လ - စက်တင်ဘာ 2026

ရက်ရောစွာပေးကမ်းခြင်းအမွေအနှစ်

ကျွန်မ၏မိခင်ဘက်က အဘိုးအဘွားများနှင့် ပြည်နယ်တစ်ခုတည်း၌ မနေရသော်လည်း သူတို့အား သိခွင့်ရသည့်အတွက် ကျွန်မကျေးဇူးတင်မိသည်။ ကျွန်မတို့နေသော ကော်လိုရာဒို (Colorado)ပြည်နယ်သို့ သူတို့ မှန်မှန်လာလည်ပြီး၊ သူတို့နှင့် အတူ ကယ်လီဖိုးနီးယားပြည်နယ်သို့ သွားလည်ရသည့်အတွက် ဝမ်းသာမိသည်။ ကျွန်မတို့ညီအစ်မ ကြီးပြင်းလာချိန်တွင် အဘိုးအဘွားတို့နှင့် ပျော်ရွှင်ခဲ့ရသည့် ငယ်ဘဝအကြောင်းမှအစ ယခု အရွယ်ရောက်ပြီး၊ အရေးကြီးသော ငွေကြေးကိစ္စများအထိ သူတို့နှင့် ပြောဆိုတိုင်ပင်ခွင့် ရခဲ့သည်။ သူတို့သက်ရှိထင်ရှားရှိစဉ် သူတို့၏ပိုင်ဆိုင်မှုများကို ကျွန်မတို့အား ဝေမျှပေးသွားလိုကြောင်း ပြောသော်လည်း သူတို့ဆုံးပါးသွားပါက သူတို့၏မြေယာအဆောက်အဦအတော်များများကို လူမှု ကူညီရေးအသင်းများသို့ လက်လွှဲရန် အစီအစဉ်ရေးဆွဲပြီးသားဖြစ်သည်။

ကွန်မတို့၏အဘိုးအဘွားများသည် သူတို့၏ဘဝတစ်လျှောက်လုံး ကျွန်မတို့အပေါ် အမှန်ပင် ရက်ရောခဲ့ကြသည်။ သူတို့ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သော ပိုင်ဆိုင်မှုများကို အခြားသူများအား မျှဝေပေးခဲ့သည်ကို မြင်တွေ့ရသဖြင့် ကျွန်မအမှန်ပင် ဂုဏ်ယူမိသည်။ သူတို့မှန်ကန်စွာ ရှင်သန်သွားသော အသက်တာနှင့် သုတ္တံကျမ်း ၁၃:၂၂ မှ“သူတော်ကောင်းသည် သားမြေးတို့အဖို့…

ဘုရားသခင်ဖွင့်လှစ်ကမ်းလှမ်းသောဖိတ်ခေါ်မှု

ကျွန်မ၏အရင်းနှီးဆုံးသူငယ်ချင်း၏မင်္ဂလာပွဲမတိုင်မီ ဧည့်သည် နှစ်ရာစာကို စေ့စပ်သေချာစွာ တွက်ချက်ပြီး စားပွဲများကို ခင်းကျင်းနေရာချခဲ့သည်။ ရွှင်လန်းစွာ မျှော်လင့်စောင့်စားရင်း လက်သုတ်ပုဝါများကိုခေါက်၊ ဇွန်းခရင်းများကို ညီညာစွာချ၊ စားပွဲခင်းအစွန်းများကိုညှိ၊ ပန်းအိုးများကိုပြင်ဆင်၊ စသဖြင့် အချိန်များစွာ ကုန်ခဲ့သည်။ ဧည့်သည်များရောက်ရှိလာကာ ပျော်ရွှင်စွာစားသောက်မည်ဟု တွေးရင်း ကျွန်မတို့ စိတ်လောနေခဲ့သည်။ သို့သော်လည်း နေရာလွတ်များစွာကို တွေ့ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်မိသည်။

ဖါရိရှဲအချို့တို့နှင့် အတူစားသောက်စဉ် သခင်ယေရှုက အလားတူအဖြစ်အပျက်မျိုးကို ဝေမျှခဲ့သည် (လု ၁၄:၁၅-၂၀)။ လူတစ်ဦးသည် စေတနာအပြည့်ဖြင့် လူများစွာအတွက် ကြီးကျယ်သောစားသောက်ပွဲကြီး စီစဉ်ထားသော်လည်း အရေးမပါသည့်အကြောင်းပြချက်ပေးကာ လူတို့ မလာရောက်ကြပေ။ ထိုသူသည် လူတို့၏ ငြင်းပယ်မှု အပေါ် အလွန်ပင်စိတ်ဆိုးလျက်၊ လူ့အသိုင်းအဝိုင်းမှ ပစ်ပယ်ထားသည့် “ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်မမြင်များနှင့် ခြေမသန်သူများအား” ဖိတ်ခေါ်ခဲ့သည် (:၂၁)။ နေရာလွတ်များ ရှိနေဆဲဖြစ်သောအခါ ငယ်သားများက ပိုဝေးသောအရပ်သို့သွားပြီး လူများအား “အနိုင်အထက်ခေါ်သွင်း”လေ၏(:၂၃)။…

တကယ့်မိတ်သဟာယ

ရေချယ်သည် ရှေးရိုးအသင်းတော်များ၌ သူ မတွေ့ခဲ့သည့်အရာကို သမ္မာကျမ်းစာ လေ့လာသည့်အဖွဲ့တစ်ခု၌ တွေ့ရှိခဲ့သည်။ ထိုသို့မတွေ့မီအထိ ရေချယ်သည် သုံးနှစ်လုံးလုံး ဘုရားကျောင်းတစ်ခုမှတစ်ခုသို့ ခုန်ကူးနေခဲ့သည်။ သူမသည် နားမကြားသူတစ်ဦးဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်း၌ နားမကြားသူများစွာတို့သည် ဝတ်ပြုကိုးကွယ်ရာ၌ တူညီသောအခက်အခဲစိန်ခေါ်မှုကို ရင်ဆိုင်ကြရသည်။ ထိုအိမ်အသင်းတော်လေးက ယူကျူ့မှ နားမကြားများအတွက် ဝတ်ပြုအစီအစဥ်များကို အတူကြည့်ရှုပြီး၊ ပို့ချမှုများကို ဆွေးနွေးပေးခြင်း၊ ထို့နောက် အတူတကွ အစားအသောက်များ ဝေမျှစားသုံးခြင်းဖြင့် ထိုအသိုင်းအဝိုင်းလေးကို ပံ့ပိုးပျိုးထောင်ခဲ့ကြသည်။ ထိုအဖွဲ့လေးက ရေချယ် စိတ်ပြင်းပြစွာ ရှာဖွေနေသော ဝိညာဉ်တော်ဦးဆောင်သော အသင်းတော်မိသားစုဘဝကို ပေးခဲ့သည်။

တမန်တော်ရှင်ပေါလုက အသင်းတော်ကို မိသားစုအသိုက်အမြုံဖြစ်စေသည့် သန့်ရှင်းသောဝိညာဉ်တော်၏မိတ်သဟာယကို ရှင်းပြခဲ့သည်။ ထိုဆက်နွယ်မှုနှင့် မိတ်သဟာယကို ထိန်းသိမ်းရန် ထောင်တွင်းမှ စာရေးပြီး၊ ဖိလိပ္ပိအသင်းတော်ကို သူနှိုးဆော်ခဲ့သည်။ သူ၏မျှော်လင့်ချက်တစ်စိတ်တစ်ဒေသမှာ သူတည်ထောင်ပြီး သူအလွန်ချစ်ခဲ့သော အသင်းသူအသင်းသားများကြား၌ ဝိညာဉ်ရေးရာစည်းလုံးမှုရှိရန်ဖြစ်သည်။

“တစ်ပါးတည်းသော စိတ်ဝိညာဉ်၌တည်၍... တညီတညွတ်တည်း ကြိုးစားအားထုတ်ကြ”ရန်…

ဘုရားသခင်၏အကြင်နာမျက်လုံး

မီရှီဂန်ကျွန်းဆွယ်နှစ်ခုကို ဆက်သွယ်ထားသော မက်ကီနက်တံတား (Mackinac Bridge) ပေါ် ဖြတ်ပြီးနောက် ကျွန်တော်တို့ ဇနီးမောင်နှံ၏ ငါးမိုင်ခရီးလမ်းလျှောက်ခြင်းပြီးဆုံးခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကျင်းပလေ့ရှိသော နှစ်ပတ်လည်အလုပ်သမားနေ့ကို ကျွန်တော်တို့၏ပြည်နယ်တွင် ၁၉၅၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကျွန်တော်တို့သည် ပန်းခြံထဲရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ကာ အနားယူလိုက်သည်။ အမျိုးသားတစ်ဦးကလည်း ကျွန်တော်တို့အနီးရှိ ခုံတွင် ထိုင်လျက် ရှုသွင်းရှုထုတ်လုပ်နေသည်။ မကြာမီ သူ၏ဇနီးနှင့် သမီးပျိုလေးတို့ ရောက်လာသည်။ သူတို့သည်လည်း သခင်ယေရှုကို ယုံကြည်သူများဖြစ်ပြီး၊ လွန်ခဲ့သောနှစ်များစွာက သမီးဆုံးပါးသွားသည့် ကျွန်တော်တို့ကဲ့သို့ပင် ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက် ဆုံးပါးသွားသဖြင့် နာကျင်ခံစားခဲ့ရကြောင်း သိရှိရသည်။

ဘုရားသခင်သည် ကျွန်တော်တို့အား ခွန်အားနှင့်ယုံကြည်ခြင်းကို ပေးလျက် ဤနှစ်ကာလတစ်လျှောက်လုံး ကြည့်ရှုစောင်မခဲ့ကြောင်း အချင်းချင်းဝေငှခဲ့ကြသည်။ ထိုနေ့က လမ်းလျှောက်သူပေါင်း ၃၃,၀၀၀ အနက် နှလုံးသားချင်း နားလည်မှုရှိသော ထိုမိသားစုနှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ရခြင်းသည် အလွန်အံ့သြစရာပင်။

လူပင်လယ်ကြီးထဲတွင် တူညီသောအဖြစ်အပျက်ကို…

ယုံကြည်ခြင်းအတွက် ရဲရင့်စွာ ရင်ဆိုင်ခြင်း

ဂျပန်နိုင်ငံတွင်ပညာသင်ကြားလျက်ရှိသော ၂၇ နှစ်အရွယ် ကျောင်းသားအား ဖူဂျီတောင်ပေါ်မှ တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ကယ်ဆယ်ခဲ့ရသည်။ ပထမ အကြိမ် သူတောင်တက်နေစဉ် အန္တရာယ်ရှိသည့်အခြေအနေကြောင့် သူ့အား လေယာဥ်ဖြင့် ဆွဲထုတ်ကယ်တင်ခဲ့ရသည်။ ထို့နောက် သူ၏ဖုန်းနှင့်အခြားပစ္စည်းများ ကျန်ခဲ့သဖြင့် နောက် ၄ ရက်အကြာတွင် သတိပေးချက်များကို ဂရုမစိုက်ဘဲ တောင်ပေါ်သို့ ထပ်မံတက်သွားရာ၊ အမြင့်၌ လေဖိအားနည်းမှုဒဏ်ကို မခံနိုင်သဖြင့် သူ့အား ဒုတိယအကြိမ် ကယ်ခဲ့ရပြန်သည်။ သူ့အကြောင်းကို သတင်းစာခေါင်းကြီးပိုင်းတွင် အန္တရာယ်ကို သိသိကြီးနှင့် ဝင်တိုးသည့် ဖြစ်လေ့ဖြစ်ထမရှိသောသတင်းအဖြစ် ဖော်ပြခံရသည်။

၎င်းသည် ဝိညာဉ်ရေးရာအမှန်တရားကို ထင်ဟပ်ပေါ်လွင်စေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကူညီကယ်တင်ခဲ့ပြီးသောနေရာသို့ မကြာခဏ ဦးလှည့်တတ်ကြသည်။ ရှင်ယုဒသည် ထိုစိုးရိမ်မှုကို သူ၏စာစောင်ငယ်တွင် အမိအရဖော်ပြထားသည်။ ဆရာအတုအယောင်များနှင့်အကျင့်စာရိတ္တကို အပေးအယူလုပ်သူများ၏ခြိမ်းခြောက်မှုကိုခံနေရသည့်အသင်းတော်သို့ သူရေးသားသောစာတွင် “ယုံကြည်ခြင်းအတွက် ရဲရင့်စွာ ရင်ဆိုင်တွန်းလှန်ရန်” (၁:၃)၊ မိမိတို့အတွက် သာမက အခြားသူများအတွက်ကိုပါ လုပ်ဆောင်ရန်…