အခြားသူများအား သစ္စာရှိစွာ အစေခံခြင်း
တစ်ခုသောကြာသပတေးနေ့တစ်နေ့၌ အသင်းတော်၏မိတ်သဟာယခန်းမထဲတွင် အသားညှပ် ပေါင်မုန့်များနှင့် ဖရဲသီးစိတ်များကို ပြင်ဆင်ကာ၊ စွန်းထင်းနေသော ကော်ဇောပေါ်ခင်းထားသည့် သတ္တုခေါက် ကုလားထိုင်၌ ထိုင်နေကြသည့် ဝမ်းနည်းနေသူများအတွက် တည်ခင်းပေးခြင်းဖြစ်သည်။ ၎င်းသည် အပြစ်ပြောစရာမရှိသည့် သာမန်ဈာပနတစ်ခုဖြစ်သော်လည်း တရားဟောဆရာအတွက်မူ အားနာစရာ ဖြစ်နေသည်။ သူသည် လူထောင်ချီပြည့်နေသောခန်းမများတွင် ဟောပြောသည့် နာမည်ကျော် တရားဟောဆရာတစ်ဦးဖြစ်ပြီး၊ ယခုမှာ သူသည် သာမန်စျာပနတွင် ခါတိုင်းကဲ့သို့ပင် စိတ်အားထက်သန်စွာ ဟောပြောနေသည်။
ရှင်ပေါလုက သူ၏သားတပည့်တိမောသေအား “နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ ... သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့”ဟု ပြောခဲ့သည် (၄:၂-၅)။ လင်းထိန်သောစင်မြင့်ကြီးများပေါ်တွင်သာမက၊ သာမန်ကြားရက် အစီအစဥ်များတွင်ပါ တာဝန်အားလုံးကို ထမ်းဆောင်ရန် ဖြစ်သည်။ ထိုဟောပြောမှုများကို အနာဂတ်မျိုးဆက်များအတွက် အသံဖမ်းမှတ်တမ်းယူထားခြင်း ရှိမည်မဟုတ်သည့်အပြင် လူမဆိုစလောက်သာ တရားနာနေကြသည့်တိုင် ဤအမှုအရာကို ကောင်းစွာ ပြုကြရပါမည်။
အကြောင်းမှာ…


ခရစ်တော်၏အလင်းကို ထွန်းလင်းပါ
မှိန်ပျပျမီးရောင်ထွန်းထားသည့် စားသောက်ဆိုင်တွင် စားပွဲထိုးမလေးသည် တည်ကြည်သည့် အသွင်အပြင်ဖြင့် ကျွန်မတို့ မှာယူသည်များကို တိတ်ဆိတ်စွာ မှတ်သွားသည်။ ထို့နောက် ကျွန်မမိတ်ဆွေက ကြင်နာမှုဖြင့် “အမှောင်ထဲမှာ မြင်နိုင်အောင်” ဟု ပြောပြီး၊ သူမအား မီးထွန်း၍ရသော ဘောပင်တစ်ချောင်းပေးခဲ့သည်။ သူမ၏ မျက်နှာ ဝင်းပသွားပြီး သူမ၏အမူအရာ၌ ပျော်ရွှင်မှု ထင်ဟပ်လာသည်။ သူမသည် ထိုလက်ဆောင်ကို သဘောကျပြီး မီးကို ပိတ်လိုက် ဖွင့်လိုက် လုပ်နေခဲ့သည်။ ကျွန်မတို့၏ စားပွဲမှ သူမထွက်သွားသောအခါ ထိုလူက ပြုံးလိုက်ပြီး “ဘောပင်ပေးလိုက်တော့ သူ ပျော်သွားတယ်ထင်တယ်။ အဲဒါက သူ့တစ်နေ့တာကို ပျော်ရွှင်ကြည်နူးစေပြီ”ဟု ကျွန်မအား ပြောခဲ့သည်။
ဘုရားသခင် ပေးသနားသော အလင်းတည်းဟူသော လက်ဆောင်သည် ကျွန်မတို့၏ နေ့ရက်များကို သေချာပေါက် ထွန်းလင်းစေသည်။ သခင်ယေရှုသည် အကြီးမြတ်ဆုံးသော အလင်းလက်ဆောင်ဖြစ်ပြီး၊ လောကကို ကယ်တင်ရန် ဤလောကသို့ ဝင်ရောက်လာသော…
အံ့သြဖွယ်ဘုရားသခင်
ရှုခင်းဓာတ်ပုံဆရာတစ်ဦးအနေဖြင့် အွန်လိုင်းတွင် တွေ့ရသော ဓာတ်ပုံများက ကျွန်ုပ်ကို ဆွဲဆောင်လှသည်။ မကြာမီက “အမေရိကန်ပြည်ထောင်စုရှိ အံ့ဖွယ်အကောင်းဆုံးနေရာ ၁၀ ခု” ကို ကျွန်ုပ် အမှတ်မထင်တွေ့ရှိခဲ့သည်။ အရောင်အသွေးစုံသော အလင်းများ ဖြာထွက်နေသည့် ရေကန်ကြီးနှင့် တူသည့် ရေပူစမ်း၊ ရုပ်ရှင်ထဲမှ ထူထပ်အုပ်ဆိုင်းပြီး ရေညှိဖုံးနေသောသစ်တောနှင့်တူသည့် Hoh Rain Forest (ဟိုး သမပိုင်းမိုးသစ်တော)၊ Mars(မားစ်)ဂြိုဟ်၏မြင်ကွင်းကျယ်နှင့်တူသည့် Arizona (အရီဇိုးနား)ပြည်နယ်ရှိ Monument Valley(ကျောက်တောင်ချိုင့်ဝှမ်း)တွင် ရိုက်ထားသော အံ့မခန်း ဓာတ်ပုံတို့ပါဝင်သည်။
ဤ အံ့မခန်းဓာတ်ပုံများက တန်ခိုးကြီးသော ဘုရားသခင်အကြောင်း ပြန်လည်ဆင်ခြင်မိစေသည်။ ဆာလံ ၆၈ တွင် ဒါဝိဒ်သည် “ဘုရားသခင်အား သီချင်းဆိုကြလော့။...တော၌ စီး၍ ကြွတော်မူသောအရှင်ဖို့ လမ်းကိုပြင်ကြလော့”(:၄)ဟု ဘုရားသခင်၏ဘုန်းအသရေကို ရွှန်းရွှန်းဝေ ဖော်ပြထားသည်။ “မီးခိုးလွှင့် သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ”(:၂)ဟု ရန်သူများအပေါ် ဘုရားသခင်၏တန်ခိုးတော်ကို အထင်အရှားကြွေးကြော်သည်။…


ကလေးများကို ဘုရားသခင်ချစ်သကဲ့သို့ ချစ်ခြင်း
နွေရာသီတစ်လျှောက်လုံးတွင် ကျွန်မတို့အနောက်ဘက်အိမ်မှ ကလေးများသည် နာရီများစွာ ဒန်းစီးခဲ့ကြသည်။ ထိုဒန်းမှထွက်သောအသံမှာ ဆူညံသည်။ ကလေးများသည် ထိုတကျွိကျွိမြည်သံကြောင့် အနှောင့်အယှက် ဖြစ်ပုံမရဘဲ အတောမသတ်နိုင်အောင် ဒန်းစီးခဲ့ကြသည်။ ကျွန်မသည် ညည်းညူရင်း မိဘများက ဒန်းကို အဘယ်ကြောင့် ဆီမထိုးပေးသနည်းဟု ကျွန်မခင်ပွန်းကို ပြောဖြစ်သည်။ သို့သော် ထိုကိစ္စအတွက် ဆုတောင်းနေရင်း ကျွန်မ၏စိတ်ထဲတွင် အပြောင်းအလဲတစ်ခုကို သတိထားမိသည်။ သူတို့၏မိသားစုခြံဝင်းအတွင်း တွေ့ရှိရသော စိတ်ချယုံကြည်မှုမှ ပေါက်ဖွားလာသည့် ကလေးများ၏ ရယ်မောသံနှင့် ပျော်ရွှင်မှုကို ကျွန်မ မြင်ခဲ့သည်။ ခေါ်လိုက်ရုံဖြင့် ရောက်လာနိုင်သော မိဘများ အနီးအနားတွင် ရှိနေခြင်းကိုလည်း မြင်ခဲ့ရသည်။
သခင်ယေရှုသည် ကလေးများအကြောင်း မိန့်ကြားသောအခါ ထိုကဲ့သို့သော ယုံကြည်ခြင်းအကြောင်းကို မိန့်တော်မူခဲ့သည်။ လူတို့သည် သခင်ယေရှု ကောင်းချီးပေးရန် သူတို့၏ကလေးငယ်များကို သခင့်ထံ ခေါ်ဆောင်လာကြသော်လည်း စိတ်အနှောင့်အယှက်ဖြစ်နေသော တပည့်တော်များက ထိုမိဘများကို ဆူပူကြိမ်းမောင်းခဲ့ကြသည် (မာ ၁၀:၁၃)။…
မုသားစကား ကပ်ဘေးဆိုး
ဂျာမန်ဓမ္မပညာရှင်နှင့်ဘုန်းကြီး Meister Eckhart(မိုက်စတာအက်ခ)က ယုံကြည်မှုဖြင့် တည်ဆောက်ထားသောဆက်ဆံရေးနှင့် မုသားကြောင့် ပျက်စီးသွားသောဆက်ဆံရေး အကြား ခြားနားမှုကို “မုသား၏ရက်စက်သောအပြုအမူ”ဟူ၍ ကဗျာတစ်ပုဒ်တွင် ရေးသားခဲ့သည်။ သူသည် မှန်ကန်၍ နှစ်သက်ဖွယ်စကားလုံးများကို “ ရောစပ်ထားသော အံ့ဖွယ်ဟင်းခတ်အမွှေးအကြိုင်များ”အဖြစ် ဖော်ကျူးခဲ့ပြီး၊ သို့သော် မုသားစကားများသည် မြေငလျင်ကဲ့သို့ စိတ်၌အစပြုလှိုက်စားကာ ဝိညာဉ်ကို အဆိပ်သင့် ပျက်စီးစေကြောင်း၊ “တစ်ချိန်က ချစ်ခဲ့သူတစ်ဦးကို ယုံကြည်စိတ်ချမှု မရှိတော့ဘဲ၊ စိတ်ထဲ၌ ဗြောင်းဆန်လာသည်။...အမှန်တရားကို မပြောနိုင်သူတစ်ဦးကြောင့် ကပ်ဘေးတစ်ခု ပျံ့နှံ့သွားသည်”ဟု ဖော်ပြခဲ့သည်။
မုသားကြောင့် ကပ်ဘေး ပျံ့နှံ့သွားခြင်းပုံရိပ်ကို လွန်ကဲစွာ ဖော်ကျူးထားသကဲ့သို့ထင်ရသည်။ သို့သော် ပြောစကားများကို အလေးထားခြင်းသည် သမ္မာကျမ်းစာ တစ်လျှောက် လုံးတွင် ဖော်ပြပါရှိသည့် စကားများနှင့် ၎င်းတို့၏အကျိုးသက်ရောက်မှုကို ထင်ဟပ်လျက် ရှိသည်။ ရှင်ပေါလုသည် ယုံကြည်သူအသစ်များအား သခင်ယေရှုနှင့် ဝိညာဥ်ရေးရာဆက်ဆံရေး မတည်ဆောက်မီအသက်တာနှင့် တည်ဆောက်ပြီးနောက်ပိုင်း အသက်တာကြား ကွာခြားချက်ကို…
