လ - ဧပြီ 2026

လျှို့ဝှက်ချက်ကို စောင့်ထိန်းပေးသူ

သောမတ်စ်က ၎င်း၏ကိုယ်ရေးကိုယ်တာ စိုးရိမ်ပူပန်မှုများကို အမြဲတစေ နားထောင်အကြံပေးသော သက်ကြွယ်အရွယ် အဘိုးအိုနှင့် တန်ဖိုးရှိသောအချိန်ကို ဖြတ်သန်းခဲ့ပြီး၊ ၎င်းနှင့်ပတ်သက်၍ “သူဟာ ကျွန်တော်ရဲ့ မိုးမခပင်ကြီး(Hollow Willow)ပါပဲ”ဟု ဆိုခဲ့သည်။ ကျွန်မက သူ့ကို အကြောင်သား ငေးကြည့်နေ၍ သူက ထိုစကားလုံးမှာ Solovak(ဆလိုဗက်)စကားအသုံးအနှုန်းဖြစ်ပြီး၊ “မိမိ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းပေးသူ”ကို ရည်ညွှန်းကြောင်း ရှင်းပြသည်။ အချုပ်ဆိုရလျှင် ထိုပုဂ္ဂိုလ်သည် မိုးမခပင်ကဲ့သို့ပင် လျှို့ဝှက်သတင်းအချက်အလက်များကို ၎င်း၏ပင်စည်အတွင်း၌ လုံခြုံစွာထိန်းသိမ်းပေးသူဖြစ်သည်။

ကျွန်မတို့၌ မိမိ၏စိုးရိမ်ကြောက်ရွံ့မှု၊ ပြင်းပြသည့်လိုအင်ဆန္ဒများကို ယုံစားပုံအပ်ပြီး ရင်ဖွင့်ပြော၍ရသူ တစ်စုံတစ်ဦးသာ ရှိလျှင် ၎င်းသည် တကယ့် ရတနာတစ်ပါးပင်။ သုတ္တံကျမ်း၌ ဖော်ပြထားသည့် ပြောသည့်စကားများ၏အစွမ်းတန်ခိုးမှာ ရှောလမုန်မင်းကြီးကိုယ်တိုင် ကြုံတွေ့ခဲ့ရသောအရာဖြစ်တန်ရာသည်။ ရှောလမုန်မင်းကြီးသည် မိမိ၏နှုတ်လျှာကို ထိန်းချုပ်နိုင်သူ လူတစ်ဦးချင်းစီတိုင်းကို ချီးမွမ်းပြောဆိုထားသည် (သု ၁၁:၁၂)။ ထို့ပြင် “ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်ကောင်းသောမူကား…

သာ၍မြင့်မြတ်သောဘုရင်၏ကိုယ်စားလှယ်များ

အန်နာတို့ဇနီးမောင်နှံသည် သားသမီးနှစ်ဦးနှင့်အတူ အာဂျင်တီးနားနိုင်ငံတွင် နေထိုင်ကြသည်။ သူတို့သည် သူတို့ဘာသာသီးသန့်နေထိုင်ပြီး၊ စပိန်စကားကို ကျွမ်းကျင်စွာပြောဆိုတတ်သည်။ သို့သော် သူတို့သည် အာဂျင်တီးနားနိုင်ငံသား မဟုတ်ပါ။ သူတို့သည် အရေးပေါ်မှလှုပ်ရှားရသည့် နိုင်ငံခြားသားသူလျှိုများဖြစ်သည်။ သူတို့နေသည့် နိုင်ငံ၏ယဉ်ကျေးမှုများနှင့်မည်မျှ သဟဇာတ ဖြစ်သည်ဆိုလျှင် ခက်ရင်းကို ကျွမ်းကျင်စွာ ကိုင်နိုင်ခဲ့သည့်အထိပင်။ သို့သော် အရပ်ဘက် မှတ်ပုံတင်မှုတွင် ပေါ်ပေါက်ခဲ့သည့်အပြောင်းအလဲမှ သံသယမကင်းဖြစ်ပြီး လင်မယားနှစ်ယောက်လုံး အဖမ်းခံခဲ့ရသည်။ ၎င်းတို့မိသားစုကို သူတို့မွေးဖွားသည့်နိုင်ငံသို့ ပြန်ပို့စဉ် အန်နာသည် ၁၁ နှစ်အရွယ်သမီးငယ်ကို ကြည့်ရင်း သမီးမထင်ထားသည့်သတင်းကို သူမမည်ကဲ့သို့ပြောရမည်နည်းဟု တွေးမိသည်။

သခင်ယေရှုကို ယုံကြည်သူများတွင် သာ၍အရေးကြီးသောနိုင်ငံသား ဖြစ်ခွင့်ရှိသည်။ “ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများ”ဖြစ်သောကြောင့် မြင့်မြတ်သောဘုရင်၏ကိုယ်စားလှယ်များဖြစ်သည် (ဖိ ၃:၂၀)။ ဖိလိပ္ပိမြို့သားများသည် ရောမနိုင်ငံသားများဖြစ်ရခြင်းအပေါ် သူတို့ဂုဏ်ယူကြပြီး၊ ဖိလိပ္ပိ မြို့တွင် နေထိုင်လျက်၊ ရောမနိုင်ငံတော်အတွက် သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည်။ ရှင်ပေါလုက ၎င်းတို့၏သစ္စာစောင့်သိမှုကို သာ၍ကျယ်ပြန့်စွာ…

ကိုယ်တော်၏ကောင်းချီးများကို ရိတ်သိမ်းခြင်း

အေလန်သည် မိသားစုပိုင် ချယ်ရီ၊မက်မွန်သီးနှင့်ပန်းသီးခြံများကို စီမံခန့်ခွဲသည့်ပဉ္စမမျိုးဆက် ခြံပိုင်ရှင်တစ်ဦးဖြစ်သည်။ သူ့မိသားစုသည် အထွက်နှုန်းအများဆုံးရသည့် အပင်များကို နှစ်ပေါင်းများစွာ ကျွမ်းကျင်စွာ စိုက်ပျိုးခဲ့ကြသည်။ အနာဂတ်အတွက် ပျိုးပင်များကို စနစ်တကျ အစေ့ချပြီး၊ ခြံစည်းရိုး ခတ်သည်။ သီးနှံများကို နှင်းခဲသည့်အအေးဒဏ်မှကွယ်ကာရန် လေနွေးစေသည့် အထူးပန်ကာများကို တပ်ဆင်ထားသည်။ သို့တိုင် သီးနှံအထွက်ကောင်းမည်မကောင်းမည်ကို သူတို့အနေနှင့် ဘယ်တော့မှ တပ်အပ်မပြောနိုင်ခဲ့ပါ။ ရာသီဥတု၊ ဝတ်မှုန်ကူးခြင်းနှင့် အပင်ရောဂါကျခြင်း စသည့်အရာများကိုမူ သူတို့မထိန်းချုပ်နိုင်ပေ။

သို့သော် သဘာဝတရားအလုံးစုံသည် ဘုရားသခင်၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဖွံ့ထွားသော ကောက်ပဲသီးနှံများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုများကို ကျွန်မတို့လိုအပ်ကြောင်း ဘုရားရှင်သိသော်လည်း၊ သူ့ကို မျှော်ကြည့်ရန် နှိုးဆော်ထားသည်။ ၎င်းသည် အဆုံးစွန်သော အမြတ်ဆုံးသောအမှုဖြစ်သည်။ ဝတ်ပြုရာကျမ်းတွင် ယဇ်ပူဇော်ခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်းမှသည် လူမှုဆက်ဆံရေးနှင့်ရာဇဝတ်ဆိုင်ရာ တရားဆုံးဖြတ်ခြင်းအထိ အရာအားလုံးအကြုံးဝင်သည့် ဘုရားသခင်၏ စီရင်ထုံးများကို ဣသရေလလူမျိုးများအား ပေးအပ်သည်။ ကိုယ်တော်၏လမ်းညွှန်ချက်များကို နာခံပါက ကြွယ်ဝသောစပါးသီးနှံများအပါ အဝင်(၂၆:၃-၄)၊…

ကျေးဇူးတော်၏တန်ခိုး

အရက်မူးနေစဉ် ယာဉ်မောင်းခြင်းကြောင့် ရဲအရာရှိတစ်ဦးက သူ့ကားကို တားခဲ့၍၊ မာ့ခ်မှာ သူ၏ကောလိပ်ဘောလုံးကစားသမားဘဝ အဆုံးသတ်ပြီဟု စိုးကြောက်နေခဲ့သည်။ သူထောင်ကျမှာ အသေအချာပါ။ သို့သော် အရာရှိက သူ့ကို ကောလိပ်ကျောင်းသို့ ပြန်ပို့ခဲ့သည်။ “ဘာလို့ဒီလိုလုပ်တာလဲ”ဟု သူမေးရာ၊ အရာရှိက “(မင်းအမှားလုပ်ပေမဲ့) ငါ မင်းကို ကျေးဇူးပြုတာ”ဟု ပြန်ပြောခဲ့သည်။

သည့်တိုင် သူ၏နည်းပြသိရှိသွားပြီး ပညာသင်ဆုဆုံးရှုံးသွားမှာလည်း အသေအချာဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့ လေ့ကျင့်ရေးအပြီး နည်းပြက သူ့ကိုလာတွေ့ရန်ပြောရာ၊ မာ့ခ်မှာ အလွန်စိုးထိတ်ခဲ့သည်။ နည်းပြက “မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါမင်းကို(နားလည်ပေးပြီး) ကျေးဇူးပြုတယ်ကွာ”ဟူ၍ ပြောခဲ့၍ အံ့သြစရာပင်။ ထို့နောက် မာ့ခ်ကို လာမည့် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းလာရန် သူအကြံပြုဖိတ်ခေါ်ခဲ့သည်။

ဘုရားကျောင်းသို့ မာ့ခ်သွားခဲ့ပြီး၊ သင်းအုပ်က မည်သည့်အကြောင်း ဟောသည်ကို ခန့်မှန်းကြည့်ပါ။ မထိုက်တန်သော်လည်း ကျွန်ုပ်တို့အား ကယ်တင်ခြင်းကို ပေးခဲ့သည့်…

ဖြည်းညင်းသောအမျက်

“အနှေးရုပ်မြင်သံကြား”ဆိုသည်မှာ အချိန်နှင့်တပြေးညီအပြင်လက်တွေ့ဖြစ်စဉ်များ တစ်ခုပြီးတစ်ခု ပြသသည့် အစီအစဉ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ နော်ဝေးနိုင်ငံရုပ်သံလွှင့်ဌာနမှ ခုနစ်နာရီကြာ ရထားခရီးစဉ်တစ်ခုကို ထုတ်လွှင့်ပြီးနောက်၊ ၂၀၀၉ ခုနှစ်တွင် ထိုအစီအစဥ်မှာ ရေပန်းစားလာခဲ့သည်။ မှန်ပါသည်။ ထိုခရီးက ၇ နာရီကြာခဲ့သည်။ ငြီးငွေ့စရာဖြစ်သော်လည်း သဘာဝရှုခင်းကို လိုက်ပါကြည့်ရှုစီးနင်းမှုကို နှစ်ခြိုက်ကြသည့်ပရိသတ်များရှိခဲ့သည်။

ထိုအစီအစဥ်နောက်ကွယ်ရှိအယူအဆမှာ ဇာတ်လမ်းတစ်ခုကို နောက်ခံ ပြောပြသည့်နှုန်းထက် လက်တွေ့ခံစားရသည့်အတွေ့အကြုံနှုန်းဖြင့် တစ်စုံတစ်ခုကို တိုက်ရိုက်ပြသရန် ဖြစ်သည်။ ၎င်းကို အားပြိုင်မှုနှင့်ဇာတ်ကွက်များအစား အကူးအပြောင်းနှင့်လှုပ်ရှားမှုတို့ဖြင့် တည်ဆောက်ထားသည်။ အနှေးရုပ်မြင်သံကြားသည် ဘဝ၏အချိန်နာရီကိုရေတွက်ခြင်းထက် တစိမ့်စိမ့် အရသာခံရန် ဖြစ်သည်။

ကဗျာဆရာ ဖရန်စစ်သောမ်ဆန်သည် ဘုရားသခင်၏“အနှောင့်အယှက်ကင်းမဲ့သောအရှိန်”အကြောင်း ရေးသားခဲ့သည်။ ဘုရားသခင်သည် တိကျပြီး ရည်ရွယ်ချက်ရှိရှိဖြင့် နည်းလမ်းကျကျ စိတ်ရှည်စွာ ရွေ့လျားနေခြင်းကိုဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏စိတ်ခံစားချက်တွင်ပင် ထိုနှေးကွေးမှုကို မြင်ရသည်။ သမ္မာကျမ်းစာတွင်၊ ဘုရားသခင်၏“အမျက်နှေး”သည် ဟူသော အမှန်တရား၌ အခြေခံကာ ယုဒလူတို့ကို နောင်တရရန် ပရောဖက်ယောလ…

မှီခိုမှုကို ထင်ဟပ်ဖော်ကျူးခြင်း

ဤစာမူကို ကျွန်တော်ရေးနေစဉ် ခွေးလေးဝင်စတန်သည် ကျွန်တော့်ခြေရင်း၌ ခွေကာ လဲလျောင်းနေသည်။ သူ့နံဘေးထိုင်ခုံ၌ ထိုင်နေရာမှ ထမင်းစားခန်းရှိစားပွဲသို့ ကျွန်တော်လျှောက်သွားရာ သူ ဤအတိုင်း ကြည့်နေခဲ့သည်။ ထို ၁၀ ပေ အကွာက အတော်အတန်ဝေးပါသည်။ မကြာမီက အလုပ်ကိစ္စနှင့် ကျွန်တော် ခရီးများများထွက်ရခြင်းကြောင့် သူဤသို့ဖြစ်သွားခြင်းဟု ကျွန်တော်ထင်မိသည်။ ယခင်က ထွက်သွားမည့် အရိပ်အယောင်ပြမိလျှင် (သို့) “သွား”ဟုပြောမိလျှင်
ကျွန်တော့်အပေါ် သူရောက်နေပြီပင်။ ကျွန်တော့်ကို ကုပ်တွယ်နေခြင်းပင် ဖြစ်သည်။

လူမှုဆက်ဆံရေးများတွင် တစ်စုံတစ်ဦးအပေါ် “တွယ်ကပ်နေခြင်း”က ပုံမှန်အားဖြင့် ချီးကျူးစရာ မဟုတ်ပါ။ သို့သော် ကျွန်တော့်ခွေး၏တွယ်ကပ်မှုအားဖြင့် ဆာလံ ၆၃ မှ ရှင်းလင်းသော အားကိုးမှီခိုမှုသရုပ်ကိုကျွန်တော်မြင်မိသည်။

ဤဆာလံတွင် ဒါဝိဒ်သည် ဘုရားသခင်အပေါ် သူ၏ချစ်ခင်မှီခိုအားထားမှုကို ပုံဖော်ထားသည်။ “အိုဘုရားသခင်”ဟု အစချီကာ “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။…