ဘုရားသခင်၏ သနားကရုဏာတော်
စက်ဒီ (Sadie)ကို ကျွန်မသဘောမကျပါ။ သူက ကျွန်မ၏လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး၊ မကြာခဏ ကျွန်မအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလေ့ရှိ၍ သူမကို ကျွန်မ ရှောင်ခဲ့သည်။ ထို့ကြောင့် ဘုရားကျောင်းမှ ဧဝံဂေလိအစီအစဥ်အကြောင်း သူမ ကြားသိသွားပြီး ကျွန်မနှင့်အတူ လိုက်၍ရမည်လားဟု လာမေးသောအခါ ဂရုမစိုက်ဟန်ဖြင့် “ကြည့်အုံးမယ်လေ”ဟုသာ ကျွန်မတိုးတိုးလေးပြန်ဖြေခဲ့သည်။
ရက်များကုန်လွန်သွားပြီး ဤအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပုံရသည်။ သို့သော် ဘုရားသခင်က မမေ့ပါ။ စက်ဒီကို ဖိတ်ခေါ်ရန် စောင့်ဆိုင်းနေသည့် ဘုရားသခင်၏မျက်နှာသာတော်ကို ကျွန်မ ခံစားနေရသည်။ တစ်နေ့ ကျွန်မဆုတောင်းနေစဥ် “စက်ဒီအပေါ် မင်းရဲ့တုံ့ပြန်မှုကို ပြန်စဉ်းစားကြည့်ဦး။ အဲဒါမှန်ရဲ့လား”ဟူ၍ အတွေးထဲ၌ မေးခွန်းတစ်ခု ဝင်လာသည်။
အား! ဤမေးခွန်းက နိနေဝေမြို့သားတို့ နောင်တရပြီးနောက်တွင် ဘုရားသခင်က ပရောဖက်ယောနအား “သင်သည် အမျက်ထွက်အပ်သလော”(ယောန ၄:၄)ဟု မေးခဲ့သည်ကို ပြန်သတိရသွားစေသည်။ ယောနသည် နိနေဝေမြို့သားများ၏ အပြစ်ကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းခံရမည်ဟု…
ခရစ်တော်ပြန်ကြွလာခြင်းအတွက် အဆင်သင့်ဖြစ်နေခြင်း
ဆောင်းဦးနှောင်းပိုင်းကာလတွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် ကားဖြင့်ခရီးထွက်ရန် ပြင်ဆင်ခဲ့ကြသည်။ ခရီးထွက်ရန် သတ်မှတ်ထားသည့်ရက်မတိုင်မီ တစ်ရက်အလိုတွင် နှင်းများ စကျလာသည်။ ထိုအချိန်ကျမှ ကားကို နှင်းတောမောင်းတာယာများ လဲရန် ဝန်ဆောင်မှုစင်တာသို့ မသွားရသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။ နှင်းများကျပြီး လမ်းအခြေအနေများ ဆိုးရွားလာသဖြင့် တာယာဆိုင်တွင် တန်းစီနေသည့် ကားတန်းရှည်ကြီးကို တွေ့ခဲ့ရသည်။ စင်စစ် ကောင်းကောင်း ကြိုတင်ပြင်ဆင်ခဲ့ပါက ဤအဖြစ်မျိုးကို ရှောင်လွှဲနိုင်မည်ပင်။
ကျွန်ုပ်တို့ ဘဝ၏အစိတ်အပိုင်း အတော်များများသည်လည်း ကြိုတင်ပြင်ဆင်ခြင်း အကြောင်းများပင် မဟုတ်ပါလား။ ရှေ့ရေးအတွက် ကြိုတင်သုံးသပ်ရန်၊ ဖြစ်လာနိုင်မည့် အခြေအနေများအတွက် ပြင်ဆင်ထားရန်နှင့် အစီအစဉ်များ သေချာစွာချထားရန်မှာ ကျွန်ုပ်တို့အတွက် အလွန်ပင် အရေးကြီးလှသည်။
၎င်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာဘဝအတွက်လည်း မှန်ကန်သည်။ ရှင်မဿဲခရစ်ဝင်အခန်းကြီး ၂၄ တွင် ယေရှုက သူတစ်ဖန်ပြန်ကြွလာမည့်အချိန်အတွက် အသင့်ဖြစ်နေရန် လိုအပ်ကြောင်း ထောက်ပြထားသည်။ သူ့စကားကို နာယူနေသူများအား သူသည် ပြန်ကြွလာမည်ဖြစ်သောကြောင့်…
မျှော်လင့်ချက်ကို ရှာဖွေခြင်း
လွန်ခဲ့သောနှစ်များစွာကပင် “မျှော်လင့်ချက်”ဟူသော စကားလုံးသည် အင်တာနက်ပေါ်တွင် ရှာဖွေမှုအများဆုံး စကားလုံးများထဲမှ တစ်ခုဖြစ်ပြီး၊ နိုင်ငံရေးကြွေးကြော်သံ(သို့) အွန်လိုင်းမှ ငွေရှာနည်းများကိုပင် ကျော်လွန်သဖြင့် အံ့ဩစရာဖြစ်သည်။ ပို၍ နက်ရှိုင်းသော ဘဝအဓိပ္ပာယ်ကို လူတို့ရှာဖွေနေကြပါသည်။ မကြာမီ နှစ်များအတွင်း အကောင်းမြင်စိတ်များ ပျောက်ဆုံးပြီး၊ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ၊ စီးပွားရေး မတည်ငြိမ်မှုများနှင့် ဒစ်ဂျစ်တယ်ခေတ်ရှိ စိုးရိမ်ပူပန်မှုများက သတင်းခေါင်းကြီးပိုင်းနှင့် ကျွန်ုပ်တို့၏စိတ်နှလုံးများကို လွှမ်းမိုးလျက် အရာအားလုံးကို တအုံနွေးနွေး အဆက်မပြတ်ဖြစ်ပေါ်နေသည့် အကြပ်အတည်းပမာ ခံစားရစေသည်။ သို့သော် ဤရုန်းကန်မှုများကြား၌ပင် လူသန်းပေါင်းများစွာတို့သည် ရှုပ်ထွေး ပွေလီမှုကို ကျော်လွန်ပြီး အကူအညီတစ်စုံတစ်ရာ ရသည့်အလား အင်တာနက်၌ “မျှော်လင့်ချက်”ဟူသော စကားလုံးကို ရိုက်ထည့်အဖြေရှာနေကြသည်။
ဘုရားသခင်သည် ရှုပ်ထွေးပွေလီမှုများထက်ကြီးမြတ်သော“အရှင်” ဖြစ်ကြောင်း ရှင်ပေါလုသိနားလည်ခဲ့သည်။ “မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်”အကြောင်း(ရော ၁၅:၁၃) သူရေးသားရာ၌ ရောမမြို့ရှိ ယုံကြည်သူများအား ဘုရားသခင်သည် သူတို့၏ မျှော်လင့်ခြင်းအရင်းအမြစ်နှင့် သူတို့မျှော်လင့်အားကိုးရာဖြစ်ကြောင်း…
ဘုရားသခင်ပုံသွင်းထားသော အသက်တာများ
အက်ရှ်တန်သည် နစ်ခ်နှင့် တွေ့ဆုံချိန်၌ သူမက သူမ၏ဘဝမှာ လမ်းပျောက်ပြီး ရည်ရွယ်ချက်မဲ့လျက်၊ ဂုဏ်ယူစရာမရှိ၊ ဗရမ်းဗတာပြုမူခဲ့သည်ဟု ပြောပြခဲ့သည်။ နစ်ခ်သည်လည်း ထိုကဲ့သို့သော အခြေအနေမျိုးကို ကြုံခဲ့ပြီး၊ လတ်တလောတွင်ဘုရားသခင်ကို ပြန်လည်ကိုးစားလာသူဖြစ်သည်။ နစ်ခ်က သူ့ဘဝကို ပြန်လည်ပြုပြင်ပုံသွင်းပေးကာ မျှော်လင့်ချက်များပေးခဲ့သည့်ဘုရားသခင်အား ‘မေတ္တာရှင် အိုးထိန်းသည်’အဖြစ် ရှုမြင်ခဲ့ပုံကို အက်ရှ်တန်အား ပြောပြခဲ့သည်။ နောက်ပိုင်းတွင် သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပြီး၊ အိုးလုပ်သည့် ဝါသနာကို လိုက်စားခဲ့ပြီး၊ ယခုအခါ သူတို့သည် အိုးလုပ်နည်းသင်တန်းများပေးလျက် သင်တန်းသားများအား ‘ခင်ဗျားတို့ဟာ တန်ဖိုးရှိတဲ့သူတွေဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်ဆင်းခံထားရတာပါ’ဟု ခွန်အားပေးနေကြပါသည်။
အိုးထိန်းသည်တစ်ဦးသည် ပျက်စီးသွားသော မြေအိုးများကို “မိမိအလိုရှိသည်အတိုင်း” အိုးသစ်များအဖြစ် မည်သို့ပြန်လည်ပုံသွင်းသည်ကို သွားရောက်လေ့လာရန် ဘုရားသခင်သည် ပရောဖက်ယေရမိအား ညွှန်ကြားစဥ်(ယေ ၁၈:၄) သူ့ကိုယ်ကို အိုးထိန်းသည်တစ်ဦးနှင့် ခိုင်းနှိုင်းခဲ့သည်။ သူ၏သွန်သင်ချက်ကို ဣသရေလလူမျိုးတို့၏တုံ့ပြန်မှုအပေါ် မူတည်၍ ၎င်းတို့ကို စိုက်ပျိုးခြင်း(သို့) နှုတ်ပစ်ခြင်းကို…
သခင်ယေရှု၏ ဆုတောင်းခြင်းကို ဦးစားပေးမှု
မြောက်ဝင်ရိုးစွန်းဒေသ၌ တွေ့ရသော အော်ရိုရာဘိုရီယာလစ် (aurora borealis) မြောက်ပိုင်းအလင်းတန်းများသည် လှပသောအစိမ်းရောင်၊ ခရမ်းရောင်အလင်း များကြောင့် ကျော်ကြားလှသည်။ ထိုမျှမက ၎င်းတို့သည် ရေဒီယိုလှိုင်းများကိုလည်း ထုတ်လွှတ်ပေးသည်။ ထိုလှိုင်းများကို အသံအဖြစ် ပြောင်းပေးသည့် ကိရိယာများနှင့် နားထောင်ပါက တဖြောက်ဖြောက် မြည်သံများကို ကြားရမည် ဖြစ်သည်။ ဤကဲ့သို့သော လျှပ်စစ်သံလိုက်လှိုင်းများ၏တုန်ခါမှုကို မှတ်တမ်းတင် လိုပါက လှိုင်းများကို အနှောင့်အယှက်ဖြစ်စေနိုင်သော လူလုပ်အသံများ (သို့) လျှပ်စစ်မီးများနှင့် အနည်းဆုံး ၄ မိုင်ခန့် ဝေးသောနေရာကို သွားရန်လိုအပ်သည်။
ထိုနည်းတူ ဘုရားသခင်၏အသံတော်ကို ကြားရန်အတွက် တစ်ခါတစ်ရံ ဘဝ၏ဆူညံသံများမှ ခေတ္တဖယ်ခွာရန် လိုအပ်သည်။ ရှင်မာကုခရစ်ဝင်ကျမ်း၌ သခင်ယေရှုသည် အရုဏ်ဦးမတိုင်မီထပြီး တိတ်ဆိတ်သောနေရာတွင် ဆုတောင်းခဲ့သည်ဟု ဆိုပါသည် (၁:၃၅)။ ကိုယ်တော်သည် ယမန်နေ့ညကပင် လူများကို ရောဂါငြိမ်းစေခြင်း၊ နတ်ဆိုးများရန်မှ ကယ်နှုတ်ပေးခြင်းဖြင့် ညဉ့်နက်ချိန်ထိ အလုပ်ရှုပ်ခဲ့သည်(:၂၁-၃၂)။ “တစ်မြို့လုံး”သည်လည်း…
ဘုရားသခင်ပြုခဲ့ပေးသောအရာ
ဒန်ဝေါလေ့စ် (Dan Wallace)သည် ဂရိဘာသာစကားကို သင်ကြားပေးသူ၊ ရှေးဟောင်းလက်ရေးမူများကို လိုက်လံမှတ်တမ်းတင်သည့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ့ဘဝအောင်မြင်နေချိန်တွင် ဦးနှောက်ရောင်ရောဂါ ခံစားခဲ့ရသည်။ နောက်တစ်နှစ်ပတ်လုံး သူသည် ဘီးတပ်ကုလားထိုင်ဖြင့် မေယိုသုတေသနဆေးခန်းနှင့် ဆေးရုံပေါင်းစုံတွင် ကုသမှုခံယူခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း သူတတ်ထားသော ဘာသာစကားများနှင့် မှတ်ဉာဏ် အားလုံးနီးပါးကို မေ့သွားခဲ့သည်။ သို့သော် သူ ဇွဲမလျှော့ခဲ့ပေ။ “ကျွန်တော် ဂရိစာကို အစက ပြန်သင်ခဲ့ရတယ်။ ကျွန်တော် ပြန်သင်ယူဖို့ အသုံးပြုခဲ့တဲ့စာအုပ်က ကျွန်တော်မမေ့ခင် တစ်နှစ်လောက်က ကျွန်တော်ကိုယ်တိုင် ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်”ဟု ဒန်က ပြောပြခဲ့ပါသည်။
ဂရိစာကို ကိုယ့်ဘာသာကိုယ် ပြန်လေ့လာရခြင်းက ထူးဆန်းသော်လည်း၊ သိနှင့်ပြီးသော အမှန်တရားများကို ထပ်ခါတလဲလဲ ပြန်သင်ယူရခြင်းက အထူးအဆန်း မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်က “တရားဟောရာကျမ်း” ကို ပေးခဲ့ရခြင်း အကြောင်းရင်းဖြစ်သည်။ ဤကျမ်း၏အမည်မှာ “ဒုတိယပညတ်”ဟု…
ယေရှုသည် ပျောက်သောသူတို့ကို ရှာတော်မူသည်
“ကျွန်တော် သူ့ကို တစ်ဘဝလုံး ရှာနေခဲ့တာပါ” ဟု ဘီလ်ကော့ဒ်က သူ၏ညီငယ် ရောဘတ်နှင့် ပြန်ဆုံတွေ့ချိန်တွင် မျက်ရည်များနှင့် ပြောခဲ့သည်။ မိသားစုပြဿနာကြောင့် ရောဘတ် ၄ လသားအရွယ်၌ သူတို့ညီအစ်ကိုနှစ်ဦး ကွဲသွားခဲ့သည်မှာ နှစ်ပေါင်း ၈၀ပင် တိုင်ခဲ့ပြီ။ အဖိုးဖြစ်သူက တစ်ခါမျှမမေ့ဘဲ အမြဲ ဖွေရှာနေသော ညီငယ်ကိုရှာတွေ့ရန် ဘီလ်၏မြေးငယ်မလေးက ကူညီပေးခဲ့သည်။
ရှင်လုကာခရစ်ဝင် ၁၅ တွင် ယေရှုသည် အဖိုးထိုက်သောအရာတစ်ခု(သို့) လူတစ်ဦးကို မတွေ့မချင်း ဇွဲရှိရှိရှာဖွေသူများအကြောင်း ပုံပမာသုံးခုနှင့်ပြောပြခဲ့သည်။ ပျောက်သောသိုးပုံပမာတွင် ကိုယ်တော်ကို အပြစ်ရှာနေသော ဖာရိရှဲများအား သိုးတစ်ရာတွင် “တစ်ကောင်ပျောက်လျှင် ကိုးဆယ့်ကိုးကောင်သော သိုးတို့ကို တောတွင် ထားခဲ့ပြီး ပျောက်သောသိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲ နေမည်လော” ဟု မေးခဲ့သည် (:၄)။ ကိုးဆယ့်ကိုးကောင်သောသိုးများဖြစ်သည့် ဖာရိရှဲများသည် မိမိတို့ကိုယ်မိမိ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးရှိသည်ဟု ထင်သော်လည်း…
ကောင်းမွန်မှန်ကန်သောစိတ်
San Francisco Giants ဘေ့စ်ဘောအသင်း၏ကစားသမားတစ်ဦးအနေနှင့် ဒြူးရော်ဘင်စန်(Drew Robinson)သည် စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို နားလည်ခဲ့သည်။ ထိခိုက်ဒဏ်ရာကြောင့်အသင်း၏အငယ်တန်းအဖွဲ့ဝင်အဖြစ် အဆင့်ကျသွားတိုင်း သူစိတ်ဓာတ်ကျခဲ့သည်။ ရုပ်မြင်သံကြားမှ အသင်းဖော်များ ကစားနေ သည်ကို ကြည့်ပြီး “ငါအစားထိုးခံရမှာလား။ ပြန်ကောင်းလာမှာလားလို့တွေးပြီး ကျွန်တော်လုံးဝတစ်ကိုယ်တည်း အထီးကျန်ဖြစ်ခဲ့တယ်” ဟုပြောခဲ့သည်။ ကိုဗစ်ကပ် ကာလအတွင်း မိမိကိုယ်ကိုသတ်သေရန် ကြိုးစားမှုရှိခဲ့ပြီးနောက် သူ၏ပြဿနာကို အသင်း၏စိတ်ပညာရှင်နှင့်ပြသခဲ့သည်။ အကူအညီအတော်များများကို သူရရှိခဲ့သဖြင့်၊ အခြားကစားသမားများအားလည်း ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အားပေးခဲ့သည်။ ယခု သူသည် အသင်း၏အချိန်ပြည့် စိတ်ကျန်းမာရေးအကြံပေးအဖြစ် ခန္ဓာပိုင်းကြံ့ခိုင်သော ကစားသမားများအား စိတ်ပိုင်းဆိုင်ရာ ခိုင်ခံ့ကျန်းမာရေးကို ရှာဖွေရန် တိုက်တွန်းလျက်ရှိသည်။ သူ၏အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့ပြီးနောက် အခြားသူများကို အားပေးရန်မှာ သူ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဟု ရော်ဘင်စန် ခံယူခဲ့သည်။
သမ္မာကျမ်းစာက မှန်ကန်သောစိတ်ထားရှိခြင်းကို ပညာရှိသော ရည်မှန်းချက်အဖြစ်သာမက နှစ်သက်ဖွယ်ဘုရားသခင်ထံမှလာသော ဆုကျေးဇူးအဖြစ်လည်း သတ်မှတ်သည်။ ပရောဖက်ဟေရှာယက…
ဘုရားသခင်၌ ဖြည်းဖြည်းချင်း မှန်မှန် ကြီးထွားခြင်း
ရှဝါးရိုးရှားစောင်းပင် (Saguaro cactus) မှာ ဘယ်သောအခါမျှ အလျင်စလိုကြီးထွားလေ့ မရှိပေ။ ကမ္ဘာပေါ်ရှိ အပင်မပေါက်သော ကန္တာရ ရာသီဥတုတွင် ဤအပင်သည် တဖြည်းဖြည်းအမြစ်တွယ်လာပြီး တစ်သက်လုံး အရှိန်အဟုန်နှင့် ကြီးထွား ပွင့်လန်း နေပါသည်။ ရှဝါးရိုးရှားစောင်းသည် ပထမဆယ်စုနှစ်အတွင်းတွင် ၁.၅ လက်မခန့်သာ ကြီးထွားနိုင်ပြီး၊ ပန်းပွင့်ရန် ၃၅ နှစ်၊ လက်တံများ ဖြစ်ပေါ်လာရန် ၅၀ နှစ်အထိ ကြာနိုင်ပါသည်။ သို့သော် ရှားစောင်းပင်သည် နှစ်ပေါင်း ၂၀၀ အထိ အသက်ရှင်နိုင်ပြီး၊ အမြင့် ၄၅ ပေ၊အလေးချိန် ၂ တန်အထိရှိနိုင်သည်။ တစ်သက်တာ အတွင်း မျိုးစေ့ပေါင်း သန်း ၄၀ ခန့် ထွက်ရှိသည်။ ရှဝါးရိုးရှားစောင်း၏ကြီးထွားမှု သည် နှေးကွေးသော်လည်း ခံနိုင်ရည်ရှိသည်။
ယေရှုသည် ဘုရားသခင်၏နိုင်ငံတော်၌ ယုံကြည်သူများ မည်သို့ကြီးထွားလာသည်ကို ဖော်ပြရန် စိုက်ပျိုးရေးဥပမာများကို အသုံးပြုခဲ့သည်။…
သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်
My Utmost for His Highest စာအုပ်ရေးသားသူ အော့စ်ဝေါဒ်ချိမ်းဘားစ် (Oswald Chambers) သည် သမ္မာကျမ်းစာကောလိပ်ငယ်တစ်ခုကို ဖွင့်လှစ်ခဲ့စဉ်က ထိုနေရာတွင် အလုပ်လုပ်သော စုံတွဲတစ်တွဲသည် ပစ္စည်းများခိုးယူနေကြောင်း သူသိရှိခဲ့သည်။ တစ်ခါတစ်ရံ အမှားကို ဖော်ပြခြင်းက မှန်ကန်သော်လည်း၊ အော့စ်ဝေါဒ်သည် ဤကိစ္စတွင် သူတို့ကို ထိပ်တိုက်မရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ၎င်းတို့၏နှလုံးသားနှင့် စိတ်ထဲ၌ ပြဿနာကို ဖော်ပြပေးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ရက်သတ္တပတ်များစွာ ကြာပြီးနောက် သူတို့သည် နောင်တရလျက် ဝန်ခံခဲ့ကြသည်။ “ဒါကို အစကတည်းက ကျွန်တော် သိပြီးသားပါ။ ဒါပေမယ့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်က ခင်ဗျားတို့ကို စကားပြောတဲ့အထိ စောင့်ချင်ခဲ့တာပါ”ဟု အော့စ်ဝေါဒ်က ပြောရာ၊ ထိုစုံတွဲမှာ အံ့အားသင့်လျက်၊ ၎င်းတို့၏ ဘဝကို ယေရှုထံ အပ်နှံခဲ့ကြသည်။
ဘုရားသခင်၏ဝိညာဉ်တော် လှုပ်ရှားခြင်းသည် “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊…