လ - ဇန်နဝါရီ 2026

ဘုရားသခင်၌သာ အာရုံပြုပါ

ကျွန်မ၏လုပ်ဖော်ကိုင်ဖက်သည် ပြဿနာတစ်ခုကို ဆွေးနွေးရန် ကျွန်မကို ဖုန်းခေါ်ခဲ့သည်။ ထို့နောက် ကျွန်မ၏အခြေအနေကို သူမေးရာ၊ ကျွန်မ၌ ဆိုးဝါးသည့်ထိပ်ကပ်နာရှိနေပြီး ဆေးလည်း မတိုးတော့ကြောင်း သူ့ကို ပြောပြခဲ့သည်။ သူက “ရှင့်အတွက် ဆုတောင်းပေးလို့ရမလား”ဟု ရိုးရိုးလေးမေးခဲ့ပြီး၊ ကျွန်မလက်ခံ သဖြင့် ကျွန်မ၏ကျန်းမာရေးအတွက် စက္ကန့်သုံးဆယ်ကြာမျှသာ သူဆုတောင်းပေးခဲ့သည်။ “တစ်ခါတစ်လေ ကျွန်မဆုတောင်းဖို့ မေ့တယ်။ ဘုရားဆီ ဦးမလှည့်ဘဲ နာကျင်မှုအပေါ်မှာပဲ အရမ်းအာရုံစိုက်နေခဲ့မိတယ်”ဟု ကျွန်မဝန်ခံမိသည်။

ကျွန်မ၏ဝန်ခံချက်က မိမိအာရုံကို မည်သည့်နေရာတွင် ထားမိသည် - မိမိ၏ ရုန်းကန်ရမှုများနှင့် ပြဿနာအပေါ်မှာလား (သို့) ဘုရားသခင်အပေါ်လားဆိုသည်ကို ပြန်လည်သုံးသပ်မိစေသည်။ ထိုနေ့က နာကျင်ပြင်းထန်သဖြင့် ကျွန်မ၏အတွေးများက ဝေဒနာအပေါ်၌သာ ဗဟိုပြုမိခဲ့သည်။ သို့သော် ကျွန်မတို့၏ဝေဒနာများကို ကုသကာ သက်သာပျောက်ကင်းစေသည့် ဘုရားသခင်အပေါ်၌သာ စိတ်အာရုံများကို စုစည်းထားပါက “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်”ဟု (ဟေရှာ…

ဘုရားသခင်၏မျက်မှောက်တော်၌

ဘုန်းတော်ကြီးလောရန့်စ်၏လက်ရာဖြစ်သည့် The Practice of the Presence of God (ဘုရားသခင်၏မျက်မှောက်တော်၌ ကျင့်ကြံနေထိုင်မှု)စာအုပ်ကို ၁၆၉၂ ခုနှစ်တွင် ပထမဆုံးပုံနှိပ်ခဲ့သည်။ ထိုစာအုပ်တွင် သူ၏နေ့စဉ်လုပ်ငန်းဆောင်တာများထဲသို့ ဘုရားသခင်အား မည်သို့ဖိတ်ခေါ်ခဲ့သည်ကို ဖော်ပြထားသည်။ မြက်ခင်းရိတ်၊ အစားအစာဝယ်၊ လမ်းလျှောက်ထွက်ကာ ခွေးကျောင်းခြင်း စသည်ဖြင့် ပြုလေရာရာ၌ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကိုရှာရန် ဘုန်းတော်ကြီး လောရန့်စ်၏စကားများက ကျွန်တော် တို့အား ယခုတိုင်စိန်ခေါ်နေဆဲ ဖြစ်သည်။

ကျွန်တော့်ခွေးလေးဝင်းစတန်ကို ကျွန်တော်နေ့စဥ်ကျောင်းရာ၊ ကျွန်တော် ၏ရည်မှန်းချက်မှာ ဝင်းစတန်ကို လေ့ကျင့်ခန်းလုပ်ပေးရန်ဖြစ်ပြီး၊ ဝင်းစတန်က လျှောက်အနံ့ခံရန်ဖြစ်သည်။ ကျွန်တော်တို့ မကြာခဏရပ်နားချိန်က ပိုများသဖြင့် ၎င်းကို “လမ်းလျှောက်ချိန်”ဟု ပြောခြင်းက ပိုပြောနေသလိုပင်။ ဘဝ၌ ရှေ့ဆက်နိုင်မှုနှေးကွေးနေခြင်းကို စိတ်မတင်မကျဖြစ်နေမည့်အစား မကြာမီက အမြင်ကို ပြောင်းလျက်၊ ထိုအခိုက်အတန့်များကို ဘဝသည် ခွေးကျောင်းလမ်းလျှောက်ချိန်နှင့် တူကြောင်းဆင်ခြင်နိုင်အောင် သတိပေးချက်အဖြစ် ရှုမြင်ရန် ဘုရားသခင်ထံ…

သခင်ယေရှုအားဖြင့် ခိုင်ခံ့မြဲမြံစွာ ရပ်နေခြင်း

ကျွန်မမိခင်သည် မကြာမီက အင်တာနက်၌ သူမတွေ့ခဲ့သည့် အာဖရိကတိုက်ရှိ ရေအိုင်တစ်ခုမှ အံ့ဩစရာတိုက်ပွဲတစ်ခုကို ကျွန်မထံပေးပို့ခဲ့သည်။ အာဖရိက တောဆိတ်ကြီး၌ ၂ပေကျော်ရှည်သော ဦးချိုရှိပြီး၊ ၎င်းတို့သည် သူ့အား ပြိုင်ဘက် ကင်းကာ မကြောက်တတ်ပုံရသောတိရစ္ဆာန် ဖြစ်လာစေသည်။ သို့သော် ၎င်းသည် ရဲရင့်ပြီး ဗရုတ်ဗရက် ငှက်ကုလားအုတ်အုပ်စုနှင့် မတွေ့ခင်အထိသာဖြစ်သည်။
ရန်သူထက်သာ၍အရပ်ရှည်သော ငှက်ကုလားအုတ်ခေါင်းဆောင်သည် ၎င်း၏ အမွေးအတောင်များကို လှုပ်ယမ်းအော်ဟစ်ကာ တောဆိတ်သုံးကောင်ထံသို့ တစ်ရှိန်ထိုးပြေးသွားရာ ဆိတ်သုံးကောင်မှာ လစ်ပြေးသွားသည်။ “သူတို့ရဲ့ဦးချိုတွေ ဘယ်လောက်စွမ်းလည်းဆိုတာ သူတို့မသိကြဘူးထင်တယ်”ဟု အမေ့ကို ကျွန်မပြောလိုက်သည်။

သခင်ယေရှုကို ယုံကြည်သူတို့သည်လည်း ဝိညာဉ်ရေးရာရန်သူ စာတန်၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ မိမိ၌ရှိနေသောစွမ်းအားတန်ခိုးကို မေ့သွားတတ်သည်။ ကျွန်မတို့၏အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်နေပြီး (ရော ၈:၁၁)၊ ကျွန်မတို့၌ ကျွန်မတို့ကို မစမည့် ဘုရားသခင်၏လက်နက်စုံရှိသည်။ “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်...သော လက်နက်စုံကို ဝတ်ဆောင်ကြလော့”(ဧ…

ဂရုပြုစောင်မလျက် ပေးပို့သည်

“CARE”လက်ဆောင်ထုပ်အမည်သည် ဒုတိယကမ္ဘာစစ်အတွင်း ရွှေ့ပြောင်းရသည့် ဥရောပတိုက်သားများအား ကူညီရန် အစားအသောက်အထုပ်များပေးပို့ခဲ့သည့်အဖွဲ့-“Cooperative for American Remittances to Europe”(အမေရိကန်မှ ဥရောပသို့ လက်ဆောင် ပါဆယ်ထုပ်ပေးပို့သည့်အသင်း)၏အမည်အတိုကောက် ဖြစ်ကြောင်း မကြာမီကမှ ကျွန်မသိရှိခဲ့ရသည်။ ကျွန်မ၏ကလေးများ ကောလိပ်တက်စဥ်က သူတို့ထံ ပေးပို့ခဲ့သော ပါဆယ်ထုပ်များတွင် အများအားဖြင့် အိမ်လုပ်မုန့်များ၊ သကြားလုံးများနှင့် ပြည့်နေခဲ့သော်လည်း အိမ်တွင် ၎င်းတို့မေ့နေသည့် အနှစ်သက်ဆုံးအင်္ကျီ (သို့) ကျောင်းသုံးအပိုပစ္စည်း အစရှိသော လက်တွေ့အသုံးဝင်သည့် ပစ္စည်းအချို့တို့လည်း ရံဖန်ရံခါပါဝင်သည်။

“ကရုဏာလက်ဆောင်ထုပ်”ဟူသောအမည်သည် ခေတ်မီဆဲဖြစ်ပြီး၊ အသုံးဝင်သည့်ပစ္စည်းများပေးပို့ခြင်း အလေ့အထသည် ရှေးကတည်းက ရှိနေသည်။ ၎င်းကို ၂ တိ စာစောင်အဆုံးတွင် တွေ့ရသည်။ ရောမမြို့၌ အကျဉ်းချခံရစဉ် ပေါလုသည် သူယုံကြည်ရသောတပည့်ထံ ရေးသည့်စာအဆုံး၌ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်အချို့နှင့် အဆုံးသတ်ထားသည်။ သူ့အား ကူညီရန် မာကုကို ခေါ်၍ သူ့ထံလာရန် တိမောသေအား…

ယုံကြည်ခြင်း၌ရှိသော မျှော်လင့်ခြင်း

ခရစ္စတင်း၏သားသည် ကင်ဆာရောဂါဖြင့် ၇ နှစ်အရွယ်လေးမှာပင် ဆုံးပါးသွားခဲ့သည်။ ၃ နှစ်အကြာ ယခုတွင်မူ သူမ၏သားကြီးသည် နာတာရှည်ရောဂါကို ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။ မယုံကြည်သူ သူငယ်ချင်းများက သူမနှင့်အတူ ဝမ်းနည်းခဲ့ကြသော်လည်း သူမသည် ခရစ်တော်ကို အဘယ်ကြောင့် ဆက်လက် ယုံကြည်ကိုးစားသည်ကို သူတို့နားမလည်နိုင်ခဲ့ကြပါ။ “နင့်ဘုရားက ဘာလို့ ဒါကို ဖြစ်စေတာလဲ၊ သူ့ကို နင်ဘာလို့ ဆက်ယုံကြည်နိုင်သေးတာလဲ” ဟု သူတို့မေးခွန်းထုတ်ခဲ့သည်။
ခရစ္စတင်းအတွက်မူ ၎င်းသည် သူမအား ဆက်လက်ယုံကြည်စေသည့် သာ၍ ခိုင်လုံသောအကြောင်းပြချက် ဖြစ်သည်။ “ဘာကြောင့် ဒီလိုတွေဖြစ်နေရသလဲ ဆိုတာ ကျွန်မနားမလည်ပါဘူး။ ဒါပေမယ့် ဘုရားသခင်က ကျွန်မတို့ကို ဒီလိုအခက် အခဲတွေကြားက ကူညီပေးမယ်ဆိုတာ ကျွန်မသိတယ်။ ဘုရားရှင်တစ်ပါးတည်းသာလျှင် ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ခြင်းကို ပေးစွမ်းနိုင်တယ်”ဟု သူမဆိုခဲ့သည်။

အခက်အခဲအကြပ်အတည်းများကျရောက်ချိန် ထိုသို့သောမျှော်လင့်ခြင်းနှင့် ယုံကြည်ကိုးစားခြင်းက ဒါဝိဒ်မင်းအား ရှေ့ဆက်စေနိုင်ခဲ့သည်။ သူ့အား…