လ - ဧပြီ 2017

လက်မလျှော့နှင့်

နှစ် ၅၀ ကျော် ကျွန်တော်၏ဆရာလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်သည့် Bob Foster
သည် ကျွန်တော့်ကို မည်သည့်အခါကမှ လက်မလျှော့ပါ။ သူ၏ မပြောင်းလဲသော ခင်မင်မှုနှင့် အားပေးတိုက်တွန်းမှုတို့က ကျွန်တော့်ဘ၀၏အမှောင်မိုက်ဆုံးအချိန်များ ကိုပင် ကျော်ဖြတ်သွားနိုင်အောင် ကူညီမစပေးခဲ့သည်။
အကူအညီ အလွန်အမင်း လိုအပ်နေသူ တစ်ဦးဦးကို ကူညီရန် ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားသော်လည်း တိုးတက်မှုကို ချက်ခြင်းမမြင်ရသည့်အခါ ကျွန်တော်တို့၏ စိတ်သန္နိဌာန်မှာ အားလျော့လာပြီး နောက်ဆုံး၌ ကျွန်တော်တို့ လက်လျှော့ကောင်း လက်လျှော့မိမည်။ ချက်ခြင်း ပြောင်းလဲရန် ကျွန်တော်တို့ မျှော်လင့်ထားသည့် အရာက ဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာသည့် ဖြစ်စဉ် ပါလားဟု ကျွန်တော်တို့ သိလာရသည်။
ဘ၀၏အနှောင့်အယှက် အတားအဆီးများ၊ ရုန်းကန် ရမှုများကို ကျော်ဖြတ်ရစဉ် အချင်းချင်းကို ကူညီမစရာ၌ စိတ်ရှည်သည်းခံကြရန် တမန်တော် ရှင်ပေါလုက တိုက်တွန်း ထားသည်။ ‘‘ထမ်းရွက်စရာ ၀န်ချင်းတို့ကို…

သေးငယ်သောအရာများ

ကျွန်မ၏ မိတ်ဆွေ ဂလိုရီယာသည် စိတ်လှုပ်ရှားနေသည့် အသံဖြင့် ဖုန်းဆက်လာသည်။ ‘‘ငါ့သားက ကွန်ပြူတာမှာ စပီကာအသစ် အခုပဲ တပ်ပေးပြီးပြီ၊ အဲဒါကြောင့် ငါအခု ဘုရားကျောင်းကို သွားလို့ရပြီ’’ ဟု ပြောသည်။ သူက  ဆရာဝန်နှင့် ရက်ချိန်းသွားပြသည် မှလွဲ၍ အိမ်အပြင် မထွက်ပါ။ ထို့ကြောင့် ကျွန်မကို ၀မ်းပမ်းတသာ လှမ်းပြောရသည့် အကြောင်းကို နားလည်နိုင်ပါသည်။ ယခုတွင် သူသည် အသင်းတော်၏ ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှုကို နားထောင်နိုင်ပြီဖြစ်သည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ‘‘ကျွန်မသားက ကျွန်မကိုပေးတဲ့ အကောင်းဆုံးလက်ဆောင်’’ ဟု စိတ်အားထက်သန်စွာဖြင့် သူပြောပြသည်။
ကျေးဇူးတင်တတ်သော နှလုံးသား ရှိရမည့်အကြောင်း ဂလိုရီယာက ကျွန်မကို သင်ပေးသည်။ သူလုပ်ချင်ရာကို သူမလုပ်နိုင်။ သူ့ကို ကန့်သတ်ထားသည့်အရာများစွာရှိလည်း လှပသော နေ၀င်ချိန်အတွက်၊ သူ့ကို ပြုစုသည့် မိသားစုနှင့် အိမ်နီးချင်းများအတွက်၊…

ကျုံ့သွားသော စန္ဒရား

ကျွန်မ၏သားလေးသည် သုံးနှစ်ဆက်တိုက် စန္ဒရားတီးပြိုင်ပွဲဝင်ခဲ့သည်။ ယခင်နှစ် သူဝင်ပြိုင်စဉ်က ခုံခုလိုက်ပြီးမှ တေးသီချင်းကို စတင်တီးခတ်သည်။ ယခု သီချင်းနှစ်ပုဒ် တီးပြီးသော် ကျွန်မဘေးနားဝင်ထိုင်လိုက်ပြီး ‘‘မေမေ ဒီစန္ဒရားက ပိုသေးတယ်’’ ဟု တိုးတိုးလေးပြောသည်။ ကျွန်မက ‘‘မဟုတ်ဘူး သား၊ မနှစ်က မင်းတီးတဲ့ စန္ဒရားနဲ့ အတူတူဘဲ၊ မင်းက ကြီးလာတာလေ’’ ဟုပြန်ပြောလိုက်သည်။
ဝိညာဉ်ရေးကြီးထွားမှုသည်လည်း ခန္ဓာကြီးထွားမှု ကဲ့သို့ပင်  အချိန်ယူကာ တစ်ဖြည်းဖြည်းချင်း ဖြစ်လာသည်။ သခင်ယေရှုနှင့် တိုး၍တူလာခြင်း အပါအ၀င် စဉ်ဆက်မပြတ် ဖြစ်ပျက်နေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ကျွန်မတို့၏ စိတ်သဘောထားကို အသစ်ပြန်လည်ပြင်ဆင်ခြင်းအားဖြင့် (ရော ၁၂း၂)ကျွန်မတို့ ပြောင်းလဲလာသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်မတို့အတွင်း၌ အလုပ်လုပ်သည့်အခါ မိမိအသက်တာရှိ အပြစ်ကို ကျွန်မတို့ သိမြင်လာသည်။ ထို့ပြင် ဘုရားသခင်အား ချီးမြှောက်လိုခြင်း ကြောင့် ပြောင်းလဲရန် အားထုတ်ကြသည်။ တစ်ခါတစ်ရံ အောင်မြင်မှုရရှိသော်လည်း…

အမြဲ နားထောင်နေသည်

ကျွန်တော့်အဖေသည် စကားနည်းလှသည်။ နှစ်အတော်ကြာ စစ်တပ်၌ အမှုထမ်း ခဲ့ခြင်းကြောင့် အကြားအာရုံ ချွတ်ယွင်းခဲ့ပြီး နားကြားကိရိယာကို တပ်ဆင်ခဲ့ရသည်။ နေ့လယ်ခင်းတစ်ခုတွင် အမေနှင့် ကျွန်တော်တို့နှစ်ဦးသား လိုသည်ထက်ပိုပြီး ကြာကြာ စကားပြောသည်ဟု သူထင်သဖြင့် ‘‘အေးအေးချမ်းချမ်းနေချင်တဲ့ အခါတိုင်း ငါကတော့ ဒီလိုလေး လုပ်လိုက်ရုံပဲ’’ ဟုဆိုကာ  နားကြား ကိရိယာကို ပိတ်၊ ခေါင်းနောက်၌ လက်နှစ်ဖက်ကိုယှက်၊ မျက်လုံးမှိတ်ပြီး ကြည်လင် အေးချမ်းစွာ ပြုံးနေလိုက်သည်။ ဤသို့ သူက နောက်ပြောင်ခဲ့ပါသည်။
ကျွန်တော်တို့ ရယ်မောလျက် ကျွန်တော်တို့၏ စကားစမြည်ပြောခြင်းကို အဆုံးသတ်ခဲ့သည်။
ထိုနေ့က အဖေ့၏အပြုအမူအားဖြင့် ကျွန်တော် တို့နှင့် ဘုရားသခင်၏သဘောထားက တစ်ခြားစီ ကွာခြားလှကြောင်း ကျွန်တော့်ကို ပြန်ပြောင်းသတိပေးသည်။ ဘုရားသခင်သည် သူ့သားသမီးများ၏စကားကို အမြဲ ကြားလိုသည်။ ဤအကြောင်းကို သမ္မာကျမ်းစာထဲရှိ အတိုဆုံးဆုတောင်းချက်တစ်ခု၌ အလေးပေးဖော်ပြထားသည်။ တစ်နေ့တွင် ပါရှားဘုရင် အာတဇေရဇ်မင်းကြီး၏…

ပေးလှူခြင်း ဆုကျေးဇူး

သင်းအုပ်ဆရာတစ်ပါးက ‘‘သူဝတ်ထားတဲ့အင်္ကျီကို မင်းအတွက် သူချွတ်ပေးလိုက်တယ်’’ ဟုပြောလိုက်ပြီး လူအများ၏စိတ်ဝင်စားမှုအာရုံကို ဖမ်းစားလိုက်သည်။  ‘‘ကျွန်တော်တို့ ၀တ်ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ပြီး လိုအပ်နေသူတွေကို ပေးခဲ့မယ်ဆိုရင် ဘာဖြစ်လာ မလဲ’’ ဟု ပြောပြီး လုပ်နေကြမဟုတ်သည့် စိန်ခေါ်မှုကို သူ့အသင်းတော်၌ ပြုလုပ်ခဲ့ သည်။ ထို့နောက် သူဝတ်ထားသော ကုတ်အင်္ကျီကိုချွတ်ကာ ဘုရားကျောင်းရှေ့၌ ချထားလိုက်သည်။ လူများစွာလည်း သူ့စံနမူနာအတိုင်း လိုက်လုပ်ကြသည်။ ဤအချိန်အခါ သမယမှာ ဆောင်းတွင်းဖြစ်၍ ထိုနေ့အတွက် အိမ်အပြန် လမ်းက သက်သောင့်သက်သာ သိပ်မရှိပါ။ သို့သော် ဒါဇင်ပေါင်းများစွာသော လိုအပ်နေသူများအတွက် အနည်းငယ် နွေးထွေးစေမည်ဖြစ်သည်။
နှစ်ခြင်းဆရာယောဟန်သည် ယုဒတော၌ လှည့်လည်သွားလာနေစဉ် သူ၏တရားစကားကို ကြားနာရန် ရောက်ရှိ လာသူတို့အား ပြင်းပြင်းထန်ထန် သတိပေးစကားဆိုခဲ့သည်။ ‘‘အချင်း မြွေဆိုးအမျိုးတို့၊’’ ‘‘နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့’’ ဟု ပြောခဲ့သည် (လု ၃း၇-၈)။ လူအုပ်ကြီးကလည်း…