ပျောက်သွားခဲ့သည်။ သို့သော် ယခုပြန်တွေ့ပြီ
လွန်ခဲ့သည့်နှစ်များစွာက ကျွန်မ၏ဖခင်နှင့်အတူ အီကွေဒေါနိုင်ငံ၊ အမေဇုံတောထဲသို့ ရောက်ခဲ့စဉ် စက်လှေဖြင့် ရွာငယ်လေးတစ်ရွာသို့ သွားရောက်လည်ပတ်ကာ ထိုဒေသခံလူမျိုးတို့၏ နေထိုင်မှုဓလေ့ကို လေ့လာခဲ့သည်။ ကျွန်မချစ်သောဖေဖေက ကျွန်မအတွက် နားကပ်တစ်စုံအပါအဝင် ကျောက်စီလက်မှုတန်ဆာများ ဝယ်ပေးသည်။ ထိုနားကပ်လှလှလေးကို ကျွန်မမွေးနေ့ရက်တွင် အစ်မအိမ်သို့သွားလည်ချိန် အပါအဝင် နေ့ထူးနေ့မြတ်များတွင်သာ ဝတ်လေ့ရှိသည်။ အမထံမှအပြန် ကျွန်မ၏နားကပ်တစ်ဘက် ကျပျောက်သွားသည်ကို သိလိုက်ရ၍ အလွန်တုန်လှုပ်မိပြီး နေရာအနှံ့ ကျွန်မ လိုက်ရှာခဲ့သည်။
နားကပ်သေးသေးလေးဖြစ်သော်လည်း ၎င်းကိုပြန်အစားထိုးရန်အတွက် အမေဇုံသို့တစ်ခေါက်ပြန်သွား၍ ရှာဝယ်ရမည်ဖြစ်သည်။ အံ့သြစရာမှာ အစ်မက ကျွန်မမွေးနေ့ကျင်းပသည့် စားသောက်ဆိုင်သို့သွားပြီး ပစ္စည်းပျောက်ဆုံး/ပြန်တွေ့ဌာနမှ နားကပ်ပြန်ရရှိခဲ့၍ ကျွန်မအလွန်ဝမ်းသာခဲ့သည်။
အမျိုးသမီးတစ်ဦး၏ငွေဒင်္ဂါးပျောက်သွားသည့်အကြောင်း ပုံပမာကို သခင်ယေရှုပြောပြခဲ့သည်။ ပျောက်သွားသော အဖိုးတန်ငွေဒင်္ဂါးကို သူ မနားမနေ ရှာဖွေခဲ့သည်။ “...တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော” (လု ၁၅:၈)။ ငွေဒင်္ဂါးကိုပြန်တွေ့သောအခါ…
နှိမ့်ချလျက် စွန့်လွှတ်အနစ်နာခံခြင်း
အလက်စကာပြည်နယ်၊ ဆိုလ်ဒေါ့နာ(Soldotna)မြို့မှ လေယာဉ်မှူးတစ်ဦးနှင့် ၎င်း၏ သမီးနှစ်ဦးတို့သည် ရှုခင်းများကို ကြည့်ရှုရန် လေယာဥ်ငယ်ဖြင့် ခရီးထွက်ခဲ့ကြသည်။ သို့သော် သူတို့ မျှော်မှန်းချက် မပြည့်ဝခဲ့ပါ။ လေယာဥ်ပျက်ကျသွားပြီး၊ ဒေသခံလေယာဥ်မှူးများမှ ပျက်ကျလေယာဥ်ကို ကြိုးစားရှာဖွေခဲ့ကြသည်။ ၎င်းတို့ အထဲမှ လေယာဥ်မှူး Terry Godes(တယ်ရီဂေါ့ဒက်စ်)က နောက်ဆုံး၌ ရေခဲနေသော ရေအိုင်တစ်ခုအနီး၌ လေယာဥ်အပျက်အစီးများကို ခြေရာခံမိခဲ့သည်။ လေယာဥ်တောင်ပံပေါ်၌ သားအဖသုံးဦး နာရီအတော်ကြာကြာ ရပ်နေခဲ့ကြရသည်။ ကျေးဇူးတော်ပင်။ ထိုမိသားစုသုံးဦးကို မကြာမီမှာပင် အမျိုးသားကာကွယ်ရေးအရန်တပ်ဖွဲ့(National Guard)က ကယ်ဆယ်နိုင်ခဲ့သည်။ ဂေါ့ဒက်စ်၏ သူ့အချိန်နှင့် သူ့စွမ်းရည်များကို အခြားသူတို့အတွက် နှိမ့်ချလျက် ပေးဆပ်ခဲ့ခြင်းက အသက်များကို ကယ်တင်နိုင်ခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုနှင့်စပ်လျဥ်း၍ သူက နှိမ့်ချစွာဖြင့် “ကျွန်တော်က အဲဒီလေယာဥ်ကို ပထမဦးဆုံးတွေ့ရှိခဲ့သူဖြစ်ရုံပါပဲ”ဟု ပြောခဲ့ပါသည်။
ဒါဝိဒ်မင်းသည် ဣသရေလလူမျိုးများကို ၎င်းတို့၏ရန်သူများ၏ အန္တရာယ်များမှ ကယ်တင်ခြင်းအပါအဝင် (၅ ရာ ၁၄:၈-၁၇)၊…


တာဝန်ယူမှု တာဝန်ခံမှုသည် အရေးကြီးသည်
တရားသူကြီးတစ်ဦးသည် ဆိုင်၌ အလစ်သုတ်သည့်အမှုကို ကိုင်တွယ်ရာ၌ သူက ရပ်ရွာအကျိုးပြုပရဟိတအလုပ်တစ်စိတ်တစ်ဒေသအနေဖြင့် ပြစ်မှုကျူးလွန်သူအလစ်သမားများအား စတိုးဆိုင်၏ကားရပ်နားရာနေရာမှ ကားများကို ဆေးကြောရန် ထူးထူးခြားခြား စီရင်ချက်ချခဲ့သည်။ ၎င်းသည် ရှေ့လျှောက် အလစ်သုတ်မှုများကို ဟန့်တားနိုင်ပြီး၊ အမှားလုပ်ခြင်း၏အကျိုးဆက်ကို သတိပေးမည့်လုပ်ရပ်ဖြစ်ရန် သူမျှော်လင့်ခဲ့သည်။ လုပ်ရပ်တိုင်း၌ အကျိုးဆက်ရှိပြီး၊ တာဝန်ယူမှုသည် အရေးကြီးကြောင်းကို သူအလေးထားခဲ့သည်။
ထိုတရားသူကြီး၏ပြစ်ဒဏ်စီရင်မှုက “လူပြုတတ်သော အပြစ်တစ်စုံတစ်ရာကို ပြုသောသူ(သည်) ... မိမိအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝ ပြန်လျော်ရမည်” ဟူသော ကျမ်းချက်ကို ထင်ဟပ်သည်(တော ၅:၆-၇ စံမီ)။ ဤကျမ်းပိုဒ်တွင် အမှားကို သိမှတ်ခြင်း၊ အပြစ်ကို ဝန်ခံခြင်း၊ ပြန်လည်ပြုပြင်ခြင်းတို့သည် အရေးကြီးကြောင်း ဘုရားရှင်၏ဖော်ပြချက်ကိုတွေ့ရသည်။ ထိုအချက်များက အပြစ်ကျူးလွန်သူသည် ဣသရေလ လူမှုအသိုင်းအဝိုင်းအပေါ် သစ္စာမရှိမှုကို ဖော်ပြသကဲ့သို့ “ဘုရားအပေါ်၌ သစ္စာမရှိကြောင်း” ကိုလည်း ပြသရာရောက်သည် (:၆)ဟူသည့် လေးနက်သော…
မြေကြီးစွန်းတိုင်အောင်
Kiribati(ကီရီဘာတိ)ကျွန်းနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်းတည်ရှိပြီး ကမ္ဘာလုံးခြမ်း (အရှေ့၊အနောက်၊တောင်၊မြောက်)လေးခုစလုံးနှင့် ထိစပ်နေသည်။ ကီရီဘာတီကျွန်းစုတွင်း ကျွန်းပေါင်း(၃၃)ကျွန်းပါဝင်ပြီး၊ ၎င်းကျွန်းများမှာ အီကွေတာမျဥ်းနှင့် မရီဒီယမ်လမ်းကြောင်း(meridian)၏ ၁၈၀ ဒီဂရီ တွင် ခွလျက် တည်ရှိသည်။ ၎င်းသည် ကမ္ဘာ့ အဝေးလံခေါင်သီဆုံး နိုင်ငံတစ်ခုလည်းဖြစ်သည်။
ဤမျှခေါင်သည့်နေရာကို ဂရုစိုက်ပေးသည့်ဘုရားကို ကျွန်ုပ်တို့ ကိုးကွယ်ပါသည်။ ယေရှုက ကောင်းကင်သို့ ပြန်မကြွမီ သူ၏တပည့်တော်များအား “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည် မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်”ဟု မိန့်ကြားခဲ့သည် (တ ၁:၈)။ “မြေကြီးစွန်းတိုင်အောင်”ဆိုသော စကားမှာ သတင်းကောင်းတရားတော်ကို ကမ္ဘာအနှံ့ ဝေးလံခေါင်သီသော အရပ်များသို့ သတင်းကောင်းဝေမျှရန် စေစားချက်ဖြစ်သည်။ သို့သော် ဝေးလံခေါင်သီသောဒေသများသာမက ယေရုရှလင်နှင့် ယုဒပြည်၊ ရှမာရိပြည် အနီးပတ်ဝန်းကျင်ရှိ နေရာများလည်း ပါဝင်သည်။
တပည့်တော်များအား ထိုစကားများကို မိန့်မှာကြားပြီးနောက်…

ခံနိုင်ရည်ရှိစေသောခွန်အား
Mark(မာခ်)သည် အပြေးသမားတစ်ဦးဖြစ်သကဲ့သို့ အသင်းတော်နှစ်ပါး၌ သင်းအုပ်အဖြစ် (၃၅) နှစ်တာမျှ ဆက်ကပ်အစေခံခဲ့သူလည်းဖြစ်ပြီး၊ မကြာမီကမှ အလုပ်မှ အနားယူခဲ့သည်။ သူရရှိခဲ့သောလက်ဆောင်များအနက်တစ်ခုမှာ အပြေးဖိနပ်အသစ်တစ်ရံဖြစ်သည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကျွန်ုပ်လည်း သူနှင့်အတူ တစ်ကြိမ်ပြေးခဲ့ဖူးသည်။ သို့သော် သူက သူ့ဘဝတစ်လျှောက်လုံးတွင် နိုင်ငံအနှံ့ရှိ မြို့အတော်များများ၌ ၂၆.၂ မိုင် မာရသွန် အပြေးပြိုင်ပွဲများ ဝင်ခဲ့သည်။ သူအနားယူသည့် နှုတ်ဆက်ပွဲအခမ်းအနားသို့ သူ့ရပ်ကွက်ထဲမှ ပြည်သူ များနှင့် သူဆက်ကပ်ခဲ့သော အသင်းတော်များမှလူများက သူ၏သစ္စာရှိမှုကို အသိအမှတ်ပြုလျက် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ကျေးဇူးတော်ကြောင့် မာခ်သည် ဘဝကို ကောင်းစွာ အဆုံးသတ်နိုင်ခဲ့သည်။
ဘဝဆိုသည်မှာ တစ်ဟုန်ထိုးအမြန်ပြေးရခြင်းထက် တာဝေးမာရသွန်ပြေးရသည့် ပြိုင်ပွဲဖြစ်သည်။ မောပန်းသည့်အချိန်များ၊ ဘဝကို လက်မြောက်အရှုံးပေး ချင်သည့်အချိန်များကိုလည်း ကျွန်ုပ်တို့ တွေ့ကြုံရသည်။ သို့သော် ဘုရား၏ ကျေးဇူးတော်နှင့် ခွန်အားပေးမှုက…

