“အကျိုးရှိသောအနားယူခြင်း” ဆိုသည်မှာ စစ်သည်များအတွက် ထိရောက်သော ၁၀ မိနစ်မှ မိနစ် ၃၀ အထိ အိပ်ပျော်စေရန် လမ်းညွှန်ချက်များဖြစ်သည်။ အိပ်ရေးမဝသော စစ်သည်များအနေဖြင့် အက်ဒရနလင်းဟိုမုန်း(adrenaline)တက်ကြွမှု၊ စိတ်လှုပ်ရှားမှု၊ အထီးကျန်မှု၊ စိုးရိမ်ပူပန်မှုများ ခံစားနေရပြီး အနားမရနိုင်ကြပေ။ အကြံပြုချက်များတွင် နားကြပ်အသုံးပြုရန်နှင့် အိပ်ရာမဝင်မီ စာဖတ်ရန်တို့ ပါဝင်သည်။ တစ်ရေးအိပ်ပြီးနောက် မောပန်းခြင်းကို လျှော့ချရန်အတွက် ကဖိန်းဓာတ်ပါသော ပီကေကိုပင် ပေးထားပါသည်။

အနားယူရန် အလိုအပ်ဆုံးအချိန်၌ပင် အနားယူရန် ခက်နေတတ်ပါသည်။ ဒါဝိဒ်မင်းသည် သားတော်အဗရှလုံ၏ပုန်ကန်မှုကြောင့် ဘေးလွတ်ရာ တောကန္တာရသို့ ထွက်ပြေးပြီးနောက် ဤသို့ကြုံတွေ့ခဲ့ရသည်။ ဒါဝိဒ်နှင့်သူ၏ နောက်လိုက်များသည် ထိုအမှုအတွက် ခေါင်းများခြုံပြီး ငိုကြွေးခဲ့ကြသည် (၂ ရာ ၁၅:၃၀-၃၁)။ စင်စစ် တစ်ပြည်လုံး ငိုကြွေးခဲ့ကြသည်”(:၂၃)။ ထိုအချိန်မှာတွင်ပင် ဒါဝိဒ်က “ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူ မည်မျှများပြားပါသနည်း”ဟု အော်ဟစ်ခဲ့သည် (ဆာ ၃:၁)။ သို့သော် အတိတ်မှ ဒုက္ခဆင်းရဲခံရသည့်ညများကို တွေးရင်း ဒါဝိဒ်က “ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့်၊ ငါသည် အိပ်၍ပျော်ခြင်း အခွင့် နှင့် နိုးခြင်းအခွင့်ရှိ၏။ ငါ့ကိုရန်ဘက်ပြုသူ…(များကို) ငါမကြောက်ဘဲနေမည်”ဟု ဆက်ပြောခဲ့သည်(:၅-၆)။ အဗရှလုံမဟုတ်ဘဲ ဘုရားသခင်က သူ့အခြေအနေကို တာဝန်ယူထားကြောင်း ဒါဝိဒ် သဘောပေါက်ခဲ့သည်။ အနာဂတ်သည် ဘုရားသခင်၏လက်‌တော်ထဲတွင် အပြည့်အဝရှိသည်ကို ဝန်ခံပြီး၊ ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ ဒါဝိဒ် ပြန်ပို့ခဲ့သည် (၂ ရာ ၁၅:၂၅-၂၆)။

ကျွန်ုပ်တို့နိုးထချိန်များတွင် ဒုက္ခနှင့်ရင်ဆိုင်ရသောအခါ အိပ်စက်ချိန်က အထူးသဖြင့် တဒင်္ဂ၊ တစ်ခဏဟု ခံစားရသော်လည်း ကျွန်တော်တို့ထိန်းချုပ်၍ မရသောအရာများ များမြောင်စွာ ရှိနေကြောင်း ၎င်းသည် သတိပေးချက်ကောင်း တစ်ခုပင်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထောက်မတော်မူပြီး ကိုယ်တော်ကို ယုံကြည်ကိုးစားသည်နှင့်အမျှ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ရန် ကူညီပေးနိုင်ပါသည်။