
ဘုရားသခင် ထောက်ပံ့ပေးသနားသော အမအစ
တစ်ခုသောလမိုက်ညတွင် ငါးဖမ်းသမား Scott Thompson(စကော့သွန်မဆင်) သည် ကယ်လီဖိုးနီးယားကမ်းရိုးတန်းရှိ Santa Barbara(စန်တာဘာဘရာ)ရေလက်ကြားတွင် ငါးဖမ်းစက်လှေပေါ်မှ ပြုတ်ကျသွားရာ၊ သူအသက်ရှင်မည်လား မသိခဲ့ပါ။ ကြိုးစားပြီး လှေနောက်သို့ ရေကူးလိုက်ခဲ့သော်လည်း မော်တော်က ဆက်လက်ခုတ်မောင်းနေ၍ သူလိုက်မမီခဲ့ပါ။ ထို့ကြောင့် ခပ်လှမ်းလှမ်းရှိ ကမ်းလွန်ရေနံစင်သို့ အမှောင်ထဲတွင် ကြိုးစားကူးခတ်သွားသည်။ တဖြည်းဖြည်းမျှော်လင့်ချက်မဲ့လာစဥ် သူ့အနီး အေးခဲသောရေပြင်တွင် ဗွမ်းကနဲမြည်သံကို ကြားခဲ့ရသည်။ ပင်လယ်ဖျံတစ်ကောင်သည် သူနှင့်အတူ ရေလိုက်ကူးလျက် ရေနံစင်ဆီသို့ သူ့အား ပင့်တင်တွန်းပို့ပေးလျက် အတူတူကူးခတ်ပေးခဲ့သည်။ ငါးနာရီကြာပြီးနောက် သွန်မဆင်၏ရေကူးခြင်းခရီး ပြီးဆုံးခဲ့ပြီး၊ ပင်လယ်ဖျံကို သူ့အားကူညီရန် ပို့ဆောင်ပေးခဲ့သော “ကောင်းကင်တမန်”ဟု ဖော်ပြခဲ့သည်။
ဟေဗြဲဩဝါဒစာကို ရေးသားသူက ကောင်းကင်တမန်များအား “ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံ လတံ့သော သူတို့ကို ပြုစုစေခြင်းငှာ စေလွှတ်တော်မူသော အစေခံနာမ်ဝိညာဥ်”ဟုဖော်ပြသည် (ဟေဗြဲ ၁:၁၄)။ ထိုအခန်းကြီးက ယေရှု၏ကြီးမြတ်မှုကို အဓိကဖော်ပြနေပြီး၊ ကောင်းကင်တမန်များသည် ကျွန်ုပ်တို့အား…
ဘုရားသခင်ကို စောင့်ဆိုင်းခြင်း
Kazuto(ကာဇူတို)နှင့် သူ့ဇနီး Migiwa (မီဂီဝါ)တို့ အာထရာစောင်း စစ်ဆေးချက်ရလဒ်ကို စိုးရိမ်ပူပန်မှုဖြင့် စောင့်ဆိုင်းခဲ့ကြသည်။ မီဂီဝါ၏အသည်းမှာ ပုံမှန် အလုပ်မလုပ်နိုင်တော့သဖြင့် အရေးပေါ် အသည်းအစားထိုး ခွဲစိတ်ရန် လိုအပ်ခဲ့သည်။ ကာဇူတိုသည် သူ့အသည်းကို ဇနီးအား ပေးလှူနိုင်သော်လည်း မီဂီဝါ၏ နှလုံးက ကျန်းမာသည့် အခြေအနေ၌ ရှိနေရန် လိုသည်။ နောက်ဆုံးစစ်ဆေးချက်က သူမ၏နှလုံးအခြေအနေ တိုးတက်မှုရှိလာကြောင်း ပြခဲ့သည်။ ယခုတစ်ကြိမ် တွင်လည်း အခြေအနေ ပိုကောင်းလာသည်ဟု ဖော်ပြမည်လား။
ရလဒ်များက အဆိုးဆုံးကို ဖော်ပြနေ၍ သူတို့စိတ်ပျက်သွားခဲ့ကြသည်။ “ငိုကြွေးနေတဲ့ဇနီးကို နှစ်သိမ့်ပေးပြီးနောက် ကျွန်တော်လည်း ငိုကြွေးခဲ့တယ်။ ဒါပေမဲ့ စောင့်ဆိုင်းခြင်းက အချိန်ဖြုန်းခြင်း မဟုတ်ပါ။ ဘာလို့လည်းဆိုတော့ စောင့်ဆိုင်းနေချိန်မှာ အပေါ်ယံအားဖြင့် ကျွန်ုပ်တို့ ဘာမှမမြင်နိုင်ပေမဲ့လည်း ဘုရားသခင် အံ့ဖွယ်ရာ တစ်စုံတစ်ခုကို ပြုစုလုပ်ဆောင်နေတယ်”ဟု ကာဇူတိုက သက်သေခံခဲ့သည်။
ကာဇူတို၏ဘုရားသခင်၌ ခိုင်ခံ့သောယုံကြည်ခြင်းသည် ဒါဝိဒ်မင်း၏ကျမ်းစာနှင့်အပြိုင်…

ရိုးသားဖြောင့်မတ်စွာ အသက်တာလျှောက်လှမ်းခြင်း
Uber(အူဘာ)အငှားကားကုမ္ပဏီမှ ယဥ်မောင်းတစ်ဦးဖြစ်သူ Esbon Kamau (အက်စ်ဘွန်ကမော)သည် ဖခင်လက်ဆောင်ပေးသည့် မော်တော်ဆိုင်ကယ်တစ်စီး သွားဝယ်မည့် အသက် ၁၆ နှစ်အရွယ် ခရီးသည်အား ပို့ဆောင်နေသည်။ ကမောသည် ခရီးသည်အား ချပေးခဲ့ပြီး၊ နောက်မှ ကားနောက်ခန်း၌ ကျန်ခဲ့သည့် ဆယ်ကျော်သက်လေး၏အိတ်ကို သတိပြုမိခဲ့သည်။ အိတ်ထဲတွင် ဒေါ်လာ ၈၀၀၀ ရှိနေပြီး၊ မော်တော်ဆိုင်ကယ်ဝယ်မည့်ငွေဖြစ်သည်။ ကမောသည် ခရီးသည်၏တည်နေရာကို ရှာဖွေရန် ကုမ္ပဏီသို့ အလျင်အမြန်ဆက်သွယ်ခဲ့သည်။ မကြာမီ ကမော သည် ကျေးဇူးတင်လျက် စိတ်သက်သာရာရသွားသည့် လူငယ်လေးထံသို့ ငွေကို ပြန်လည်ပေးအပ်ခဲ့သည်။ “မှန်ကန်သော အချိန်တွင် မှန်ကန်သောအလုပ်ကို လုပ်ဆောင်ပါ။ သင့်အား တစ်ကိုယ်ကောင်းဆန်မှုက အနိုင်ယူရန် အခွင့်မပေးပါနှင့်”ဟု ကမောက ပြောခဲ့သည်။
ကမောသည် သူ၏ရိုးသားမှုသမာဓိကို ဖော်ပြခဲ့သည်။ သူတစ်ပါး၏ငွေကို အချောင်မယူ၊ သူတစ်ပါး၏အမှားကို အခွင့်ကောင်းမယူခဲ့ပါ။ ထိုသို့ပြုမည့်အစား မှန်သောအရာကို လုပ်ရန် ရိုးရိုးလေးရွေးချယ်ခဲ့သည်။…

ဘုရားသခင်၏ သာ၍မြတ်သောပြည်
သူမ၏ဖခင်ကွယ်လွန်ခါနီးအချိန်တွင် Michele(မစ်ရှဲလ်)သည် ရောထွေးသော ခံစားချက်များကို ခံစားခဲ့ရသည်။ “ချစ်သမီးရေ၊ အဖေတော့ သမီးကိုတွဲပြီး၊ သမီးရဲ့ မင်္ဂလာဆောင်မှာ ပွဲတက်နိုင်တော့မှာ မဟုတ်ဘူး”ဟု ဖခင်ကပြောရာ၊ သူမကြေကွဲခဲ့ရသည်။ သို့သော် ဟေဗြဲ ၁၁ တွင် သူမတွေ့ရှိခဲ့သော မျှော်လင့်ခြင်းကို စွဲကိုင်လျက် “အဖေက ပိုပြီးကောင်းမြတ်တဲ့ ကောင်းကင်ရွှေပြည်ကို အရင်သွားနှင့် မှာလေ”ဟု ပြောကာ သူမ၏မေတ္တာကို ပြခဲ့သည်။ ဖခင်ဆုံးသွားသောအခါ အဖေသည် ဘုရားသခင်နှင့် ထာဝရအတူရှိနေမည်ဟု မစ်ရှဲလ်ယုံကြည်ခဲ့သည်။ “ကောင်းကင်နိုင်ငံသည် အလွန်ကောင်းမြတ်သည့်နေရာ”ဟု သူမဆင်ခြင်နှလုံးသွင်းခဲ့သည်။
ဟေဗြဲလူမျိုးများထံရေးသောစာသည် နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ရန်ဘက်ပြုလျက် ညှဥ်းပန်း နှိပ်စက်မှုကို ခံရသော သခင်ယေရှုအား ယုံကြည်သူယုဒလူမျိုးများအတွက် ရည်ရွယ်သည်။ ထိုစာကို အေဒီ ၇၀ ၌ ဗိမာန်တော် ဖျက်ဆီးခြင်းမခံရမီ ရေးခဲ့သော်လည်း၊ မကြာမီမှာပင် ရောမလူများလက်သို့ ယေရုရှလင်မြို့ ကျသွားခဲ့ပုံရသည်။ ကြောက်ရွံ့မှုများ အထွတ်အထိပ်သို့ရောက်နေချိန်၌…
