လ - စက်တင်ဘာ 2026

သည်းခံပါ

ရှီရိုအိုဂုနီသည် (မှတ်ဉာဏ်ချို့ယွင်းကာ) သူငယ်ပြန်နေသည့် လူကြီးများအတွက် ဖွင့်လှစ်ထားသော ဂေဟာတစ်ခုသို့ တစ်ကြိမ် သွားရောက်ခဲ့ဖူးသည်။ ထိုသူတို့သည် လူ့အဖွဲ့အစည်းနှင့်ကင်းကွာကာ အထီးကျန်နေသည်ကို တွေ့ရသည့်အခါ သူအလွန်စိတ်မကောင်းဖြစ်ခဲ့ပြီး၊ ယခုထက် ပိုမိုကောင်းမွန်သောနည်းလမ်းတစ်ခု ရှိသင့်သည် ဟု သူခံစားခဲ့ရသည်။ အိုဂုနီ၏ဖန်တီးမှုစွမ်းရည်ဖြင့် “မှာယူမှုများ မှားတတ်သော စားသောက်ဆိုင်”ဟု လူသိများသည့် ဆိုင်တစ်ဆိုင်ကို တည်ထောင်ခဲ့သည်။
၎င်းသည် အမှန်အကန်ဆိုင်ဖြစ်ပြီး၊ ဆိုင်၏ထူးခြားချက်မှာ စားပွဲထိုးဝန်ထမ်းအားလုံးသည် မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားနေရသူများဖြစ်ကြသည်။ ဟုတ်ပါသည်။ မှတ်ဉာဏ်ကောင်းခြင်းက အဓိကကျသော ထိုအလုပ်အတွက် ခန့်အပ်ထားသူများမှာ မှတ်ဉာဏ်ချို့ယွင်းနေသူများ ဖြစ်သည်။ သာမန် စီးပွားရေးအမြင်အရဆိုလျှင် ရလဒ်မှာ အလွန်ဆိုးရွားခဲ့သည်။ မှာယူမှု ၃၇ % ကို စားသုံးသူတို့ မရရှိခဲ့ကြပေ။ သို့သော် လာရောက်စားသုံးသူများမှာ ထိုသို့ကြုံရမည်ကို သိပြီးသားဖြစ်၍ နားလည်ပေးနိုင်ခဲ့ကြသည်။ ဤကဲ့သို့ “မထင်မှတ်သည့် အံ့သြစရာအလွဲများ” ၊တောင်းပန်သံများနှင့် ရွှင်မြူးသောရယ်မောသံများနောက်တွင် စားသုံးသူများသည် ပျော်ရွှင်စွာ ပြန်သွားလေ့ရှိကြသည်။…

ကူညီမစတော်မူသောဘုရားသခင်

မိခင်တစ်ဦးသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီအဲရာနီဗားဒါးတောင်တန်းရှိ တောလမ်းတစ်ခုတွင် ၉ နှစ် အရွယ် သားဖြစ်သူကို လူငယ်သင်တန်းစခန်းသို့ လိုက်ပို့ရင်း လမ်းမှားကာ လမ်းပျောက်သွားသည်။ ဝေးလံခေါင်ဖျားသည့်အရပ်ဖြစ်ခြင်းကြောင့် သူမ၏လမ်းပြစနစ်နှင့်ဖုန်းမှာလည်း အသုံးမဝင်တော့သဖြင့် လာလမ်းအတိုင်းလည်း လှည့်မပြန်နိုင်တော့ပါ။ ၂၄ နာရီကျော်ကြာ သောင်တင်ကာ ကားထဲတွင် တစ်ညအိပ်ခဲ့ရပြီးနောက် ကြံရာမရသည့်အဆုံး သူတို့ခြေကျင်လျှောက်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် “ကူညီကြပါ။ ကျွန်မတို့သားအမိ ဖုန်းလိုင်းမမိတဲ့နေရာမှာ ပိတ်မိနေပြီး၊ ၉၁၁ ကိုလည်း ခေါ်လို့မရပါဘူး”ဟူသည့် စာများကို သဲလွန်စအဖြစ် ချန်ထားခဲ့သည်။ စခန်းသို့အချိန်မီ ရောက်မလာသည့် သူတို့သားအမိကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များလည်း ထွက်ရှာခဲ့ကြသည်။ သူတို့၏ကားနှင့် စာများကို တွေ့ရှိခဲ့ပြီးနောက် အဆုံး၌ သူတို့ကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့သည်။

အဲဂုတ္တုလူမျိုးများ၏ကျွန်ပြုခြင်း၊ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခံရခြင်းကြောင့် ဣသရေလလူမျိုးများသည် ဘုရားရှင်ထံ အသည်းအသန်အော်ဟစ်ကာ အကူအညီတောင်းခံခဲ့ကြသည် (ထွ ၁:၁၁-၁၂)။ အဲဂုတ္တုလူမျိုးများသည် သူတို့အပေါ် အညှာတာမဲ့စွာ ခဲယဉ်းသောအလုပ်ကြမ်းများဖြင့်…

အန္တရာယ်ဖြစ်စေသည့် ဝေခွဲမရဖြစ်မှု

ကျွန်တော်စာသင်နေစဉ် မှန်ပြတင်းပေါက်မှ ကျယ်လောင်သည့်အသံတစ်ခု ပေါ်ထွက်လာရာ ကျောင်းသားများ လန့်ဖျပ်သွားကြသည်။ ထို့နောက် အသံနောက်တစ်ချက် ထွက်လာပြန်သည်။ ငှက်တစ်ကောင်သည် မှန်ပြတင်းကို အရှိန်ဖြင့် ဝင်တိုက်ပြီး လွင့်ထွက်သွားသော်လည်း ထပ်မံဝင်တိုက်ရန် ကြိုးစားပြန်သည်။ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်း၌ပင် နှစ်စဉ်မှန်ပြတင်းများကို ဝင်တိုက်မိပြီး သေဆုံးသည့် ငှက်ကောင်ရေ သန်းတစ်ထောင်ကျော်ရှိကြောင်း သတင်းကို နောက်ပိုင်းမှ ကျွန်တော်ဖတ်လိုက်ရသည်။ မှန်ပေါ်တွင် ထင်နေသောသစ်ပင်ပန်းမန် အရိပ်များကိုမြင်ပြီး၊ အစာ(သို့)အသိုက်ဆောက်ရန် ပစ္စည်းများဟု ထင်မှတ်ကာ၊ ပျံသန်းလာရာမှ တိုက်မိခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ မှန်ထဲမှ ၎င်းတို့၏ အရိပ်များကိုမြင်ပြီး တိုက်ခိုက်ရမည့် အခြားငှက်ဟု ထင်မှတ်တတ်ကြသည်။ ၎င်းတို့သည် အမှန်တကယ် ရှင်းလင်းစွာ မြင်နေရသော်လည်း မရေရာရှုပ်ထွေးနေကြသည်။

အမှန်တရားကို ကျွန်တော်တို့ အမြဲသိသည်၊ မြင်သည်၊ မိမိ၏ဘဝနှင့်ပတ်သက်၍ ရှင်းလင်းစွာ သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်ဟု ထင်မှတ်ခြင်းက အန္တရာယ်ရှိပါသည်။ အန္တရာယ်ကြီးလှသည့် ရောထွေးမှုများကို ကျွန်တော်တို့…

သည်းခံခြင်းမှသည် ဝမ်းမြောက်ခြင်းဆီသို့

ကျွန်တော်တို့အိမ်ရှေ့တံခါး၏အုတ်လှေကားထောင့်လေးတွင် သေးငယ်သော်လည်း ကြံ့ခိုင်သည့် အနီရောင် ဘီဂိုနီးယား(Begonia) ပန်းပင်လေးတစ်ပင်ရှိနေသည်။ ၎င်းကို ကျွန်တော်တို့စိုက်ခဲ့ခြင်းမဟုတ်ဘဲ ချိတ်ဆွဲထားသောပန်းအိုးမှကျလာသည့် အစေ့မှပေါက်လာဟန်တူသည်။ သို့သော် ထိုပန်းပင်လေးအား ထိုနေရာ၌ ဆက်လက်ရှင်သန်စေပြီး၊ ၎င်းက “ကြံ့ကြံ့ခံခြင်း” ဆိုသည်မှာ လှပသောအရာဖြစ်ကြောင်း နှစ်စဉ် ကျွန်တော်တို့ဇနီးမောင်နှံအား ရွှင်လန်းစွာ သတိပေးနေသည်။

ရှင်ယာကုပ်သည် အထူးသဖြင့် ရှင်ယေရှုကို ယုံကြည်ခြင်းကြောင့် ညှဥ်းဆဲဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရသူများအား “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့”ဟု သည်းခံရန် ပို၍လှပသောအားပေးစကားကို ဝေမျှခဲ့သည် (ယာ ၁:၂-၃)။

ဝမ်းမြောက်စရာသက်သက်လား။ ထိုစကားလုံးကို လက်ခံရန် ကျွန်တော်တို့တွန့်ဆုတ်သော်လည်း၊ တမန်တော်မှာမူ ဘုရားသခင်သည် အရာအားလုံးထက် ကြီးမြတ်တော်မူကြောင်းနှင့် ခက်ခဲသော အခြေအနေများထဲမှပင် ကောင်းသောအရာကို ထုတ်ဆောင်ပေးနိုင်သည်ဟူသောအမှန်တရားကို မျှော်ကြည့်နေခြင်းပင်။ ရှင်ယာကုပ်၏ အတွေးထဲတွင်”…

ဘုရားသခင်ပေးသော နှစ်သိမ့်သက်သာခြင်း

ရေတံခွန်မှရေစီးသံကြောင့် နယူးယောက်မြို့ရှိ ၉/၁၁ အထိမ်းအမှတ်ရေကန်များသို့ ရောက်ပြီဟု ကျွန်မသိလိုက်သည်။ ၂၀၀၁ ခုနှစ်၏ ကြေကွဲဖွယ်နေ့တစ်နေ့တွင် ထိုနေရာ၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် ဝမ်းနည်းပူဆွေးမှုများကို မခံစားနိုင်မည်စိုး၍ ထိုနေရာသို့မသွားဘဲ၊ ကျွန်မရှောင်ဖယ်နေခဲ့သည်။ တစ်ချိန်က ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အမြွှာမျှော်စင် ရှိခဲ့သည့်နေရာ၌ ယခုရှိနေသည့် ရောင်ပြန်ဟပ်ရေကန်ကြီးနှစ်ခုကို ကျွန်မလှည့်ပတ်ကြည့်ရှုခဲ့ပြီး၊ ထိုနေရာရှိ နံရံပေါ်၌ ကွယ်လွန်သူများ၏အမည်များကို ရေးထိုးထားရာ၊ အလွန် စိတ်ထိခိုက်စရာပါ။ အချို့အမည်များတွင် ချစ်ခင်သူများတင်ခဲ့သည့် နှင်းဆီပန်းများ ရှိသည်။

၉/၁၁ ၏နံနက်ခင်းတွင် မန်ဟက်တန်၌ ကျွန်မရှိနေသော်လည်း ထိုနေရာအနီး၌ မဟုတ်ခဲ့၍ တော်တော့သည်။ သို့သော်လည်း နယူးယောက်မြို့သူတစ်ဦးအနေဖြင့် ထိုကြေကွဲဖွယ်ဖြစ်ရပ်သည် ကျွန်မအပေါ်သက်ရောက်မှု အားကြီးခဲ့သည်။ ယခု တိုက်ခိုက်ခံရသည့်နေရာသို့ ကျွန်မရောက်ခဲ့ပါပြီ။ သို့သော်လည်း ဝမ်းနည်းမှု(သို့)ကြောက်ရွံ့မှုများက ကျွန်မကို မလွှမ်းမိုးခဲ့ပါ။ ထိုနေရာ၌ ရပ်နေစဉ် ဘုရားသခင်၏မစထောက်ပံ့ပေးမှုကျေးဇူးတော်ကို ပြန်လည်ဆင်ခြင်မိပြီး၊ ငြိမ်သက်ခြင်းကို ခံစားခဲ့ရသည်။ ထိုငြိမ်သက်ခြင်းသည် ကျွန်မတို့အား…