လ - ဩဂုတ် 2026

အစဥ်မပြတ် ဆုတောင်းခြင်း၏တန်ခိုး

အကယ်ဒမီဆုရှင် သရုပ်ဆောင် Denzel Washington(ဒန်ဇယ်ဝါရှင်တန်)က လူငယ်သရုပ်ဆောင်အဖွဲ့တစ်ဖွဲ့အား နေ့ရက်တိုင်းကို ဆုတောင်းခြင်းဖြင့် အစပြုရန် အားပေးခဲ့သည်။ ထိုသူတို့အား “မနက်ခင်းတွင် ဒူးထောက်ရမည်” ဖြစ်သောကြောင့် သေသေချာချာ “ညဘက်တွင် ဖိနပ်များကို အိပ်ရာအောက်တွင်ထားရန်” အကြံပေးခဲ့သည်။

ဆုတောင်းခြင်းအလေ့အထကို ပုံမှန်လုပ်ဆောင်ရန် ဂရုတစိုက်စီစဉ်ခြင်းနှင့် တီထွင်ဖန်တီးမှုအချို့ လိုအပ်သော်လည်း၊ ၎င်းသည် သမိုင်းတစ်လျှောက်လုံး အထူးသဖြင့် ခက်ခဲသောအချိန်များတွင် ဘုရားသခင်၏ လူများကို ထောက်မခဲ့သည့် အလေ့အထတစ်ခုဖြစ်သည်။ ဒါရိမင်းလက်ထက်တွင် အမှုထမ်းခဲ့သော ဒံယေလ၏ဘဝတွင် ဤအချက်ကို တွေ့နိုင်သည်။ သူသည် အစိုးရ၏ ထိပ်တန်းဝန်ကြီးအဖြစ် အလျင်အမြန် ထင်ရှားကျော်ကြားခဲ့သောကြောင့် အခြားအရာရှိများ အမျက်ထွက်ခဲ့သည် (ဒံ ၆:၃)။ သူတို့၏မနာလိုမှုကြောင့် သူ့ကို ရာထူးမှဖယ်ရှားရန် ကြံစည်ခဲ့ရာ၊ “ဘုရားသခင်၏ဘာသာမှု”ကို စောင့်ထိန်းသည့် ဒံယေလ၏ဆည်းကပ်ကိုးကွယ်မှု တစ်ခုတည်းကိုသာ အပြစ်တင်နိုင်မည်ကို ၎င်းတို့ မနှေးအမြန် သိရှိခဲ့သည် (:၅)။ အရာရှိများသည် ဘုရင်အားလှည့်စားပြီး…

ဘုရားသခင်အားလုံးကို မြင်တွေ့သည်

ဂရေ့စ်က စားသောက်ဖွယ်မီနူးစာအုပ်နှင့်ကွယ်ကာ ပုန်းနေခြင်းကို မိုက်ကယ် မရယ်ဘဲမနေနိုင်။ ကော်ဖီဆိုင်တွင် မှာထားသည့်အစားအသောက်များကို စောင့်ဆိုင်းရင်း စားပွဲ၌ သူတို့ တူတူပုန်းတမ်းကစားကြသည်။ ဖခင်ကို သူမမြင်လျှင်၊ ဖခင်ကလည်း သူ့ကို မမြင်ရဟု ငါးနှစ်သမီးလေးက ထင်နေသည်။ ၎င်းသည် ကလေးကလားဆန်သော်လည်း နောက်ပိုင်းတွင် ၎င်းကို ပြန်ဆင်ခြင်တွေးမိသောအခါ အရေးကြီးသောသင်ရန်စာဟု မိုက်ကယ်နားလည်ခဲ့သည်။ “မိမိ၏အပြစ်များကို ဘုရားသခင် မမြင်အောင် ဖုံးကွယ်နိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသလား။” “ကိုယ်တော်ကို ကျွန်ုပ်တို့မမြင်ရလျှင် ကျွန်ုပ်တို့ကို ကိုယ်တော်မမြင်ဟု တွေးထင်ပါသလား။

အာမုတ် ၉ တွင် ဘုရားသခင်သည် ပရောဖက်အာမုတ်မှတစ်ဆင့် မိန့်မြွက်လျက် ဣသရေလလူတို့အား “ပုန်းရှောင်သော်လည်း ငါရှာ၍ ထုတ်မည်။... ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှာသာ ငါကြည့်ရှုမည်”ဟု (:၃-၄)၊ ၎င်းတို့၏အပြစ်များ စီရင်မခံရဘဲ လွတ်မြောက်နိုင်သည်ဟု မထင်မှတ်ရန် အလားတူ သတိပေးချက်ကို ထောက်ပြ သတိပေးခဲ့သည်။ အရာခပ်သိမ်းကို မြင်၍သိသော ဘုရားသခင်၏…

သင့်အတွက် တိုက်ခိုက်ပေးနေခြင်း

လက်ဝှေ့ထိုးကျွမ်းကျင်သူ ဂျင်မ်ဘရက်ဒေါ့သည် ကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် လက်ဝှေ့ထိုးခြင်းမျိုးမဟုတ်ဘဲ၊ မိမိ မိသားစုဝမ်းရေးအတွက် လက်ဝှေ့ ထိုးသူအဖြစ် ထင်ရှားသူ ဖြစ်သည်။ Cinderella Man ရုပ်ရှင်ဇာတ်ကားတွင် အတိတ်က အောင်မြင်သော လက်ဝှေ့သမားတစ်ဦးအဖြစ်မှ ဟဲဗီးဝိတ်ချန်ပီယံ အဖြစ်သို့ တစ်ကြော့ပြန်ရောက်လာသည့် နတ်သမီးပုံပြင်ကဲ့သို့သော သူ့ဘဝ မှတ်တမ်းကို တင်ပြထားသည်။ ကမ္ဘာ့စီးပွားပျက်ကာလအတွင်း အလွန့်အလွန် ဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်ခဲ့ရစဥ် ဂျင်မ်သည် သူ၏စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေး၊ ဂုဏ်သိက္ခာတို့ကို အထပ်ထပ် စတေးခံကာ သားသမီးများအတွက် ဖြည့်ဆည်းပေးခဲ့သည်။ ပြိုင်ဘက်၏ခြိမ်းခြောက်မှုကို စိုးစင်းမျှ မကြောက်ဘဲ၊ မိသားစုကို လုံခြုံစွာစောင့်ရှောက်နိုင်ရန် ကြိုးဝိုင်းထဲတွင် ထိုးနှက်တိုက်ခိုက်မှုကို သတ္တိရှိရှိ ကြံ့ကြံ့ခံနိုင်ခဲ့သည်။

မိသားစုကို ချစ်မြတ်နိုးစွာ ကာကွယ်ပေးခြင်းက ဂျင်မ်ချန်ရစ်ခဲ့သော အမွေအနှစ်ဖြစ်သည်။ ကျွန်ုပ်တို့ အတွက်လည်း ချစ်မြတ်နိုးစွာ ကာကွယ်ပေးနေသူရှိပြီး၊ ကြိုးဝိုင်းထဲတွင် ကျွန်ုပ်တို့ကိုယ်စား ဆောင်ရွက်ပေးမည်ဟု ကတိထားရှိသူဖြစ်သည်။ ဣသရေလလူမျိုးတို့သည် အီဂျစ်ပြည်၌…

စစ်မှန်သော ဘုရားသခင်၏သားဝောာ်

ဓာတ်ပုံပြိုင်ပွဲတစ်ခုတွင် “AI(artificial intelligence)” အေအိုင်ဉာဏ်ရည်တုဖြင့် ဖန်တီးသည့် ဓာတ်ပုံများကို မီးမောင်းထိုးပြသထားသည်။ ကွန်ပျူတာပေါ်တွင် အေအိုင်စာသားများ၏အစဖော် လှုံ့ဆော်မှုအားဖြင့် ဖန်တီးသောဓာတ်ပုံများကို ကမ္ဘာတစ်ဝန်းမှ ပေးပို့ယှဥ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် အေအိုင်ဖြင့် ဖန်တီးသည့် ဓာတ်ပုံများသာ ပြိုင်ပွဲဝင်ခွင့်ရသည်။ ဆုရဓာတ်ပုံမှာ သဲပြင်ကြီးနောက်ခံတွင် ပန်းနီရောင် ကြိုးကြာနီငှက်က ငှက်မွှေးလုံးသဏ္ဌာန် ကွေးလိပ်နေသည့်ဓာတ်ပုံမှာ စိတ်လှုပ်ရှားဖွယ်ရာ အသက်ဝင်လှပေသည်။

ပြဿနာမှာ ဆုရဓာတ်ပုံသည် ပန်းနီရောင်ကြိုးကြာနီငှက်အစစ်၏ ဓာတ်ပုံအစစ်ဖြစ်သည်။ ဓာတ်ပုံရိုက်သူက အေအိုင်ပြိုင်ပွဲတွင် ဓာတ်ပုံအစစ်ဖြင့် ဝင်ရောက်ပြိုင်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ဓာတ်ပုံ Flamingone(ဖလဲန်းမင်းဝမ်း)သည် သတ်မှတ်စည်းကမ်းနှင့် မကိုက်ညီ၊ ဓာတ်ပုံအစစ် ဖြစ်ခြင်းကြောင့် အပယ်ခံခဲ့ရသည်။

သခင်ယေရှုခရစ်ဝောာ်အပြစ်စီရင်ခံရခြင်းနှင့် ကားစင်တင်သတ်ခံရခြင်းတို့နှင့်ပတ်သက်၍ ပရောဖက်ဟေရှာယက သူ့အား “အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးသငယ်ကဲ့သို့“ခေါ်ဆောင်သွားသည်ဟု(ဟေရှာ ၅၃:၇) အထင်အရှား ကြိုတင်ဟောထားသည်။ ယုဒလူမျိုးတို့၏ မေရှိယ (ကယ်တင်ရှင်) အဖြစ် ကြွေးကြော်ခြင်းကြောင့် ခရစ်တော်ကို တရားခုံရုံးသို့ ပို့ကြသည်။ သို့တိုင် သခင်သည်…

ထိန်းသိမ်းတည်ဆောက်သော အိမ်ထောင်တစ်ခု

အမေရိကန်ပြည်ထောင်စု၏ သမ္မတအားလုံးအနက် ဂျင်မီကာတာ၏ မင်္ဂလာဆောင်သက်တမ်းမှာ အကြာရှည်ဆုံးဖြစ်သည်။ သူနှင့်သူ၏ဇနီးဖြစ်သူ ရိုစလင်းတို့၏မင်္ဂလာသက်တမ်းမှာ ၇၇ နှစ် ဖြစ်သည်။ သူ့အား ရှည်ကြာသော၊ အောင်မြင်သော အိမ်ထောင်၏လျှို့ဝှက်ချက်ကို မေးသောအခါ သူက “မင်္ဂလာဆောင်ရန် မှန်ကန်သောလူကို ရွေးချယ်ပါ”ဟုဖြေခဲ့သည်။ ထိုမျှမက သူက အောင်မြင်သော အိမ်ထောင်၏ အယူအဆသုံးခု- ပြန်လည်သင့်မြတ်ခြင်း၊ ဆက်သွယ်ဆက်ဆံခြင်း၊ ယုံကြည်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးအပေါ်စွဲကပ်ခြင်းဟူ၍ ဖော်ပြခဲ့သည်။

ဧဖက်ဩဝါဒစာ ၄:၂၆ တွင် “အမျက်မပြေဘဲ နေမဝင်စေနှင့်ဟု ရန်ပြေငြိမ်းခြင်းသဘောကို ဖော်ပြထားသည်။ ဤအချက်ကို ကာတာဇနီးမောင်နှံတို့ အလေးထားသည်။ “ညတိုင်း ကျွန်တော်တို့က တစ်နေ့တာလုံးမှာ အခြေအတင် ဖြစ်ခဲ့သမျှကို လုံးဝပြေလည်‌အောင် အသေအချာလုပ်တယ်”ဟု ဂျင်မီ တစ်ခါပြောဖူးသည်။ ဧဖက်အခန်းကြီး ၄ တွင် သခင်ယေရှုနှင့် သဏ္ဌာန်တူသော ဆက်သွယ်ဆက်ဆံရေး၏ လျှို့ဝှက်ချက်ကိုလည်း တွေ့ရှိနိုင်သည်။ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်ဝောာ်ကြောင့်…