စာရေးသူ

အားလုံးမြင်နိုင်ရန်
Elisa Morgan

အဲလီစာမော်ဂန်

အဲလီစာမော်ဂန် (Elisa Morgan)သည် The NIV Mom's Devotional Bible၊ The Beauty of Broken၊ Hello၊ Beauty Full၊ She Did What She Could၊ နှင့် The Prayer Coin စသည့် စာအုပ်များအပါအဝင် စာအုပ်ပေါင်း ၂၅ အုပ်ကျော်မျှ ရေးသားခဲ့သည်။ သူမသည် အပြည်ပြည်ဆိုင်ရာ MOPS (Mothers of Preschoolers) အဖွဲ့အစည်းတွင် CEO အဖြစ် နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်ခဲ့သည်။ သူမသည် Our Daily Bread Ministries အတွက် Our Daily Bread ဝတ်ပြုကိုးကွယ်ခြင်းစာစဥ်များကို ရေးသားသည်သာမက Discover the Word - နေ့စဥ် ရေဒီယိုအစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အနေနှင့်သော်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မှစ၍ God Hears Her – podcast အစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အဖြစ်သော်လည်းကောင်း ဆက်ကပ်ဆောင်ရွက်လျက်ရှိသည်။ အဲလီစာသည် Evan (vice-president of Online Learning for Our Daily Bread Ministries) နှင့် လက်ထပ်ခဲ့သည်။ သူတို့တွင် အရွယ်ရောက် သားသမီးနှစ်ဦးနှင့် မြေးများရှိပြီး အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒဲန်ဗာမြို့ (Denver)တွင် နေထိုင်လျက် ရှိသည်။ သူမအား Really (elisamorgan.com) blog အင်တာနက်စာမျက်နှာတွင် ဆက်သွယ်နိုင်ပြီး Facebook နှင့် Instagram (@elisamorganauthor) နှင့် Twitter (@elisa_morgan) တို့တွင် follow လုပ်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အဲလီစာမော်ဂန်

လှလှပပ ဝန်တာထားသည်

ပိန်းပိတ်နေသောအမှောင်ထုထဲ ကျွန်မနိုးလာသည်။ အိပ်ပျော်သွားသည်မှာ နာရီဝက်ပင်မရှိသေး။ နိုးလာ၍ တော်တော်နှင့် ပြန်အိပ်၍ရတော့မည်မဟုတ်ဟု စိတ်ထဲသိနေသည်။ မိတ်ဆွေတစ်ဦး၏ ခင်ပွန်းက ဆေးရုံတက်နေရပြီး ‘‘ကင်ဆာ ရောဂါပြန်ကြွလာ၍ ယခုတွင် ဦးနှောက်နှင့်ကျောရိုးသို့ပင် ပြန့်နေပြီ’’ဆိုသော သတင်းဆိုးကို ကြားရသည်။ မိတ်ဆွေများအတွက် ကျွန်မ တစ်ကိုယ်လုံး နာကျင်ခံစားမိသည်။ မည်မျှ ၀န်လေး လိုက်မည်ဖြစ်ခြင်း။ သို့သော် မအိပ်ဘဲ ဆုတောင်းနေစဉ် တစ်လျှောက်လုံး ကျွန်မ၏ စိတ်ဝိညာဉ်မှာ ပေါ့ပါးနေသည်။ သူတို့အတွက် ကျွန်မလှလှပပ ဝန်တာထားသည်ဟု သင်ဆိုနိုင်ပါသည်။ ဤအရာ မည်သို့ ဖြစ်နိုင်သနည်း။

ရှင်မဿဲခရစ်ဝင် ၁၁း၂၈-၃၀ တွင် ဝန်လေး၍ပင်ပန်းနေသူများအတွက် နားခိုရာကို ရှင်ယေရှု ကတိပေးထားသည်။ ထူးဆန်းသည်က ကိုယ်တော်၏နားခိုရာမှာ သူ့ထမ်းပိုး အောက်လျှိုဝင်ပြီး သူ့ဝန်ထုပ်ကိုခံယူမှသာ ရရှိမည်။ ‘‘ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါဝန်လည်းပေါ့၏"ဟု အပိုဒ်ငယ် ၃၀ တွင် ရှင်းပြထားသည်။ ကျွန်ုပ်တို့၏ကျောထက်မှ…

ဒဏ်ရာအမာရွတ်များ၏ဇာတ်လမ်း

မေမေစိုက်ထားသည့် ပန်းခင်းထဲ၌ လိပ်ပြာလေးက တောင်ပံတဖြတ်ဖြတ်နှင့် ကူးချည် သန်းချည် ပျံသန်းနေသည်။ ကလေးသဘာဝမို့ လိပ်ပြာလေးကို ကျွန်မ ဖမ်းချင်မိ သွားသည်။ သို့နှင့် အိမ်နောက်ဖေး မီးဖိုထဲသို့ အပြေးသွားကာ ဖန်ခရားတစ်လုံးကို သွားယူလိုက်သည်။ သို့သော် အလောတစ်ကြီး ပြန်ပြေးလာစဉ် ခြေချော်ပြီး အိမ်ရှေ့ဆင်ဝင် သံမံတလင်းပေါ် လဲကျသွားရာ ဖန်ခရားကွဲပြီး ကျွန်မခါးကို ရှကာ ဟက်တက်ကွဲဒဏ်ရာရသွားသည်။ ထိုဒဏ်ရာကို ၁၈ ချက် ချုပ်ခဲ့ရသည်။ ယခုတွင် ထိုဒဏ်ရာအမာရွတ်က ကျွန်မခါး၌ ခူကောင်ပမာ ရှိနေပြီး ဒဏ်ရာရခြင်း၊ အနာပျောက်ခြင်း ဇာတ်လမ်းတစ်ပုဒ်ကို ပြောနေတော့သည်။

သခင်ယေရှု အသေခံပြီးနောက် တပည့်တော်များ ရှေ့မှောက်သို့ အမာရွတ်များနှင့် သခင် ကိုယ်ထင်ရှား ပေါ် လာသည်။ သောမက လက်တော်မှ သံရိုက်ရာ သံချက်ကို မြင်လိုသဖြင့် သခင်က သူ့အား ‘‘သင်၏လက်ညှိုးကို ဆန့်၍…

အဓွန့်ရှည်မည့်အမွေအနှစ်

သောမတ် အယ်ဒီဆင်သည် လက်တွေ့အသုံးပြုနိုင်သော မီးသီးကို ပထမဆုံးတီထွင်ခဲ့သူ ဖြစ်သည်။ ဂျိုးနာ့စ်စော့ သည် ပိုလီယိုရောဂါအတွက် ထိရောက်သောကာကွယ်ဆေးကို ဖော်ထုတ်ခဲ့သည်။ အေမီကာမိုက်ကယ် သည် ဝတ်ပြုကိုးကွယ်ခြင်းတွင် သီဆိုသည့် ဓမ္မသီချင်းပေါင်းများစွာကို ရေးစပ်သီကုံးခဲ့သည်။ သင်ရော...။ မည်သည့်အတွက် ဤလောကသို့ သင်ရောက်ရှိနေရသနည်း။ သင့်ဘ၀ အသက်တာကို မည်သို့ ရင်းနှီးမြှုပ်နှံမှုပြုမည်နည်း။

ကမ္ဘာဦးကျမ်း ၄ တွင် ဧဝသည် ပဋိသန္ဓေစွဲယူ၍ ကာဣနကို ဘွားမြင်ပြီး ပထမဆုံးအကြိမ် ပွေ့ချီလိုက်စဉ် “ထာဝရဘုရား၏လူကို ငါရပြီ”ဟု ဆိုခဲ့သည် (း၁)။ ပထမဆုံးအကြိမ် ကလေးမွေးဖွားရသည့် ဆန်းကြယ်သော ကိုယ်တွေ့ အတွေ့အကြုံကို ဧ၀ရှင်းပြရန် ကြိုးစားရင်း သုံးလိုက်သည့်စကားလုံးက အရာခပ်သိမ်းကိုတတ်စွမ်းသော ဘုရားရှင်၏ အကူအညီ မစမှုကို မှီခိုအားထားကြောင်း ပြနေသည်။ နောက်ပိုင်းတွင် ဧဝ၏မျိုးဆက်အားဖြင့် ဧ၀၏သားနောက်တစ်ဦးအားဖြင့် ဘုရားရှင်သည် သူ့လူမျိုးများကို ကယ်တင်ရန် ပြင်ဆင်ပေးခဲ့သည် (ယော…

ပုံဝတ္ထုတိုင်းက...

ကလေးရုပ်ပြသမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး ကျွန်မမြေးအား ဖတ်ပြသည်။ ဘုရားသခင်၏ မေတ္တာတော်နှင့် သူ၏ကူညီမစမှုပုံဝတ္ထုများက ကျွန်မတို့အား ဘဝင်ခိုက်စေပါသည်။ ဖတ်လက်စနေရာကို မှတ်သားထားလိုက်ပြီး စာအုပ်ခေါင်းစဉ်ကို နောက်တစ်ကြိမ် ကျွန်မထပ်ဖတ်လိုက်သည်။ “သခင်ယေရှုအကြောင်း ပုံဝတ္ထုသမ္မာကျမ်းစာ- ပုံဝတ္ထုတိုင်းက ကိုယ်တော်၏နာမတော်ကို မြွက်ဆိုသည်။”

မှန်ပါသည်။ ပုံဝတ္ထုတိုင်းက ကိုယ်တော်၏ နာမတော်ကို မြွက်ဆိုနေပါသည်။

ရိုးသားစွာ ပြောရလျှင် သမ္မာကျမ်းစာသည် နားလည်ရန် ခက်ခဲသည်။ အထူးသဖြင့် ဓမ္မဟောင်းကျမ်းက ပိုခက်သည်။ ဘုရားသခင်ကို မသိမမှတ်သူများက ဘုရား၏ လူများကို အဘယ်ကြောင့် အောင်နိုင်ကြသနည်း။ ဘုရားသခင်၏ဂုဏ်တော်က မြင့်မြတ်ပြီး ကိုယ်တော်၏ ရည်ရွယ်ချက် အကြံအစည်များက ကျွန်မတို့၏ကောင်းကျိုး အတွက်ဖြစ်သည်ကို ကျွန်မတို့သိသော်လည်း အဘယ့် ကြောင့် ထိုရက်စက်မှုများကို ဘုရားသခင် ခွင့်ပြုပါသနည်း။

ရှင်ပြန်ထမြောက်ပြီးနောက် ဧမောက်မြို့သို့ သွားရာလမ်းတွင် မေရှိယဟု သူတို့ မျှော်လင့်ထားသည့် သူတို့၏သခင်(ယေရှု) သေဆုံးသွားသဖြင့် စိတ်ပျက်နေကြသည့်…

ကာတွန်းအရုပ်မှ သင်ခန်းစာ

ကျွန်မ၏မိတ်ဆွေ၊ ကျွန်မ၏တိုင်ပင်ဖက်ဖြစ်သူက စာရွက်တစ်ရွက်ပေါ်တွင် ကာတွန်းအရုပ် တစ်ကြောင်းမျဉ်းလူပုံတစ်ခုကို ရေးဆွဲလိုက်ပြီး ”လူမသိသူမသိ ကိုယ်ပိုင်အကန့်”ဟု အမည်တပ်လိုက်သည်။ ထို့နောက် ထိုပုံအနီးတွင် လက်မ၀က်ခန့် ပိုကြီးသည့်ပုံ ဆွဲလိုက်ပြီး ”လူသိထင်ရှား အများသိအကန့်”ဟု ရေးလိုက်သည်။ ပုံနှစ်ပုံ၏ ကွာခြားချက်- မိမိ၏ကိုယ်ပိုင်အကန့်နှင့် အများသိ အကန့်၏ ကွာခြားချက်မှာ မိမိ၏ရိုးသားဖြောင့်မတ်မှုအဆင့်ကို ကိုယ်စားပြုသည်။

ကျွန်မ သေချာစဉ်းစားကြည့်မိသည်။ မိမိဘာသာ တစ်သီးပုဂ္ဂလရှိချိန်နှင့် လူအများကြားရှိနေချိန်တွင် ကျွန်မသည် အတူတူဖြစ်ပါသလား။ ကျွန်မတွင် ရိုးသားမှု ရှိပါသလား။

ကောရိနသုမြို့ရှိအသင်းတော်သို့ ရေးသားသော သြ၀ါဒစာ၌ ရှင်ပေါလုက ခရစ်တော်နှင့်သဏ္ဍာန်တူရန် သွန်သင်လျက် ချစ်ခြင်းမေတ္တာနှင့် ဆုံးမပဲ့ပြင်ခြင်းကိုပါ ထည့်သွင်း ရေးသားခဲ့သည်။ စာအဆုံးပိုင်းတွင် သူ့စာများက တန်ခိုးနှင့်ပြည့်စုံသလောက် သူကိုယ်တိုင်က ပုံမလာ ဟူ၍ သူ့ကို မမှန်မကန် စွပ်စွဲသူများအကြောင်း ပြောထားသည် (၂ ကော ၁၀း၁၀)။ ဤဝေဖန်ရေးသမားများသည်…

ဝက်ဝံရုပ်ကြီးကိုဖက်ထား

ကျွန်ုပ်၏မြေးလေးအတွက် ဝက်ဝံမွှေးပွအရုပ်ကြီးတစ်ရုပ်ကို မေတ္တာများစွာဖြင့်ဝယ်ပေး လိုက်သည်။ ပထမတော့ သူဇဝေဇဝါဖြစ်နေပြီးနောက် သူအလွန်အံ့သြဝမ်းသာ သွားသည်။ ထို့နောက် စူးစမ်းစိတ်ဖြင့် စပ်စုပါတော့သည်။ သူ့လက်ချောင်းတုတ်တုတ် လေးဖြင့် ဝက်ဝံရုပ်နှာခေါင်းကို ပုတ်လိုက်ရာ ဝက်ဝံရုပ်က သူ့ထံကိုင်းညွတ်လာ သဖြင့် သူအလွန်ပျော်ရွှင်သွားသည်။ မြေးလေးက ဝက်ဝံရုပ်၏ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ဝက်ဝံရုပ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ဝက်ဝံရုပ်၏ နူးညံ့သည့် အမွှေးအမျှင်ကြားထဲ တိုးဝင်ရင်း သူ့ပါးပြင်ပေါ်၌ အပြုံးပန်း ဝေနေသည်။ ဝက်ဝံရုပ်သည် အမှန်တကယ် သူ့ကို မချစ်နိုင်ကြောင်း မြေးလေးမသိပါ။ အပြစ်ကင်းစွာ သဘာဝအလျောက် ဝက်ဝံရုပ် သူ့ကိုချစ်သည်ဟု ခံစားရပြီး စိတ်နှလုံးအကြွင်းမဲ့နှင့် သူတုံ့ပြန်ခြင်း ဖြစ်သည်။

ကနဦးခရစ်ယာန်များထံ ရေးသားသည့် ရှင်ယောဟန်၏ပထမစာစောင်တွင် ဘုရားသခင် ကိုယ်တော်တိုင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူကြောင်း ရဲဝံ့စွာ သူကြွေးကြော်ခဲ့သည်။ “ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူခြင်းမေတ္တာတော်ကို ငါတို့သည် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည်…

ဘုရားသခင်မြင်သောအရာ

နံနက်စောစောအချိန်တွင် ခြေဖွနင်းလျက် မိသားစုအခန်း၏ ပြတင်းပေါက်မှ အိမ်အနောက်ဘက်ရှိ တောလွင်ပြင်သို့ ကျွန်မ ငြိမ်သက်စွာ ကြည့်မိသည်။ ရံဖန်ရံခါ လင်းယုန် (သို့) ဇီးကွက်က သစ်ပင်ပေါ်နားရင်း လွင်ပြင်ထဲသို့ ကြည့်နေသည်ကို တွေ့ရသည်။ တစ်မနက်တွင်မူ လင်းယုန်ခေါင်းပြောင်တစ်ကောင်က သစ်ကိုင်း မြင့်မြင့်တွင် နားရင်း မြေတစ်ပြင်လုံးကို သူ့အပိုင်နယ်ပမာ စူးစမ်းနေသည်ကို တအံ့တသြဖြစ်လျက် တွေ့ခဲ့ရသည်။ သူ၏ “မနက်စာ” အစာကို ရှာဖွေနေခြင်းဖြစ်မည်။ အားလုံးကို ခြုံငုံကြည့်နေသည့် သူ့အကြည့်က ရှင်ဘုရင်အကြည့်ပမာ ခန့်ငြားလွှမ်းမိုးနေသည်။

၆ ရာ ၁၆ တွင် မြင်သောသူ (ဘုရားသခင်၏ ပရောဖက်) ဟာနန်က အာသမင်းအား အစိုးပိုင်သူသည် သူ၏လုပ်ရပ်များကို စောင့်ကြည့်နေကြောင်း သတင်းပို့ သည်။ ယုဒရှင်ဘုရင် အာသမင်းအား “မင်းကြီးသည် မိမိဘုရားသခင်ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံ”သည် (း၇)။ “ထာဝရဘုရားသည် စုံလင်သော…

သင့်အတွက်လက်ဖြင့် ပြုလုပ်ထားသောလက်မှုပစ္စည်း

ကျွန်မအဘွားသည် အချုပ်အလုပ်တွင် အလွန်ပါရမီရှိပြီး သူ့မွေးရပ်မြေ တက္ကဆက် ပြည်နယ် ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့သည်။ ကျွန်မဘဝတစ်လျှောက် အဘွားသည် သူ့လက်မှုပညာဖြင့် ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သည်။ ကျွန်မ အထက်တန်းကျောင်းဆင်းပွဲ တွင် ဆိတ်မွေးဖြင့်ထိုးထားသော ဝိုင်နီရောင်ဆွယ်တာကို လက်ဆောင်အဖြစ်ပေးခဲ့ သည်။ စိမ်းပြာရောင်အိပ်ယာခင်းဖုံးကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့သည်။ ဤသီးသန့် လက်ဖြင့် ပြုလုပ်သောပစ္စည်း များ၏ထောင့်တွင် “သမီးအတွက် လက်မှုပစ္စည်း၊ မှ ဘွားဘွား”ဟူ၍ သူမ အမြဲရေးထိုးသည်။ ချည်ဖြင့် ထိုးထားသော စာလုံးများက အဘွား ကျွန်မအပေါ် ထားရှိသော မေတ္တာကို ခံစားရပြီး ကျွန်မ၏အနာဂတ်ဘဝအတွက် အားကြီးမားသော သူမ၏ယုံကြည်ခြင်းကိုလည်း လက်ခံရရှိခဲ့သည်။

ရှင်ပေါလုက ဧဖက်မြို့သူမြို့သားများအား သူတို့သည် “ယေရှုခရစ်၌ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြပြီး ထိုကောင်းသောအကျင့်တို့၌ ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ” ဟု (၂း၁၀) ဤကမ္ဘာတွင်…

ကြောင်းကျိုးဆက်စပ်မှု လွဲနေသောအခါ

လေယာဉ်ပေါ်တက်ရန် တန်းစီနေစဉ် တစ်ယောက်ယောက်က ပခုံးကို လာပုတ်သဖြင့် လှည့်ကြည့်ရာ ရင်းနှီးနှစ်လိုဖွယ် အပြုံးနှင့် ‘‘အယ်လီဇာ ငါ့ကိုမှတ်မိလား ... ဂျုန်းလေ’’ ဟုဆိုသည်။ ကျွန်မသိသည့် ဂျုန်းများကို အမြန်စဉ်းစားလိုက်သော်လည်း သူ့ကို မသိပါ။ အိမ်နီးချင်းဟောင်းလား၊ အလုပ်ဟောင်းက မိတ်ဆွေလား၊ အမလေး... မမှတ်မိပါ။

ကျွန်မအဖြစ်ကို သူရိပ်မိပြီး၊ ‘‘အယ်လီဇာ တို့တွေက အထက်တန်းကျောင်းတုံးက ခင်မင်သိကျွမ်းခဲ့တာလေ’’ ဟု ပြောပြသည်။ ထိုအခါမှ အမှတ်တရပုံရိပ်ထင်လာသည်။ သောကြာနေ့ညပိုင်း ဘောလုံးပွဲ၌ အော်ဟစ်အားပေးရသည့် ကျွန်မတို့၏အဖွဲ့ဝင်၊ သဲကွဲသွားပါပြီ၊ ဂျုန်းကို ကျွန်မမှတ်မိပါပြီ။

သခင်ယေရှု အသေခံပြီးနောက်၊ နံနက်စောစောတွင် မာရိသည် ဂူသင်္ချိုင်းသို့ သွားရောက်ခဲ့ရာ ဂူဝ၌ ပိတ်နေသည့် ကျောက်တုံးကြီး လိမ့်လှန်လျက် အလောင်းတော်သည်လည်း မရှိတော့ပါ (ယော ၂၀း၁-၂)။ ပေတရုနှင့် ယောဟန်ထံ ထိုသတင်းပို့ပြီး ဗလာဖြစ်နေသည့် သင်္ချိုင်းသို့ သူတို့…

အကန့်အသတ်မရှိသောရှုထောင့်များ

ဗီနိုင်းအဖုံးစွပ်ထားသောဖျာပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းလျက် စက်သံနှင့် ခလုတ်သံများမြည်သံကြားတွင် ညွှန်ကြားထားသည့်အတိုင်း အသက် အောင့်နေလိုက် သည်။ လူအတော်များများ MRI ကို ခံနိုင်ရည်ရှိခဲ့သည်ကို သိသော်လည်း အကြောက်လွန်သော ကျွန်မအတွက် ကျွန်မထက်ပိုကြီးသူတစ်ယောက်ယောက် အပေါ်သို့ စိတ်အာရုံပြောင်းရန် လိုအပ်ပါသည်။

စက်သံနှင့်အတူ ကျွန်မစိတ်ထဲသို့ “အနံအလျား အနက်အမြင့်တို့ကို သိခြင်းငှာလည်းကောင်း၊ ကိုယ်ဉာဏ်နှင့် မသိနိုင်သော ခရစ်တော်၏မေတ္တာတော်” ဟူသည့် ဧဖက် ၃း၁၈မှ ကျမ်းပိုဒ်က ဝင်ရောက်လာသည်။ ဧဖက်အသင်းတော်အတွက် တောင်းပေးသော ရှင်ပေါလု၏ ဆုတောင်းချက်တွင် ဘုရားရှင်၏ အဆုံးအစမရှိ အကန့်အသတ်မဲ့သောချစ်ခြင်းနှင့် မျက်မှောက်တော် အကြောင်းကို ရှုထောင့် ၄ မျိုးဖြင့် ဖော်ပြထားပါသည်။

MRI ရိုက်ရန် လဲလျောင်းနေသောပုံစံသည် ထိုမေတ္တာတော်ကို နောက်ပုံစံတစ်မျိုးဖြင့် သိနားလည်စေ သည်။ အကျယ် - စက်အတွင်း ခန္ဓာတစ်ဘက်တစ်ချက်တွင် အကျယ် ၆” သာရှိပြီး…