လ - စက်တင်ဘာ 2026

ရိုးရာအစဉ်လာ၌မဟုတ်၊ ခရစ်တော်၌သာ အပ်နှံရာ

နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖေးမြို့တွင် နှစ်စဉ်လူထောင်ပေါင်းများစွာသည် ၎င်းတို့၏စိုးရိမ်ပူပန်မှုများ၊ ငွေတောင်းခံလွှာများနှင့် နောင်တများကို သိပ်ထည့်ထားသည့် ပေ ၅၀ မြင့် ဇိုဇိုဘရာ(Zozobra)ရုပ်သေးရုပ်ကို မီးရှို့ရန် စုဝေးကြသည်။ မီးလျှံများက ၎င်းတို့၏စိုးရိမ်ပူပန်မှုများနှင့် ဒုက္ခများကို လောင်ကျွမ်းပြီး ဘဝကို ပြန်လည်စတင်စေနိုင်လိမ့်မည်ဟု မျှော်လင့်ကာ “သူ့ကို မီးရှို့လိုက်”ဟု အော်ဟစ်ကြသည်။ ဤအစဉ်အလာသည် ကြောက်ရွံ့မှု၊ ရှက်ရွံ့မှု၊ ကျရှုံးမှုများနှင့် ကင်းဝေးလိုသော လူသားများ၏ အလွန်ပြင်းပြသောဆန္ဒကို ထင်ဟပ်စေသည်။ ၎င်းသည် ထူးခြားအံ့ဖွယ်ဖြစ်သော်လည်း မည်သည့်တန်ခိုးမျှ မရှိပါ။ မီးသည် စက္ကူနှင့်ပြာများကို ဖျက်ဆီးနိုင်သော်လည်း အပြစ်ကို မဖျက်ဆီးနိုင်ပါ။ ရှက်ရွံ့မှုကို မဖယ်ရှားနိုင်ပါ။

တမန်တော်ပေါလုက “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့”ဟု ရေးသားကာ(ကော ၂:၈)၊ သခင်ယေရှုကို တန်ဖိုးမရှိသောအရာများနှင့် မလဲလှယ်သင့်ကြောင်း သတိပေးသည်။ အကြောင်းရင်းမှာ…

ဘုရားသခင်၏စကားကို နာယူခြင်း

တက်ဒ်တော့ခ် (TED Talk) အစီအစဉ်တွင် ဆယ်လက်စတဲဟက်ဒ်လီ (Celeste Headlee) က “ပိုမိုကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သည့်နည်းလမ်း ၁၀ ခု”ကို ဖော်ပြခဲ့သည်။ ထိုနည်းလမ်းများအနက်တစ်ခုမှာ ပုံမှန်အတွေးအမြင်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။ ၎င်းမှာ ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်ရန်အတွက် နားထောင်ရန် လိုအပ်သည်ဟူ၍ဖြစ်သည်။ အခြားသူတစ်ဦး စကားပြောစဥ်၊ ကျွန်ုပ်တို့သည် အမှန်တကယ်နားထောင်ခြင်းမဟုတ်ဘဲ နောက်ထပ်မိမိပြောမည့်အရာကို စိတ်ထဲတွင် စဉ်းစားနေတတ်သည်။ ဟက်ဒ်လီက “ကျွန်ုပ်တို့ အများစု၏ရည်ရွယ်ချက်မှာ နားလည်ဖို့ နားထောင်ခြင်းမဟုတ်ဘဲ ပြန်ဖြေပြန်ပြောဖို့ နားထောင်ကြခြင်းဖြစ်သည်”ဟူ၍ စာရေးဆရာစတီဖင်ကိုဗီ (Steven Covey)၏ စကားကို ကိုးကားပြောဆိုခဲ့သည်။

သမ္မာကျမ်းစာ၌ အထူးသဖြင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် နားထောင်ခြင်းကို များစွာဖော်ပြထားသည်။ NLT ကျမ်းစာတွင် “နားကို ဖွင့်၍ နှုတ်ကို ပိတ်ထားပါ”ဟူ၍ ရှင်းလင်းစွာ ဖော်ပြထားသည် (ဒေ ၅:၁)။ “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ”သောကြောင့် ကျွန်ုပ်တို့ထက် ပို၍သိမြင်သည့်အတွက် ကိုယ်တော်၏စကားနားထောင်ခြင်းသည် အမြော်အမြင်ရှိခြင်းဖြစ်ကြောင်း…

ဘုရားသခင်၏လက်ခံမှု

ဟာရိုးလ် မူဒီ (Harold Moody)သည် မည်သည့်လူနာကိုမှ ငြင်းပယ်လေ့မရှိသော ဆရာဝန်တစ်ဦးဖြစ်သည်။ လူနာအချို့က ဆေးကုခ မပေးနိုင်လည်း၊ လူ့အသိုင်းအဝိုင်း၏ ငြင်းပယ်ခြင်းကို သူကိုယ်တိုင် ကြုံခဲ့ရသော်လည်း၊ သူသည် လူနာများကို ကျောမခိုင်းခဲ့ပါ။ သူသည် ဆေးပညာလေ့လာမှုတွင် ထူးချွန်သော မှတ်တမ်းရှိသော်လည်း သူ၏အသားအရေကြောင့် လန်ဒန်မြို့ရှိ ဆေးရုံများတွင် အလုပ်ခန့်အပ်မခံခဲ့ရပေ။ ထို့ကြောင့် ၁၉၁၃ ခုနှစ်တွင် သူ၏အိမ်၌ ကိုယ်ပိုင်ဆေးခန်းဖွင့်ခဲ့ပြီး၊ မကြာခဏ ဆင်းရဲသားများကို အခမဲ့ကုသပေးလေ့ရှိသည်။ ဒေါက်တာဟာရိုးလ်မူဒီသည် သူ့ဘဝတစ်လျှောက်လုံး ခွဲခြားဆက်ဆံခံရသူများကို ကူညီပေးခဲ့သဖြင့် “ဗြိတိန်နိုင်ငံ၏မာတင်လူသာကင်း”ဟု ကင်ပွန်းတပ်ခံခဲ့ရသည်။

အခြားသူများ၏ငြင်းပယ်မှုအတိုင်း မိမိ၏ဘဝကို မသတ်မှတ်သင့်ကြောင်း ဒေါက်တာမူဒီက ပြသခဲ့သည်။ သမ္မာကျမ်းစာမှ ယေဖသ၏အကြောင်းက ဤအမှန်တရားကို ပြသသည်။ ယေဖသသည် ခွန်အားကြီးသောစစ်သည်တော် တစ်ဦးဖြစ်သော်လည်း၊ ဖအေတူမအေကွဲ ညီအစ်ကိုများ၏ငြင်းပယ်ခြင်းကိုခံရပြီး မြို့မှနှင်ထုတ်ခံခဲ့ရသည်။ သူတို့က “သင်သည် အခြားတစ်ပါးသောမိန်းမ၏သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရ”ဟု…

သူတို့အတွက် ဆုတောင်းပေးပါ

ဆူလီ (Sully) ရုပ်ရှင်သည် ခရီးသည်တင်လေယာဉ်တစ်စီး၏ အင်ဂျင်စက် သေသွားပြီးနောက်၊ နယူးယောက်မြို့ရှိ ဟတ်ဒ်ဆန်မြစ်တွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းကို သရုပ်ဖော်ရိုက်ကူးထားသည်။ ကပ္ပတိန်ဆူလီသည် ကယ်ဆယ်ရေးသင်္ဘောပေါ်မှ ဆင်းလာပြီး၊ အရာရှိတစ်ဦးအား “ဘယ်သူတွေ ဒဏ်ရာရပြီး၊ ဘယ်လောက်ပြင်းထန်လဲဆိုတာ သိဖို့လိုတယ်။ ပြီးတော့ လူဦးရေလည်း ရေတွက်ရမယ်။ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းများအပါအဝင် ၁၅၅ ယောက်ရှိရမယ်”ဟု ပြောခဲ့သည်။ ထိုအရာရှိက “ကောင်းပြီ။ ခင်ဗျားရော”ဟု မေးရာ ဆူလီက “လူဦးရေ ၁၅၅ အထိ ရေတွက်ပြီးမှ ကျွန်တော် အဲဒီမေးခွန်းကို ဖြေမယ်ဗျာ”ဟု ပြန်ဖြေခဲ့သည်။

သခင်ယေရှုသည်လည်း ရေတွက်ခြင်းကို စိတ်ဝင်စားသည်။ သူသည် ပျောက်သော သိုးတစ်ကောင်ကို ရှာဖွေရန် သိုး ၉၉ ကောင်ကိုချန်ထားခဲ့သည့် ကောင်းသောသိုးထိန်းဖြစ်သည်။ ထိုသိုးကိုတွေ့သောအခါ “လမ်းမလွဲမပျောက်သောသိုး ၉၉ ကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတစ်ကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်”ဟု ဆိုထားသည်(မ ၁၈:၁၃)။…

ဘုရားသခင်အသုံးပြုခဲ့သော ဆုကျေးဇူးများ

ကပ္ပတိန်တင်မူလန်(Tim Mullane)သည် အလွန်ကြီးမားသော ယူနိုက်တက်စတိတ်စ်သင်္ဘော(SS United States) နစ်မြုပ်သွားအောင် အားထုတ်လုပ်ဆောင်ခဲ့သည်။ စင်စစ်၊ ပင်လယ်အောက်သို့ သင်္ဘောကို နစ်မြုပ်ပစ်ရန် သူ့အား အခပေး၍ အလုပ်အပ်ထားခြင်းဖြစ်သည်။ မူလန်သည် ပင်လယ်ကူးသင်္ဘောများကို ပင်လယ်အောက်၌ လူလုပ် သန္တာကျောက်တန်းများအဖြစ် ပြောင်းလဲအသုံးချခဲ့သည်။ ပင်လယ်အောက်မှ သင်္ဘောများသည် ရေငုပ်သမားများကို ဆွဲဆောင်လျက်၊ ကမ်းခြေတိုက်စားမှုကို လျော့ချပေးလျက်၊ ကမ်းရိုးတန်းများကိုလည်း ကာကွယ်ပေးသည်။ သင်္ဘောများသည် လှိုင်းများကြား မပြေးဆွဲတော့သော်လည်း ပင်လယ်အောက်တွင် လဲလျောင်းခြင်းဖြင့် ဆက်လက်အကျိုးပြုနေဆဲဖြစ်သည်။

ဘုရားသခင်သည် မောရှေ၏သိုးထိန်းတောင်ဝှေးကို ဣသရေလလူမျိုးများ အတွက် အဖိုးမဖြတ်နိုင်သောအရာအဖြစ် ပြန်လည်အသုံးပြုခဲ့သည်။ “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု ဘုရားရှင် သူ့အား မေးတော်မူလျှင်၊ မောရှေက “တောင်ဝှေးရှိပါသည်”ဟု လျှောက်လေ၏(ထွ ၄:၂ ခေတ်သုံး)။ မောရှေသည် သိုးများကို နှစ်ပေါင်း ၄၀ ထိန်းကျောင်းခဲ့ပြီး(တ ၇:၂၉-၃၀)၊ ယခုတွင် သူ၏လူမျိုးကို အဲဂုတ္တုပြည်မှ…