ကျွန်ုပ်တို့ သက်သောင့်သက်သာဖြစ်ဖို့မဟုတ်
ကားတစ်စီးမှာ လမ်းချော်ကာ သူ့လမ်းကြောထဲဝင်လာပြီး ဒန် စီးနေသောမော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့မှုကြောင့် စိတ်ဒဏ်ရာ ကုသဆောင်တွင် ၂ ပတ် ကြာမျှ သတိမေ့နေပြီးမှ သူနိုးလာခဲ့သည်။ အဆိုးဆုံးဒဏ်ရာမှာ ကျောရိုးထိခိုက်ခဲ့ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းသေသွားသည်။ ဒန်သည် ခံစားရသောဝေဒနာပျောက် ကင်းရန် ဆုတောင်းသော်လည်း အနာမပျောက်ခဲ့ပါ။ “ဒီဘဝမှာ အသက်ရှင်ရတဲ့ရည်ရွယ်ချက်က ခရစ်တော်ရဲ့သဏ္ဌာန်တော်နဲ့အညီ ပြောင်းလဲဖို့ဖြစ်တယ်။ အဲလိုပြောင်းလဲဖို့ဆိုတာ အစစအရာရာ အဆင်ပြေနေတယ်ဆိုရင် မဖြစ်နိုင်ဘူး။ ဘဝက ကြမ်းတမ်းခက်ခဲနေမှ၊ အသက်ရှင်ရတဲ့နေ့ရက်တွေကို ကျော်ဖြတ်နိုင်ဖို့ ဘုရားရှင်ကို ဆုတောင်းခြင်းဖြင့် အားကိုးမှီခိုမှ ပြောင်းလဲနိုင်တယ်”ဟု ဘုရားရှင်သည် သူ့အား မေတ္တာကရုဏာဖြင့် သွန်သင်ခြင်းဖြစ်သည်ဟု သူယုံကြည်ကြောင်း ပြောပြသည်။
ရှင်ပေါလုက “သည်းခံခြင်းနှင့် ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်း” (ရော ၅:၃-၄) ဟူသည့် ထာဝရဘုရား၌ မှန်ကန်စွာတည်နေခြင်း၏ ကောင်းကျိုးနှစ်ခုကို ရှင်းပြထားသည်။ ဤအချက်နှစ်ချက်သည် ဆင်းရဲဒုက္ခကို မညည်းတွားဘဲ သည်းခံရန်၊ နာကျင်ဝေဒနာခံရသည့်အမှု၌ ပျော်မွေ့ရန်…
ရန်ငြိုးကို ဆုပ်ကိုင်မထားပါ
၂၀၁၁ ခုနှစ် အရောင်းမြှင့်တင်ရေးကာလအတွင်း အသက် ၇၂ နှစ်အရွယ် ကနေဒါဘောလုံးအသင်းမှ အားကစားသမားဟောင်းနှစ်ဦးသည် စင်ပေါ်တွင် လက်သီးချင်း ယှဥ်ထိုးကြသည်။ ၁၉၆၃ ခုနှစ် ချန်ပီယံလုပွဲတွင် အငြင်းပွားစရာ ကစားပွဲတစ်ခုကြောင့် သူတို့နှစ်ဦး၌ “အငြိုးအတေး” (မနာလို မုန်းတီးမှုနှင့် ရန်ငြိုးရန်စများ) ရှိနေကြသည်။ တစ်ဦးက အခြားတစ်ဦးကို စင်ပေါ်မှတွန်းချလိုက်သောအခါ ပရိသတ်ကြီးက အော်ဟစ်၍ “ထားလိုက်ပါတော့”။ “ရန်ငြိုးရန်စကိုအဆုံးသတ်လိုက်ပါတော့”ဟု သူ့အား ပြောကြသည်။
လူတို့၏“အငြိုးအတေးထားခြင်း”နှင့် ပတ်သက်သည့် ပုံသက်သေများစွာကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ ဘုရားသခင်သည် သူ့ထက် အာဗေလ၏ပူဇော်သက္ကာကို လက်ခံခြင်းကြောင့် ကာဣနသည် သူ့ညီအပေါ် အငြိုးထားခဲ့သည် (က ၄:၄-၅)။ အငြိုးအတေး အဘယ်မျှကြီးသည်ဆိုလျှင် အဆုံး၌ ကာဣနသည် ညီအရင်းကိုသတ်သည်အထိ ဖြစ်ခဲ့သည် (:၈)။ ယာကုပ် သည် သားဦး၏အရိုက်အရာကို ခိုးယူသဖြင့် ဧသောသည် သူ့ညီအပေါ် အငြိုး…
နိုးကြားပါ
ဂျာမန်ဘဏ်ဝန်ထမ်းတစ်ဦးသည် ငွေအပ်နှံသူတစ်ဦး၏ဘဏ်စာရင်းမှ ယူရို ၆၂.၄၀ ကို လွှဲပြောင်းပေးစဥ် သူ၏စားပွဲခုံ၌ မရည်ရွယ်ဘဲ တစ်မှေးအိပ်ပျော်သွားချိန်၌ သူ့လက်မှ နံပါတ် “၂” ခလုတ်ကို နှိပ်မိပြီး အခြားသူ၏အကောင့်ထဲသို့ ယူရို ၂၂၂ သန်း (ဒေါ်လာသန်း ၃၀၀) လွှဲပြောင်းပေးခဲ့သည်။ မှားယွင်းမှုတွင် ငွေလွှဲပြောင်းမှုကိုသက်သေခံသူ ထိုဝန်ထမ်း၏ လုပ်ဖော်ကိုင်ဖက်အားလည်း အလုပ်မှထုတ်ပယ်အရေးယူခဲ့သည်။ အမှားကိုသိရှိပြီး ပြင်ဆင်နိုင်ခဲ့သော်လည်း အိပ်ငိုက်နေသောဝန်ထမ်းသည် ဘဏ်အတွက် အိမ်မက်ဆိုးပမာ ဖြစ်စေခဲ့သည်။
သခင်ယေရှုက တပည့်တော်များအား သတိမရှိပဲနေလျှင် သူတို့လည်းကြီးမားစွာပေးဆပ်ရသည့် အမှားကို ပြုမိလိမ့်မည်ဟု သတိပေးခဲ့သည်။ သခင်က ဆုတောင်းလျက် အချိန်ယူရန် သူတို့ကို ဂေသရှေမန်အရပ်သို့ ခေါ်သွားခဲ့သည်။ ထိုအရပ်တွင် ဆုတောင်းနေစဥ် သူ၏လောကအသက်တာ၌ သူမတွေ့ကြုံဖူးသည့် ဝမ်းနည်းမှုကို သခင်ယေရှု တွေ့ကြုံခံစားခဲ့ရသည်။ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကို ဆုတောင်းရန်နှင့် မအိပ်ဘဲ ‘နိုးကြားစွာစောင့်နေရန်’ (မ ၂၆:၃၈) သခင်မိန့်ကြားခဲ့သော်လည်း…
ဘုရားသခင်၏သံလိုက်အိမ်မြှောင်
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားကမ်းရိုးတန်းနှင့် မိုင် ၃၀၀ နီးပါး ဝေးသည့်နေရာ၌ ရေမျက်နှာပြင်ထက်သို့ ဂျာမန်ရေငုပ်သင်္ဘော ပေါ်လာပြီး ‘SS Alcoa Guide’ စစ်သင်္ဘောကို ပစ်ခတ်တိုက်ခိုက်ချိန်၌ Waldemar Semenov (ဝါးဒလ်မါး စီမျောနို) သည် အငယ်တန်းအင်ဂျင်နီယာအဖြစ် ထိုစစ်သင်္ဘော၌ တာဝန်ထမ်းဆောင်နေခဲ့သည်။ သင်္ဘောကို ကျည်ထိမှန်ပြီး မီးစွဲလောင်ကာ စတင်နစ်မြုပ်တော့သည်။ စီမျောနိုနှင့် သင်္ဘောသားများက အသက်ကယ်လှေကို ရေချပြီး သင်္ဘောသွားရာ လမ်းကြောင်းပေါ်သို့ရောက်အောင် သင်္ဘော၏ သံလိုက်အိမ်မြှောင်ကိုသုံးကာ လှော်ခတ်သွားသည်။ သုံးရက်ကြာပြီးနောက် ကင်းလှည့်လေယာဉ်က သူတို့၏အသက်ကယ်လှေကိုမြင်ပြီး နောက်နေ့တွင် ‘USS Broome’ သင်္ဘောက သူတို့ကို ကယ်ဆယ်ခဲ့သည်။ စီမျောနိုနှင့် သင်္ဘောသား ၂၆ ဦးတို့ကို ကယ်နိုင်ခဲ့ခြင်းမှာ သံလိုက်အိမ်မြှောင်၏ကျေးဇူးပင်တည်း။
နှုတ်ကပတ်တော်တည်းဟူသော ဘဝသံလိုက်အိမ်မြှောင်ကို ဘုရားသခင်၏ လူများ၌ တပ်ဆင်ထားပြီးဖြစ်ကြောင်း ဆာလံဆရာက သတိပေးပြီး၊ ဘုရားသခင့်နောက် လိုက်လျှောက်သူအတွက်…
စုံလင်သောနာမည်
ပူနွေးစွတ်စိုသော သြဂုတ်လ ၁ ရက်တွင် ကျွန်တော့်ဇနီးသည် ကျွန်တော်တို့၏ ဒုတိယသားကို မွေးဖွားခဲ့သည်။ သားအတွက် နာမည်ရွေးပြီးအတည်ပြုရန် လုပ်နေရင်း သားလေးမှာ ခေါ်စရာနာမည် မရှိဖြစ်နေခဲ့သည်။ ရေခဲမုန့်ဆိုင်ထဲတွင် နာရီပေါင်းများစွာထိုင်၊ ကားအကြာကြီးပတ်မောင်းပြီး စဥ်းစားသော်လည်း မည်သို့နာမည်မှည့်ခေါ်ရမည်ကို မဆုံးဖြတ်နိုင်ခဲ့ပါ။ နောက်ဆုံး Micah (မိက္ခာ)ဟု နာမည်မမှည့်ခင် သုံးရက်လောက်အထိ “Baby Williams”ဟုသာ ရိုးရိုးပင်ခေါ်ဆိုခဲ့သည်။
သင့်လျော်သောနာမည်ရွေးချယ်ခြင်းသည် အနည်းငယ် စိတ်ရှုပ်စရာကောင်း နိုင်သည်။ သင်သာ အရာရာကို ထာဝရပြောင်းလဲစေမည့် သူတစ်ယောက်အတွက် ပြီးပြည့်စုံသည့် နာမည်ပေးခဲ့သူ ဘုရားသခင် ဖြစ်ခဲ့လျှင်တော့ စိတ်မရှုပ်ရတော့ပါ။ ရေဇိန်မင်းအား သူ့ယုံကြည်ခြင်းကိုခိုင်ခံ့စေရန်အတွက် “ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို” (ဟေရှာ ၇:၁၀-၁၁) တောင်းရန် ပရောဖက်ဟေရှာယအားဖြင့် ဘုရားရှင်မိန့်ကြားသည်။ ရေဇိန်မင်းကြီးသည် နိမိတ်လက္ခဏာတောင်းရန် ငြင်းဆန်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား နိမိတ်တစ်ခုပေးခဲ့သည်။ “သတို့သမီးကညာသည် ပဋိသန္ဓေယူ သားယောက်ျားကို ဘွားမြင်လတံ့။…
လှစ်ဟာနေသူကို ကိုယ်တော်ဖြည့်ဆည်းပေးသည်
မိမိကိုယ်ကိုနာကျင်စေတတ်သူများ ဝတ်လေ့ရှိသည့် တီရှပ်အင်္ကျီလက်ရှည်ကို လက်ပေါ်တစ်ဝက်တစ်ပျက် ခေါက်တင်ထားသည့် ၁၅ နှစ်အရွယ်မိန်းကလေး၏ "ခြစ်ရာဖုံးထားပုံ"ကို စိတ်ပညာရှင် Madeline Levine (မယ်ဒလင်းလာဗင်) သတိပြုမိခဲ့သည်။ အင်္ကျီလက်ကို သူဆွဲတင်လိုက်သောအခါ လက်ဖျံပေါ်တွင် "အနတ္တ"ဟူသောစာလုံးကို ဘလိတ်ဓားနှင့်ထွင်းထားသည်ကို တွေ့လိုက်ရ၍ Levine မှင်သက်သွားပြီး ဝမ်းနည်းသွားသော်လည်း ထိုဆယ်ကျော်သက်လေးသည် သူအလွန်အမင်း အလေးအနက် လိုအပ်နေသည့်အကူအညီကို ရယူရန် ပွင့်ပွင့်လင်းလင်းရှိသည့်အတွက် ကျေးဇူးတင်မိသည်။
ဆယ်ကျော်သက်မိန်းကလေးသည် နှလုံးသား၌ "အနတ္တ" ဟု ရေးထွင်းထား သူများကို တစ်နည်းနည်းဖြင့် ကိုယ်စားပြုနေသည်။ လစ်ဟာနေမှုများကို ဖြည့်ဆည်းပေးရန်နှင့် "ပြည့်စုံသော"အသက်ကို ပေးခြင်းငှာ ရှင်ယေရှု ကြွဆင်းလာကြောင်း ရှင်ယောဟန်က ရေးသားခဲ့သည် (ယော ၁၀:၁၀)။ လူသားတိုင်း၏စိတ်၌ ပြည့်စုံသောအသက်ကို ရရှိလိုသောဆန္ဒအား ဘုရားသခင်ပေးထားပြီး သူနှင့်နှစ်သက်ဖွယ်ဆက်ဆံရေးကို လူတို့တွေ့ကြုံခံစားရရန် ကိုယ်တော်အလိုရှိသည်။ သို့သော် ကိုယ်တော်က "သူခိုး"သည် လူ့အသက်ကို ရန်ရှာဖျက်ဆီးရန် လူများ၊…
အနတ္တအမှုတွင် ဝမ်းမြောက်ခြင်းကို ရှာတွေ့ခြင်း
I like Boring Things (ငြီးငွေ့ဖွယ်အရာကို ကြိုက်သည်) ဟူသည့် ဘလော့ဂ်ကို ဖန်တီးသူ James Ward (ဂျိမ်းစ်ဝါ့ဒ်)သည် ၂၀၁၀ ခုနှစ်က "ငြီးငွေ့ဖွယ်ကွန်ဖရင့်" အစီအစဥ်တစ်ခုကို ကျင်းပခဲ့သည်။ ၎င်းသည် စိတ်ဝင်စားဖွယ်မကောင်းသော၊ သာမန်အရာ၊ သတိမပြုမိသောအရာများကို တစ်ရက်တာဖော်ပြခြင်းဖြစ်သည်။ ယခင်က ဟောပြောသူများက နှာချေသံ၊ စက်သံနှင့် ၁၉၉၉ ခုနှစ်ထုတ် ကွန်ပြူတာသုံး မင်ပုံနှိပ်စက်သံ စသည့်အဓိပ္ပာယ်မရှိသည့်ပုံပေါ်သည့် အကြောင်းအရာများကို ဟောပြောကြသည်။ ခေါင်းစဥ်ကြည့်လိုက်သည်နှင့် ငြီးငွေ့စရာဖြစ်မှန်း ဝါ့ဒ် သိသော်လည်း ဟောပြောသူများက စိတ်ဝင်စားစရာမကောင်းသည့် ခေါင်းစဥ်ကို စိတ်ဝင်စားဖွယ် အဓိပ္ပာယ်ရှိရှိနှင့် ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟောပြောနိုင်ကြသည်။
ရှေးနှစ်ထောင်ပေါင်းများစွာက ပညာအရှိဆုံးဘုရင် ရှောလမုန်မင်းသည် အဓိပ္ပာယ်မဲ့၍အနတ္တဖြစ်သောအရာများနောက်လိုက်ပြီး ဝမ်းမြောက်မှုကိုရှာခဲ့သည်။ အလုပ်အကိုင်၌၊ တိရိစ္ဆာန်၊ စည်းစိမ်နှင့် သီချင်းသည်များ စုဆောင်းပိုင်ဆိုင်ခြင်း၌၊ အဆောက်အဦများ တည်ဆောက်ခြင်း၌ ရှာဖွေသည် (ဒေ ၂:၄-၉)။ အမှုအချို့က…
ဘဝအတွက် အခြေခံလမ်းညွှန်
ကျွန်တော့်အမေရုတ်တရက်ကွယ်လွန်သွားပြီးနောက်တွင် အင်တာနက် ဘလော့ စရေးရန် ကျွန်တော်စိတ်အားထက်သန်ခဲ့သည်။ ကမ္ဘာပေါ်တွင် အသက်ရှင်နေရသည့် မိနစ်များကို ထူးခြားသော ဘဝအခိုက်အတန့်ဖြစ်စေရန် လူတို့ကို နိုးဆော်သောစာများကို ကျွန်တော်ရေးချင်သည်။ ထို့ကြောင့် ဘလော့ရေးနည်း အခြေခံလမ်းညွှန်ကို လေ့လာခဲ့သည်။ မည်သည့်နည်းလမ်းများ သုံးရမည်၊ မည်သို့ ခေါင်းစဥ်ရွေးချယ်ရမည်၊ စိတ်ဝင်စားဖွယ်စာများ မည်သို့ရေးရမည်ကိုလေ့လာခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် ကျွန်တော်၏ပထမဆုံးဘလော့ စတင်မွေးဖွားခဲ့သည်။
ရှင်ပေါလုသည် ထာဝရအသက်ကို မည်သို့လက်ခံရရှိနိုင်ကြောင်း "အခြေခံ လမ်းညွှန်"ကို ရေးသားခဲ့သည်။ ရောမသြဝါဒစာ ၆:၁၆-၁၈ တွင် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သူ (အပြစ်သားများ)အဖြစ် မွေးဖွားခဲ့ခြင်းနှင့် သခင်ယေရှု ကျွန်ုပ်တို့ကို အပြစ်မှရွေးနုတ်ကယ်တင်သည့် သမ္မာတရားကို နှိုင်းယှဥ်ဖော်ပြ သည် (:၁၈)။ ထို့နောက် အပြစ်၏ကျေးကျွန်နှင့် ဘုရားသခင်နှင့် သခင်၏အသက်ရှင်ခြင်းတရား၏ကျွန်ဖြစ်ရခြင်း၏ ကွဲပြားမှုကို ဖော်ပြသည် (:၁၉-၂၀)။ "အပြစ်တရား၏အခကား သေခြင်း"၊ "ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား…
မေတ္တာဖြင့်ပြုသောကြီးသောအမှု
အမေရိကန်နိုင်ငံ၊ Oregon (အော်ရီဂွန်)ပြည်နယ်၏ Malheur (မဲလ်ဟာ) အမျိုးသားသစ်တောတွင် ပျားရည်မှိုဟု လူသိများသော မှိုတစ်မျိုးသည် ဧက ၂၂၀၀ တစ်လျှောက်ရှိ သစ်ပင်အမြစ်တွင် ပျံ့နှံ့စွဲကပ်နေပြီး တွေ့ရှိနိုင်သမျှသက်ရှိများတွင် အများဆုံးဖြစ်သည်။ သစ်တောထဲ၌ "၎င်း၏ အနက်ရောင်ဖိနပ်ကြိုးကဲ့သို့သော အမျှင်"ဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်တိုင် ယက်လုပ်နေပြီး အခြားသစ်ပင်များကို သေစေပါသည်။ ထိုဖိနပ်ကြိုးကဲ့သို့သောအမျှင်ကို "Rhizomorphs" (ရိုင်ဇိုမော့ဖ်)ဟုခေါ်ပြီး မြေကြီးအတွင်း အနက် ၁၀ ပေအထိ နက်ရှိုင်းစွာ ဥမင်လိုဏ်ခေါင်းသဖွယ် ရှိနေသည်။ ထိုသက်ရှိသည် မယုံနိုင်လောက်အောင် များပြားသော်ငြား၊ ၎င်းသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော မျိုးမှုန်ဆဲလ်တစ်ခုမှသာ စဖြစ်ခဲ့သည်။
သမ္မာကျမ်းစာတွင် အကြီးအကျယ် ပြစ်တင်ရှုတ်ချခံရသော မနာခံခြင်းနှင့် အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့သော နာခံခြင်းအကြောင်းကို ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလုက အာဒံနှင့် သခင်ယေရှုတို့၏ မတူညီမှုကို နှိုင်းယှဥ်ဖော်ပြသည် (ရော ၅:၁၄-၁၅)။ အာဒံ၏အပြစ်သည်…
မျှော်လင့်လျက်စောင့်စားစဉ်
ဟာချီ ခွေးဇာတ်လမ်း ရုပ်ရှင်တွင် ကောလိပ်ကျောင်းမှပါမောက္ခ ဆရာကြီးတစ်ဦးသည် ဟာချီအမည်ရှိ စွန့်ပစ်ခံရသည့်ခွေးလေးတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ခွေးလေးသည် နေ့စဉ်ဘူတာရုံ၌ အလုပ်မှပြန်လာသည့်ဆရာကြီးကို စောင့်ကြိုခြင်းဖြင့် ၎င်း၏သစ္စာရှိမှုကို ပြခဲ့သည်။ တစ်နေ့တွင် ဆရာကြီးသည် လေဖြတ်ပြီးကွယ်လွန်သွားသဖြင့် ပြန်ရောက်မလာနိုင်တော့ပါ။ ဟာချီသည် သူချစ်သောသခင်အား နေ့စဉ် နောက် ၁၀ နှစ်တိုင် ဘူတာရုံ၌ စောင့်နေခဲ့သည်။
ရှင်လုကာကလည်း သူ့သခင်ကို စောင့်စားသည့် ရှုမောင်အမည်ရှိ လူတစ်ဦးအကြောင်းကိုလည်း ရေးသားခဲ့သည်(လု ၂:၂၅)။ သူသည် မေရှိယကို မမြင်မီ မသေရဟု(:၂၆) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကိုရခဲ့သည်။ သို့နှင့် လူအမျိုးမျိုးတို့အတွက် ကယ်တင်ခြင်းကို ပြင်ဆင်ပေးသနားမည့်သူကို (:၃၀) ရှုမောင်စောင့်စားခဲ့သည်။ သူငယ်တော်ယေရှုနှင့်အတူ မာရိနှင့်ယောသပ်တို့ ဗိမာန်တော်သို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ထိုသူပင်ဖြစ်သည်ဟု ရှုမောင်အား ဖော်ပြခဲ့သည်။ စောင့်စားရသောအချိန် ပြီးဆုံးပြီ။ ရှုမောင်သည် လူသားတိုင်းအတွက် မျှော်လင့်ခြင်း၊ ကယ်တင်ခြင်း၊ နှစ်သိမ့်သက်သာခြင်း…