး ခွင့်လွှတ်ပေးသည့်အတွက် တော်ပါသေးသည်။

ဤဝန်ထုပ်ဝန်ပိုးပျောက်ပြယ်သွားခြင်းသည်…

ဘုရားသခင်၏ရက်ရောသော ချစ်ခြင်းမေတ္တာ

ဗိုလ်ချုပ်ကြီး ဝီလီယမ်မက်ရေဗန် (William McRaven) သည် ဘွဲ့ယူကျောင်းသားများအတွက် နေ့စဉ်အိပ်ယာသိမ်းခြင်းအကြောင်း မိန့်ခွန်းချွေသည့် စစ်သား တစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပြီး၊ ထိုမိန့်ခွန်းသည် အွန်လိုင်း၌ ကြည့်ရှုသူ သန်း ၁၀၀ ရရှိခဲ့သည်။ သို့သော် ရေတပ်အထူးစစ်ဆင်ရေးဗိုလ်ချုပ်ကြီးက အလွန်စိတ်ဝင်စားဖွယ်ကောင်းသော နောက်ထပ်သင်ခန်းစာကို မျှဝေထားသည်။ အရှေ့အလယ်ပိုင်းစစ်ဆင်ရေးအတွင်း အပြစ်မဲ့မိသားစုဝင်အချို့ကို မှားပြီး သတ်မိခဲ့သည့်အတွက် မက်ရေဗန်က ဝမ်းနည်းစွာ ဝန်ခံခဲ့သည်။ ထိုမိသားစုအား စိတ်ရင်းမှန်ဖြင့် တောင်းပန်ရန်လိုအပ်သည်ဟု ယုံကြည်၍ မက်ရေဗန်သည် စိတ်နှလုံးကြေကွဲနေသောဖခင်အား ခွင့်လွှတ်ပေးရန် ရဲဝံ့စွာတောင်းပန်ခဲ့သည်။

“ကျွန်တော်က စစ်သားပါ။ ကျွန်တော့်မှာလည်း သားသမီးရှိပါတယ်။ကျွန်တော့်နှလုံးသားက သင့်အတွက် ကြေကွဲဝမ်းနည်းရပါတယ်”ဟု မက်ရေဗန်က ထိုသူအား စကားပြန်မှတစ်ဆင့် ပြောခဲ့သည်။ ထိုသူ မည်သို့တုံ့ပြန်ပါသနည်း။ ထိုသူက မက်ရေဗန်ကို ခွင့်လွှတ်ခြင်းဟူသော ရက်ရောသောလက်ဆောင်ကို ပေးခဲ့သည်။ ထိုသူ၏အသက်ရှင်ကျန်ခဲ့သောသားက “ကျေးဇူးအများကြီးတင်ပါတယ်။ ခင်ဗျားကို အခဲမကြေတဲ့စိတ်မျိုး ကျွန်တော်တို့စိတ်ထဲမထားပါဘူး”ဟု ပြောခဲ့သည်။…

အကျဥ်းထောင်သံတိုင်များ၏နောက်ကွယ်

အမေရိကန်ဘောလုံးအသင်းမှ နောက်တန်းတိုက်စစ်မှူး ကြယ်ပွင့်ကစားသမား တစ်ဦးသည် အားကစားကွင်း မဟုတ်သော စင်မြင့်ပေါ်သို့ တက်လာပြီး၊ ဖလော်ရီဒါ ပြည်နယ်၊ မီယာမီမြို့ရှိ အဲဗားဂလိပ်ဒ်စ်(Everglades) ပြုပြင်ထိန်းသိမ်းရေးဌာနရှိ အကျဉ်းသားသုံးရာတို့အား ဟေရှာယကျမ်းမှ စကားများကို ဝေမျှခဲ့သည်။

ဤအခိုက်အတန့်သည် နာမည်ကျော်အားကစားသမားတစ်ဦးကို မြင်ရသည့်မြင်ကွင်းအကြောင်း မဟုတ်ဘဲ ကျိုးပဲ့နာကျင်နေသော ဝိညာဉ်များစွာ၏အကြောင်းဖြစ်သည်။ ဤအထူးအချိန်၌ ဘုရားသခင်သည် သံတိုင်များ နောက်ကွယ်မှ ထင်ရှားလာသည်။ လေ့လာသူတစ်ဦးက “ဝတ်ပြုဆောင်မှာ ကိုးကွယ်ခြင်းနှင့် ချီးမွမ်းခြင်းများ ပွင့်အန်ထွက်လာတယ်”ဟူသော စာတိုလေးကို အင်တာနက်ပေါ်တင်လိုက်သည်။ အမျိုးသားများသည် အတူတကွငိုကြွေးပြီး ဆုတောင်းခဲ့ကြသည်။ အဆုံး၌ အကျဉ်းသား နှစ်ဆယ်ခုနစ်ဦးသည် သူတို့၏အသက်တာကို ခရစ်တော်ထံ အပ်နှံခဲ့ကြသည်။
တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏လောဘ၊ တစ်ကိုယ်ကောင်းဆန်မှု၊ စွဲလန်းမှု စသည့် ကိုယ်တိုင်လုပ်အကျဉ်းထောင်၏သံတိုင်များနောက်၌ ချောင်ပိတ်မိနေသည်။ သို့သော် အံ့ဩဖွယ် ဘုရားသခင် ရောက်လာသည်။ ထိုနေ့မနက် အကျဉ်းထောင်၌ အဓိကကျမ်းပိုဒ်မှာ “အမှုသစ်ကို…

ကြိုဆိုရေးခြေသုတ်ဖုံ

ရပ်ကွက်လက်လီကုန်စုံစတိုးဆိုင်ကြီးတွင် ပြသထားသည့်ခြေသုတ်ဖုံများကို လိုက်ကြည့်ရင်း၊ ၎င်းမျက်နှာပြင်များပေါ်၌ ရိုက်နှိပ်ထားသည့် စာများကို ကျွန်မသတိထားမိသည်။ “မင်္ဂလာပါ”(Hello)၊ “အိမ်” (Home) စာလုံးများရှိ “အို”အက္ခရာကို အသဲပုံဖြင့် ဖော်ပြထားသည်။ ထုံးစံအတိုင်း “ကြိုဆိုပါ၏” (welcome) ခြေသုတ်ဖုန်ကို ကျွန်မ ရွေးခဲ့သည်။ ‌ခြေသုတ်ဖုန်ကို နေရာတကျထားပြီးနောက် ကျွန်မ၏ စိတ်နှလုံးကို စစ်ဆေးလိုက်သည်။ ကျွန်မ၏အိမ်သည် ဘုရားသခင်အလိုရှိသောပုံစံအတိုင်း အမှန်ပင် လက်ခံကြိုဆိုပါသလား။ ကျောင်းအစီအစဉ်အတွက် ချော့ကလက် လိုက်ရောင်းသောကလေး၊ အကူအညီလိုနေသော အိမ်နီးချင်း၊ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာသော အခြားမြို့ရှိ မိသားစုဝင်တစ်ဦး၊ ထိုသူတို့ကို ကျွန်မကြိုဆိုပါသလား။

မာကု ၉ တွင်၊ သခင်၏ပုံပန်းသဏ္ဌာန်ပြောင်းလဲသွားသောတောင်ပေါ်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သန့်ရှင်းသောမျက်မှောက်တော်၌ မှင်သက်ထိတ်လန့်ခဲ့ကြသည်(:၁-၁၃)။ ယေရှုသည် မျှော်လင့်ချက်ပျောက်ဆုံးနေသောဖခင်တစ်ဦး၏ နတ်ဆိုးစွဲသောသားကို ကုသရန် (:၁၄-၂၉) ထိုတောင်မှနေ၍ ကြွသွားလေသည်။ ထို့နောက် ယေရှုသည် သူအသေသတ်ခြင်း…