ဉာဏ်ပညာထင်ရှားပေါ်လွင်ပုံ
ကျွန်မငယ်စဥ်က ဘာသာရပ်တိုင်းတွင် ကျေနပ်ဖွယ်(S -satisfactory)အဆင့် အက်စ် အားလုံးရသော ရီပို့ကတ်ကို အိမ်ပြန်ယူလာခဲ့သည်။ ကျွန်မထက် ငါးနှစ်ကြီးသော အစ်မက အဆင့်အေဘီ ရော၍ရသည်။ ကျွန်မ၏အဆင့်သည် အဆင့်အေနှင့် ညီမျှသော အမှတ်များဟု ထင်သဖြင့် ရီပို့ကတ်သည် ကျွန်မဉာဏ်ပိုကောင်းကြောင်း သက်သေပြသည်ဟု ထင်ခဲ့သည်။ သို့နှင့် အစ်ကိုကြီး က ကျွန်မတို့ကို စစ်ဆေးမှုတစ်ခု လုပ်ပေးခဲ့သည်။ သူက မိဘများ၏ စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး၊ စာတစ်ပိုဒ်ဖတ်ခိုင်းရာ၊ ကျွန်မက ထစ်ငေါ့လျက် စာလုံးအနည်းငယ်မျှသာ မှတ်မိသည်။ အစ်မက စာပိုဒ်ကို ချောမွေ့စွာဖတ်နိုင်၍ အစ်မက ဉာဏ်အကောင်းဆုံးဟု အစ်ကိုက ကြေညာခဲ့သည်။
သူ၏စစ်ဆေးမှုမှာ ပညာရှိကြောင်း သက်သေပြခဲ့သည်။ သင်ခန်းစာပင်။ ဣသရေလပြည်မှလူတို့လည်း ရှောလမုန်မင်းထံမှ ပညာသင်ခန်းစာကို သင်ယူခဲ့ကြသည်။ အမျိုးသမီးနှစ်ဦးသည် ကလေးမွေးဖွားခဲ့ပြီး၊ မိခင်တစ်ဦးက မတော်တဆ “သားငယ်ကို ဖိ၍အိပ်မိ”သဖြင့် ကလေးငယ်…
ဘုရားသခင်၏ရှေ့တော်၌ ကြီးပွားခြင်း
လော့ဂါဟက်ဒ်ကမ္ဘာ့လိပ်များသည် ၎င်းတို့၏အစာရှေ့တွင်ရှိစဥ် ချစ်စဖွယ်ပြုမူကာ၊ သတ္တဗေဒပညာရှင်များက ၎င်းကို “လိပ် ကခုန်ခြင်း” ဟုခေါ်သည်။ လိပ်များသည် ၎င်းတို့၏ခန္ဓာကိုယ်ကို ဒေါင်လိုက်စောင်းကာ ပါးစပ်ကိုဖွင့်၊ ရှေ့လက်ယက်များနှင့် လက်ခုပ်တီးကာ ရေထဲတွင် လှည့်ပတ်ကြသည်။ သို့သော် သုတေသန ပြုချက်များအရ ရေဒီယိုလှိုင်းကြားဝင်လာပါက လိပ်၏အတွင်းပိုင်း “GPS”ကို နှောင့်ယှက်နိုင်ပြီး၊ သူတို့ကို အစာမှအာရုံပြောင်းစေလျက်၊ ဝမ်းနည်းစရာမှာ ၎င်းတို့၏ ကခုန်ခြင်းကို ရပ်တန့်သွားစေခြင်းဖြစ်သည်။
သမ္မာကျမ်းစာတွင် ဒါဝိဒ် ကခုန်သည့်အကြောင်းကို ပြောထားသည်။ ပဋိညာဉ်သေတ္တာသည် ဘုရားသခင်၏တည်ရှိမှုကို ဖော်ပြပြီး၊ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ယူဆောင်လာသောအခါ “ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍(အစွမ်းရှိသမျှ)က လေ၏”(၂ ရာ ၆:၁၄)။ သို့သော် နောက်ပိုင်းတွင် ဘုရင်ကြီး စတင်လမ်းလွဲခဲ့ပြီး၊ ဗာသရှေဘကို ပြစ်မှားကာ၊ သူမခင်ပွန်းအား စစ်ပွဲ၌ ကြံစည်သတ်ဖြတ်ခဲ့သည် (၁၁:၄၊ ၁၄-၁၅)။ ယခု သူမနှင့် ရသောသားမှာ ပြင်းစွာဝေဒနာခံရသဖြင့်၊…

ကြွယ်ဝသော ချစ်မေတ္တာ
ကျွန်မမြေး၏ ၁၁ နှစ်မြောက် မွေးနေ့ကို မိသားစုဝင်များနှင့် မြေထဲပင်လယ်စားသောက်ဆိုင်တွင် ဆင်နွှဲခဲ့ကြပါသည်။ အစားအသောက်မမှာမီ ကျွန်မသားက မွေးနေ့ရှင်လေးကို ဘာစားချင်လဲ ဟုမေးရာ၊ သူက ဆော်လမွန်ငါး ကြိုက်တယ်ဟု သူ့ဖခင်ကို ပြောခဲ့သော်လည်း အလွန်ဈေးကြီးမှန်း သူသိသည်။ “ဒါ သားရဲ့ မွေးနေ့လေ။ သားစားချင်ရင် စားလို့ရတယ်”ဟုပြောရာ၊ မြေးလေး ပီတိဖြစ်ပြီး သူ၏နှစ်ခြိုက်ဖွယ်အပြုံးက ထိုပီတိကို ဖော်ပြနေသည်။
သားအပေါ်ထားသော ဖခင်၏မေတ္တာက ဘုရားသခင်၏ရက်ရောသောချစ်မေတ္တာ တစ်စိတ်တဒေသကို အမှတ်ရစေသည်။ ၁ယော ၃ တွင် ကျွန်ုပ်တို့အပေါ် သွန်းလောင်းသော ဘုရားသခင်၏“ကြီးမားသောမေတ္တာ”ကို ဖော်ပြထားသည်။ သူ့အား ယုံကြည်သူအားလုံးကို သူ၏သားသမီးများ(:၁) ၊ အလွန်ကြွယ်ဝသော သူ့မေတ္တာကို ခံစားရသူများဟု ဘုရားရှင်ကခေါ်သည်။ ဤချစ်မေတ္တာကို အကောင်းဆုံးသောလက်ဆောင်ဖြစ်သည့် ခရစ်တော်၏အသေခံပေးခြင်းဖြင့် စံနမူနာပြခဲ့သည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် “ကျွန်ုပ်တို့အတွက် အသက်ကို စွန့်တော်မူခဲ့သည်”(:၁၆)။ ကျွန်မတို့သည် ခရစ်တော်ကို…

သိုးထိန်းတစ်ဦး၏နှလုံးသား
"သမင်ပေါက်လေးတစ်ကောင် ခြံစည်းရိုးမှာ ငြိနေတယ်"ဟု ဟဲသာက သူ့ခင်ပွန်း တင်မ်ကို ဖုန်းခေါ်ခဲ့သည်။ သမင်လေးကို ကယ်နိုင်ခဲ့သော်လည်း မိခင်သမင်မကြီးကိုမူ မတွေ့မိပါ။ ထိုနေ့မွန်းလွဲပိုင်းတွင် တောစပ်မှ သမင်တစ်အုပ် ထွက်လာပြီး၊ အနီးနားတွင် ကျက်စားနေသည်ကို တင်မ် တွေ့လိုက်ရသည်။ သမင်မတစ်ကောင်မှာ အထူးသတိရှိပုံရ၍၊ သမင်ပေါက်လေး၏အမေများလားဟု တွေးရင်း တင်မ်က သူ၏ဖုန်းမှ သမင်လေး၏ငိုသံကို စပီကာနှင့် ကျယ်ကျယ်ဖွင့်လိုက်ရာ၊ သမင်မက သူ့နောက်လိုက်လာသဖြင့် သမင်ပေါက်လေး ရှိရာသို့ ခေါ်သွားလိုက်သည်။ သမင်လေးသည် ချက်ချင်းနို့စို့ကာလွတ်လပ်မှုကို ရရှိခဲ့ပြီး၊ သမင်သားအမိ ပြန်လည်ဆုံစည်းခဲ့သည်။ ၎င်းသည် တင်မ်၏ နူးညံ့သိမ်မွေ့သော စောင့်ရှောက်မှုကြောင့်ဖြစ်ပါသည်။
သူ၏လူများကို ပြုစုစောင့်ရှောက်ရန်နှင့် ကျွန်ုပ်တို့လိုအပ်သော လွတ်လပ်ခွင့်ကို ပေးရန် ဘုရားသခင်က ပို၍ပင် လိုလားပါသည်။ ဣသရေလလူမျိုးတို့သည် မိမိတို့၏ဒုစရိုက်၌ လဲ၍ ဗာဗုလုန်သို့ ဖမ်းဆီးကျွန်ပြုခံခဲ့ရသော်လည်း ဘုရားသခင်က “ငါသည် ငါ့သိုးတို့ကို ရှာ၍ ကြည့်ရှုစောင့်ရှောက်မည်” ဟု…

ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်း
အမျိုးသမီးတစ်ဦးသည် ညနေပိုင်းဆုတောင်းအစည်းအဝေးအတွက် ဘုရားကျောင်း၏သန့်ရှင်းရာဌာနသို့ တစ်လှမ်းခြင်း ခပ်သွက်သွက်ဝင်လာသည်။ နာကျင်ခြင်း (သို့) အသက်ရှူမဝခြင်းတို့ကြောင့် ခေတ္တရပ်နေချိန်တွင် ဖြတ်သွားသော အမျိုးသားတစ်ဦးက သူမအား “တစ်ကြိမ်မှာ ခြေတစ်လှမ်း၊ ဒါမင်းလုပ်ရမယ့် တစ်ခုတည်းသောနည်းလမ်းပဲ။ သက်သက်သာသာလုပ်ပါ”ဟု ပြောခဲ့သည်။ သူ့စကားများက အမျိုးသမီးကို အားပေးရန် ရည်ရွယ်ပြီး၊ ရှေ့သို့ဆက်လှမ်းရန် သူမလိုအပ်သောခွန်အားကို ပေးခဲ့မည်မလွဲပါ။ ထိုညနေက ပင်ပန်းနွမ်းနယ်နေသော ကျွန်မစိတ်ဝိညာဉ်အတွက် ထိုစကားကသေချာပေါက် ခွန်အားဖြစ်စေခဲ့သည်။
ကျွန်မတို့၏ယုံကြည်ခြင်းခရီးတွင် ခရီးက ရှည်လျားပုံ(သို့) ခက်ခဲပုံ ပေါ်သောအခါ လက်လျှော့ရန် သွေးဆောင်ခံရနိုင်သည်။ ဤအခိုက်အတန့်တွင် ဣသရေလလူတို့ကို နှစ်သိမ့်မစရန် ပရောဖက်ဟေရှာယပြောခဲ့သည့်စကားများဖြင့် ကျွန်မတို့ သက်သာရာရနိုင်သည်။ ဘုရားသခင်သည် အဆုံးတွင် သူတို့အား ဗာဗုလုန်တွင် ဆယ်စုနှစ်များစွာ သိမ်းသွားခံရခြင်းမှ ရွေးနုတ်တော်မူမည်ဖြစ်ပြီး၊ ဘုရားသခင်သည် တန်ခိုးမဲ့ရုပ်တုများနှင့် မတူကြောင်း သတိပေးခဲ့သည်(ဟေရှာ ၄၀:၁၈-၂၀)။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် “မောပန်းနွမ်းနယ်ခြင်းမရှိ”…

ခရစ်တော်၌ အဖွဲ့လိုက်ကြိုးစားအားထုတ်မှု
၁၈၆၉ ခုနှစ်တွင် နယူးယောက်မြို့ရှိ ဘရွတ်ကလင်းတံတားကို စတင်တည်ဆောက်ခဲ့သည်။ အလုပ်စပြီးမကြာခင်တွင် အင်ဂျင်နီယာချုပ်ဝါရှင်တန် ရိုဘလင်း (Washington Roebling)သည် အလွန်နာမကျန်းဖြစ်ခဲ့၍၊ သူ့ဇနီးဖြစ်သူ အမ်မလီက ဝင်ရောက်ကူညီခဲ့သည်။ သူမသည် သူ၏အစီအစဉ်များကိုလေ့လာကာ၊ သတ်မှတ်ချက်များကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များကို ပြင်ဆင်လျက်၊ လက်ထောက်များအား လမ်းညွှန်ပေးခဲ့သည်။ အမ်မလီသည် သူမ၏ခင်ပွန်းကို တတ်နိုင်သမျှ ကူညီခဲ့ပြီး၊ ၁၈၈၃ ခုနှစ် တံတားဖွင့်ပွဲ၌ သူမသည် ပထမဆုံးသော ရထားလုံးတွင် စီးနင်းလိုက်ပါခဲ့ရသည်။ သူမ၏ခင်ပွန်းက သူမ၏“ထူးခြားသော စွမ်းရည်”နှင့်“အလုပ်နှင့် အစီအစဉ်များကို စေ့စေ့စပ်စပ်သိခြင်း”တို့ကို ချီးကျူးခဲ့သည်။
ထိုသို့သော အဖွဲ့လိုက်လုပ်ဆောင်ခြင်းသည် လှပပြီး၊ ဘဝ၏အဓိပ္ပာယ်အရှိဆုံးအလုပ်အတွက် လျှို့ဝှက်ချက်ဖြစ်သည်။ ရှောလမုန်မင်းက ဒေသနာကျမ်းတွင် “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစား အားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်”(၄:၉-၁၀)ဟု အဖွဲ့လိုက်လုပ်ကိုင်ခြင်း၏ အခြေခံကိုရှင်းပြခဲ့သည်။ ရှင်ပေါလုက အဖွဲ့လိုက်လုပ်ဆောင်ခြင်းကို အသင်းတော်…