စာရေးသူ

အားလုံးမြင်နိုင်ရန်
Jennifer Benson Schuldt

ဂျဲနီဖါဘန်စန်ရှော့ထ်

ဂျဲနီဖါဘန်စန်ရှော့ထ် (Jennifer Benson Schuldt)သည် ၁၉၉၇ ခုနှစ်၌ စီဒါဗေးလ် တက္ကသိုလ် (Cedarville University) မှ ဘွဲ့ရခဲ့ပြီး နည်းပညာဆိုင်ရာ စာရေးဆရာအဖြစ် စတင်လုပ်ကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင်နှင့် စာပေများရေးသားခဲ့သည်။ ယခုလက်ရှိတွင် ဆရာမသည် Our Daily Bread အတွက် စာမူများရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်း ဘော့ (Bob)တို့သည် သားသမီး နှစ်ဦးတို့နှင့် အတူ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၏ ဆင်ခြေဖုံးဒေသ၌ နေထိုင်ကြပါသည်။ စာမရေးသည့်အချိန်တွင် ဆရာမသည် အိမ်၌သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ဆက်ကပ် လုပ်ဆောင်နေလျက်ရှိသည်။ သူမသည် ပန်းချီဆွဲခြင်း၊ ကဗျာစာအုပ် နှင့် ဝတ္ထုစာအုပ်များ ဖတ်ခြင်း၊ မိသားစုနှင့်အတူ အပန်းဖြေလမ်းလျှောက်ထွက်ခြင်းများကို နှစ်သက်သည်။ သူမ၏ အနှစ်သက်ဆုံး သမ္မာကျမ်းစာပိုဒ်များထဲမှ တစ်ပိုဒ်မှာ “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်း” (မိက္ခာအနာဂတ္တိကျမ်း ၆:၈) ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျဲနီဖါဘန်စန်ရှော့ထ်

ဘုရားသခင်၏အမြင်၌ အရည်အချင်း ပြည့်မီသည်

ကောလိပ်ကျောင်းအောင်ပြီးနောက် ကွန်ပြူတာကုတ်သင်္ကေတလည်း မရေးတတ်၊ စီးပွားရေးအသိ မဆိုစလောက်သာရှိသော ကျွန်မကို နည်းပညာဆိုင်ရာ အကြံပေး လုပ်ငန်းတစ်ခုမှ အလုပ်ခန့်ခဲ့သည်။ အလုပ်ဝင်ရန် တွေ့ဆုံမေးမြန်းချိန်၌ ထိုကုမ္ပဏီ သည် အလုပ်အတွေ့အကြုံရှိခြင်းကို အဓိကမထားကြောင်း သိလိုက်ရသည်။ စင်စစ် ပြဿနာကို ထိုးထွင်းဆန်းသစ်စွာ ဖြေရှင်းနိုင်မှု၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု၊ အဖွဲ့နှင့်အလုပ်လုပ်ကိုင်နိုင်မှု စသည့် ပုဂ္ဂိုလ်ရေး အရည်အသွေးရှိခြင်းက အလေးသာပါသည်။ ကုမ္ပဏီမှ ဝန်ထမ်းသစ်ခေါ်ယူပြီး ၎င်းတို့ လိုချင်သည့် ဝန်ထမ်း အဖြစ် ပုံစံဝင်လာသည်အထိ လိုအပ်သောကျွမ်းကျင် စွမ်းရည်ရှိလာအောင် လေ့ကျင့်သင်ကြားပေးလျှင် ရသည် ဟု ယူဆသည်။

နောဧ၌လည်း သင်္ဘောကြီးဆောက်လုပ်ရန် အရည်အချင်းရှိကို မရှိပါ။ သူသည် လှေလည်း မဆောက်တတ်၊ လက်သမားလည်း မဟုတ်ခဲ့ပါ။ သူသည် မြေကြီးကို ထွန်ယက်လျက် စိုက်ပျိုးလုပ်ကိုင်လျက် ဘဝကိုကျေနပ်နေသူဖြစ်သည်။ သို့သော် ထိုခေတ်ကာလ၏ဆိုးညစ်မှုကို ဖြေရှင်းရန် ဘုရားရှင် ဆုံးဖြတ်ချက်ချသည်တွင်…

ဖျက်ဆီး၍မရသော ချစ်မေတ္တာ

ကျွန်မတို့၏အိမ်နောက်ဘက်ရှိ ချောင်းလေးကို ပထမဆုံးတွေ့လိုက်ရချိန်က နွေရာသီ နေပူပူထဲ ကျောက်တုံးကျောက်ခဲလေးများပေါ် စီးဆင်းနေရုံရှိသည့် ရေစီးချောင်း မျှင်မျှင်လေးသာ ဖြစ်သည်။ သစ်တုံးကြီးများက တံတားသဖွယ်ရှိနေပြီး ကျွန်မတို့အလွယ်တကူ ဖြတ်သွားနိုင်သည်။ လများကြာပြီး ကျွန်မတို့ဒေသ၌ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ထိုအခါ ရေစီးချောင်းမျှင်မျှင်လေးမှာ ကြီးမားလာပြီး ၄ ပေနက်ကာ ၁၀ ပေ ကျယ်သည့် ရေစီးမြန်သည့်ချောင်းဖြစ်လာသည်။ ရေစီးကြောင့် သစ်တုံးကြီးများမှာ အတော်လှမ်းလှမ်းသို့ မျောပါရွှေ့သွားသည်။

စီးဆင်းနေသည့်ရေသည် သူ့လမ်းကြောင်း၌ ရှိနေသည့် အရာအားလုံးနီးပါးခန့်ကို လွှမ်းခြုံသွားနိုင်စွမ်း ရှိသည်။ သို့သော် ရေလွှမ်းမိုးခြင်း (သို့) အခြားအင်အားကြီးအရာများနှင့် ရင်ဆိုင်ရပြီး ဖျက်ဆီးပစ်မည့် အရိပ်အယောင် ရှိသော်လည်း ဖျက်ဆီး၍မရသော ချစ်မေတ္တာရှိပါသည်။ “ရေများတို့သည် မေတ္တာကို မသတ်နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်” (သီ ၈း၇)။ ချစ်မေတ္တာ၏ တည်မြဲသည့်ခွန်အားနှင့်ပြင်းပြမှုတို့ကို စိတ်ကူးယဉ်အချစ်ဇာတ်လမ်း များတွင် မကြာခဏတင်ဆက်ပြသကြသော်လည်း သားတော်ယေရှုခရစ်တော်အားဖြင့်…

လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်း

ဘရာဇီးနိုင်ငံမှ အိမ်ယာကုမ္ပဏီတစ်ခုတွင် မန်နေဂျာတစ်ယောက်သည် တာဝန်ရှိသူ အုပ်ချုပ်ရေးမှူးထံမှ နေ့စဉ်အစီရင်ခံစာ မှတ်တမ်းကို တောင်းကြည့်သည်။ ထိုမန်နေဂျာက နေ့စဉ် မည်သူ အခန်းသန့်ရှင်းရေးလုပ်သည်၊ မည်သည့်အခန်းကိုဖြင့် သန့်ရှင်းရေး မလုပ်ရသေးပါ။ ဝန်ထမ်းက အခန်းတစ်ခန်းကို သန့်ရှင်းရေးလုပ်လုပ်ချိန် အချိန်မည်မျှ ယူသနည်း စသည်ဖြင့် သိချင်သည်။ တစ်ပတ်ကြာပြီးနောက် ပထမဦးဆုံး နေ့စဉ်အစီရင်ခံစာ ရောက်ရှိလာသည်။ အစီရင်ခံစာကို တစ်ဝက်တစ်ပျက် ရေးဖြည့်ထားကြသည်။

အကြောင်းရင်းကို လေ့လာကြည့်ရာ သန့်ရှင်းရေး ဝန်ထမ်းအများစုမှာ စာမတတ်ကြောင်း တွေ့ရှိခဲ့သည်။ သူတို့ကို အလုပ်ထုတ်ပစ်၍ရသော်လည်း မထုတ်ဘဲ သူတို့ စာသင်ရန်အတွက် စီစဉ်ပေးခဲ့သည်။ ငါးလအတွင်းတွင် ဝန်ထမ်းအားလုံးသည် အခြေခံ အဆင့်ထိ ရေးဖတ်နိုင်ခဲ့ပြီး သူတို့အလုပ်ကို ဆက်လက် လုပ်ကိုင်ကြသည်။

ဘုရားသခင်သည် သူ့အတွက် ကျွန်ုပ်တို့ အလုပ်ဆက်လုပ်နိုင်အောင် ကျွန်ုပ်တို့၏ ရုန်းကန်ရမှုများကို အခွင့်အရေး အဖြစ် တစ်ခါတစ်ရံ အသုံးချကာ ပြုပြင်ပေးတတ်သည်။…

ငါးမန်း မကိုက်သည့်အချိန်

ကျွန်မ၏ကလေးများသည် စိတ်လှုပ်ရှားနေကြသော်လည်း ကျွန်မကတော့ ရတက် မအေးဖြစ်နေသည်။ အထူးပြုလုပ်ထားသောရေကန်ထဲရှိ ငါးမန်း၏ကျောကို ပွတ်သပ်၍ ရသော ငါးပြတိုက်သို့ ကျောင်းအားရက်အတွင်း သွားရောက်လည်ပတ်ခဲ့သည်။ သူများ လက်ချောင်းတွေကို တစ်ခါမျှမကိုက်ဘူးလားဟု ကျွန်မက စောင့်ရှောက်သူ တာဝန်ခံအားမေးကြည့်ရာ ထိုငါးမန်းတွေကို အခုလေးတင် ဝလင်စွာ အစာကျွေးထားသည်သာမက ပိုပိုသာသာပင် ကျွေးထား ကြောင်း စောင့်ရှောက်သူတာဝန်ခံက ပြန်ဖြေသည်။ သူတို့သည် မဆာသောကြောင့် လူတွေကိုလည်း မကိုက်ပါ။

ထိုကဲ့သို့ ငါးမန်း၏ကျောကိုပွတ်သပ်ခြင်းကို မြင်ရသောအခါ သုတ္တံကျမ်းတွင်ဖေါ်ပြသော “စား၍ဝသောသူသည် ပျားလပို့ကိုပင်ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သော သူမူကား ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏” (သု ၂၇း၇) ဟူသော သင်ခန်းစာကို နားလည်စေပါသည်။ ဆာငတ်ခြင်းတည်းဟူသော ခန္ဓာအတွင်း ဟာလာဟင်းလင်းဖြစ်ခြင်းသည် ကျွန်မတို့၏ ဆုံးဖြတ်ချက် ချမှတ်နိုင်သည့်စွမ်းရည်ကို ကျဆင်းစေသည်။ အခြားသူများအပေါ် ရန်လိုစိတ်ကို ဖြစ်စေနိုင်သော်လည်း ကိုယ့်ကိုကိုယ် ပြည့်ဝအောင် ဖြည့်တင်းပေးထား…

ကြင်နာသောဝေဖန်ခြင်း

ရေမြေတောတောင်သဘာဝဆေးခြယ်သည့် အတန်းချိန်တွင် အတွေ့အကြုံကြွယ်သည့် ကျွမ်းကျင်သူပန်းချီဆရာကြီးသည် ကျွန်မ၏ပထမဆုံးလက်ရာကို အကဲဖြတ်ခဲ့သည်။ သူသည် ကျွန်မ၏ပန်းချီကားရှေ့တွင် သူ၏မေးကို ကိုင်လျက် ငြိမ်သက်စွာရပ်နေသည်။ သူပြောတော့မည်၊ လက်ရာမကောင်းဟု သူပြောတော့မည်ဟု ကျွန်မထင်ခဲ့သည်။

သို့သော် သူ မပြောခဲ့ပါ။

အရောင်စပ်ထားသည့် အနေအထားနှင့် ထင်ရှား ပေါ်လွင်သည့် ခံစားချက်ကို သူသဘောကျကြောင်း ပြောသည်။ သည့်နောက် အဝေးမှသစ်ပင်များကို ပို၍ တောက်ပစွာ ခြယ်မှုန်းနိုင်ကြောင်း၊ ခြုံပင်များသည် ပို၍နူးညံ့ ပျော့ပြောင်းသောအရွက်များချွန်များရှိရန် လိုအပ်သည်။ အမြင်ရှုထောင့်နှင့် အရောင်အသွေးဆိုင်ရာ စည်းမျဉ်းအပေါ် အခြေခံ၍၊ ကျွန်မ၏ လက်ရာကို သူဝေဖန်ခွင့်ရှိသည်။ သို့သော် သူ၏ဝေဖန်မှုသည် မှန်ကန်ပြီး၊ ကြင်နာမှုရှိသည်။

လူတို့၏အပြစ်အတွက် ၎င်းတို့ကို ပြစ်တင်ရန် အရည်အချင်းပြည့်ဝသော ယေရှုသည် ရှေးဟောင်းရေတွင်းတစ်ခု၌ တွေ့ဆုံခဲ့သော ရှမာရိအမျိုးသမီးကို အပြစ်တင်ရန် ပညတ်တော် ၁၀ ပါးကို အသုံးမပြုခဲ့ပါ။ လက်တစ်ဆုပ်ခန့် အချက်အလက်များဖြင့်…

သူဘယ်သူလဲ

လူတစ်ဦးသည် သူ့နေအိမ်အပြင်ဘက်တွင် လုံခြုံရေးကင်မရာတပ်ဆင်ပြီး ပုံထွက် ကောင်းမကောင်း၊ ကင်မရာ အလုပ်လုပ်မလုပ် သေချာအောင် ပြန်လည် စစ်ဆေးနေသည်။ ထိုသို့စစ်ဆေးနေစဉ် ပခုံးကျယ်ကျယ်၊ အနက်ရောင်ဝတ်ဆင်ထားသူတစ်ဦး နောက်ဖေး ခြံဝင်းထဲတွင် ဟိုဟိုဒီဒီသွားနေသည်ကို သူတွေ့နေသည်။ ထိုကျူးကျော်ဝင်ရောက်သူကို သူရင်းရင်းနှီးနှီး တွေ့ဘူးနေသည်။ နောက်ဆုံးတွင် ထိုသူသည် သူကိုယ်တိုင်ပင် ဖြစ်နေကြောင်း သတိထားမိတော့သည်။

ကျွန်မတို့သည် မိမိကိုယ်ခန္ဓာမှ အပြင်ဘက်သို့ ထွက်ပြီး ကိုယ်ကိုယ်ကိုယ် အခြေအနေအမှန်ကို လေ့လာ သုံးသပ်သည့်အခါ မည်သည့်အရာကို တွေ့မည်နည်း။ ဒါဝိဒ်မင်းကြီးသည် ဗာသရှေဘနှင့်ပတ်သက်၍ နှလုံးသား ခိုင်မာလျက်ရှိစဉ်တွင် သူ၏ပြင်ပမှ သူ့အပေါ် မည်သို့ မြင်သည်ကို သိရှိစေရန် ဘုရားသခင်က ပရောဖက်နာသန်ကို စေလွှတ်၍ သူ့အားကယ်တင်ခဲ့သည် (၂ ရာ ၁၂)။

နာသန်က ဒါဝိဒ်မင်းကြီးအား ဆင်းရဲသားတစ်ဦး၏တစ်ကောင်တည်းသောသိုးအား လုယူသည့် သူဌေးတစ်ဦး အကြောင်းကို ပြောပြသည်။ တိရိစ္ဆာန်အကောင်ရေ များစွာ…

ရှေ့ဆက်သွားပါ

အဖွဲ့အစည်းဖြင့် ပူးပေါင်းလှုပ်ရှားရသည့်လောကသည် ကျွန်မကို စွမ်းရည်မြင့်မားပြီး မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်တတ်သူများနှင့် အပြန်အလှန်ဆက်ဆံနိုင်ခွင့် ပေးခဲ့သည်။ သို့သော် ကြီးကြပ်သူတစ်ဦးက အဝေးမှဦးစီးသည့်စီမံကိန်းကတော့ ချွင်းချက်ဖြစ်သည်။
အဖွဲ့၏တိုးတက်မှုကို အသိအမှတ်မပြုသော ဤမန်နေဂျာက ကျွန်မတို့၏ လုပ်ဆောင် ချက်ကို ပြင်းထန်စွာ ဝေဖန်ပြီး ဖုန်းဆက်တိုင်း ပို၍အားစိုက် ထုတ်ရန် တောင်းဆို၏။ ဤသို့ ဒေါသနှင့်ဆူပူခြင်းကြောင့် ကျွန်မ စိတ်ဓာတ်ကျ၊ ပူပန်ခဲ့ရသည်။ အလုပ်ထွက်လိုသည့်အချိန်များရှိခဲ့သည်။

အဲဂုတ္တု၌ အမှောင်ကျရောက်စေသည့်အချိန်၌ ဖာရောမင်းနှင့် ရင်ဆိုင်ရသည့် မောရှေသည်လည်း လက်လျှော့ ထွက်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဲဂုတ္တု၌ ဘုရားသခင်သည် ကပ်ဘေးရှစ်မျိုးကို ကျရောက် စေခဲ့ပြီး ဖာရောဘုရင်သည်လည်း နောက်ဆုံးတွင် ပေါက်ကွဲတော့သည်။ “(မောရှေ) ငါ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေမည်”ဟု မိန့်ကြားသည် (ထွ ၁၀း၂၈)။

ခြိမ်းခြောက်မှုများရှိသော်လည်း အဆုံးတွင် ဣသရေလလူတို့ကို…

နာကျင်ဝေဒနာများမှ ကင်းဝေစေခြင်း

ဆောင်းရာသီ၏နေ့တစ်နေ့တွင် ကလေးများက နှင်းလျောစီးလို၍ ခွင့်လာတောင်းသည်။ အပူချိန်က သုညဒီဂရီ ဖာရင်ဟိုက်နား ကျဆင်းနေပြီး နှင်းအမှုန်အလွှာလေးများက ပြတင်းပေါက်တွင် ကျရောက်တွယ်ကပ်နေသည်။ ကျွန်မ ခေတ္တမျှ စဉ်းစားပြီးမှ သွားခွင့်ပြု လိုက်သည်။ သို့သော် အနွေးထည်သေချာဝတ်ဆင်ရန်၊ အတူတကွရှိနေရန်နှင့် ၁၅ မိနစ် ပြည့်လျှင် အိမ်ထဲပြန်ဝင်ရန် မှာလိုက်သည်။

မေတ္တာနှင့် ထိုစည်းကမ်းများကို ချမှတ်ပေးခြင်းဖြင့် သူတို့အား အအေးမိ အသားပတ်သည့်ဝေဒနာ မခံစားရဘဲ ပျော်ရွှင်လွတ်လပ်စွာ ဆော့ကစားနိုင်လိမ့်မည်။ ဆာလံ ၁၁၉ ကို ရေးသားခဲ့သည့် ဆာလံဆရာသည်လည်း ဆန့်ကျင်နေပုံ ပေါ်သည့် ကျမ်း ၂ ပိုဒ်ကို ရေးသားခဲ့စဉ်က ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းကို သူ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်မည်ဟု ကျွန်မတွေးမိသည်။ ‘‘ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်’’ (း၄၄)။ ‘‘ပေးတော်မူသော သြဝါဒစာများကို အကျွန်ုပ် ရှာဖွေ
မေးမြန်းသည်ဖြစ်၍…

အစဉ်မပြတ်မစကူညီသူ

ကျောရိုး၌ ထိခိုက်ဒဏ်ရာရပြီးနောက် မာတီတစ်ယောက် အောက်ပိုင်းသေပြီး လမ်းမလျှောက်နိုင်တော့သောအခါ သူသည် ကျောင်းပြန်တက်ပြီး စီးပွား/စီမံမဟာဝိဇ္ဖာဘွဲ့ ကို ရယူရန်ဆုံးဖြတ်ခဲ့သည်။ မာတီ့အမေ ဂျူးဒီက သူ့ပန်းတိုင်ကို အကောင်အထည်
ဖော်နိုင်အောင် ကူညီမစခဲ့သည်။ သင်ခန်းစာအချိန်နှင့် စာဖတ်ချိန်များတွင် အမေ သူနှင့် အတူ ထိုင်ပေးပြီး မှတ်စုတိုများ မှတ်ပေးသည်။ ကွန်ပြူတာမှအစ နည်းပညာသုံး ပစ္စည်းများကို ကိုင်တွယ်အသုံးပြုပေးသည်။ ဒီပလိုမာဘွဲ့ယူရန် စင်မြင့်ပေါ်တက်ရောက်ချိန်၌လည်း အမေက အနီးမှ ထောက်မရပြန်သည်။ ဆီလျော်ပြီး လက်တွေ့ကျသည့် ကူညီမစမှုမျိုးကို မာတီ ရရှိခဲ့သဖြင့် မဖြစ်နိုင်ဟု ထင်ရသည့်အမှုက အကောင်အထည် ပေါ်လာ သည်။ ဖြစ်လာသည်၊

လောကကြီးမှ သူထွက်ခွာသွားလျှင် သူ့နောက်တော်လိုက် တပည့်တော်များ သည် ထိုကဲ့သို့ ကူညီမစမှုမျိုး လိုအပ်မည်ဟု သခင်ယေရှုသိသည်။ ခွဲခွာရမည့်အချိန် ရောက်တော့မည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဘုရားသခင်နှင့် အသစ်သောဆက်သွယ်မှုဖြင့်…

ဉာဏ်ပညာ၏အချုပ်အခြာ

တစ်ခါက အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ခွေးခိုးမှုဖြင့် တရားစွဲခဲ့ဖူးသည်။ အမျိုးသမီးက ခွေးသည်သူ၏ခွေးသာဖြစ်ကြောင်း၊ ခွေးကို သူမည်သည့်နေရာမှာ ဝယ်ခဲ့ကြောင်း တရားသူကြီးကို ပြောလျက် ချေပသည်။ သို့သော်လည်း ခွေးကို လွှတ်ပေးလိုက်သည့်အခါတွင် ပိုင်ရှင်အစစ်အမှန်ပေါ်သွားသည်။ ခွေးလေးသည် အမြီးဝှေ့ယမ်းပြီး သခင်ဖြစ်သူအမျိုးသားထံသို့ ချက်ခြင်း ပြေးသွားတော့သည်။

ဣသရေလရှင်ဘုရင်ဖြစ်သည့် ရှောလမုန်မင်းကြီး သည်လည်း အလားတူပြဿနာမျိုးကို ဖြေရှင်းပေးခဲ့ဖူးသည်။ အမျိုးသမီးနှစ်ယောက် ကလေးငယ်တစ်ဦးကို လုနေသဖြင့် မည်သူက မိခင်အစစ်ဖြစ်သည်ကို စီရင်ပေးရသည့်အမှု ဖြစ်သည်။ မိခင်နှစ်ဦး၏အချေအတင် ငြင်းခုန်ပြောဆိုမှုအပြီး ရှောလမုန်မင်းကြီးက ကလေးငယ်ကို ဓားဖြင့် အလယ်မှ ထက်ဝက်ခြမ်းရန် အမိန့်ပေးလိုက်သည်။ ထိုအခါ မိခင်အရင်း ဖြစ်သူက သားငယ်၏အသက်ကို ကာကွယ်ရန် သူငယ်ကို ဓားနှင့်မပိုင်းရန် မင်းကြီးကို တောင်းပန်ခဲ့သည် (၃ ရာ ၃း၂၆)။ ထိုအခါ ရှောလမုန်မင်းကြီးက သူမလက်ထဲသို့ သားငယ်ကို ပေးအပ်လိုက်တော့သည်။

တရားမျှတမှုနှင့်…