လ - ဇူလိုင် 2026

သခင်ခရစ်တော်၏ သက်စမ်းရေ

ဒတ်ခ်ျပန်းချီဆရာ Rembrandt (ရမ်းဘရန်တ်) သရုပ်ဖော်ရေးဆွဲသော ခရစ်တော်နှင့် ရှမာရိအမျိုးသမီး ပန်းချီကားကို ကျွန်မ ငေးကြည့်နေစဉ်၊ စိတ်ဝင်စားဖွယ် အသေးစိတ်အချက်နှစ်ချက်ကို တွေ့ခဲ့သည်။ ပထမတစ်ချက်မှာ သခင်ယေရှုသည် ရှမာရိအမျိုးသမီးအား မိန့်တော်မူစဥ်၊ သူ၏လက်ကို နှလုံးသားရှိရာ ရင်ဘတ်ပေါ်တင်ထားပြီး၊ ရှမာရိအမျိုးသမီးဘက်သို့ နှိမ့်ချသောပုံစံဖြင့် ကိုင်းညွှတ်ထားသည်။ လူမျိုးစုနှစ်စုကြား ရာစုနှစ်ပေါင်းများစွာ အငြိုးထားမှုများကြောင့် ဂျူးလူမျိုးများသည် “ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ”ခဲ့ကြသော်လည်း(ယော ၄:၉)၊ သခင်ယေရှုသည် အပယ်ခံထားရသော အမျိုးသမီးတစ်ဦးကို တလေးတစား ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခဲ့သည် (:၁၇-၁၈)။

သခင်ယေရှုသည် ထိုအမျိုးသမီး၏ ရုန်းကန်ရမှုများကို သိပြီး သူမ၏ နက်နဲသော လိုအပ်မှုကို ‌‌ပြည့်ဝကျေနပ်စေရန် "အသက်ရေ"ကိုပေးခဲ့သည် (:၁၀)။ ထိုအသက်ရေသည် ဘုရားသခင်နှင့်ပြန်လည်၍ သင့်မြတ်‌ပေါင်းသင်းဆက်ဆံရေးမှတစ်ဆင့် ရရှိနိုင်သော သန့်ရှင်းစေခြင်းနှင့် အသက်ကိုပေးသော ကျေးဇူးတော်ဖြစ်သည်။

ကျွန်မ၏အာရုံကို ဖမ်းစားခဲ့သောဒုတိယအချက်မှာ အမျိုးသမီး၏မျက်နှာကို ဖုံးအုပ်ထားသော အမှောင်ရိပ်ဖြစ်ပြီး၊ ၎င်းသည် သခင်ယေရှုကို…

မိမိကိုယ်ကျိုးမရှာဘဲ ဘုရားသခင်ကို အစေခံခြင်း

ရှေးခေတ်အီဂျစ်ဖာရောဘုရင် ဒုတိယမြောက် Ramesses II (ရမ်မဆီးစ်)သည် မိမိကိုယ်ကို အထင်ကြီးလွန်းပြီး မိမိကိုယ်ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အဆောက်အအုံများစွာ တည်ဆောက်ခဲ့ပြီး၊ ၎င်းတို့တွင် သူ၏ခန္ဓာအသွင်အပြင်များကို ဖော်ပြသည့် အထိမ်းအမှတ်များစွာ ပါဝင်သည်။ ၎င်းတို့အနက် ထည်ဝါသော အနီရောင်ကျောက်ဖြင့် ပြုလုပ်ထားသည့် အလွန်ကြီးမားသောရုပ်တုမှာ အမြင့် ၃၆ ပေရှိပြီး၊ တန်ချိန် ၈၃ တန် လေးသည်။ သို့သော် အသက်အရွယ်သည် မာနကြီးသော အုပ်စိုးရှင်အား မသနားခဲ့ပေ။ စင်စစ် သူကွယ်လွန်ချိန်တွင် သွားရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် နာတာရှည်နှလုံးရောဂါများကို ခံစားခဲ့ရသည်။ သူ၏အထိမ်းအမှတ်အချို့က ခဏတာတည်ရှိခဲ့သော်လည်း၊ သူကိုယ်တိုင်မှာ အဆုံး၌ လူသားအားလုံးကဲ့သို့ပင် ကွယ်လွန်သွားခဲ့ရသည်။

ဒါဝိဒ်မင်း၏သားတော် အဗရှလုံသည် အတိတ်က ကြေကွဲဖွယ်ဖြစ်ရပ်၏ အမျက်ဒေါသ(၂ ရာ ၁၈:၁၈)နှင့် သူ၏အတ္တရည်မှန်းချက်များကြောင့်(၂ ရာ ၁၃)၊ သူ့ဖခင်ထံမှ “ဣသရေလအမျိုးသားအပေါင်းတို့စိတ်နှလုံး”(၁၅:၆)ကို ခိုးယူရန် ကြိုးစားခဲ့သည့်အပြင်၊ “ကိုယ်အဖို့…

မျက်မှောက်တော်၌ ပျော်မွေ့ချီးမွမ်းခြင်း

ဇူလိုင်လခေါင်းစဥ် | ချီးမွမ်းပွဲခံခြင်း

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြို့ကြီးတစ်မြို့၏အမှိုက်ပုံမှ အနံ့ဆိုးများထွက်နေ သည်ကို ပြည်သူလူထုမှသတိပြုမိပြီးနောက် ထိုအမှိုက်ပုံ၌ ဖိအားပြင်း အနံ့ပျောက်ဆေးဖြန်းစက် အလုံးတစ်ရာကို တပ်ဆင်ခဲ့သည်။ အမြောက်ပြောင်းသဏ္ဌာန် အနံ့ပျောက် ဆေးဖြန်းစက်ကြီးမှ အမွှေးရည် ဂါလံပေါင်းများစွာကို တစ်မိနစ်လျှင် ပေ ၁၆၀…

ဘုရားသခင်၌ မြဲမြံစွာ ရပ်တည်ခြင်း

မနက်ခင်းဖြစ်၍ ကျွန်မ၏ခင်ပွန်းသည် သူ့ဖုန်းမှ အကြိုက်ဆုံးချီးမွမ်းသီချင်းဖြစ်သော “ကျွန်ုပ်၏ဝိညာဉ်သည် ခိုင်ခံ့နေပါသည်” (My Soul Is Anchored) ကို ရွေးဖွင့်သည်။ သီချင်းစာသားများက မငြိမ်မသက်ဖြစ်နေချိန်များတွင် ဘုရားသခင်၌သာ မျှော်လင့်ခြင်းကို ဖော်ကျူးသည်။ တလိမ့်လိမ့်တက်လာပြီး၊ ကမ်းကိုရိုက်ခတ်လာသော လှိုင်းတံပိုးများအကြောင်း သတိပေးသည့် စာသားများကို ဒန် (Dan)က လိုက်ဆိုသည်။ သို့သော် ဘုရားသခင်သည် ကျွန်မတို့ကို မြဲမြံစွာ ကိုင်ဆွဲထားသောကြောင့် ကျွန်မတို့ ယိမ်းယိုင်သွားခြင်း မရှိကြောင်း သီချင်း၌ ဖွဲ့ဆိုထားသည်။

ဤစကားလုံးများသည် သင်္ဘော၏ကျောက်ဆူး၏အလုပ်ကို ပြီးပြည့်စုံစွာ ဖော်ပြနေသည်။ ကျောက်ဆူး“လက်တံများ”ကို ပင်လယ်နက်ထဲ ချခြင်းအားဖြင့် ၎င်းသည် သင်္ဘောငြိမ်အောင်ထိန်းပေးပြီး၊ ပြင်းထန်သော လေပြင်းတိုက်ခတ်မှုအတွင်း ‌မျောပါမသွားအောင်၊ ယိမ်းယိုင်မသွားအောင် ကာကွယ်ပေးသည်။

ကျောက်ဆူးသည် ဘဝ၏ရှုပ်ထွေးမှုများကြားတွင်ပင် ကျွန်ုပ်တို့မြဲမြံစွာကိုင်စွဲသည့် သခင်ခရစ်တော်အပေါ် မျှော်လင့်ခြင်းကို ထင်ဟပ်လျက် ခရစ်ယာန်ယုံကြည်ခြင်း၏စံနမူနာတစ်ရပ်ဖြစ်လာသည်။ ဟေဗြဲဩဝါဒစာရေးသားသူ ဆိုသကဲ့သို့ “ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍…

ကူညီရန် အသင့်ရှိပြီ

ယာဉ်မောင်းလိုင်စင်ဖြေရန် ကျွန်မ၏သူငယ်ချင်းမှာ ပါကင်ထိုးလေ့ကျင့်ရန် လိုသည်။ သူမအား ဘေးကင်းသောနေရာတွင် သင်ပေးနိုင်ရန် ဆုတောင်းပြီး နေရာရှာသောအခါ၊ ကားပါကင်ကျယ်ဝန်းသော အနီးအနားရှိဘုရားကျောင်း၌ သင်ပေးရန် အကြံရလာသည်။ ကျွန်မတို့သည် ခေါက်ကုလားထိုင်များသုံးပြီး လေ့ကျင့်ရန် ကားပါကင်နေရာကို ဖန်တီးခဲ့သည်။ အကောင်ဆုံးအနေအထား မဟုတ်သော်လည်း၊ သူမသည် ကုလားထိုင်ကြားနေရာသို့ ကားနောက်ပြန်ဆုတ်ရန် ပထမဆုံးအကြိမ် ကြိုးစားခဲ့သည်။

ထိုစဥ် သင်းအုပ်ဆရာက ယာဉ်/လမ်းအချက်ပြလိမ္မော်ရောင်ထုချွန်ကတော့များ သယ်လာပြီး၊ သူ့ကိုယ်သူ မိတ်ဆက်ကာ “ဒါကို သုံးမလား”ဟု မေးခဲ့သည်။ မကြာမီကပင် အသင်းတော်မိသားစုသည် အသစ်ရောက်လာသော အိမ်နီးချင်းများကို ကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ “ကားပါကင်မှာ ပါကင်ထိုးလေ့ကျင့်တဲ့သူတွေအတွက် ဒီကတော့တွေကို သုံးခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်”ဟု ပြောပြသည်။ အခြားသူများကို ကူညီရန် သူတို့ ကြိုတင်ပြင်ဆင်ထားပြီး၊ ကျွန်မ၏သူငယ်ချင်းအတွက် အမှန်ပင် ကောင်းချီးဖြစ်ခဲ့သည်။

သူတစ်ပါးကို ကူညီရန် အသင့်ရှိခြင်း။ ၎င်းသည် ကျွန်မတို့အတွက်နှင့် ကျွန်မတို့အတွင်း၌ ဘုရားသခင်အတိအကျပြု‌ပေးသည့်အမှု…