srw map

ပွင့်နေသောလမ်းများနှင့် မြန်မာပြည်ရှိအခွင့်အရေးသစ်များ

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဘုရားသခင်၏စကားတော်နှင့် မေတ္တာတော်ကို လူအပေါင်းတို့ထံမျှဝေရန် ကျွန်ုပ်တို့အတွက်လမ်းစပွင့်ခဲ့ ပါသည်။ နိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုနှင့်ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းသည် နှစ်အနည်းငယ်အတွင်း တိုးတက်ကျယ်ပြန့်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့အနေဖြင့် အမှုတော်ကို တိုး၍ထမ်းဆောင်ရန် အခွင့်ရခဲ့ပါသည်။ ကျွန်ုပ်တို့၏ မြန်မာဝက်ဘ်ဆိုက်၊ ကရင်ဝက်ဘ်ဆိုက်၊ မိုဘိုင်းအက်နှင့် လူမှုရေးမီဒီယာများမှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖြန့်ဝေခြင်းအားဖြင့် မြန်မာပြည်တွင်းသာမက မြောက်အမေရိကနှင့် သြစတေးလျနိုင်ငံများသို့ ပြောင်းရွှေ့ရောက်ရှိနေသူများ ကိုပါ အစေခံခွင့် ရရှိပါသည်။


အသစ်သောလိုအပ်မှု၊ အသစ်သောစိန်ခေါ်မှု

မြန်မာနိုင်ငံတစ်ဝန်းရှိ ယုံကြည်သူများသည် မှားယွင်းသောသွန်သင်မှုများ၊ မျက်မှောက်ခေတ်၏ လမ်းမှားလမ်းလွှဲစေမှုများကို ရင်ဆိုင်ရချိန်အတွက်၊ ၎င်းတို့၏ယုံကြည်ခြင်းနက်နဲခိုင်မာရင့်ကျက်ရေး အတွက် ၎င်းတို့ကိုခိုင်ခံ့တည်ကြည်စေမည့် သမ္မာကျမ်းသွန်သင်ချက်နှင့်ကိုက်ညီသည့် အခြေခံကောင်းများ၊ ခရစ်တော်ကိုဗဟိုပြုသော စာအုပ်စာပေများကို အရေးတကြီးလိုအပ်နေသည်။

စာပို့ခစျေးနှုန်းမြင့်မားခြင်းကြောင့် ရန်ကုန်မြို့ပြင်ပနှင့် နယ်မြို့များသို့ စာအုပ်များပေးပို့ရန် အခက်အခဲရှိ သော်လည်း အသက်တာကိုပြောင်းလဲစေသောနှုတ်ကပတ်တော်ကို လူတိုင်းရရှိရန်၊ မြန်မာနိုင်ငံတစ်ဝန်းရှိ လူအပေါင်းတို့ထံတိုး၍ချဉ်းကပ်နိုင်ရန် ဘုရားသခင်သည် နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းအတွက် လမ်းများဖွင့်ပေးပါသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အား အောက်ပါရည်မှန်းချက် ပန်းတိုင်များကို မျှဝေရန်၊ ဖော်ဆောင်ရန် စေစားခေါ်ယူသည်။
• ခရစ်ယာန်များသည် ယုံကြည်ခြင်းအရာ၌ နက်နဲရင့်ကျက်လာအောင် အထောက်အကူပြုမည့် ဝတ်ပြုကိုးကွယ်ခြင်းစာအုပ်နှင့် သမ္မာကျမ်းအခြေပြုစာအုပ်စာစောင်များထုတ်ဝေရန်။
• လူတို့၏လိုအပ်မှုအခြေအနေအချိန်အခါနှင့်ကိုက်ညီသည့် ဧဝံဂေလိအထောက်အကူပြု စာစောင်များ ထုတ်ဝေရန်။
• တပည့်တော်ပြုစုပျိုးထောင်ရေးစာအုပ်စာပေများကို ထုတ်ဝေပြီး မြန်မာနိုင်ငံရှိ ဒေသခံအသင်းတော်များ၊ ခရစ်ယာန်ရပ်ကွက်အသိုင်းအဝန်းများသို့ ဝေမျှရန်။




ယုံကြည်သူတို့လိုနေသည်မှာ

မြန်မာနိုင်ငံရှိယုံကြည်သူများသည် ယုံကြည်ခြင်းအရာ၌ ရင့်ကျက်ကြီးပွားလျက် သတင်းကောင်းကို မျှဝေနိုင်ရေး သမ္မာကျမ်းအခြေပြုသော၊ ခရစ်တော်ကိုဗဟိုပြုသော အထောက်အကူပြုစာအုပ်စာစောင် များကို လိုအပ်ပါသည်။

မြန်မာနိုင်ငံရှိ ကြီးငယ်မဟူ လူအပေါင်းတို့ထံ ဆက်သွယ်အရောက်လှမ်းသွားမည့် အမှုတော်ခရီးတွင် သင်လည်း ကျွန်ုပ်တို့နှင့်အတူပါဝင်ပူးပေါင်းမည်ဆိုပါက အတိုင်းထက်အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေ၏ထောက်ပံ့ပေးလှူမှုကို ကျွန်ုပ်တို့ဝမ်းမြောက်စွာ ကြိုဆိုပါသည်။



ပေးလှူနိုင်သည့်နည်းလမ်း


ဆက်သွယ်ရန်