လ - မေ 2026

အစဥ်တည်သောထာဝရဘုရား၏နှုတ်ကပတ်တော်

၁၉၀၀ ပြည့်နှစ် အစောပိုင်းတွင် အောင်မြင်သော သံမဏိလုပ်ငန်းရှင် ချားလ်စ် ရှဝပ် (Charles Schwab) သည် နယူးယောက်မြို့၌ အခမ်းနားဆုံးဖြစ်နိုင်သည့် စံအိမ်ကြီးတစ်လုံးကို ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် အချောသတ်ပြီးစီးခဲ့သော သူ၏ ရစ်ဗာဆိုက်ဒရိုက် (Riverside Drive) စံအိမ်ကြီးသည် ပြင်သစ် ရဲတိုက်ပုံစံကို အတုယူတည်ဆောက်ပြီး၊ မြို့ကွက်တစ်ခုစာ နေရာယူထားသည်။ ထိုစံအိမ်၌ စိမ်းလန်းသော ဥယျာဉ်များ၊ ခမ်းနားသော ခန်းမဆောင်များနှင့် အလွန်ဇိမ်ကျလှပသော အတွင်းပိုင်းအပြင်အဆင်များပါဝင်သည်။ ၎င်းသည် မကြာမီအချိန်အတွင်း မန်ဟက်တန် (Manhattan) ဘူမိနက်သန်မြေ ဖြစ်လာတော့မည့် ထိုးတက်လာသော တိုက်တာများနှင့် သိသာစွာကွာခြားနေခဲ့သည်။ စံအိမ်ကြီးသည် အလွန်ထည်ဝါသော်လည်း ရှဝပ် ကွယ်လွန်ပြီးနောက်တွင် အလွန်ကြီးမားလွန်းခြင်း၊ ထိန်းသိမ်းစရိတ်များခြင်း၊ ထိုခေတ်ကာလ အိမ်ခြံမြေ ခေတ်ရေစီးကြောင်း နှင့် မကိုက်ညီတော့ခြင်းတို့ကြောင့် ဝယ်ယူမည့်သူရှာရန် ခက်ခဲခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရစ်ဗာဆိုက်ဒရိုက် စံအိမ်ကြီးကို ဖြိုဖျက်ခဲ့၍၊…

ကျွန်ုပ်တို့အတွင်း၌ ဖွင့်ပြသော ယေရှု

ဂျိုနီအဲရက်ဆန်ထါဒါ(Joni Eareckson Tada)၏မိခင်သေဆုံးပြီးနောက်၊ ဂျိုနီက လူ၏ခန္ဓာကိုယ်သည် သခင်ခရစ်တော်၏ တည်ရှိမှုကို ခံယူထည့်ထားသည့် “မြေအိုး”ကဲ့သို့ဖြစ်ကြောင်း ဆင်ခြင်မိသည်။ သူမက စျန်ဝင်ပြီး ခေတ်ပေါ်တင်စားမှုအဖြစ် ကျွန်မတို့၏မြေအိမ်ကို ကတ်ထူစက္ကူပုံးအဖြစ် တွေးမိသည်။ သူမမိခင်၏ “စက္ကူပုံး”မှာ ထောင့်၌ စုတ်ပြဲလျက် ဟောင်းနွမ်းကာ၊ အတွင်း၌ ဗလာနတ္တိ၊ ယခုဘာမှမရှိတော့ပါ။ သို့သော် ထိုစက္ကူပုံးသည် သူတို့တန်ဖိုးထား ခဲ့သောပုံး၊ အထဲ၌ အဖိုးတန်ဘဏ္ဍာဖြစ်သည့် ခရစ်‌‌တော်၏ဝိညာဥ် ကိန်းဝပ်ခဲ့သည့် “မြေအိုး” ဖြစ်ကြောင်း ဆင်ခြင်မိသည်။

ဂျိုနီသတိပြုမှတ်သားမိသကဲ့သို့ပင် သခင်ယေရှု၏နောက်လိုက်များသည် အသက်ရလာသည်နှင့်အမျှ ယိုယွင်းကျဆင်း ပေါက်ပြဲမှုများမှ တစ်ဆင့်၊ ရံဖန်ရံခါတွင် အံ့မခမ်းသောနည်းလမ်းများဖြင့် သခင့်အား ထွန်းလင်းထင်ရှားခွင့် ပေးခဲ့ကြသည်။ “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်” ကြောင်း (၂ကော၄:၇)၊ ထင်ရှားလာမည်ဖြစ်၍၊ “မြေအိုး၌ ရှိသောဘဏ္ဍာ”ဟူသည့် ရှင်ပေါလု၏စကားကို သူမနားလည်လက်ခံခဲ့သည်။ ရှင်ပေါလုသည် “မကြံစည်နိုင်အောင်”ဖြစ်ပြီး၊ “အောက်သို့ လှဲခြင်းကို”…

ဆုတောင်းခြင်းအားဖြင့် ရရှိသောခွန်အား

ထိုညက ယုံကြည်သူ မဖြစ်သေးရုံမက၊ သခင်ယေရှုအား ယုံကြည်ခြင်းကိုလည်း ကဲ့ရဲ့ပြောင်လှောင်သည့် ကျောင်းသားအဖွဲ့ကို ဘုရားကျောင်း၌ ကျွန်တော်သင်ကြားနေစဥ်တွင် ကျောင်းသားတစ်ဦးက လက်ဟန်ခြေဟန်ပြပြီး လျှာထုတ်ကာ မထီမဲ့မြင်ပြုသည်။

တစ်နာရီခန့်အကြာတွင် ထိုကျောင်းသားများသည် အခန်းထဲမှထွက်သွားပြီး၊ လမ်းနှင့်နီးသည့် ကျွန်တော့်ရုံးခန်း၌ ထိုင်နေကြသည်။ ထိုအခိုက် ဗလတောင့်တောင့် နှင့် လူတစ်ဦးက တံခါးကို ဆောင့်တွန်းပြီး ဝင်လာသည်။ ကျွန်တော်ရော ကျောင်းသားများပါ ထိုသူကို မတွေ့ဖူးပါ။ သူက မူးနေပြီး ဒေါသနှင့် ကျွန်တော့်ကို ကိုယ်ထိ လက်ရောက် ခြိမ်းခြောက်လာသည်။ မည်သို့ပင်ရှင်းပြရှင်းပြ သူက ရန်လိုနေမြဲပင်။ ထို့နောက် သူက “ငါမင်းကို သတ်မယ်”ဟုပြောသည်။ သူ့အတွက် ကျွန်တော်အသံထွက်ဆုတောင်းပေးစဥ် ကျွန်တော့်မိတ်ဆွေနှင့် အကူဖြစ်သူ ဂျွန်ကလည်း ကျွန်တော်နှင့်အတူ ဆုတောင်းသည်။ ကျွန်တော်တို့ ဆုတောင်းပြီးသောအခါ ထိုသူ၏အပြင်ပန်းအမူအရာက အံ့ဩဖွယ်ပြောင်းလဲသွားပြီး၊ သူမထွက်သွားမီ၌ ကျွန်တော့်ကို ပွေ့ဖက်သွားသေးသည်။

“ငါတို့သည် အသွေးအသားရှိသော…

အသက်၏အလင်း

၁၉၀၅ ခုနှစ်တွင် ညှင်းသိုးသိုးနှင့် လူရွယ်တစ်ဦးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့ရှိ သူ၏တိုက်ခန်းလေးတွင် တံခါးပိတ်လျက် စကြဝဠာ၏သဘောသဘာဝနှင့် စပ်လျဥ်း၍ ရှုပ်ထွေးသော စမ်းသပ်စစ်ဆေးမှုများကို နေ့စဥ်တွေးခေါ်သုံးသပ်ကာ ညှိနှိုင်းသည်။ ဤရူပဗေဒပညာရှင်သည် သဲသဲမဲမဲ အာရုံစိုက်ကာ သူ၏တွက်ချက်မှုများကို လုပ်ပြီးရင်းလုပ်နေတော့သည်။ လေးလတာမျှ စိတ်တွက် တွက်ချက်မှုများ ပြီးစီးသည့်နောက်တွင် ကမ္ဘာကြီးမည်သို့ဖြစ်တည်ရှိနေသည်ကို သူသိရှိသမျှ အကြောင်းအရာများကို ပြန်လည်မွမ်းမံရေးသားခဲ့သည်။ ထိုသူမှာ အသက် ၂၆ နှစ် အရွယ် အဲလ်ဘတ် အိုင်းစတိုင်းပင် ဖြစ်သည်။

မြင့်မားသောသိပ္ပံအတွေးအခေါ်ရှိသော်လည်း အဲလ်ဘတ်အိုင်းစတိုင်းက “ကျွန်တော်ပိုပြီး သင်ယူလေလေ၊ ကျွန်တော်မသိသေးတဲ့အရာများလေဆိုတာ ကျွန်တော်သိလေလေပဲ”ဟု ပြောခဲ့သည်။

ဖန်ဆင်းခြင်း၌ ပေါ်လွင်နေသော ဘုရားသခင်၏ ကြီးမြတ်ခန့်ညားမှုကို သမ္မာကျမ်းတွင် မကြာခဏ ညွှန်ပြထားသည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော”ပြီး (ဆာ ၁၉:၁)၊ “အနန္တတန်ခိုးရှင်၏ ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။ မိုးကောင်းကင်ကို မှီသည်ဖြစ်၍…

သစ္စာရှိစွာ ဆုတောင်းခြင်း

ဘွားဘွားကြီး ခလယ်ရာ ကွယ်လွန်ပြီးနောက် သူပုံမှန်ဆုတောင်းပေးသည့် လူများစွာတို့၏အမည်များပါရှိသည့်၁၀ ပေမျှရှည်သော သူမ၏ ဆုတောင်းစာရွက်စာရင်းသည် ကျွန်မတို့မိသားစု တန်ဖိုးထားရာ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။ ထိုစာရွက်တွင် မိသားစု ဆွေမျိုး၊ သူမ၏မိတ်ဆွေများ၊ ထိုမိတ်ဆွေများက ဆုတောင်းပေးသူများ၊ ထင်ရှားသော ဧဝံဂေလိ ဆရာ၊ သင်းအုပ်ဆရာနှင့် အမှုတော်လုပ်ငန်းများကို အမည်နှင့်တကွ လက်နှိပ်စက်ဖြင့်ရိုက်ကာ ရေးသားထားသည်။ တိုးလာသည့်မိသားစုဝင် အသစ်များနှင့် ဆုတောင်းချက်အတိအကျကို စာရွက်၏အနားသားတွင် လက်ရေးဖြင့် ရေးထားသည်။ အဘွား၏ဆုတောင်းစာရင်းတွင် ကလေးအရွယ်ကပင်ပါရှိခဲ့သည့် ကျွန်မမိခင်၏နာမည်ကိုကြည့်ရင်း ကျွန်မစိတ်၌လှိုက်ခနဲ ခံစားခဲ့ရသည်။

တမန်တော်ရှင်ပေါလုက ကနဦးအသင်းတော်သို့ မျှော်လင့်လျက် ဝမ်းမြောက်ရန်၊ ဆင်းရဲဒုက္ခခံရသောအခါ သည်းခံရန်၊ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုရန်(ရော ၁၂:၁၂)ရေးသားခဲ့သည်။ သူ၏ဩဝါဒစာတွင် ရှင်ပေါလုက ယုံကြည်သူများအား အဆိုးကိုမုန်းပြီး အကောင်းကို ချစ်ရန်(:၉)၊ မိမိကိုယ်ထက် အခြားသူကို ‌လေးစားခန့်ညားရန်(:၁၀)၊ စိတ်ထက်သန်စွာ ဘုရားရှင်ကို အစေခံရန်(:၁၁)၊ ဧည့်ဝတ်ပြူငှာရန် (:၁၃)စသည်ဖြင့် လက်တွေ့မေတ္တာပြသည့်…