လ - ဩဂုတ် 2017

ဘုရားသခင်၏ တောက်ပသောအလှ

လော့ဒ် ဟိုဝဲ ကျွန်းသည် သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်း၌ရှိပြီး သဲဖြူများနှင့် ကျောက်သလင်းကဲ့သို့ကြည်လင်သောရေများရှိသည့် ဘုံဗိမာန်လေးတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်အတန်ကြာက ထိုကျွန်းသို့ ကျွန်ုပ်သွားရောက်လည်ပတ်ခဲ့ရာ ၎င်း အလှများ၏ ဖမ်းစားမှုကို ခံခဲ့ရသည်။ ထိုနေရာတွင် ပင်လယ်လိပ်များ၊ တလက်လက် တောက်ပနေသောငါးများနှင့် ရေကူးနိုင်ပြီး၊ ကြော်ငြာ ဆိုင်းဘုတ်ကဲ့သို့ နီယွန်မီးရောင်များပမာ ရောင်ပြန်ဟပ် နေသော ငါးများက အနီးမှ ဖြတ်သန်းသွားသည်။   ကျွန်းပေါ်ရှိ ရေငံအိုင်မှ သန္တာကျောက်တန်းများတွင် လိမ္မော်ရောင် တောက်တောက်နှင့် နီမိုငါးများ၊ အ၀ါရောင်အစင်းကြားနှင့် လိပ်ပြာငါးများကို တွေ့ရပြီး ကျွန်ုပ်လက်ကို ၎င်းတို့ လာနမ်းကြ သည်။ ထိုသို့ အံ့မခမ်းသောမြင်ကွင်းကို  မြင်ရပြီးနောက် ဘုရားသခင်ကို မကိုးကွယ်ဘဲ မနေနိုင်ပြီ။
ကျွန်ုပ်ခံစားချက်အပေါ် တမန်တော်ရှင်ပေါလုက  အကြောင်းရင်းတစ်ချက်ကို ပေးသည်။ ဖန်ဆင်းခံအရာများက ဘုရားသခင်၏သဘောသဘာဝကို ဖော်ပြနေခြင်းတည်း (ရော ၁း၂၀)။ လော့ဒ် ဟိုဝဲကျွန်း၏ အံ့သြစရာများက ကိုယ်တော်၏…

သန့်ရှင်းစေပါ

ပန်းကန်ဆေးစက်ကို ဖွင့်လိုက်သောအခါ ဘာမှားယွင်းနေပါလိမ့်ဟု ကျွန်မတွေးမိသည်။ သန့်ရှင်း၍ တောက်ပြောင်နေသော ပန်းကန်များကို တွေ့ရမည့်အစား မြေဖြူမှုန့်ကဲ့သို့ အမှုန်များကို ပန်းကန်များနှင့် ဖန်ခွက်များမှ ဖယ်ရှားနေရသည်။  ရေကြောင့်လား (သို့) ပန်းကန်ဆေးစက်ပျက်သွားသောကြောင့်လား ဟု ကျွန်မမေးခွန်းထုတ်မိသည်။
ဘုရားသခင်၏ဆေးကြောခြင်းက ထိုသို့မဟုတ်ဘဲ ကျွန်ုပ်တို့၏ မသန့်ရှင်းမှုများကို လုံးဝဖယ်ရှားပေးသည်။ ပရောဖက် ယေဇကျေလက ဘုရားသခင်၏မေတ္တာနှင့် ခွင့်လွှတ်ခြင်းအကြောင်းကို ဖော်ပြလျက်၊ ဘုရားသခင်သည် မိမိလူတို့အား သူ့ထံသို့ ပြန်လာရန် ခေါ်နေသည်ဟု ယေဇကျေလ အနာဂတ္တိကျမ်းတွင် တွေ့ရသည်။ ဣသရေလ လူများသည် အခြားသောဘုရားကို ကိုးကွယ်ခြင်းနှင့် တစ်ပါးအမျိုးသားများနှင့် စုံဖက်ခြင်းအားဖြင့် ဘုရား သခင်အား ပြစ်မှားကြသည်။ သို့သော် သူ့ထံ ပြန်လာခြင်းကို ကရုဏာကြွယ်ဝစွာဖြင့် ထာဝရဘုရား ကြိုဆိုခဲ့သည်။ ‘‘သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်း သော ရုပ်တုတို့နှင့် ကင်းစင်စေမည်’’ (၃၆း၂၅)ဟု သူတို့ကို…

ပိုလျှံနေသော သစ်သီးများ

နွေနှင့်နွေဦးရာသီများတွင် ကျွန်ုပ်၏အိမ်နီးချင်းခြံမှ ဖြစ်ထွန်းဝေဆာနေသော သစ်သီး များကို ကျွန်ုပ်နှစ်သက်လှသည်။ သူတို့ စိုက်ပျိုးထားသော စပျစ်ပင်များက ခြံစည်းရိုးကို တွယ်တက်ပြီး ကြီးမားသော စပျစ်ခိုင်များက အားရစရာ။ တွဲလောင်းကျနေသည့် ခရမ်းရောင် စပျစ်ခိုင်များက ကျွန်ုပ်တို့ခြံဘက် ရောက်နေသည်။    မျိုးစေ့ကို မစိုက်ပျိုး၊ ဥယျာဉ်ကို ရေလောင်း ပေါင်းသင်ခြင်း မပြုသော်လည်း အိမ်နီးချင်း လင်မယားက ရက်ရောစွာ ခူးယူစားသုံးခွင့်ပေးသည်။ ပျိုးပင်များပြုစု ပျိုးထောင်ခြင်းကို သူတို့တာဝန်ယူပြီး အသီးဝင်းမှည့်ချိန်တွင် ဝမ်းမြောက်မှုကို သူတို့မျှဝေခံစားသည်။
ခြံစည်းရိုးတစ်ဘက်ခြမ်းရှိ အပင်နှင့် စပျစ်ပင်များက ကျွန်ုပ်နှင့် ကျွန်ုပ်၏အသက်တာတွင် ဘုရားသခင် တွေ့ကြုံ စေသည့် လူများအတွက် အခြားဝင်းမှည့်ချိန်တစ်ခုကို သတိရစေသည်။ ၎င်းမှာ ဝိညာဉ်အသီးများ၏ဝင်းမှည့်ချိန် ဖြစ်သည်။
ခရစ်တော်၏နောက်တော်လိုက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးဖြင့် အသက်ရှင်ခြင်းဖြင့် ဘ၀အကျိုးကျေးဇူးများကို ရရှိခံစားနိုင်သည့် အခွင့်အရေး ရှိသည် (ဂလာ ၅း၁၆-၂၁)။ ကျွန်ုပ်တို့၏စိတ်နှလုံးတွင်…

ဂရုစိုက်ပါ

ဂျွန် နယူတန် က ‘‘အကယ်၍ အိမ်အပြန်လမ်းတွင် ပိုက်ဆံကျပျောက်သွားသည့် ကလေး တစ်ယောက်ကို ကျွန်ုပ်တွေ့ပါက ပိုက်ဆံအစားပြန်ပေးခြင်းဖြင့် အငိုတိတ်စေ မည်။ ၎င်းက ငါတစ်ခုခု လုပ်ပေးခဲ့တာပဲဟု ခံစားရစေလိမ့်မည်။ ထို့ထက် ပိုကြီးမားသောအမှုအရာကို လုပ်ခြင်းက ကျွန်ုပ်အတွက် ၀မ်းမြောက်စရာဖြစ်သော်လည်း ဤ အသေးအဖွဲအမှုကို ကျွန်ုပ်လျစ်လျူမရှုပါ’’ ဟု ရေးသားခဲ့သည်။
ယနေ့အချိန်အခါတွင် နှစ်သိမ့်မှုကို လိုအပ်နေသူ တစ်ဦးကို ရှာတွေ့ရန်မှာ မခက်ပါ။ ဥပမာ- အခြားသူများနှင့် တွေ့ရန် အချိန်မရဘဲ အလုပ်များနေသည့် ပင်ပန်း နွမ်းနယ် နေသော စတိုးဆိုင်ငွေရှင်းကောင်တာမှ ၀န်ထမ်း၊ နေစရာအိမ်လိုအပ်နေသော ဒုက္ခသည်တစ်ဦး၊ စိုးရိမ်ပူပန်မှုများကြောင့် မျှော်လင့်ချက် ပျောက်ဆုံးနေသော မိခင်တစ်ဦး၊ ကိုယ့်ကိုယ်ကိုယ် အသုံးမ၀င်တော့ဟု ခံစားနေရသည့် ဖခင်အိုတစ်ဦး စသည်တို့ ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့ ဘာပြုရမည်နည်း။  ‘‘ဆင်းရဲသောသူကို အောက်မေ့သော သူသည်…

လေးနက်စွာ ရှာဖွေခြင်း

အထက်တန်းကျောင်း မာရသွန်ပြိုင်ပွဲဝင်အသင်းတွင် ကျွန်ုပ်သမီးပါဝင်နေခြင်းကြောင့် လွန်ခဲ့သော စနေနေ့က အပြေးလေ့ကျင့်ရေးကွင်းသို့ မိသားစုလိုက် သွားရောက်အားပေး ကြသည်။ နောက်ဆုံးမျဉ်းကို ဖြတ်လျက် ပန်းဝင်သွားပြီးနောက်တွင် ၎င်းတို့အား ထွေးပွေ့အားပေးမည့် အသင်းသားချင်း၊ နည်းပြနှင့် မိဘများထံ ကစားသမားများ ဆက်ပြေးသွားသည်။ သို့ရာတွင် ၃၀၀ ထက်မကသော ပရိသတ်က ပန်းဝင်သူများကို ဖုံးလွှမ်းသွားသဖြင့် လူအများ ကြားတွင် လူတစ်ဦးကို ရှာဖွေရန်မှာ ခက်ခဲလှသည်။  ပရိသတ် များကြား စိတ်လှုပ်ရှားစွာ နှံ့နှံ့စပ်စပ်ကြည့်ပြီး သမီးကို ရှာတွေ့ သော် ကျွန်ုပ်တို့ လာရောက်အားပေးသော ကျွန်ုပ်တို့အလွန် ချစ်ရသောသမီးအား ပွေ့ဖက်အားပေးရတော့သည်။
ဗာဗုလုန်သို့ နှစ်ပေါင်း ၇၀ ကြာ ဖမ်းဆီး ခေါ်ဆောင်သွားခံရပြီးနောက် ဘုရားသခင်သည် ဂျူးလူမျိုးများအား ယေရုရှလင်နှင့် ယုဒပြည်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့အတွက် ဘုရားသခင် ၀မ်းမြောက်ပြီး အိမ်ပြန်လာသူများ အတွက် ခရီးလမ်းနှင့် ၎င်းတို့ကို…