… လူအမျိုးမျိုးတို့အဘို့ ဆုတောင်းပဌနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။ (၁ တိ ၂:၂)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဆာလံကျမ်း ၁၂၂:၆-၉

ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။ သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။ သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။

ဝိုင်းကူ ဆုတောင်းပါ

ကျွန်ုပ်နိုင်ငံမှအမျိုးသမီး ဆုတောင်းအဖွဲ့သည် ဂါနာနိုင်ငံနှင့် အခြားသော အာဖရိက တိုင်းပြည်များအတွက် ပုံမှန် လစဉ်ဆုတောင်းပွဲ ကျင်းပကြသည်။ ဘာ့ကြောင့် တိုင်းပြည် အတွက် အဆက်မပြတ် ဆုတောင်းကြသနည်းဟု မေးသောအခါ ခေါင်းဆောင်ဖြစ်သူ Gifty Dadzie က “ပတ်ဝန်းကျင်ကိုကြည့်၊ သတင်းတွေကြည့်၊ သတင်းတွေ နားထောင်၊ ကျွန်မတို့ နိုင်ငံတွေ နာကျင်ခံစားနေရတယ်။ စစ်မက်တွေ၊ ရောဂါဝေဒနာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေက ဘုရားရှင် လူသားတွေအပေါ်မှာ ထားရှိတဲ့မေတ္တာနှင့် ကျွန်မတို့အပေါ် ထားရှိတဲ့ ကောင်းချီးတွေကို လွှမ်းမိုးထားတယ်။ တိုင်းပြည်ရဲ့ ပဋိပက္ခတွေကြားမှာ ဘုရားရှင်ဝင်ရောက် ဖြန်ဖြေပေးမှာကို ယုံကြည်တယ်။ ဒါကြောင့် သူ့ဆီက ရောက်လာမဲ့ ကောင်းချီး တွေအတွက် ချီးမွမ်းပြီး ကိုယ်တော်လှုပ်ရှားဖို့ ဆုတောင်း နေတာပါ” ဟူ၍ ဖြေကြားခဲ့သည်။

ဘုရားသခင်သည် နိုင်ငံရေးရာတွင် အမှန်တကယ် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည် (၆ ရာ ၇:၁၄)။ ထိုသို့ ဘုရားသခင် ကြားဝင်သောအခါ များတွင် သာမညလူများကို အသုံးပြုခဲ့သည်။ ကြီးလေးသောတာဝန်များ မပေးအပ် သော်လည်း ကျရာကဏ္ဍတွင် တိုင်းပြည်ကို ချီးမြှောက်မည့် ငြိမ်းချမ်းရေးနှင့် ဖြောင့်မတ်ခြင်း တရားကို ကျွန်ုပ်တို့ ဆောင်ကြဉ်းပေးနိုင်သည် (သု ၁၄:၃၄)။ ၎င်းကို ဆုတောင်းခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။ တမန်တော်ကြီး ရှင်ပေါလုက “ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း အမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည် အကြောင်း ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဘို့ ဆုတောင်း ပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေ ခြင်းငှာ၊ ငါတိုက်တွန်းသွေးဆောင်၏” ဟူ၍ ရေးသားထားသည် (၂ တိ ၂:၁-၂)။

ရှေးဣသရေလလူများအား ဆာလံဆရာက “ယေရုရှလင်မြို့ကြီး ငြိမ်ဝပ်မည် အကြောင်း ဆုတောင်းရန်” အလေးအနက်တိုက်တွန်းခဲ့သည် (ဆာ ၁၂၂:၁၆)။ ထို့ကြောင့် ကျွန်ုပ်တို့ တိုင်းပြည်ငြိမ်းချမ်း၍ အနာငြိမ်းရန် ဆုတောင်းရမည်ဖြစ်သည်။ ဆိုးညစ်မှုများမှလှည့်ပြန်ပြီး နှိမ့်ချခြင်းဖြင့် ဆုတောင်းလျက် ဘုရားကိုရှာသောအခါ၊ ကိုယ်တော် နားညောင်းတော်မူလိမ့်မည်။ LAWRENCE DARMANI

အိုအဘ၊ ကျွန်ုပ်တို့ တိုင်းပြည် ငြိမ်းချမ်းရန် ယနေ့ ဆုတောင်းပါ၏။
ဝန်ခံနောင်တရပြီး ကိုယ်တော့်ထံ ပြန်လှည့်ကာ ဘုရားသခင်၏ ကြားမှ ဖြန်ဖြေစေ့စပ်မှုအတွက် တောင်းခံပါ၏။
ဘုရား၏ကောင်းချီးမင်္ဂလာနှင့် ကာကွယ်ထောက်ပံ့မှုများအတွက် ကျေးဇူးတော်ချီးမွမ်းပါ၏။

အာဏာပိုင်များအတွက် သတိရ ဆုတောင်းခြင်းသည် အခွင့်ထူးတစ်ရပ်ဖြစ်သလို တာဝန်တစ်ရပ်လည်းဖြစ်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။