လ - စက်တင်ဘာ 2026

ကျွန်ုပ်တို့၏မျက်စိကို ထာဝရဘုရား ပွင့်စေသောအခါ

၁၃ ရာစုနှစ်က ပြင်သစ်နိုင်ငံ၌ ဒဏ္ဍာရီတစ်ပုဒ်ရှိခဲ့ဖူးသည်။ ၎င်းမှာ သူရဲကောင်းစစ်သူရဲတစ်ဦးသည် သူ၏အမဲလိုက်ခွေးဂီးနီဖေါ့ထ်ကို ၎င်း၏သားငယ်အတွက် အစောင့်အဖြစ်ထားခဲ့ပြီး အမဲလိုက်ထွက်သွားသည်။ အမဲလိုက်ရာမှ ပြန်လာသောအခါ၊ ကလေးပုခက်က မှောက်လျက်၊ ကလေးကိုလည်း မတွေ့၊ ခွေးပါးစပ်တစ်ခုလုံး သွေးများနှင့်ပေကျံနေသည်ကို တွေ့သဖြင့် ဂီးနီဖေါ့ထ်သည် သူ၏သားငယ်အား အန္တရာယ်ပြုခဲ့ပြီဟုထင်မှတ်ကာ ခွေးကို သတ်ပစ်ခဲ့သည်။ နောက်မှ ခွေးကိုက်ခံရသော ဒဏ်ရာများနှင့် သေဆုံးနေသည့် မြွေကြီးနှင့်၊ ပုခက်အောက်၌ ဘေးကင်းစွာရှိနေသော သူ၏သားငယ်ကို တွေ့ရှိခဲ့သည်။ ဂီးနီဖေါ့ထ်သည် ကလေးငယ်ကို ကယ်ခဲ့ခြင်းဖြစ်ပါသည်။ ခွေး၏သူရဲကောင်းဆန်မှုနှင့် မတရားသောကြမ္မာကို လူတို့စိတ် ထိတွေ့ခဲ့ပြီး၊ ဂီးနီဖေါ့ထ်ကို သူတော်စင်ခွေးအဖြစ် တစ်လွဲသတ်မှတ်ခဲ့သည်။

သမ္မာကျမ်းစာ၌လည်း ထိုကဲ့သို့သောအကြောင်းအရာကို တွေ့ရသည်။ မိမိသခင်ကို ကာကွယ်ခြင်းအတွက် တိရစ္ဆာန်တစ်ကောင်မှာ မတရားအပြစ်ပေးခံခဲ့ရသည်။ မောဘဘုရင်သည် ဘုရားသခင်၏လူများအား ကျိန်ဆဲရန် ပရောဖက်ဗာလမ်အား ငှါးရမ်းခဲ့သည် (တော ၂၂:၄-၆)။ ဗာလမ်ခရီးပြုစဉ်မှာ “ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည်…

မလိုအပ်သောဖိုင်များ

ဖုန်းထဲ၌ “မလိုအပ်သောဖိုင်များနေရာယူပြီး ပြည့်နေသည်။ 675MB ကို ဖျက်ပစ်ပါ”ဟု အခါအားလျော်စွာ ဝင်လာသည့်စာများက ကျွန်တော်သည် ဒစ်ဂျစ်တယ်နှင့်ပတ်သက်၍ နားမလည်၊ အသုံးမချနိုင်သေးကြောင်း သတိပေးနေသည်။ ထိုစာများ ဝင်လာလျှင် ကျွန်တော် မကြိုက်ပါ။ သို့ရာတွင် ထိုသတိပေးချက်ကို လိုက်နာပြီး အမှိုက်ဖြစ်နေသည့်ဖိုင်များကို ဖျက်ပစ်ပါက အရေးကြီးသောအရာများ သိမ်းရန်နေရာပိုဆံ့သည်ပင်။ ဥပမာပြရလျှင် ထိုအမှိုက်ဖိုင်များရှိနေ၍ သမီး၏ဆုရရေကူးပြိုင်ပွဲကို မှတ်တမ်းမတင်နိုင်ဟု မထင်မှတ်ဘဲ နောက်ကျမှ သဘောပေါက်လိုက်ခြင်းမျိုးထက်၊ ဗီဒီယိုရိုက်ရန် လုံလောက်သောသိုလှောင်ရာနေရာ ဒစ်ဂျစ်တယ်နေရာ ရှိနေကြောင်း သေချာနေခြင်းတည်း။

ဖုန်း၌ရှိသော အမှိုက်ဖိုင်များကိုဖျက်ပစ်ရန် အလွန်လွယ်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ဝိညာဉ်ရေး၌ ရှိနေသော အမှိုက်များကို မည်သို့ ဖျက်ပစ်ရမည်နည်း။ ဖုန်းများနည်းတူ ကျွန်ုပ်တို့ဝိညာဉ်ရေးရာတွင်လည်း ဝိညာဥ်ရေးအရ မသီးပွင့်နိုင်အောင် ပိတ်ဆို့နေသောအရာများရှိနေနိုင်သည်။ ဟေဗြဲဩဝါဒစာကို ရေးသားသူက ဤအဖြစ်မှန်ကို သိနားလည်လျက်၊ ဘုရားနှင့်အတူ လျှောက်လှမ်းရာတွင် ထောင်ချောက်ကဲ့သို့သောအရာများကို သတိကြီးကြီးထားရန် ခွန်အားပေးခဲ့သည်။ “ငါတို့သည်…

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေလော့

တန်နီတန် (Tanitan)က “ကျွန်တော်အရင်က လူတွေကို သတ်ခဲ့တယ်။ ဒါပေမဲ့ ယေရှုဘုရားကို လက်ခံယုံကြည်ပြီးချိန်မှာတော့ သခင်ဘုရားက ကျွန်တော့်ကို ဒီအရာတွေ လုပ်ခွင့်မပေးတော့ပါဘူး”ဟုဆိုသည်။ တန်နီတန်သည် ဖိလစ်ပိုင် နိုင်ငံ၊ စီရာမက်ဒရီတောင်ပေါ်ဒေသရှိ လူခေါင်းဖြတ်သည့် မျိုးနွယ်စုမှ ဖြစ်သည်။ ဘုရားကို မသိမီက သူ့အသက်တာနှင့် ယခုလက်ရှိသူ့အသက်တာကို နှိုင်းယှဥ်လျက် တန်နီတန်က “ကျွန်တော် အရင်က သေရမှာ ကြောက်ခဲ့တယ်။ ဒါပေမယ့် သူများကို သတ်ဖို့တော့ လက်မရွံ့ဘူး။ အခုတော့ သေရမှာကို မကြောက်တော့ဘူး။

သူ့အသက်ကို သတ်ဖို့တော့ ကြောက်နေပြီ”ဟု ဆိုခဲ့သည်။ စာရေးဆရာ ဖလောရင့်တီနိုစန်တော့စ် ၏ To the Headhunters of Sierra Madre စာအုပ်မှ တန်နီတန်၏အကြောင်းကို ဖတ်ရှုပြီးသည့်နောက် သူအသစ်တွေ့ရှိခဲ့သည့်ကြောက်ရွံ့ခြင်း (သို့) ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းက ဘုရားသခင်အား နာခံချင်သောစိတ်ဆန္ဒကို မည်သို့ဖြစ်တည်စေခဲ့သနည်းဟု ကျွန်မတွေးမိ…

ထာဝရတိုင်အောင်တည်ရှိနေသောမြင်ကွင်းများ

ဆွစ်ဇာလန်နိုင်ငံသို့ ခရီးမပြုမီ ကျွန်ုပ်၏စိတ်အာရုံ၌ ဆီးနှင်းများဖုံးလွှမ်းနေသည့် တောင်တန်းများ၊ ဆိတ်စားကျက်မြေ၊ ထို့နောက် ဆိတ်ချိုမှုတ်သည့် လယ်သမား စသည်တို့ကို လျှပ်တစ်ပြက် မြင်ယောင်ခဲ့သည်။ သို့သော် ဇူးရစ်(Zurich)မြို့မှ တောင်ဘက်သို့ ခရီးပြုလာစဥ် မြင်ကွင်းက မြို့ပြ၌တွေ့ရသည့် စိတ်ပျက်စရာ မြင်ကွင်းများနှင့် အတူတူပင်။ တည်းခိုမည့်နေရာနှင့် နီးလာသည့်အခါ အန္တရာယ်များပြီး ညစ်ပေသော တစ်လမ်းမောင်းလမ်းမှ မောင်းခဲ့ရပြီး၊ ငှားရမ်းထားသည့်အိမ်သို့ ရောက်သည့်အခါ ကားပေါ်မှပစ္စည်းချပြီး ကျောက်ခင်းလမ်းအတိုင်း သေတ္တာများသယ်၍ တက်ရသေးသည်။ မောလည်းမော၊ စိတ်ပျက်လက်ပျက်နှင့် ဆင်ဝင်သို့ရောက်ပြီး၊ထိုနေရာတွင်မှ အံ့မခမ်းသော မြင်ကွင်းကျယ်ကြီးက ကြိုဆိုနေသည်။ ကျယ်ပြန့်သော လူစန်ရေအိုင်ကြီး(Lake Lucerne)၏ ရေပြာပြာအနောက်တွင် နှင်းတောင်တန်းကြီးက လှပလွန်းသည်။ ပိုးစုန်းကြူးပမာ အလင်းရောင်များနှင့် တောင်အောက်မှ မြို့လေးကိုလည်း တွေ့ရသည်။ ဤမြင်ကွင်းက ဖြတ်သန်းခဲ့ရသော အခက်အခဲအတွက် ထိုက်တန်ပါသည်။

“ထို့ကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏” ဆိုသည့် ကျမ်းပိုဒ်ကို ကျွန်တော်…