
မိတ်ဆွေများ၏ယုံကြည်ခြင်း
သင်တန်းတက်ရောက်နေသော အမျိုးသမီးတစ်ဦးသည် နေ့ပိုင်းအစီအစဥ် တင်ပြမည့် သူ့မိတ်ဆွေမှာ နေမကောင်းသည့်ပုံပေါ်နေကြောင်းကို သူမသတိထား မိသည်။ သူမသည် သူမကိုမေးမြန်းရာ “ဒီတင်ပြချက်ကို ကောင်းကောင်းလုပ်နိုင်မှာပါ။ ငါနေမကောင်းရင် မနက်ကျရင် ဆရာဝန်ဆီသွားမှာပါ”ဟု ပြန်ပြော သည်။ ထိုမိတ်ဆွေ၏ကတိစကားကို သူမ မမေ့ပါ။ သူသည် သင်တန်းမှစောစောထွက်ခွာရမည်ဖြစ်၍ အစီအစဥ်တင်ပြမည့်သူကို စောင့်ကြည့်ပေးရန် အခြားမိတ်ဆွေတစ်ဦးအား မှာကြားခဲ့သည်။
မနက်ရောက်သောအခါ ထိုမနက်တွင် အစီအစဥ်တင်ပြသူမှာ ဟော်တယ်အခန်းတံခါးနှင့်ဆောင့်မိသောကြောင့် (ပထမအမျိုးသမီးမှာကြားခဲ့သည့်) ဒုတိယမိတ်ဆွေရောက်ချလာပြီး သူမအား ဆေးရုံသို့ကားမောင်းပို့ပေးခဲ့သည်။ အစီအစဥ် တင်ဆက်သူမှာ ပထမကတိကို မတည်နိုင်ခဲ့သော်လည်း သူ၏အသက်ကို လုရန် အချိန်မီ အရေးပေါ်ဆေးကုသမှုကို ခံယူနိုင်ခဲ့သည်။ မိတ်ဆွေများ၏မဆုတ်မနစ် ကူညီမှုကြောင့် သူမ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။
ရှင်မာကုအခန်းကြီး ၂ မှ မိတ်ဆွေလေးဦးကဲ့သို့ မဆုတ်မနစ် ကူညီပေးသော မိတ်ဆွေတို့သည် ကောင်းချီးဆုလာဘ်များဖြစ်သည်။ သူတို့၏မြို့သို့ အနာရောဂါ များကို ငြိမ်းစေနိုင်သည့်တန်ခိုးရှိသူ သခင်ယေရှုကြွလာမည့်သတင်းကို…

လမ်းလျှောက်ရင်း ဆုတောင်း
ကျွန်မအကျဉ်းအကြပ်နှင့်တွေ့ပြီ။ ကျွန်မရေးနေသော ဝတ်ပြုကိုးကွယ်ခြင်း စာမူလေး တစ်ဝက်တစ်ပျက်တွင် ကျွန်မ၏စိတ်ကူးစိတ်သန်းများ ခမ်းခြောက်သွား၍၊ “ကိုယ်တော် ကျွန်မဘာဆက်လုပ်ရမလဲ”ဟု ဆုတောင်းလိုက်သည်။ ထိုနောက် လမ်းလျှောက်ခြင်းအားဖြင့် မိမိ၏တီထွင်ကြံဆနိုင်မှုစွမ်းရည် ၆၀% ပို၍ထွက်ပေါ်လာကြောင်း လေ့လာတွေ့ရှိချက်တစ်ခုကို သတိရမိလိုက်သဖြင့်၊ အိမ်အနောက်ဘက်ရှိ လူသွားလမ်းကျဥ်းလေးသို့ ဆင်းသွားပြီး လမ်းလျှောက်ကာ ဘုရားသခင်နှင့် ဆက်စကားပြောနေသည်။ မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် လန်းဆန်းလာပြီး၊ ကွန်ပြူတာရှေ့ပြန်ထိုင်ကာ ကျွန်မ၏ စာမူလေးကိုအပြီးသတ်နိုင်တော့သည်။
၄ ရာ ၄:၁၈-၃၅ တွင် ရှုနင်မြို့သူမိန်းမက သူမ၏သား သေဆုံးသွားသဖြင့် အကူအညီတောင်းခံရာ၊ ဧလိရှဲနှင့်သူ၏ကျွန် ဂေဟာဇိတို့၏ တုံ့ပြန်ကယ်တင်ပေးခဲ့သည့်အကြောင်းကို ဖတ်ရှုရသည်(၄:၂၀-၃၅)။ ဧလိရှဲညွှန်ကြားသည့်အတိုင်း (:၂၉)၊ ဂေဟာဇိသည် သူငယ်၏မျက်နှာပေါ်တွင် တောင်ဝှေးကို တင်လိုက်သည် (:၃၁)။ ဧလိရှဲက ဆုတောင်းသည်။ ထို့နောက် သူငယ်၏အပေါ်မှာ အိပ်ချလိုက်သည်။ နောက်ဆုံးတွင် “ဧလိရှဲသည် အခန်းထဲမှာ စင်္ကြံသွားပြီးလျှင် ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှန်သဖြင့်…

ဘုရားသခင်၏သက်တန့်အဖြေ
အိုဝင်တစ်ယောက် အားလပ်ရက်တွင် နိုင်ငံခြားသို့ ရောက်နေပြီး၊ သူ၏သူငယ်ချင်းက “မင်းနေရာကို အစားထိုးဖို့ သူဌေးစီစဉ်နေတယ်”ဟု စိတ်အနှောင့်အယှက်ဖြစ်စရာမက်စေ့ဂျ်တစ်ခု ပို့လာသည်။ အလွန်စိတ်ညစ်ပြီး တစ်မနက်အရုဏ်ဦးအချိန်တွင် ဆုတောင်းရင်း ဘုရားသခင်အား “ကိုယ်တော်ဘယ်ရောက်နေလဲ”ဟု သူမေးခွန်းထုတ်မိသည်။ ထို့နောက် ပြူတင်းပေါက်သို့သွားပြီး ကန့်လန့်ကာကို လှပ်ကြည့်ရာ အပြင်ဘက်ရှိ ရေကန်တွင် ကြီးမား၍လှပသော သက်တန့်ကို တွေ့လိုက်ရသည်။ ရုတ်ခြည်းပင် နွေးထွေးသောနှစ်သိမ့်မှကို ခံစားရပြီး၊ “ဒါဟာ ‘ငါဒီမှာရှိနေတယ်’လို့ ဘုရားသခင် ငါ့ကို ရိုးရိုးလေး စကားပြောနေတာဖြစ်မယ်” ဟု နောက်ပိုင်းတွင် သူပြန်ပြောခဲ့သည်။
ကမ္ဘာဦးကျမ်း ၉ တွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးခြင်းဖြင့် နောက်ထပ် မဖျက်ဆီးတော့ကြောင်း “မိုးတိမ်၌ သက်တန့်ရှိသည်ကို ငါကြည့်ရှုသဖြင့် ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါ တိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်”(:၁၆)ဟု ကတိပေးခဲ့သည်။ ထိုပဋိညာဉ်သည် ထာဝရဖြစ်ပြီး၊ အခြေအနေပေါ် မမူတည်ပါ။…
ဘုရားသခင့်နာမတော်ကို အလွဲသုံးစားလုပ်ခြင်း
မြို့တစ်မြို့၏နာဇီဌာနချုပ်အပြင်ဘက်တွင် ရိုက်ထားသော ဒုတိယကမ္ဘာစစ်မှ ဓာတ်ပုံဟောင်းသည် ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ ဓာတ်ပုံထဲတွင် သက်တောင့်သက်သာ ၀တ်စားထားသော အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးနေသည်။ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ဦးသည် လမ်းဘေးမှ လျှောက်လာစဉ် အခြားတစ်ဦးက အဆောက်အအုံထောင့်ရှိ ကြော်ငြာသင်ပုန်းကို ဖတ်နေသည်။ ရုံးချုပ်၏ရှေ့တံခါးအထက်တွင် ချိတ်ဆွဲထားသည့်အဆောက်အအုံ၏ တစ်ဝက်မျှရှည်သော နဖူးစည်းစာတမ်းကို ၎င်းတို့ သတိပြုမိပုံမပေါ်။ “ယုဒလူတို့ကို ဆန့်ကျင်ခုခံခြင်းဖြင့် ထာဝရဘုရား၏အမှုတော်အတွက် ငါတိုက်ပွဲဝင်သည်”ဟု ရေးထားသည်။
“သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ” (ထွက် ၂၀:၇)ဟု မိန့်တော်မူသောအခါ ဤကဲ့သို့ သစ္စာဖောက်၍ မထီမဲ့မြင်ပြုမှုမျိုးကို ဘုရားသခင် စိတ်ထဲတွင်သိထားပြီးဖြစ်သည်။ ကျိန်ဆဲခြင်း (သို့) ခြေချောင်းလက်ချောင်းလေးများထိခိုက်သောအခါ ပေါ့တီးပေါ့ဆနှင့် ဘုရားနာမကို မြွက်ဆိုခြင်းများလည်း ဤပညတ်နှင့် အကြုံးဝင်သည်။ မကောင်းမှုကို ဖုံးကွယ်ရန်အတွက် ဘုရားသခင်၏ နာမတော်ကို…


ဘုရားသခင်၏ဘုန်းကို မမြင်ဘဲလွဲသွားခြင်း
လူအများစုက George Chase(ဂျော့ဂျ်ချိတ်စ်)ကို ရှောင်ကြသည်။ နယူးအင်္ဂလန်၊ ဖောကထပ်ခ် မြစ်နှင့် လစ်တဲနရဂန်ဆက် ပင်လယ်အော်တို့ ဆုံသည့် တောအုပ်ထဲရှိ ၁၂ စတုရန်းပေကျယ်သော တဲအိမ်တွင် သူနေထိုင်ခဲ့သည်။ ဒေသခံများကမူ ဂျော့ဂျ်ချိတ်စ်၌ ရေချိုးကန် မရှိသည်ကို သူတို့အလိုလို သိကြသည်။
တစ်နေ့တွင် ဟာရီကိန်းမုန်တိုင်းကျပြီး အတ္တလန္တိတ်သမုဒ္ဒရာရေများ ကမ်းခြေသို့ တက်လာပြီး၊ ကမ်းခြေတစ်လျှောက်ရှိ ဆွဲဆောင်မှုရှိသော အိမ်လေးများကို တိုက်ချမျောပါသွားစေခဲ့သည်။ အသက်ရှင်ကျန်သူများက ရေထဲမှ တက်လာပြီး ခိုလှုံရာနေရာကို စတင်ရှာဖွေခဲ့ကြသည်။ သူတို့ထဲမှ ၁၁ ဦးက ရေစိုပြီး ကတုန်ကယင်နှင့် ဂျော့ဂ်ျ၏တဲ၌ ခိုလှုံခဲ့ကြသည်။ ဂျော့ဂ်ျသည် သူ၌ ရှိသမျှ ရေ၊ နို့၊ ဂျင်းလက်ဖက်ရည်၊ နားနေရာ-အားလုံးကို ပေးခဲ့သည်။ ၁၉၃၈ ခုနှစ် ဟာရီကိန်းမုန်တိုင်းအပြီးတွင် မြို့သူမြို့သားများသည် ဂျော့ဂျ်ချိတ်စ် အပေါ် အမြင်ပြောင်းလဲသွားခဲ့သည်။
အခြားသူများကို အပေါ်ယံအကဲဖြတ်သည့်အခါ ဝမ်းနည်းစရာကောင်းသော်လည်း ဤသည်မှာ ကျွန်ုပ်တို့၏…