လ - ဇန်နဝါရီ 2017

အကြွင်းမဲ့ အပ်နှံလိုက်

ကောလိပ်တွင် ကျွန်တော် ဘတ်(စ်)စကက်ဘော ကစားခဲ့စဉ်က ကစားပွဲရာသီတိုင်းတွင် အားကစားရုံထဲဝင်တိုင်း နည်းပြဘာခိုင်းခိုင်းလုပ်မည်ဆိုသည့်စိတ်ကို နှစ်၍ ဆုံးဖြတ်ချက်
ချခဲ့သည်။
‘‘နည်းပြကြီးရေ၊ … ကျွန်တော် ဒီမှာ၊ ကျွန်တော်ဂိုးသွင်းချင်နေပြီ၊ ဘောလုံး ပုတ်ချင်နေပြီ၊ ဒါပေမဲ့ ကျွန်တော့်ကို ကွင်းပတ်မပြေးခိုင်းပါနဲ့၊ ခံစစ်နှင့်ချွေးထွက်မည့် အလုပ်မလုပ်ခိုင်းပါနဲ့’’ ဟု ပြောမိ ခဲ့လျှင် ကျွန်တော့်အသင်းအတွက် အကျိုးမဖြစ်စေနိုင်ပါ။
အောင်မြင်သည့် ကစားသမားတိုင်းသည် အသင်း အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသော နည်းပြကြီး ပြောသမျှကို လိုက်နာ၍ သူ့ကိုယုံကြည်ရမည် ဖြစ်သည်။
ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏
အသက်ရှင်သောယဇ်ကောင်များဖြစ်သည် (ရော ၁၂း၁)။
ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် သခင်ဘုရားအား ‘‘ကိုယ်တော့်ကို ယုံတယ်။ ကိုယ်တော် လုပ်စေလိုတဲ့ ဘယ်အရာကိုမဆို လိုလိုချင်ချင် လုပ်ဆောင်ပါမယ်’’ ဟု ပြောလျှင်၊ ကိုယ်တော် ကျေနပ်နှစ်သက်သောအရာများ၌သာ အာရုံစိုက်အောင် ကျွန်ုပ်တို့၏စိတ်နှလုံးကို…

ဇီဝအသက်

နှင်းများကျပြီးအေးချမ်းလှသည် မနက်ခင်းလေးတစ်နေ့၌ ကျွန်မနှင့် ကျွန်မသမီးလေး ကျောင်းသို့သွားရင်း ကျွန်မတို့ မှုတ်ထုတ်လိုက်သည့်လေက အခိုးငွေ့လေးများ ဖြစ်သွားသည်ကို ကြည့်ကာ ပျော်ရွှင်ခဲ့ကြသည်။ ကျွန်မတို့ မှုတ်ထုတ်လိုက်သည့် ရေငွေ့ပုံစံအမျိုးမျိုးကိုကြည့်ပြီး သဘောကျစွာ ရယ်မောခဲ့ကြသည်။ သမီးလေးနှင့် အတူရှိရသည့်အချိန်၊ အသက်ရှင်ခွင့်ရသည့် အချိန်လေးက ကျွန်မအတွက် ဆုလာဘ်ဖြစ်သည်။
လေရှူထုတ်ခြင်းကို များသောအားဖြင့် မမြင်နိုင် သော်လည်း လေအေးထဲ၌ မြင်ရခြင်းက ရှူသွင်းရှူထုတ် သောလေနှင့် အသက်၏အရင်းအမြစ်ဖြစ်တော်မူသော ဖန်ဆင်းရှင် ဘုရားသခင်ကို အောက်မေ့ဆင်ခြင်မိစေသည်။ “ ထာဝရဘုရားသည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ ဖြစ်လေ၏”(က ၂း၇)။ အလုံးစုံသော အရာခပ်သိမ်းတို့သည် အထံတော်မှလာသည်။ အမှတ်မထင် ဘာမှမစဉ်းစားဘဲ ကျွန်မတို့ ရှူသွင်းလိုက်သည့် လေများပင်လျှင် အထံတော်မှ ဖြစ်ပါ၏။
မျက်မှောက်ခေတ်၏ ဘ၀ကိုအဆင်ပြေချောမွေ့စေသည့် နည်းပညာများ၏ ကျေးဇူးဖြင့်…

ဝေမျှစရာ ရတနာလေးတစ်ခု

၁၉၇၄ ခုနှစ် မတ်လတွင်  တရုတ်လယ်သမားများသည် ရေတွင်းဖော်ရန် မြေကြီးကို တူးရင်း အလွန်အံ့ဖွယ်ကောင်းသောအရာကို တွေ့ရှိခဲ့သည်။ ၎င်းမှာတရုတ်ပြည် အလယ်ပိုင်းဒေသ၏ ခြောက်သွေ့သည့် မြေသားအောက်တွင် နှစ်မြှုပ်နေသည့် တဲရာကိုတာ စစ်တပ်ကြီး ဖြစ်သည်။ သက်တမ်းတွက်ချက်မှုအရ ဘီစီ ၃ ရာစု ခန့်က ဖြစ်သည်။ ထိုသို့ တစ်မူထူးသည့် တွေ့ရှိမှုတွင် ခြေလျင် စစ်သားအယောက် ၈၀၀၀၊ မြင်းသည်တော် ၁၅၀ နှင့် စစ်မြင်းရထား ၁၃၀ ကို ဆွဲနေသော မြင်းပေါင်း အကောင်ရေ ၅၂၀ တို့ပါဝင်သည်။ တဲရာကိုတာ စစ်တပ်သည် တရုတ်နိုင်ငံ၏ပေါ်ပြူလာအဖြစ်ဆုံး ကမ္ဘာလှည့်ခရီးသွား ဒေသများအနက် တစ်ခုဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း ခရီးသွား ၁ သန်းကျော်ကိုလည်း ဆွဲဆောင်နေသည်။ ထိုအံ့ဖွယ်ကောင်းသည့် ရတနာသည် ရာစုနှစ်ပေါင်းများစွာ နစ်မြှုပ်နေခဲ့ပြီး ယခုတွင် ကမ္ဘာကြီးသို့ ဖော်ထုတ်ဝေမျှနိုင်ခွင့် ရခဲ့ပါပြီ။
တမန်တော်…

ကြာမြင့်စွာ လွှမ်းမိုးသော အရိပ်များ

လွန်ခဲ့သောနှစ်များစွာက ကျွန်တော်တို့်ဇနီးမောင်နှံသည် အင်္ဂလန်နိုင်ငံ ယော့ရှိုင်းရယ် ကျေးလက်ဒေသတွင် ရိုးရိုးအိပ်ယာနှင့် မနက်စာကျွေးသော တည်းခိုခန်းလေး၌ တည်းခိုခဲ့ဖူးသည်။   ထိုနေရာ၌ တစ်ခါမျှ မတွေ့ခဲ့ဘူးသည့် ဗြိတိန်လူမျိုး  အခြားစုံတွဲ ၄ တွဲလည်း တည်းခိုနေသည်။ ညနေစာစားပြီးနောက် ဧည့်ခန်း၌ ထိုင်လျက် ကော်ဖီသောက် နေချိန်တွင် “ဘာအလုပ်လုပ်ကြသလဲ” ဟုမေးရင်း စကားလက်ဆုံကျခဲ့ ကြသည်။ အဲဒီအချိန်က ကျွန်တော်သည် ချီကာဂို ၌ ရှိသည့် မူးဒီကျမ်းစာကျောင်း၌ ကျောင်းအုပ်အဖြစ် အစေခံနေရာ၊ ထိုကျောင်းနှင့် စတင်တည်ထောင်သူ ဆရာကြီး ဒီအယ်လ် မူးဒီကို သူတို့ မသိလောက်ဟု ထင်ခဲ့သည်။ သို့သော် ကျွန်တော်က ကျောင်းနာမည်ကို ခေါ်လိုက်သောအခါ သူတို့၏ တုံ့ပြန်မှုက အံ့အားသင့်စရာပါ။ “သြော် … မူးဒီနဲ့စန်ခီ၊ … အဲဒီ ဆရာကြီး မူးဒီလား”၊ အခြားတစ်ယောက်က “ငါတို့မိသားစုက ဆရာ စန်ခီ…

ဘဝကို ရှာဖွေတွေ့ရှိခြင်း

အဖေ့ စကားလုံးများက ရာဗီ့ ရင်ကို နာကျင်စွာ ထိုးနှက်သည်။ “မင်းဟာ တကယ့်ကို အရှုံးသမားပဲ။ မိသားစုကိုလည်း အရှက်ရစေတဲ့သူပဲ” စွမ်းရည်ထူးချွန်သည့် သူ့မွေးချင်း မောင်နှမများနှင့် ယှဉ်လျှင် ရာဗီ သည် ဂုဏ်ယူစရာမရှိသူအဖြစ် ရှုမြင်ခံရသည်။ သူသည် အားကစားတွင်   ကြိုးစားခဲ့ပြီး ထူးချွန်ပါသော်လည်း သူ့ကိုယ်ကို အရှုံးသမားအဖြစ်သာ ခံစားရဆဲဖြစ်သည်။ “ငါဘာဖြစ်လာမှာလဲ။ ငါ တကယ်ပဲ လုံးဝကို အရှုံးသမား ဖြစ်နေသလား။ မနာကျင် မခံစားရဘဲ အဲဒီဘဝကနေ ရုန်းထွက်နိုင်မလား”ဟု သူ့ကိုယ်သူ မေးခွန်း ထုတ်မိသည်။ ဤအတွေးများက သူ့ကို ခြောက်လှန့်နေခဲ့ သော်လည်း သူဘယ်သူ့ကိုမှ ရင်ဖွင့်မပြောခဲ့ပါ။ ထိုသို့ ရင်ဖွင့်သည့်အလေ့အထလည်း မရှိပါ။ “ကိုယ့်ရဲ့ အတွင်းစိတ်က နာကျင်မှုကို စိတ်ထဲမှာပဲထား၊ ပြိုလဲနေတဲ့ ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ်ပဲ တောင့်ခံထား” ဟု သွန်သင်ခံခဲ့ရခြင်းကြောင့်လည်း ပါသည်။
သို့နှင့်…

ကောင်းချီးချိုင့်ဝှမ်း

ပြင်သစ်ပန်းချီဆရာ ဟန်နရီ မတ်တစ်စီ က သူ့ဘ၀နှောင်းပိုင်းမှ သူ့လက်ရာများသည် သူ့ဘဝကို အကောင်းဆုံးဖော်ကျူးသည်ဟု သူခံစားမိသည်။ သူ့ဘ၀နှောင်းပိုင်းအချိန် များ၌ သူသည် ပန်းချီဆွဲခြင်းထက် စတိုင်သစ်ဖြင့် ကြီးမားသောစာရွက်ပေါ်တွင် ရောင်စုံ ပုံများပါသည့် တစ်မူထူးခြား ဆန်းသစ်သောရုပ်ပုံများကို ဖန်တီးခဲ့ပြီး သူ့အခန်းကို ထိုထင်ရှား တောက်ပသောပုံရိပ်များနှင့် အလှဆင်ခဲ့သည်။ သူသည် ကင်ဆာရောဂါ ခံစားနေရပြီဟု ဆရာဝန်မှ ဆုံးဖြတ် ခဲ့ပြီး အများအားဖြင့် ခုတင်ပေါ်၌သာနေရခြင်းကြောင့် ဤအရာက သူ့အတွက် အရေးပါခဲ့သည်။
ဖျားနာခြင်း၊ အလုပ်ပြုတ်ခြင်း၊ ရင်နာစရာများနှင့် ကြုံတွေ့ခံစားရခြင်းသည် “ချိုင့်ဝှမ်းထဲ ရောက်နေခြင်း” ကို
ပုံဆောင်ပြီး ကြောက်ရွံ့စိုးစိတ်သောကများ လွှမ်းမိုးနေ သည်။ ကျူးကျော်စစ်တပ် ချဉ်းကပ်လာနေပြီဟု ယုဒလူတို့ ကြားရစဉ်က ဤကဲ့သို့ပင် ခံစားခဲ့ကြရသည် (၆ ရာ ၂၀း၂-၃)။ ယုဒရှင်ဘုရင် ယောရှဖတ်က “ကျွန်ုပ်တို့အပေါ်မှာ ထားဘေး၊ ဒဏ်ခတ်ခြင်းဘေး၊…

တစ်စုံတစ်ရာကို ရှာတွေ့နိုင်အောင် ပျောက်ဆုံးခြင်း

ကျွန်မ၏ခင်ပွန်းနှင့်လက်ထပ်ပြီး သူနေထိုင်သော ယူကေသို့ ပြောင်းရွှေ့နေထိုင်သော ၅ နှစ်တာကာလသည် နိုင်ငံရပ်ခြား၌ နေထိုင်ရသည့် စွန့်စားမှုတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာသည့်အထိ နေထိုင်ရမည်ဟုတစ်ခါမျှ အိပ်မက် မမက်ခဲ့သလို၊ ကျွန်မ၏မိသားစုဝင်များ၊ မိတ်ဆွေများ၊ အလုပ်အကိုင် စသည့်မိမိနှင့်အကျွမ်းဝင် ရင်းနှီးသော အရာအားလုံးကို စွန့်လွှတ်ဆုံးရှုံးခဲ့ရလိမ့်မည်ဟု မတွေးခဲ့ဖူးပါ။ သို့သော် ယခင်ဘ၀ရှင်သန်ကိုဆုံးရှုံးခဲ့ရပြီးမှ ကျွန်မအတွက် ပို၍ ကောင်းမွန်သော ဘ၀ရှင်သန်မှုအသစ်ကို ရရှိခဲ့သည်။
အသက်ရှုံးလျှင် အသက်ကိုတွေ့လိမ့်မည်ဟူသည့် ပြောင်းပြန်အချိုးကျသည့်ဆုလာဘ်သည် တပည့်တော် များကို သခင်ယေရှုပေးခဲ့သော  ကတိတော်ဖြစ်သည်။ သတင်းကောင်း ဝေငှပြောကြားရန် တပည့်တော် ၁၂ ပါး တို့ကို  သခင်စေလွှတ်သောအခါ ၎င်းတို့အား ၎င်းတို့၏မိဘ၊ သားသမီးများထက် သူ့ကို ပိုချစ်ရန်  မိန့်ကြားခဲ့သည် (မဿဲ ၁၀း ၃၇)။     မိသားစုကို အထူးတန်ဖိုးထားဦးစားပေးသည့် လူ့အသိုင်းအဝန်းကြောင့် သခင်ထိုသို့မိန့်ကြားခြင်းဖြစ်သည်။ သို့သော် “ငါ့ကြောင့် မိမိ…