
ကြီးမားလာသော နှလုံးသား
သြဂတ်စတင်း၏ Confessions(ဝန်ခံချက်)စာအုပ်တွင် သူ့လိုလူနှင့် ဘုရားသခင် မည်သို့ဆက်ဆံရေး တည်ဆောက်နိုင်သည်ကို သူနားမလည်နိုင်ခဲ့ပါ။ စကြဝဠာကို ဖန်ဆင်းသူသည် သေးငယ်ပြီး အပြစ်ရှိသော သူ့စိတ်နှလုံးသို့ ဝင်ရောက်ရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ဖြစ်နိုင်အောင်ပြုပေးပါမည့်အကြောင်း “ကျွန်ုပ်၏ စိတ်ဝိညာဉ်အိမ်မှာ ကျဉ်းပါ၏။ ကိုယ်တော် ဝင်ရောက်နိုင်ဖို့ ချဲ့ပေးတော်မူပါ။ စိတ်နှလုံးသည် ပျက်စီးနေပါ၏။ ပြုပြင်ပေးပါ။ ကိုယ်တော်ကို အနှောင့်အယှက်ဖြစ်စေသည့်အရာများရှိပါ၏။ ၎င်းကို ကျွန်ုပ်သိပါ၏။ ဝန်ခံပါ၏။ သို့သော် ကိုယ်တော်ကလွဲပြီး မည်သူက ကျွန်ုပ်ကို သန့်စင်ပေးမှာလဲ၊ ဘယ်သူ့ဆီကို အော်ဟစ်ရမှာလဲ”ဟူ၍ ဘုရားသခင်ထံ သူဆုတောင်းခဲ့သည်။
ယနေ့တွင် သြဂတ်စတင်းကို လေးစားကြည်ညိုဖွယ် ဒဿနိကပညာရှင်နှင့်ဓမ္မပညာရှင် စိန့်သြဂတ်စတင်းအဖြစ် ကျွန်ုပ်တို့သိကြသည်။ သို့သော် သူက သူ့အားသိရှိလိုသော ဘုရားသခင်၏အံ့သြဖွယ်ရာဖြင့် ပြောင်းလဲသူအဖြစ် သူ့ကိုယ်သူ ရိုးရိုးလေးရှုမြင်သည်။
ဆာလံ ၁၁၉ တွင် ဆာလံဆရာသည် အထူးသဖြင့် သမ္မာကျမ်းစာအားဖြင့် သူ့ကိုယ်ကိုဖွင့်ပြသော ဘုရားသခင်၏ဗျာဒိတ်တော်ကို အံ့သြခံစားခဲ့ရသည်(:၁၈)။…
မမြင်နိုင်သော ကြင်နာမှု
ပန်းချီကားပေါ်တွင် မျက်နှာပုံတစ်ခုသည် ကြာမြင့်စွာရှိနေပြီး မည်သူဖြစ်သည်ကို မည်သူမျှ မသိပါ။ “ဘုန်းတော်ကြီး ဘျူးဖေါ့ဒ်၏ သေဆုံးခြင်း” (The Death of Cardinal Beaufort) ပန်းချီကားကို ၁၇၈၉ ခုနှစ်တွင် ဆာ ဂျော့ရှူဝါရေးနိုးလ်စ် (Sir Joshua Reynolds) ရေးဆွဲစဉ်က သေဆုံးတော့မည့်သူ၏ နောက်ဘက် အမှောင်၌ မကောင်းဆိုးဝါး၏မျက်နှာကို ထည့်သွင်းရေးဆွဲခဲ့သည်။ ရေးနိုးလ်သည် ရှိတ်စပီးယားပြဇာတ်တစ်ခုမှ “အလုပ်များပြီး ဝင်စွက်ဖက်နေသည့်မိစ္ဆာကောင်”ရှိနေခြင်းဇာတ်ဝင်ခန်းကို အတိအကျ ရေးဆွဲခြင်းဖြစ်ပြီး၊ အချို့က ထိုသို့ တိုက်ရိုက်ကူးချခြင်းကို မနှစ်မြို့ကြပေ။ ၁၇၉၂ တွင် ရေးနိုးလ် ကွယ်လွန် သောအခါ သူဆွဲထားသောမျက်နှာကို ဆေးဖြင့် ဖုံးပစ်လိုက်ပြီး လူတို့မေ့ပျောက်သွားသည်။ မကြာမီက အနုပညာထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့မှ သုတ်ထားသော ဆေးနှင့်အရောင်တင်ဆီများကို ခွာချပြီး နဂိုရှိရင်းစွဲပုံကို ဖော်ထုတ်ခဲ့ကြသည်။
ဘုရားသခင်အစိုးရသောကမ္ဘာကြီးတွင် မျက်မြင်မရသော ဝိညာဉ်လောကသည် ကျွန်ုပ်တို့၏ပတ်လည်၌ အမှန်ရှိနေကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။…

ယေရှုပေးသောငြိမ်သက်ခြင်း
ဇန်နဝါရီလခေါင်းစဥ် | သမ္မာကျမ်းစာ၏ကြီးမြတ်သောဇာတ်လမ်း
ယခုခေတ်ကာလ၌ ငြိမ်သက်ခြင်းကို ခံစားရသူ မရှိလောက်ဖြစ်သည်။ ရှုပ်ထွေးပွေလီသည့်လောက၌ လူတို့နားမလည်နိုင်လောက်သော ငြိမ်သက်ခြင်းကို ဘုရားသခင် ကမ်းလှမ်း ပေးနေသည်။ ငြိမ်သက်ခြင်းကို မျှော်လင့်ခြင်းသည် သမ္မာကျမ်းစာ၏ ဇာတ်လမ်းနှလုံးသည်းပွတ်၌ တည်နေသည်။
ဧဒင်ဥယျာဥ်၌ အာဒံနှင့်ဧဝတို့ ဘုရားသခင်ကို မနာခံခဲ့ခြင်းကြောင့်…
ဘုရားသခင်၏နှစ်သိမ့်သက်သာစေမှု
ကျွန်မ မအောင့်နိုင်တော့ပါ။ ကျွန်မတို့ဇနီးမောင်နှံသည် စတိုးဆိုင်မှ အခုလေးတင် ပြန်ရောက်လာပြီး၊ အထုတ်များချရင်း ဒိုးနတ်မုန့်ထုပ်ကို မတွေ့သဖြင့် ကျွန်မ အသည်းအသန်ရှာမိသည်။ ငွေလက်ခံဖြတ်ပိုင်းကို စစ်လိုက်ရာ၊ ဖြတ်ပိုင်း၌ မပါသဖြင့် ဒိုးနတ်မုန့် ပါမလာပါ။ “ကျွန်မ အလိုချင်ဆုံးက ဒိုးနတ်မုန့်လေ”ဟု စိတ်ပျက်လက်ပျက်နှင့် ကျွန်မညည်းမိသည်။ ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျွန်မခင်ပွန်းက ကျွန်မအား ဒိုးနတ်မုန့်ထုပ် ကမ်းပေးလာသည်။ ပြဿနာကို ဖြေရှင်းရန် ကျွန်မခင်ပွန်းသည် နှင်းကို အံတုလျက် ခိုးကြောင်ခိုးဝှက်ထွက်ကာ သွားပြန်ဝယ်ပေးခြင်းဖြစ်သည်။ “ကျွန်မရဲ့အာသီသကို ဖြည့်ဆည်းပေးဖို့ မုန့်ထွက်ဝယ်ပေးတာ ရှင်ဘာအထိအခိုက်မှမရှိလို့ ဝမ်းသာပါတယ်”ဟု ခင်ပွန်း၏လက်မောင်းကို ဆုပ်ကိုင်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်မိသည်။
ဒိုးနတ်ကို အာသီသပြင်းပြစွာ စားချင်စိတ်က တော်ယုံဖြစ်လေ့ဖြစ်ထမရှိပါ။ သို့သော် ယခုရက်သတ္တပတ်အတွင်း စိတ်ဖိစီးပြီး၊ ခံစားမှုမွန်းကြပ်သဖြင့် စိတ်ကို ဖြေသိမ့်ရန် ဒိုးနတ်ဘက်သို့ စိတ်ရောက်သွားခြင်းဖြစ်သည်။ သို့နှင့် ခင်ပွန်း၏ချစ်ခြင်း မေတ္တာနှင့်ကြင်နာမှုအားဖြင့် နက်ရှိုင်းသော…

ဘုရားသခင်အား ကိုင်စွဲထားပါ
ကျွန်မတို့ကျောင်း၌ မြို့နယ်အဆင့်နပန်းလုံးဗိုလ်လုပွဲကျင်းပခဲ့ရာ၊ အားကစားရုံတွင် အသက်(၈)နှစ်အရွယ် ကလေးများသည် လုံးထွေးသတ်ပုတ်လျက်ရှိပြီး၊ သူတို့၏ ပြိုင်ဖက်ကို လှဲချနိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ ထိုရှေးဟောင်းအားကစားတွင် လှဲချခြင်း၊ လွတ်အောင် ရုန်းထွက်ခြင်း၊ မလှုပ်နိုင်အောင်ချုပ်ထားခြင်းနှင့် အခြားအမှတ်ပေးမှုများသည် အောင်နိုင်မှုအတွက် အရေးကြီး သောအချက်များဖြစ်ပြီး၊ ၎င်းတို့အားလုံးကို ပေါင်းစပ်လုပ်ဆောင်ရန် လိုအပ်သည်။ ပရိသတ်သဘောကျသော တတိယတန်းမှကျောင်းသူလေးသည် သူမ၏ပြိုင်ဖက်များထက် လျင်မြန်ဖြတ်လတ်ပြီး သူမ၏လှစ်ခနဲ လှစ်ခနဲလှုပ်ရှားမှုက ပြိုင်ဖက်ကို လှည့်စား၍ အနိုင်ရစေသည်ဟု ထင်ရသည်။
ယာကုပ်သည်လည်း အဘထံမှ သူ့အစ်ကိုအမွေရရှိမည့်သားဦးအရာ (၂၅:၃၃)နှင့် တစ်သက်တာကောင်းချီး (၂၇:၂၇-၄၀)ကို ရယူရန်အတွက် ဧသောအား လှည့်စား ဖယ်ရှားပြီး၊ သူ့အမွှာအစ်ကို၏ အမြတ်ဆုံးသောအမွေကို ရရှိရန် “လုံးပမ်း”ခဲ့သည်။ ထိုသို့ ကောင်းချီးမင်္ဂလာကို ခိုးယူသဖြင့် ယာကုပ်သည် ဖခင်အိမ်မှ အဝေးသို့ ထွက်ပြေးခဲ့ရပြီး၊ ကောက်ကျစ်သော ယောက္ခထီးအိမ်တွင် မှီခိုနေရကာ အစ်ကို၏ အမျက်ဒေါသကို ကြောက်ရွံ့ပြီး ဘဝရှင်သန်ခဲ့ရသည်။…

သိနေသောမျက်လုံး
အိမ်ဘေး၌တွဲ၍အဖီဆွဲခြင်းလုပ်ငန်းတွင် ဂျေဆင်နှင့်ပီယာ(Jason and Pierre)တို့ အတူတစ်ကွ အလုပ်လုပ်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သူတို့သည် သူငယ်ချင်းကောင်းများဖြစ်သော်လည်း နှစ်ဦးစလုံးက စကားနည်းသည်။ သူတို့အလုပ်လုပ်နေစဉ် တစ်ဦးနှင့်တစ်ဦး စကားတစ်ခွန်းပင် ပြောခဲသည်။ တစ်ဦးနှင့်တစ်ဦး အကြောင်းသိပြီး၊ ထိုသို့စကားမပြောခြင်းက ပြဿနာမဟုတ်ပါ။ ခေါင်းငြိမ့်ခြင်း(သို့)မျက်လုံးအကြည့်ဖြင့်သာ အချက်ပြကြပြီး၊ ထိုအချက်ပြ အမူအရာလေးများ၏ ထိရောက်မှု ကြီးမားသည်။
ထိုအကျွမ်းဝင်မှုက ဆာလံ ၃၂ မှ ဘုရားသခင်နှင့်ဆာလံဆရာတို့၏ ရင်းနှီးမှုအဆင့်ကို သတိရစေသည်။ မူကွဲကျမ်းစာတစ်ခု၌ အပိုဒ်ငယ် ၈ ကို “သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို မျက်လုံးထောင့်ထောက်ကြည့်ရှုမည်”ဟု ဆိုထားသည်။ ဘုရားသခင်သည် အဝေးမှကြည့်နေသူမဟုတ်။ သားသမီးနှင့်အတူတကွ အလုပ်လုပ်သော မြတ်နိုးဖွယ် အဘဘုရားဖြစ်သည်။ အပြစ်ဝန်ချခြင်းဖြင့် ဆာလံ ၃၂ ကို အစပြုထားသော်လည်း (:၁-၅)၊ အပြစ်ဒဏ်ပေးရေးက အဓိက မဟုတ်ဘဲ၊ ဘုရားသခင်သည် သူ၏သားသမီးများအား မှန်သောလမ်းကို သွန်သင်လျက်…