လ - ဒီဇင်ဘာ 2017

ကမ္ဘာမြေပေါ်မှာဖြစ်သောအရာ

Andrew Cheatle သည် ကမ်းခြေ၌ သူ့လက်ကိုင်ဖုန်း ပျောက်သွားရာ ဘယ်တော့မှ ပြန်မရနိုင်တော့ဟု ထင်ခဲ့မိသည်။ တစ်ပတ်အကြာတွင် ငါးဖမ်းသမား Glen Kerley သည် သူ့ထံဖုန်းဆက်ခဲ့သည်။ ၂၅ ပေါင်ခန့်ရှိသည့် ငါးကြီး၏၀မ်းဗိုက်အတွင်းမှ ဖုန်းကို ရရှိခဲ့ပြီး အခြောက်ခံလိုက်သောအခါ ဖုန်းသည် ကောင်းစွာ အလုပ်လုပ်နေပါသည်။

ဘ၀ကြီးသည် ထူးဆန်းသောအကြောင်းအရာများနှင့် ပြည့်နှက်နေပြီး သမ္မာကျမ်းစာ၌လည်း ထိုသို့သော အကြောင်းအရာများကို တွေ့ရသည်။ တစ်နေ့တွင် အခွန်ခံ တစ်ယောက်သည် ပေတရုထံ ရောက်လာပြီး - ‘‘သင်၏ ဆရာသည် ဒိဒြမ္မကို မပေးသလော’’ဟု မေးသည် (မ ၁၇း၂၄)။ သခင်ယေရှုသည် ထိုအခြေအနေအားဖြင့် ရှင်ဘုရင်ဖြစ်တော်မူသည့် သူ၏အနေအထားကို ပေတရု နားလည်အောင် သွန်သင်ခဲ့သည်။ ရှင်ဘုရင်၏သားသမီး များကို အခွန်မကောက်။ ထိုနည်းတူ သခင်ဘုရားက သူနှင့် သူ၏သားသမီးများ၌ ဗိမာန်တော်အခွန်ကြွေး မရှိကြောင်း ရှင်းလင်းစွာ ပြောပြခဲ့သည်…

ရိုးရာထုံးတမ်းဓလေ့များနှင့် ခရစ်စမတ်

ခရစ်စမတ်တွင် သကြားချောင်းကို စားရင်း ဂျာမန် လူမျိုးများကို ‘‘danke schön’’ ဟု ပြောလိုက်ပါ။ အကြောင်းမှာ ဤသို့ အချိုပွဲတည်ခင်းသော အလေ့အထသည် ကိုလုံးမြို့၌ စတင်ခဲ့သောကြောင့်ဖြစ်သည်။ ရွက်လှပန်းကို သင်ကြိုက်ပါက မက်ဆီကို လူမျိုးများအား ‘‘gracias’’ ဟု ပြောပါ။  ထိုအပင်သည် မူရင်း မက်ဆီကို ဇာတိဖြစ်သည်။ Noel ဟူသော ဝေါဟာရသည် ပြင်သစ်စကားမှဆင်းသက်လာသည်ဖြစ်၍ ပြင်သစ်လူမျိုးကို ‘‘merci beaucoup’’ ဟု ပြောပါ။ Mistletoe ခရစ်စမတ်သစ်ပင်အတွက် အင်္ဂလိပ်လူမျိုးကို ‘‘cheers’’ ဟု  ပြောလိုက်ပါ။

ခရစ်စမတ်ရာသီတွင် ကမ္ဘာတစ်ဝန်းမှ ဆင်းသက် လာသော ယဉ်ကျေးမှုရိုးရာထုံးတမ်းစဉ်လာများကို ခံစားရင်း မိမိတို့၏ရင်ထဲ အသဲထဲမှလာသော ‘‘ကျေးဇူးတင်ပါတယ်’’ ဟူသောစကားကို ကောင်းမြတ်၍ ကရုဏာ မေတ္တာတရားနှင့် ပြည့်ဝသော ဘုရားရှင်အား ပြောကြားကြပါစို့။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း…

စိတ်လှုပ်ရှားအံ့ဖွယ် မျှော်လင့်ရာ

Reginald Fessenden သည် ကြိုးမဲ့ရေဒီယိုဖြင့် ဆက်သွယ်နိုင်ရေးအတွက် နှစ်ပေါင်း များစွာ ကြိုးစားခဲ့သည်။ အခြားသော သိပ္ပံပညာရှင်များက သူ၏အတွေးအခေါ်ကို မဖြစ်နိုင်၊ မြင့်လွန်းသည်၊ အောင်မြင်မှာ မဟုတ်ဟု သံသယ၀င်ခဲ့ကြသည်။ သို့သော် သူသည် ၁၉၀၆ ခုနှစ် ဒီဇင်ဘာလ ၂၄ တွင် ရေဒီယိုမှ ပထမဆုံးတေးသီချင်းများ စတင် ဖျော်ဖြေသူဖြစ်လာခဲ့ပြီး သူ့ယူဆချက်သည် ဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်။

Fessenden သည် သစ်သီးဝလံကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး လှေ ၁၂ စီးပေါ်တွင် ကြိုးမဲ့ရေဒီယိုစနစ်ကို တပ်ဆင်ပေးခဲ့သည်။ ငှက်ပျောသီးခူးခြင်း၊ ဈေးကွက် ထိုးဖောက်ခြင်းနှင့်ပတ်သက်၍ လှေပေါ်မှပင် ဆက်သွယ် အရောင်းအ၀ယ်လုပ်ရန် ဖြစ်သည်။ ခရစ်စမတ် အကြိုညတွင် သင်္ဘောပေါ်ရှိကြိုးမဲ့အော်ပရေတာ စက်ကိုင်များအားလုံးကို အာရုံပြု၍ နားဆင်ရန် သူကြိုပြောထားပြီး ည ၉ နာရီ ၀န်းကျင်ခန့်တွင် သူ့အသံကို အားလုံးကြားလိုက်ရသည်။

သူပြောခဲ့သည့်အတိုင်း…

ကျွန်ုပ်တို့နှင့်အတူရှိသောဘုရား

‘‘သခင်ခရစ်တော် ကျွန်ုပ်နှင့်အတူရှိသည်။ ကျွန်ုပ်ရှေ့မှာရော နောက်မှာပါရှိသည်။ ‘‘သခင်ခရစ်တော် ကျွန်ုပ်နှင့်အတူရှိသည်။ ကျွန်ုပ်ရှေ့မှာရော နောက်မှာပါရှိသည်။ အတွင်း၌ရော အောက်မှာရော၊ အပေါ်မှာရော၊ ဘယ်ဘက်ရော၊ ညာဘက်မှာပါရှိသည်။...’’ဟု ၅ ရာစုနှစ်ကာလက စဲလ်တစ် ခရစ်ယာန် စိန့်ပက်ထရစ် မှ ရေးစပ်ခဲ့သည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းမှ သခင်ယေရှုဖွားမြင်ခြင်းအကြောင်းကို ကျွန်မဖတ်ရှုစဉ် ထိုဓမ္မတေးက စိတ်ထဲ၌ ပဲ့တင်ထပ်မြည်ဟီးနေသည်။ နွေးထွေးစွာ ထွေးဖက် ထားသကဲ့သို့ ခံစားရပြီး ငါဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေ ဟု ကျွန်မကို သတိပေးနေသည်။

ရှင်မဿဲ၏ရေးသားချက်အရ လူသားများအကြား ဘုရားရှင် လာရောက်နေထိုင်ခြင်းသည် ခရစ်စမတ်၏ စစ်မှန်သော အနှစ်သာရဖြစ်သည်။ ပရောဖက် ဟေရှာယ၏ ကြိုတင်နိမိတ်ဟောကြားချက်အရ ကျွန်ုပ်တို့နှင့်အတူရှိသော ဘုရားသခင်ဟုအဓိပ္ပာယ်ရသော ဧမာနွေလ အမည်ရှိ သူငယ်တော်ကို မွေးဖွားသန့်စင်လာမည် (ဟေ ၇း၁၄)။ ရှင်မဿဲက ထိုပရောဖက် ပြည့်စုံကြောင်းကို ဖော်ပြသည်။ ကျွန်မတို့နှင့် အတူရှိမည့်ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မွေးဖွားပြီ…

ငါ့ဝိညာဉ်၏တိတ်ဆိတ်ည

‘‘တိတ်ဆိတ်ည’’ သီချင်းကို Joseph Mohr နှင့် Franz Gruber တို့ မစပ်ဆိုမီ Angelus Silesius က အောက်ပါ တေးကဗျာကို အရင်ရေးစပ်ခဲ့သည်။

‘‘တိတ်ဆိတ်ည’’ သီချင်းကို Joseph Mohr နှင့် Franz Gruber တို့ မစပ်ဆိုမီ Angelus Silesius က အောက်ပါ တေးကဗျာကို အရင်ရေးစပ်ခဲ့သည်။‘‘အို တိတ်ဆိတ်ညတစ်ညမှာ ခရစ်တော်ဘုရား ဖွားမြင်လာ၊ယခင်က ပျောက်ဆုံးခဲ့သောအရာများ အသစ်တစ်ဖန် ပြန်လည်အသက်ဝင်ခဲ့၊ အို စိတ်ဝိညာဉ် ငြိမ်ဝပ်လေ၊ အရာခပ်သိမ်းကို ပြန်လည်တည့်မတ်ရန် ဘုရားရှင် ဖွားမြင်မည်’’

ပိုလန်ဘုန်းတော်ကြီး Silesius သည် ထိုကဗျာကို ၁၆၅၇ ခုနှစ်တွင် The Cherubic Pilgrim စာအုပ်ထဲ၌ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ကျွန်ုပ်တို့အသင်းတော်၏ ခရစ်စမတ် အကြိုည ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ်၌ ‘‘Could But…