
ဘုရား၏အချိန်
၁၉၆၇ ခုနှစ်အထိ(ကမ္ဘာဂြိုဟ်၏(ဝင်ရိုးပေါ်)လည်ပတ်ခြင်းနှင့် နေကို လှည့်ပတ်ခြင်းဟူသည့်) နက္ခတ်ဗေဒပုံစံများဖြင့် အချိန်ယူနစ်များကို သိပ္ပံနည်းကျ တိုင်းတာခဲ့သည်။ သို့သော် ရာစုနှစ်များတစ်လျှောက် ပြဿနာတစ်ခု ပေါ်လာသည်။ ကမ္ဘာဂြိုဟ်သည် သူ၏ပတ်လမ်းအတွင်း သွားနှုန်းနှေးလာပြီး၊ တစ်စက္ကန့်၏ယူနစ်သည် ယခင်ကထက် ပိုရှည်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။ ခရစ်တော်လက်ထက်မှစ၍ ကမ္ဘာဂြိုဟ်သည် တိုင်းတာချိန် သုံးနာရီအပြည့်ကို “ဆုံးရှုံး”ခဲ့သည်။
မှန်ပါသည်။ အချိန်ကို တိုင်းတာသည့်နည်းလမ်းများအဖြစ် နက္ခတ္တဗေဒဆိုင်ရာပတ်လမ်းများနှင့် လှည့်ပတ်ခြင်းကို ဘုရားသခင် ဖန်ဆင်းပေးခဲ့သည်။ သိပ္ပံပညာရှင်များ၏တွက်ချက်မှုများသည် ကျွန်ုပ်တို့ထင်သည်ထက် ပိုရှုပ်ထွေး နိုင်သော်လည်း - “ထာဝရဘုရားမှာ ကာလတစ်ရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့ဖြစ်သည်”ဆိုသည့် ပေတရု၏စကားကို ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်(၂ ပေ ၃:၈)။ ပေတရုသည် သခင်ယေရှု ပြန်မကြွလာသေးခြင်းကို မြည်တွန်လျက် သံသယရှိသူများနှင့် အချေအတင် ငြင်းခုံနေခြင်းဖြစ်သည်။ “လူအချို့တို့ သည် နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော် အရာမှာ နှေးတော်မမူ” (:၉)။ ဘုရားသခင်သည်…
ဝေဒနာခံရသူများနှင့်အတူရှိခြင်း
“ဖေဖေ ခေါင်းကိုက်တယ်” “ဖေဖေ၊ အရမ်းအေးတာပဲ” “ဖေဖေ၊ ခြေဖဝါးကို ပွတ်ပေးလို့ရမလား”။
မကြာမီက ကျွန်ုပ်၏ဆယ်ကျော်သက်သမီးငယ်သည် အဖျားကြီးပြီး ချမ်းတုန်ကာ တစ်ကိုယ်လုံး ကိုက်ခဲမှုကို ခံစားခဲ့ရသည်။ သူမသက်သာလာအောင် ကျွန်တော်ပြုစုပေးရန် သူမလိုလားသည်။ သို့သော် သူမအလိုလားဆုံးဆန္ဒမှာ ကျွန်တော့်ကို သူ့ဘေး၌ ရှိစေလိုခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူမကို အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရသည်။ ဆရာဝန်က “ဗိုင်းရပ်စ်”ဟုပြောသည်။ ရောဂါကို တွန်းလှန်ရုံမှတစ်ပါး အခြားဘာမျှမတတ်နိုင်။
ထိုနေ့က နေမကောင်းဖြစ်နေသော သမီးနှင့်နာရီပေါင်းများစွာ ကျွန်တော် အတူရှိနေခဲ့သည်။ သူ့ခြေထောက်ကို ပွတ်သပ်ပေးသည်။ ဆေးတိုက်ပေးသည်။ သူမကို အလွန်သက်သာစေချင်သည်။ ရံဖန်ရံခါတွင် ကျွန်တော်၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် “ခက်ခဲလိုက်တာ”ဟု ညည်းမိသည်။ မှန်ပါသည်။ ဝေဒနာခံစားနေရသူနှင့်ထိုင်ပြီး သူတို့၏နာကျင်မှုကို အနီးကပ် မြင်နေရခြင်းက အမှန်ပင် ခက်လှသည်။
ယောဘ၏မိတ်ဆွေများသည် သူ၏ဝေဒနာကို အနီးကပ်မြင်ခဲ့ရသည်။ ဤလူသုံးယောက်သည် အများအားဖြင့် မျှတစွာ စဥ်းစားရှုမြင်တတ်သူများ…


ကတိကဝတ်ပြုခြင်း၏ အဖိုးအခ
ခရစ်ယာန်ခေါင်းဆောင် ၂၂ ဦးသည် အခြားနိုင်ငံမှလာသော သင်းအုပ်ဆရာနှင့် တိတ်တဆိတ်တွေ့ဆုံပြီး လေ့လာသင်ယူရန် နေ့တစ်ဝက်ခရီးနှင်ခဲ့သည်။ သူတို့ကို ဖမ်းမိပါက သင်းအုပ်ဆရာကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ပြီး၊ ကျန်လူများမှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရမည်ဖြစ်သည်။ ခေါင်းဆောင် ၂၂ ယောက်တွင် ၁၈ ယောက်သည် ယေရှုကို ယုံကြည်ခြင်းကြောင့် ထောင်ကျခဲ့ဖူးသူများဖြစ်သည်။
သင်းအုပ်ဆရာသည် သူယူဆောင်လာသော ကျမ်းစာ ၁၅ အုပ်ကို ထုတ်ပေးပြီးနောက်၊ အမျိုးသမီးတစ်ဦးသည် သူ့စာအုပ်ကို အခြားသူတစ်ဦးအား ပေးခဲ့သည်။ အခြားသူများကဲ့သို့ပင်၊ သူမ ထောင်ချခံရလျှင် နှုတ်ကပတ်တော်၏ ပညာတော်ကို သူနှလုံးသွင်းနိုင်ရန် ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ခဲ့သည်။ ထို့နောက် သူတို့၏အသင်းတော်သည် ထိုဆရာ၏အသင်းတော်ကဲ့သို့ လွတ်လပ်စွာ စုဝေးခွင့်ရရန် ဆုတောင်းပေးရန် ပြောခဲ့သည်။ နှိပ်စက်ညှဉ်းပန်းခံရမှုနှင့် အကျဉ်းချခံရမှုများကြားမှ ၎င်းတို့၏ကိုယ်ကျိုးစွန့်ပေးဆပ်မှုများကို အံ့သြလျက် ဆရာက သူ၏အသင်းတော်သည် ထိုအသင်းတော်များကဲ့သို့ ဖြစ်စေရန် ဆုတောင်းခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ…

ပုန်ကန်ခြင်းနှင့် လှည့်ပြန်ခြင်း
The Wild One ရုပ်ရှင်သည် စိတ်ညှိုးငယ်နေသည့် ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင် Johnny Strabler(ဂျွန်နီစတေဘာ) အဖြစ် Marlon Brando(မာလွန်ဘရန်ဒို) သရုပ်ဆောင်ထားသော ၁၉၅၃ ခုနှစ်မှ ရုပ်ရှင်ဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုတွင် မိန်းကလေးတစ်ဦးက ဂိုဏ်းသားတစ်ဦး၏အင်္ကျီမှ B.R.M.C အတိုကောက်စကားလုံးကို သတိပြုမိပြီး၊ R သည် “ပုန်ကန်သူများ”ကို ဆိုလိုကြောင်း သိလိုက်သောအခါ ရယ်မောရင်း၊ ဘရန်ဒို၏လက်ကို ပုတ်ကာ “ဟေး ဂျော်နီ၊ မင်းဘာကို ပုန်ကန်တာလဲ”ဟု မေးရာ၊ သူက “မင်းဘယ်လိုထင်လဲ”ဟု ပြန်မေးခဲ့သည်။
ထိုဖော်ပြချက်က ကျွန်ုပ်တို့၏ပြဿနာအတွက် မှန်ကန်လိုက်လေခြင်း။ မိမိ၏အခွင့်အရေးကို ဖော်ပြရမည်ဆိုသည့် တွန်းအားသည် ကျွန်ုပ်တို့၏ မွေးရာပါ အသိဗီဇဖြစ်ပြီး၊ ကိုယ်လုပ်ချင်သည့်နည်းလမ်းဖြင့်သာ ကိုယ့်ကြမ္မာ ကိုယ်သာဖန်တီးလိုသည်။ မိမိဖြစ်ချင်သည့်အတိုင်းဖြစ်မလာပါက ကျွန်ုပ်တို့သည် လုပ်သင့်ရာကို မလုပ်ဘဲ၊ ဆင်ခြေပေးလျက် နှောင့်နှေးစေမှုများဖြင့် ပြဿနာကို ဖန်တီးနေတော့သည်။ အဓိကဆိုလိုရင်းမှာ မနာခံမှု ဖြစ်ပါသည်။…

သခင်ယေရှုဆောင်ယူလာသော မျှော်လင့်ချက်
ဇာတ်လမ်းက ဝမ်းနည်းပူဆွေးနေသည့် ဖခင်က ပေးပို့သောအီးမေးလ်စာဖြင့် စတင်ခဲ့သည်။ သူ၏သမီးလေး ကောလိပ်တတိယနှစ် ကျောင်းသူ Alyssa(အလစ်စာ)ကို ကားမတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးခဲ့ရပြီး၊ သူ၏နာကျင်မှုကို နားလည်ပေးနိုင်မည့်သူတစ်ဦးထံမှ နှစ်သိမ့်ပေးမှုကို လိုအပ်နေသည်။
အီးမေးလ်အစောင် ၃၀၀ နီးပါးပို့ခဲ့ကြပြီး၊ ၄ နှစ်အကြာတွင် Craig(ခရေ့) နှင့်ကျွန်တော်တို့ အဆုံး၌ လူချင်းတွေ့ဆုံနိုင်ခဲ့သည်။ အလုပ်ကိစ္စဖြင့် အနီးနား မြို့တစ်မြို့သို့ သူရောက်လာခဲ့သည့်အတွက် တနင်္ဂနွေနေ့တွင် ဘုရားကျောင်း အတူတက်၊ နေ့လယ်စာအတူစားပြီး သမီးများ၏အမှတ်တရများကို ဝေမျှဖြစ်ခဲ့သည်။ ကျွန်တော့်သမီး Melissa(မယ်လီဆာ)နှင့် သူ့သမီး အလစ်စာတို့သည် အခြားသူများကို ပျော်ရွှင်အောင်လုပ်ပေးတတ်သည်၊ ဘော်လီဘောအားကစားကို နှစ်သက်သည်၊ သခင်ယေရှုကို ချစ်သူများဖြစ်သည်။ သို့သော် ကားမတော်တဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသော မိန်းကလေးနှစ်ဦး ဖြစ်သည်။
ထိုနေ့က ကျွန်တော်တို့စကားဝိုင်း၏အနှစ်ချုပ်က အဘယ်အရာဖြစ်မည်နည်း။ ကျွန်တော်တို့၏ ဝမ်းနည်းမှုများကို မျှဝေရင်း ကျွန်တော်တို့ ငိုကြွေးခဲ့သော်လည်း၊ အဓိကအားဖြင့် မျှော်လင့်ချက်အကြောင်း ပြောဖြစ်ခဲ့ကြသည်။…