စာရေးသူ

အားလုံးမြင်နိုင်ရန်
David H. Roper

ဒေးဗစ်ရော့ပါ

ဒေးဗစ်ရော့ပါ သည် သင်းအုပ်အဖြစ်နှစ်ပေါင်း ၃၀ ကျော် အစေခံခဲ့ပြီး ယခုတွင် အိုင်ဒါဟို တောင်ပေါ် သာသနာကို ဦးဆောင်လျက် သင်းအုပ်ဇနီးမောင်နှံတို့ကို အားပေးစောင်မသည့် အားသစ်လောင်းသင်တန်းများ ပို့ချပေးသည်။ ဆရာကြီးသည် ဇနီး ကယ်ရိုလိုင်း နှင့်အတူ မြစ်ချောင်းကမ်းပါးတစ်လျှောက် ငါးမျှားခြင်း ဝါသနာရှိပေသည်။

စာမူ/ အကြောင်းအရာ များ ဒေးဗစ်ရော့ပါ

ကောင်းစွာလုပ်နိုင်ခဲ့ပြီ

ကျွန်တော့်သား Brian (ဘရိုင်ယန်) ဘောလုံးနည်းပြလုပ်သည့် ကျောင်းသည်အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် ပြည်နယ်ဘောလုံးပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သူတို့ ၏ပြိုင်ဘက်မှာ နှစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိသည့် ပြိုင်ဘက်ဖြစ်သည်။ သားကို နှစ်သိမ့်ရန် သူ့ထံမက်ဆေ့ခ်ျစာ ပို့ခဲ့ပြီးနောက် “ကလေးတွေ အစွမ်းကုန်ကြိုးစား ခဲ့ပါတယ်” ဆိုသည့်ပြန်စာတိုကို ရရှိခဲ့သည်။

ပြိုင်ပွဲပြီးသည့်နောက်တွင် မည်သည့်နည်းပြမှ ကစားသမားများကို အရှက်မခွဲပါ။ သူတို့၏ကံခေမှု (သို့) ပြိုင်ပွဲတစ်လျှောက် ဆုံးဖြတ်ချက်မှားယွင်းမှုများကြောင့် သူတို့ကို မည်သူကမှ မအော်ခဲ့ပါ။ ထိုသို့မပြုသည်သာမက ကစားသမားငယ်တို့၏ ချီးကျူးသင့်သည့်အချက်ကို နည်းပြများက ချီးမွမ်းခန်းဖွင့်ကြသည်။

အလားတူစွာပင် ယုံကြည်သူတို့လည်း သခင်ယေရှုထံမှ ရက်စက်သည့် ပြစ်တင်သံများကို ကြားရမည်မဟုတ်ကြောင်း သိရသည့်အတွက် ဝမ်းမြောက်စရာပင်။ ခရစ်တော်ကြွလာပြီး ကျွန်ုပ်တို့သူ့ရှေ့ရပ်ရသည့်အခါ ကျွန်ုပ်တို့ကို သူအရှက်မခွဲပါ။ သခင့်နောက်လိုက်စဉ်က ကျွန်ုပ်တို့ဘာလုပ်ခဲ့သည်ကို ကြည့်မည်ဖြစ်သည် (၂ ကော ၅:၁၀၊ ဧ ၆:၈)။ “မင်းအစွမ်းကုန်လုပ်ခဲ့တယ်။ ငါကျေနပ်တယ်” ဟု…

ဘုရားသခင်၏အလိုတော်

တစ်ခါတစ်ရံ၌ ဘုရားသခင်၏အလိုတော်ကိုလျှောက်လိုက်ရန် ခက်ပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို မှန်ရာကို လုပ်ရန်ပြောသည်။ ဆင်းရဲဒုက္ခကို မြည်တမ်းမှုမရှိဘဲ သည်းခံခိုင်းသည်။ ဂွကျလှသည့် လူများကို ချစ်ခိုင်းသည်။ "မလုပ်သင့်ဘူး" ဟုပြောသည့် အတွင်းမှအသံကို နားထောင်လိုက်နာရန်၊ မလိုက်လိုသည့်လမ်းကို လိုက်ရန်ပြောသည်။ ထို့ကြောင့် တစ်နေ့တာလုံးတွင် "အို ငါ့ဝိညာဥ်၊ နားထောင်ပါ။ ငြိမ်ဝပ်စွာနေပါ။ သခင်ယေရှု စေခိုင်းသည့်အရာကို ပြုပါ"ဟု ကျွန်ုပ်တို့ ကိုယ့်စိတ်ကိုယ်ကို သတိပေးမှဖြစ်ပါမည်။

"ငါ့ဝိညာဥ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏" ဟု ဆာ ၆၂:၁ နှင့် ၆၂:၅ တွင် တူညီစွာ ဖော်ပြထားသော်လည်း ခြားနားမှုရှိသည်။ ပထမတွင် ဒါဝိဒ်က သူ့စိတ်အကြောင်းကို ပြောနေခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခေါက်တွင်မူ သူ့စိတ်ကို သူဆုံးမပြောဆို နေခြင်းဖြစ်သည်။အခန်းငယ် ၁ မှ"ငြိမ်ဝပ်စွာနေတတ်၏" ဟူသည့်အချက်မှာ သံန္နိဌာန်ချထားသည့် စိတ်ဆုံးဖြတ်ချက်ဖြစ်ပြီး အခန်းငယ် ၅ တွင် ထိုဆုံးဖြတ်ချက်ကိုသတိရရန်…

ခရစ်တော်၏အမွေးအကြိုင်

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် လိုမီးတာမြို့အနီးတွင် နေထိုင်သည့် ကျွန်တော့်အသိ လယ်ပိုင်ရှင်တစ်ဦးရှိသည်။ သူ့မြေးလေးနှစ်ယောက်မှာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သည်။ မြို့ထဲသို့ သူနှင့်အတူလိုက်သွားပြီး သူ့အသိမိတ်ဆွေများနှင့် ရပ်ကာ စကားစမြည်ပြောလျှင်လည်း ကျွန်တော်က အနောက်မှတစ်ကောက်ကောက် လိုက်လေ့ရှိသည်။ ဘကြီးက ထိုသူတို့ကို နာမည်နှင့်တကွ သိသလို သူတို့အကြောင်းကိုလည်း သိသည်။ ဟိုဒီဝင်လိုက် နားလိုက်နှင့် နေထိုင်မကောင်းသောကလေးကို သတင်းမေးသည်။ အိမ်ထောင်ရေး ပြဿနာရှိသူများကို မေးမြန်းပြီး အားပေးစကား တစ်ခွန်းစနှစ်ခွန်းစ ပြောပေးသည်။ အကြောင်းသင့်ပါက ကျမ်းပိုဒ်များကိုလည်း ဝေငှပြီး ဆုပါတောင်းပေးလိုက် သေးသည်။ ထိုဘကြီးကို ကျွန်တော့်မေ့နိုင်မည် မဟုတ်ပါ။ သူသည် တစ်မူထူးသူဖြစ်သည်။ သူ့ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သူ့ကိုမှ ဖိအားမပေးသော်လည်း ထိုယုံကြည်ခြင်းကိုတော့ သူတို့နှင့် ချန်ထားလေ့ရှိသည်။

ထိုလယ်ပိုင်ရှင်ဘကြီးထံတွင် ရှင်ပေါလုခေါ်တွင်ထားသည့် "ခရစ်တော်၏ အမွေးအကြိုင်" ကို တွေ့ရပါသည် (၂ ကော ၂:၁၅)။ "ထိုသခင်(ခရစ်တော်)ကို သိခြင်း၏အမွေးအကြိုင်"ကို…

စစ်မှန်သော ခရစ်ယာန်တရားတော်

လွန်လေသောနှစ်များစွာက ခရစ်ယာန်အဖွဲ့အစည်းတစ်ခု၌ ကျွန်တော်အလုပ် လျှောက်ခဲ့ရာ၊ ကျွန်တော့်ကို အရက်၊ ဆေးလိပ်နှင့်၊ အပျော်အပါးပုံစံအချို့တို့နှင့် ပတ်သက်ပြီး တရားဝင်ထုတ်ထားသည့် စည်းကမ်းချက်များကို ချပြသည်။ "ကျွန်တော်တို့ရဲ့ဝန်ထမ်းဆီက ခရစ်ယာန်ပီသတဲ့ အပြုအမူတွေကို မျှော်လင့်ထား ပါတယ်"ဟုလည်း ရှင်းပြသည်။ မိမိ၏ယုံကြည်ခြင်းနှင့်မသက်ဆိုင်သော ထိုအရာ များကို ကျွန်တော်မသောက်မစားခြင်းကြောင့် ထိုစည်းကမ်းများကို ကျွန်တော် လက်ခံပါသည်။ သို့သော် "မာနထောင်လွှားခြင်းမရှိရ၊ အထိမခံမဖြစ်ရ၊ ကြမ်းတမ်း စွာ မပြုမူရ၊ ဝိညာဉ်ရေးရာစိတ်ဝင်စားမှုရှိရမည်။ ဝေဖန်ကဲ့ရဲ့ခြင်းမပြုရ" စသည့် စည်းကမ်းများအဘယ်ကြောင့် မထုတ်ကြသနည်း။ ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုမှု မတွေ့ရပါ။

သခင်ယေရှုနောက်တော်လိုက်ခြင်းကို ထိုစည်းကမ်းချက်များနှင့် သတ်မှတ်၍ မရပါ။ သိမ်မွေ့နက်နဲသော အရည်အသွေးပြည့်မီသော အသက်တာကို တိုင်းတာရန် ခက်ပါသည်။ သို့သော် "လှပသည်" ဟူ၍ ဖော်ပြ၍ရပါသည်။

ရှင်မဿဲခရစ်ဝင် ၅:၃-၁၀ မှ မင်္ဂလာတရားတော်တွင် ထိုအလှတရားကို အကျဉ်းချုပ် ဖော်ပြထားပါသည်။ သခင်ယေရှု၏ဝိညာဉ်ကိန်းဝပ်ပြီး…

ဘ၀၏နှစ်သက်စွဲလန်းမှု

လွန်ခဲ့သောနှစ်များစွာက ညနေခင်းတစ်ခုတွင် ကျွန်တော်တို့ဇနီးမောင်နှံသည် သူငယ်ချင်းနှစ်ယောက်တို့နှင့်အတူ တောင်လမ်းကြောတစ်လျှောက် ပြန်ဆင်းခဲ့ ကြသည်။ လမ်းက ကျဉ်းမြောင်းပြီး တစ်ဘက်ခြမ်းတွင် မတ်စောက်သော တောင်စောင်းများ ပတ်လည်၀န်းရံနေသည်။ အခြားတစ်ဘက်ခြမ်းတွင် ပြန်တက် ၍မရနိုင်သော ချောက်ကမ်းပါးတစ်ခုရှိသည်။

တောင်အကွေ့တစ်ခုသို့အရောက်တွင် ကြီးမားသောဝက်ဝံကြီးတစ်ကောင်က ခေါင်းကိုဝှေ့ယမ်း၊ နှာမှုတ်ထုတ်‌ရင်း လှည့်ပတ်သွားနေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့က လေညာဘက်၌ရှိနေခြင်းကြောင့် ကျွန်တော်တို့ ရှိသည်ကို သူမရိပ်မိသေးပါ။ သို့သော် မကြာမီ သူသတိထားမိလိမ့်မည်။

ကျွန်တာ့်သူငယ်ချင်းက "အိုး၊ ငါဓာတ်ပုံရိုက်သင့်တယ်" ဟုဆိုကာ သူမ၏ ဂျာကင်ထဲ၌ ကင်မရာကို လှန်လှောရှာနေသည်။ ကျွန်တော်ကမူ ဤအခြေအနေ အပေါ် သက်တောင့်သက်သာမရှိလှသဖြင့် "မရိုက်နဲ့။ ငါတို့ ဒီနေရာက ထွက်ရ မယ်" ဟု ပြောလိုက်သည်။ သို့နှင့် ကျွန်တော်တို့ကို မမြင်ရလောက်သည့်နေရာ အထိ တိတ်တဆိတ် ဆုတ်ခွာခဲ့ပြီးနောက် ထွက်ပြေးခဲ့ကြသည်။

ချမ်းသာကြွယ်ဝလိုသည့် တပ်မက်မှုနှင့်စပ်လျဥ်း၍ ကျွန်တော်တို့…

သိမ်းဆည်းမည်

ကျွန်ုပ်၏ခွေးအိုသည် ကျွန်ုပ်ဘေးတွင်ထိုင်လျက်အပြင်သို့ငေးကြည့်နေသည်။သူတစ်ခုခုများ စဥ်းစားနေသလား။ သေခြင်းအကြောင်းကို သူစဥ်းစားမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခွေးများတွင် စဥ်းစားဥာဏ် မရှိပါ။ အနာဂတ်အကြောင်းကို သူတို့မသိ၊ မစဥ်းစားကြပါ။ သို့သော် ကျွန်ုပ်တို့က စဥ်းစား ကြသည်။ မည်သည့်အသက်အရွယ်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် သေခြင်းအကြောင်းကို ကျွန်ုပ်တို့ စဥ်းစား သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် တိရစ္ဆာန်များနှင့်မတူဘဲ "နားလည်မှု အသိ" ရှိသောကြောင့်ဖြစ်သည် (ဆာ ၄၉:၂၀)။ မိမိသေရမည်ကို ကျွန်ုပ်တို့သိပြီး ထိုအရာအတွက် ကျွန်ုပ်တို့ ဘာမှမတတ်နိုင်ကြပါ။ "မိမိ ညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်" (:၇)။ မည်သူတစ်ဦး တစ်ယောက်မှ မိမိကိုယ်ကို သချိုင်းတွင်းမှလွတ်မြောက်ရန် ငွေနှင့် မဝယ်နိုင်ပါ။

သို့သော် သေခြင်း၏နောက်ဆုံးနိဂုံးမှ လွတ်မြောက်ရာ လမ်းတစ်လမ်းရှိသည်။ "ဘုရားသခင်သည် ငါ့ကိုသေမင်း၏ခံတွင်းမှ…

ကိုယ်ကိစ္စကိုသာ အာရုံစိုက်ပါ

လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်သားဂျော့ရှ်နှင့်ကျွန်တော်တို့ တောင်တက်ကြစဉ် လေထုထဲ၌ ဖုန်ထနေသည်ကို လှမ်းတွေ့လိုက်သည်။ ကျွန်တော်တို့ရှေ့ဆက်သွားသောအခါ ခွေးတူဝက်တူလေးတစ်ကောင်မှာ အမှိုက်ပုံတွင် တွင်းတူးကာ အလုပ်ရှုပ်နေကြောင်း တွေ့လိုက်ရသည်။ သူ့ခေါင်းနှင့်ပခုံးသည် တွင်းထဲတွင်ရှိပြီး ရှေ့လက်များဖြင့် အားသွန်ခွန်စိုက်မြေတူးရင်း နောက်ခြေက တွင်းထဲမှ ဖုန်အမှိုက်သရိုက်များကို အပြင်သို့ယက်ထုတ်သည်။ သူ့အလုပ်ထဲ၌ အလွန်အာရုံစူးစိုက်နေသောကြောင့် ကျွန်တော်တို့ရောက်လာသည်ကိုပင် မကြားပါ။

ကျွန်တော်သည် အနီးအနားရှိ တုတ်ရှည်နှင့် အကောင်လေးကို အနောက်မှ တို့လိုက်သည်။ ၎င်းကို အနာတရဖြစ်အောင် မလုပ်မိသော်လည်း ခွေးတူဝက်တူ လေးက လေထဲသို့မြှောက်ခုန်သွားပြီး ကျွန်တော်တို့ဘက်သို့ လှည့်လာရာ သားအဖနှစ်ဦးသားမှာ ကိုက်တစ်ရာအကွာအဝေးသို့ ကမ္ဘာ့စံချိန်သစ်တင်မတတ် တစ်ဟုန်ထိုး ပြေးခဲ့ရလေတော့သည်။

ထိုသို့ကသောကမျောပြေးရခြင်းမှ တစ်ခါတစ်ရံ သူတစ်ပါးကိစ္စကို ဝင်ရောက်မစွက်ဖက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သင်ခန်းစာရရှိခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူချင်း - အခြားခရစ်ယာန်များနှင့် ဆက်ဆံရေးတွင်လည်း ထိုအချက်က အထူးသဖြင့် မှန်ပါသည်။ တမန်တော်ကြီးရှင်ပေါလုက ကောရိန္သု အသင်းသားများအား…

အံ့သြဖွယ်ဘုရား

The Wonderful Wizard of Oz ကလေးစာအုပ်၌ ဒေါရသီ၊ စာခြောက်ရုပ်၊ သံဘူးလူသားနှင့် သူရဲဘောကြောင်သည့်ခြင်္သေ့တို့သည် အနောက်အရပ်မှ ကောက်ကျစ်သောစုန်းမကို အစွမ်းထက်စေသည့် တံမြက်စည်းကိုရယူပြီး အော့ဇ် မြို့သို့ ပြန်လာခဲ့သည်။ အော့ဇ် မြို့မှ မှော်ဆရာက တံမြက်စည်းကို ပြန်ပေးပါက သူတို့အလိုချင်ဆုံးဆန္ဒများဖြစ်သည့် ဒေါရသီကို အိမ်ပြန်ပို့ပေးမည်၊ စာခြောက်ရုပ်အတွက် ဦးနှောက်၊ သံဘူးလူသားအတွက် နှလုံးသားနှင့် သူရဲဘောကြောင် ခြင်္သေ့အတွက် သတ္တိတို့ကို ပေးမည်ဟု ကတိပေးထားသော်လည်း သူတို့ရောက်လာ သောအခါ မှော်ဆရာက အချိန်ဆွဲပြီး နောက်နေ့မှ ပြန်လာရန် ပြောသည်။

မှော်ဆရာကို သူတို့တောင်းပန်နေစဉ် ဒေါရသီ၏ခွေးက မှော်ဆရာကို ကာထားသည့် ကုလားကာကို ဆွဲလိုက်ရာ မှော်ဆရာမှာ မှော်ဆရာလုံးဝ မဟုတ်ကြောင်း ပေါ်သွားသည်။ သူသည် နီဘရာစကားမှ ကြောက်တတ်ပြီး ဂနာမငြိမ်သည့် လူတစ်ဦးမျှသာဖြစ်သည်။

စာရေးဆရာ L. Frank Baum…

ရလဒ်ကို ဘုရားရှင်ထံ အပ်ထားလိုက်ပါ

လွန်ခဲ့သောနှစ်များက တက္ကသိုလ်လူမှုရေးအသင်းအိမ်၌ နေထိုင်သူများကို တရား ဟောရန် ကျွန်တော်ဖိတ်ကြားခံရသည်။ ထိုသူတို့သည် အတော်ဗရုတ်ကျသည်ဟု နာမည်ကြီးသဖြင့် အကူအညီရရန် မိတ်ဆွေတစ်ဦးကိုပါအဖော်ခေါ်ပြီး သွားခဲ့သည်။ ၎င်းတို့သည် ဘောလုံးချန်ပီယံဆုကို ရထား၍ ထိုညက အောင်ပွဲခံလျက် စိတ်ဓာတ် တက်ကြွနေပြီး၊ ညစာစားချိန်၌ ပရမ်းပတာဖြစ်နေသည်။ ထို့နောက် ဥက္ကဋ္ဌက “ဒီမှာ ဘုရားအကြောင်း ပြောပြချင်တဲ့လူနှစ်ယောက်ရှိတယ်” ဟု ကြေညာလိုက်သည်။

ယိုင်နဲ့နဲ့ခြေထောက်ပေါ်ရပ်ပြီး သူတို့ကို ဘုရားရှင်၏မေတ္တာတော်အကြောင်း စတင်ပြောကြားရာ တစ်ခန်းလုံးငြိမ်သက်သွားပြီး သူတို့အပြည့်အဝအာရုံစိုက် သည်။ တက်ကြွပြီး ရိုးသားသောမေးမြန်းစူးစမ်းမှု လိုက်ပါလာသည်။ နောက်ပိုင်း၌ ထိုနေရာတွင် ကျွန်တော်တို့ ကျမ်းစာလေ့လာခြင်းကိုစတင်ခဲ့ပြီး နောင်နှစ်များ၌ လူများစွာတို့ သခင်ယေရှု၏ကယ်တင်ခြင်းကို လက်ခံခဲ့ကြ၏။

“စာတန်သည် လျှပ်စစ်ကဲ့သို့ကောင်းကင်မှကျသည်”ကို မြင်ရသည့် (လု ၁၀:၁၈) ထိုသို့သောနေ့များကို ကျွန်ုပ်အမှတ်ရမိသည်။ မျက်နှာမဖော်ဝံ့ လောက်အောင် ကျရှုံးခဲ့ရသည့်နေ့ရက်များလည်း ရှိခဲ့ပါသည်။

လုကာ ၁၀ ၌…

ကျွန်ုပ်တို့သည် အရေးပါပါသလား။

ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး နက်နက်နဲနဲတွေးသောလူငယ်လေးတစ်ဉီးနှင့် ကျွန်တော် စာအပြန်အလှန်ဆက်သွယ်ခဲ့သည်မှာ လအတန်ပင်ရှိခဲ့ပြီ။ တစ်နေ့တွင် သူက “ကျွန်တော်တို့ဟာ သမိုင်းတစ်လျှောက်တွင် အလွန်တရာမှ သေးငယ်သောအမှုန်အမွှားမျှသာဖြစ်တဲ့အတွက် အရေးရောပါကြရဲ့လား” ဟုရေးခဲ့ပါသည်။

“အသက်သည် မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် စုတေ့ကြ”ကြောင်းကို ဣသရေလလူမျိုးများ၏ပရောဖက်မောရှေလည်း သဘောတူလက်ခံလိမ့် မည်(ဆာ ၉၀:၁၀)။ တိုတောင်းလှသောဘဝသည် ကျွန်ုပ်တို့အား စိုးရိမ်ပူပန်မှု ဖြစ်စေပြီး မိမိသည် အရေးပါမပါကို စဉ်းစားမိစေသည်။

ကျွန်ုပ်တို့သည် အရေးပါကြပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ကို ဖန်ဆင်းသော ဘုရားရှင်၏နက်ရှိုင်းစွာဖြင့် ထာဝရအချစ်ခံနေရသောကြောင့် ဖြစ်ပါသည်။ ဤဆာလံ၌ “အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။” ဟု မောရှေတောင်းလျှောက်သည်(:၁၄)။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အရေးပါသူများဖြစ်သောကြောင့် အရေးပါပါသည်။

ကျွန်ုပ်တို့အရေးပါနေသည့် နောက်ထပ်အကြောင်းရင်းမှာ ဘုရားရှင်၏ မေတ္တာတော်ကို တစ်ပါးသူများအား ဝေငှနိုင်သောကြောင့်ဖြစ်သည်။ ဘဝသည် တိုတောင်းသော်လည်း ဘုရားမေတ္တာကို အမွေအနှစ်အဖြစ် ချန်ခဲ့မည်ဆိုပါက လူဘဝသည် အဓိပ္ပာယ်မဲ့မည်…