အမျိုးအစား  |  odb

ကောင်းသော အတုယူခြင်း

‘‘တုပခြင်းလို့ခေါ်တဲ့ဂိမ်းကို တို့ဒီနေ့ ကစားမယ်’’ ဟု ဓမ္မပညာကျောင်းဆရာက စုဝေး ရောက်ရှိလာသော ကလေးငယ်များအား ပြောလိုက်သည်။ ‘‘ဆရာက နာမည်တစ်ခု ပြောလိုက်မယ်။ အဲဒါကို ကလေးတို့က သရုပ်ဖော်ရမယ်။ အဆင်သင့် ဖြစ်ကြပြီလား။ ‘‘ကြက်’’ ဟုပြောလိုက်သည်။ ကလေးငယ်များက သူတို့၏လက်ကို တောင်ပံခတ်၍ ကတော်ကြသည်၊ တွန်ကြသည်။ ထို့နောက် ဆင်၊   ဘောလုံး ကစားသမား၊ ဘဲလေးကချေသည် စသည်ဖြင့်ခေါ်ပြီး နောက်ဆုံးတစ်ခုမှာ သခင် ယေရှု ဖြစ်သည်။ ကလေးအများစု တုံ့ဆိုင်း သွားကြစဉ် ခြောက်နှစ်အရွယ်ကလေးတစ်ဦးက မျက်နှာကို ချိုသာစွာပြုံး၍ လက်နှစ်ဘက်ကို ဖွင့်လျက် ကြိုဆိုသည့်ဟန်ပန်ဖြင့် သရုပ်ဖော်လိုက်သည်။ ၀တ်ပြုရန် လာရောက်ကြသူများက သြဘာပေးခဲ့ကြသည်။
နေ့စဉ်ဘ၀အခြေအနေတိုင်းတွင် သခင်ယေရှုနှင့် တူသောအသက်တာဖြင့် ရှင်သန်ရန် ခေါ်တော်မူခြင်း ခံရ ကြောင်း ကျွန်ုပ်တို့ အလွယ်တကူ မေ့တတ်ကြသည်။ ‘‘ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သား…

ဘဲတစ်ကောင်ကို ထုဆစ်ခြင်း

ကျွန်ုပ်၏ဇနီး ကာရိုလင်းနှင့် ကျွန်ုပ်သည် ဖစ် ဖပ်တပ် ဘွန်နီ အား ဗာဂျီးနီးယား ပြည်နယ်  မာဘီဟေးလ်မြို့ရှိ သူ၏ဆိုင်တွင် ၁၉၉၅ ခုနှစ်က တွေ့ဆုံခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင်   ဘွန်နီ ကွယ်လွန်သွားသည်။ သူသည် ပန်းပုပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ပန်းပုလက်ရာများသည် အစစ်နှင့် တထေရာတည်းနီးပါးဖြစ်သည်။ ‘‘ဘဲတစ်ကောင်ကို ပန်းပုထုရတာ လွယ်ပါတယ်။ သစ်သားတုံးကို ကြည့်ပါ။ ဘဲတစ်ကောင်ရဲ့ ပုံပန်းသဏ္ဌာန်  ဘယ်လိုရှိလဲဆိုတာကို ခေါင်းထဲမှာမှန်းဆပါ။ ထို့နောက် ဘဲနှင့် မတူတဲ့အရာတွေအားလုံးကို ဖယ်ထုတ်လိုက်ပါ’’ ဟု သူက ပြောခဲ့သည်။
ထို့နည်းတူ ဘုရားသခင်သည်   သစ်သားအကြမ်းတုံး ဖြစ်သည့် သင်နှင့်ကျွန်ုပ်ကို ကြည့်ပြီး သစ်ခေါက်၊ သစ်မျက်နှင့် သစ်ခက်များအောက်တွင် နစ်မြှုပ်နေသော ခရစ်တော်နှင့် တူသည့်အမျိုးသား/အမျိုးသမီးကို မြင်ယောင်သည်။ ထို့နောက် မလိုအပ်သည့်အရာများကို စတင်ထုဆစ်ဖယ်ရှားတော့သည်။ ပြီးသွားပါက ကျွန်ုပ်တို့မည်မျှလှပသည်ကို အံ့သြစွာတွေ့ရှိ ကြမည်။ သို့သော်…

သင်ဆုတောင်းသောကြောင့်

စိုးရိမ်ပူပန်စရာများနှင့် ကြုံတွေ့သောအခါ သင်ဘာလုပ်သနည်း။ သင့်အတွေးထဲသို့ ၀င်ခွင့်ပြုပါသလား (သို့) ဘုရားသခင်ထံအပ်နှံပါသလား။
ရက်စက်ကြမ်းကြုတ်သော အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယေရုရှလင်မြို့ကို
တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေပြီး ယုဒနိုင်ငံသည်လည်း သူတိုက်ခိုက်သိမ်းပိုက် ခဲ့သော အခြားနိုင်ငံများနည်းတူ သိမ်းပိုက်ခြင်း ခံရလိမ့်မည်ဟု ဟေဇကိမင်းထံ အကြောင်းကြားစာ ပေးပို့သည်။
ဟေဇကိမင်းက ထိုစာကို ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ ယူသွားခဲ့ပြီး ‘‘ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားခဲ့သည်’’ (ဟေရှာ  ၃၇း၁၄)။ ထို့နောက် ဆုတောင်းကာ တန်ခိုးကြီး သော ဘုရားသခင်ထံမှ အကူအညီတောင်းခံခဲ့သည်။
မကြာမီ ဘုရားသခင်ထံမှ သတင်းစကားကို ပရောဖက် ဟေရှာယက ဟေဇကိမင်းထံ ပေးပို့ခဲ့သည်။ “ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်သည် အာရှုရိဘုရင် သနာခရိပ်အကြောင်း ကြောင့်၊ ငါ့ရှေ့မှာ ပဌနာပြုသည်ဖြစ်၍’’(ဟေ ၃၇း၂၁-၂၂) ဟေဇကိမင်း၏ဆုတောင်းသံသည် ထိုညမှာပင် အဖြေရရှိခဲ့ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။…

အမှန်တကယ်လွတ်မြောက်ခြင်း

Olaudah Equiano (၁၇၄၅-၁၇၉၆) သည် ပြန်ပေးဆွဲခံရပြီး ကျွန်အဖြစ်ရောင်းစားခံရစဉ် သူ၏အသက်မှာ ၁၁ နှစ်သာ ရှိပါသေးသည်။ သူသည် အနောက် အာဖရိက မှ အနောက်အင်းဒီး၊ ထိုမှတစ်ဆင့် ဗာဂျီးနီးယား ကိုလိုနီဒေသ၊ ထိုမှတစ်ဆင့် အင်္ဂလန်သို့ ဝေဒနာခရီးလမ်းကြမ်းကို ဖြတ်သန်းခဲ့ရသည်။ သူ့ အသက် ၂၀ ခန့်တွင် သူ၏ လွတ်လပ်ခွင့်ကို သူပြန်ဝယ်ယူနိုင်ခဲ့သည့်တိုင် သူကြုံခဲ့ရသည့် လူသားမဆန်စွာ ဆက်ဆံခံရခြင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်၊ စိတ်ခံစားမှုများကို အမှတ်ရ နေဆဲဖြစ်သည်။
သူကျွန်အဖြစ်မှ လွတ်မြောက်သွားသော်လည်း အခြား သူများ ကျွန်ပြုခံနေရဆဲ ဖြစ်ခြင်းကြောင့် Equiano  မပျော်ရွှင် နိုင်ဘဲ အင်္ဂလန်တွင် ကျွန်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုများ၌ ပါဝင်လာခဲ့သည်။ သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် သူသည် ကျွန်စနစ်၏ကြောက်မက်ဖွယ်ရာဖြစ်ရပ်များကို ဖော်ပြရေးသား ခဲ့သည်။ (၎င်းသည် ထိုခေတ်က ယခင်ကျွန်ဖြစ်ဖူးသူတစ်ယောက်အတွက် ထူးခြားသော…

ညင်သာသော လွှမ်းမိုးမှု

သီအိုဒို ရုစဗဲ့ သည် အမေရိကန်ပြည်ထောင်စု၏ ၂၆ ယောက်မြောက်သမ္မတ (၁၉၀၁-၁၉၀၉) မဖြစ်မီ နှစ်အနည်းခန့်တွင် သူ့သားကြီး သီအိုဒို ဂျူနီယာ နေမကောင်းကြောင်း သတင်းရခဲ့သည်။ သားကြီးနာလန်ထစတွင်  ဖျားနာရသည့်အကြောင်းရင်းကို သိလိုက် ရသောအခါ ရုစဗဲ့  အကြီးအကျယ် နာကျင်ခံစားခဲ့ရသည်။ ထဲဒ့် နေမကောင်း ဖြစ်ခြင်းသည် သူ့ကြောင့် ဖြစ်ရသည်ဟု ဆရာဝန်က ပြောသည်။   ရုစဗဲ့ သည် ငယ်စဉ်ကလေးဘ၀က ချူချာသဖြင့် သူကိုယ်တိုင် သူရဲကောင်းပမာ တိုက်ခိုက်ရေးသမား မဖြစ်လာခဲ့သမျှ သူ့သားအလှည့်တွင် ဖြစ်ရမည်ဟု ညှာတာမှုကင်းမဲ့စွာ ဖိနှိပ်ခဲ့ခြင်းကြောင့် ထဲဒ့် သည် ‘‘နှလုံးတုန် မောပန်းခြင်း’’ ဝေဒနာကို ခံစားနေရခြင်း ဖြစ်သည်။ ဆရာဝန်၏စကားကို ကြားပြီးနောက် ရုစဗဲ့ သည် လက်လျှော့ပြီး ‘‘အခုကစပြီး ထဲဒ့် ကို လူရောစိတ်ပါ ဖိနှိပ် ချုပ်ချယ်တာမျိုး မလုပ်တော့ဘူး’’ ဟု…

အကောင်းဆုံးသော လမ်းခရီး

မဒဂါစကား ၏ အမှတ် ၅ အမျိုးသားလမ်းမကြီးသည် သဲဖြူဖြူ ကမ်းရိုးတန်း၊ အုန်းတော များနှင့်၊ အိန္ဒိယသမုဒ္ဒရာ၏အလှအပများနှင့် တည်ရှိသည်။ ၁၂၅ မိုင် ရှည်လျားသော နှစ်လမ်းသွား လမ်းမကြီးတွင် ကျောက်တုံးများ၊ သဲနှင့် ရွှံ့နွံများကြောင့် ကမ္ဘာ့အဆိုးဆုံး လမ်းများအနက် တစ်ခုဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို ကြည့်ချင်သည့် ကမ္ဘာလှည့်ခရီးသွားများအား လမ်းကြမ်းသွားနိုင်သော ဘီးမြင့်ကားကြီး၊ ကျွမ်းကျင်ယာဉ်မောင်းနှင့် စက်ပြင်ဆရာ တစ်ယောက်ပါမှ ထိုခရီးသွားသင့်ကြောင်း အကြံပေးကြ သည်။
ကြမ်းတမ်းသည့်လမ်း၊ ကန္တာရခရီးကြမ်းတွင် သွားလာနေရသူများအတွက် မေရှိယကြွလာပြီဆိုသည့် အကြောင်း သတင်းကောင်းကို ဗတ္တိဇံဆရာယောဟန် ဟောကြားခဲ့သည်။ ရှေးနှစ်ပေါင်းများစွာက ပရောဖက် ဟေရှာယပြောခဲ့သည့်စကားကို ထပ်ပြောပြီး သိလိုစိတ် ပြင်းပြနေသည့် လူထုအား ‘‘ထာဝရဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့’’ ဟု တိုက်တွန်း နှိုးဆော်ခဲ့သည် (လု ၃း၎-၅၊ ဟေ…

ဘုရားသခင်ကို နာမည်ပေးခြင်း

‘‘The God I don't Understand’’စာအုပ်ထဲတွင် ဆရာ Christopher Wright က မထင်ရသူတစ်ဦးသည် ပထမဆုံး ဘုရားကို နာမည်ပေးသူဖြစ်ကြောင်း လေ့လာ တွေ့ရှိခဲ့ သည်။ သူကား ဟာဂရ ပင် ဖြစ်၏။
ဟာဂရ ၏ဇာတ်လမ်းသည် လူ့သမိုင်းကို အရှိအတိုင်း ရှုမြင်ထားသော်လည်း   စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အာဗြံနှင့် စာရဲကို သားရရှိ မည်ဟု မိန့်ကြားသည့် ဘုရား၏ကတိတော်မှာ  ရွှေပြည်တော် မျှော်တိုင်းဝေးလျက်၊ စာရဲသာအသက်ကြီးသွားပြီး စိတ်မရှည် နိုင်တော့ပြီ။ ဘုရားရှင်ကို ‘‘ကူညီရန်’’ အတွက် ထိုခေတ် အချိန်အခါက လုပ်ရိုးလုပ်စဉ်အတိုင်း စာရဲ အဖြေထုတ်ခဲ့ သည်။ သူ့ကျွန်မ ဟာဂရကို အာဗြံထံသို့ အပ်ပြီး၊ ဟာဂရ ပဋိသန္ဓေ တည်ခဲ့သည်။
မျှော်မှန်းထားသလိုပင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည်။ စာရဲသည် ဟာဂရ ကို ညှဉ်းပန်းနှိပ်စက်သဖြင့် နောက်ဆုံး…

ဘုရားသခင်၏ နှုတ်လျှာ

ဖုန်းအလာကို မျှော်ရင်း၊ ရေဒီယိုမှမေးမြန်းခန်းအစီအစဉ် စမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းရင်း ဘယ်လိုမေးခွန်းတွေမေးရင် ဘယ်လိုဖြေရမလဲစသည်ဖြင့် တွေးနေမိ သည်။ ‘‘ဘုရားသခင်၊ ကျွန်မက စာရေးတဲ့အလုပ်ကို ပို၍ ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ မောရှေလည်း ဒီလိုပဲ ခံစားခဲ့ရမယ်လို့ ထင်ပါတယ်။ ကျွန်မပြောရမည့်စကားများကို ကိုယ်တော် ပြင်ဆင်ပေးမယ် ဆိုတာကို ယုံကြည်ဖို့ပဲလိုတယ်’’  ဟု ဆုတောင်းလိုက်သည်။
ဘုရားသခင်၏လူမျိုးတော်များအား အဲဂုတ္တုပြည် ကျွန်ခံရာမှခေါ်ထုတ်ပြီး ကတိထားတော်မူသောပြည်သို့ ပို့ဆောင်သည့် ဣသရေလတို့၏ခေါင်းဆောင် မောရှေနှင့်   ကျွန်မ နှိုင်းယှဉ်ခြင်း မဟုတ်ပါ။ တုံ့ဆိုင်းနေသည့် ခေါင်းဆောင်ကြီး မောရှေအနေဖြင့်  ဣသရေလလူမျိုးများ သူ့စကားနားထောင်မှာ သေချာကြောင်း ဘုရားရှင်၏အာမခံ ပေးမှုကို လိုအပ်သည်။ တောင်ဝှေးကို မြွေဖြစ်စေခြင်း အစရှိသည့် နိမိတ်လက္ခဏာများကို ဘုရားရှင် ပြခဲ့သည် (ထွက် ၄း၃)။ သို့သော် မောရှေက သူသည် နှုတ်အရာမှာ နှေးကြောင်း စောဒကတက်ရင်း…

ဂုဏ်ယူထိုက်သော အသက်ရှင်မှု

လေးစားရသော နိုင်ငံ့ခေါင်းဆောင်က လူသိရှင်ကြား မိန့်ခွန်းကို ပြောကြားနေစဉ် နိုင်ငံ၏ဂုဏ်သရေရှိ ပါလီမန်အဖွဲ့ဝင်အများစုသည် တကယ်တမ်း ဂုဏ်ကျက်သရေ မရှိကြောင်း ကြေညာခဲ့ရာ သူ့နိုင်ငံသားများ၏အာရုံစိုက်မှုကို ခံခဲ့ရသည်။ အကျင့်ပျက် ခြစားသော လူနေမှုပုံစံများ၊ ဟိတ်ဟန်များသော သဘောထားများ၊ မနှစ်မြို့ဖွယ် စကားလုံးများနှင့် အခြားသော ပြစ်မှားမှုများကို ထောက်ပြပြီး   ပါလီမန်အဖွဲ့ဝင်များကို အပြစ်တင်ခဲ့ပြီး ပြုပြင်ရန်တိုက်တွန်း ခဲ့သည်။ မျှော်လင့်ခဲ့သည့် အတိုင်းပင်၊ သူ၏ ပြောဆိုချက် များမှာ အရာမ၀င်ခဲ့ဘဲ သူ့ကို တန်ပြန်ဝေဖန်ပုတ်ခတ်ခံခဲ့ ရသည်။
ကျွန်ုပ်တို့သည်  အာဏာပိုင် ခေါင်းဆောင်များ မဟုတ်
သော်လည်း၊ ခရစ်တော်၏နောက်တော်လိုက် ကျွန်ုပ်တို့သည် ရွေးချယ်တော်မူသောသူ၊ ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသောသူများဖြစ်သောကြောင့် (၁ ပေ ၂း၉)၊ အထက်နည်းတူ သခင်သည် သူ့ကို ချီးမြှောက်သော၊    လေးစားဂုဏ်ယူထိုက်သော အသက်တာဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့ကို ခေါ်နေသည်။…

အမှတ်ရနေခြင်း

အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်နည်းသွားခြင်းနှင့် ခဏခဏမေ့ခြင်း စသော ရောဂါလက္ခဏာများပေါ်လာမှာကို စိုးကြောက်သည်။ မှတ်ဉာဏ်ချို့ယွင်းသောရောဂါ  (Alzheimer's disease) အထူးကုဆရာဝန်ဖြစ်သူ Dr. Benjamin Mast က ဤသို့ အကြံပေး အားပေးတိုက်တွန်းထားသည်။ သူ၏ပြောကြားချက်အရ လူနာများ၏ဦးနှောက်၌ ဆိုနေကျ ဓမ္မတေးသီချင်းများနှင့် ကလေးသီချင်းများကို ကြားရပြီး စကားလုံးတိုင်း လိုက်၍သီဆိုနိုင်လောက်အောင် ‘‘ထိုဓမ္မသီချင်းများကို ကောင်းကောင်းကြီး မှတ်မိသည်”ဟု ဆိုသည်။ သူ့ထင်မြင်ယူဆချက်မှာ ၀ိညာဉ်ရေးရာ ကျင့်ဝတ် ဖြစ်သည့် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မသီချင်း သီဆိုခြင်းတို့သည် ကျွန်ုပ်တို့၏ဦးနှောက်ထဲ စွဲစွဲမြဲမြဲ နှစ်ဝင် နေခြင်းကြောင့် လိုအပ်သည့်အချိန်၌ အဆင်သင့် မှတ်မိနေခြင်း ဖြစ်သည်။
ဆာလံ ၁၁၉း၁၁ တွင် ကျွန်ုပ်တို့၏နှလုံးသား၌ သိုထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် တန်ခိုးသည် ကျွန်ုပ်တို့ကို အပြစ်မပြုမိအောင် ကာကွယ်ပေးနိုင်ကြောင်း ဖတ်ရှုရသည်။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို ခွန်အားပေးသည်။…