လ - ဇန်နဝါရီ 2018

နှင်းပွင့်ကဲ့သို့ ဖြူစင်စေသည်

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကျွန်မတို့မိသားစုသည် တောင်တန်းဒေသသို့ ခရီးထွက် ခဲ့သည်။ ကျွန်မဘ၀တစ်လျှောက်လုံး အပူပိုင်းဒေသတွင်သာ နေထိုင်ခဲ့ခြင်းကြောင့် လှပသော နှင်းများကို မြင်ရခြင်းက ယခုပထမဆုံးအကြိမ်ဖြစ်သည်။ ကွင်းပြင်ကြီးတစ်ခုလုံး အဖြူရောင်နှင်းများ ဖုံးလွှမ်းနေသည်ကို စိတ်ချမ်းမြေ့စွာကြည့်ရှုခံစားစဉ် ကျွန်မခင်ပွန်းက ‘‘သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့် ကဲ့သို့ ဖြူလိမ့်မည်’’ ဟု ဟေရှာယ (၁း ၁၈) ကို ရွတ်ဆိုခဲ့သည်။

ကတ္တီပါနီဆိုသည့်စကားလုံး၏အဓိပ္ပာယ်ကို မေးပြီး နောက် ကျွန်မတို့၏သုံးနှစ်သမီးလေးက ‘‘အနီရောင်က မကောင်းဘူးလား’’ဟု ပြန်မေးခဲ့သည်။ အပြစ်ဆိုသည်မှာ ဘုရားသခင်မကြိုက် မနှစ်သက်သောအရာများဟု သူသိ သည်။ သို့သော် ဤကျမ်းပိုဒ်က အရောင်အကြောင်းကို ပြောနေခြင်း မဟုတ်ပါ။ ပရောဖက်ကြီးက သေးငယ်သော ပိုးကောင်တစ်မျိုး၏ဥမှရရှိသည့် အနီရောင်ဆိုးဆေးအကြောင်းကို ပြောနေခြင်းဖြစ်သည်။ အ၀တ်အထည်များကို ဤအနီရောင် ဆိုးဆေးဖြင့် နှစ်ထပ်ဆိုးပေးမှသာ အရောင်စွဲမည်ဖြစ်သည်။ ထို့နောက် မည်မျှလျှော်လျှော်၊ မိုးရေမည်မျှထိထိ…

တတ်နိုင်ပါတယ်၊ ရရှိနိုင်ပါတယ်

ကျွန်မမိခင်၌ ကင်ဆာဖြစ်နေပြီဆိုသည့်သတင်းကို သိရချိန်တွင် ကျွန်မခင်ပွန်းက သူ့အလုပ်တွင် ရှိနေပြီး၊ ကျွန်မ၏သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ကျွန်မ၏ခင်ပွန်းကို အမေ ကင်ဆာဖြစ်နေကြောင်း အသိပေးအကြောင်းကြားခဲ့သည်။ မည်သူမျှ ကျွန်မ အနီးတွင် မရှိခဲ့ပါ။ တုန်ရီနေသည့် လက်များနှင့် ကျွန်မမျက်နှာကိုဖုံးအုပ်ပြီး ရှိုက်ကြီးတငင်  ငိုကြွေးကာ ‘‘ကျွန်မကို ကူညီပါ ကိုယ်တော်’’ ဟုသာ ရေရွတ်ခဲ့ပါတယ်။ ထိုသို့ ကျွန်မတစ်ဦးတည်း လုံးဝအထီးကျန်နေချိန် တွင် ဘုရားရှင်သည် ကျွန်မအနားမှာ ရှိနေခဲ့ပြီး နှစ်သိမ့်ပေး နေကြောင်း စိတ်ချမှုကို ခံစားခဲ့ရသည်။

ကျွန်မခင်ပွန်း အိမ်ပြန်ရောက်ချိန်၊ မိတ်ဆွေများနှင့် မိသားစုဝင်များ တစ်ယောက်စ နှစ်ယောက်စ လာရောက် အားပေးကြချိန်တွင် ဘုရားရှင်ကို ကျွန်မကျေးဇူးတင်မိသည်။ သို့သော် ကျွန်မတစ်ယောက်တည်း အထီးကျန်ပြီး ပူဆွေး သောကရောက်နေစဉ် ဘုရားသခင် ကျွန်မနှင့်အတူရှိနေ ကြောင်း အသိခံစားချက်က ကျွန်မကို ငြိမ်သက်စေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်ဖြစ်ဖြစ်၊…

သူငယ်ကဲ့သို့

လွန်ခဲ့သောနှစ်များစွာက ည၀တ်ဆုတောင်းအပြီးတွင် ‘‘အမေ၊ ဘုရားသခင်ဘယ်မှာ ရှိလဲ’’ ဆိုသည့် ၂ နှစ်သမီးလေး၏မေးခွန်းကြောင့် ကျွန်တော့်ဇနီး အံ့အားသင့်သွားသည်။

‘‘ဘုရားသခင်ဟာ ကောင်းကင်ဘုံမှာ ရှိတယ်။ နေရာတိုင်းမှာလည်း ရှိတယ်။ အခုလည်း အမေတို့နဲ့အတူရှိတယ်။ တကယ်လို့ သမီးရဲ့နှလုံးသားထဲမှာ ကိန်းဝပ်ရှိနေဖို့ သမီးသာ သူ့ကိုဖိတ်ခေါ်ရင်လည်း သမီးနှလုံးသားထဲမှ သူရှိ နိုင်တယ်’’ ဟု Luann က ပြန်ဖြေခဲ့သည်။

‘‘သမီးရဲ့နှလုံးသားထဲမှာ သခင်ယေရှုကို ရှိစေချင်တယ်’’‘‘တစ်ရက်ရက်မှာ သူ့ကို ပြောလို့ ရပါတယ်’’‘‘အခုပဲ နှလုံးသားထဲမှာ သူ့ကို ရှိစေချင်ပါတယ်။’’

သို့နှင့် သမီးလေးက ‘‘သခင်ယေရှု၊ ကျေးဇူးပြု၍ သမီးရဲ့နှလုံးသားထဲကို ၀င်လာပြီးတော့ သမီးနှင့်အတူ ရှိတော်မူပါ’’ ဟု ဆုတောင်းခဲ့သည်။ ထိုမှစ၍ ဘုရားသခင်နှင့် အတူလျှောက်လှမ်းသည့် သူ၏ယုံကြည်ခြင်းခရီးလမ်း စတင်ခဲ့သည်။

သခင်ခရစ်တော်၏တပည့်တော်များက ‘‘သခင်၊ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ ကြီးမြတ်ပါအံ့သနည်း’’ ဟုမေးသောအခါ…

ဝမ်းမြောက်ခြင်း

မြန်ဆန်လွန်းလှစွာဖြင့် ကျွန်မသက်ကြီးပိုင်းသို့ ရောက်လာပါတော့မည်။ ယခုတော့ မရောက်သေးပါ။ ရာသီနှစ်လများက မြင်းဒုန်းစိုင်းစီးသကဲ့သို့ လျင်မြန်စွာကုန်လွန်သည်။ တစ်ခါတစ်ရံတွင် အချိန်ကို ဖြည်းဖြည်းချင်းသာ ကုန်လွန်သွားစေချင်သည်။ မည်သို့ပင် ဖြစ်စေ ၀မ်းမြောက်ခြင်းကို ကျွန်မခံစားရသည်။ နေ့ရက်တိုင်းသည် ဘုရားသခင် ပေးသနားသည့် နေ့သစ်များ ဖြစ်သည်။ ‘‘ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍...ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်းပြုခြင်းငှာ လည်းကောင်းလျောက်ပတ်ပေ၏’’ ဟု ဆာလံဆရာနှင့်အတူ ကျွန်မ ရွတ်ဆို နိုင်သည် (ဆာ ၉၂း၁-၂)။

ကျွန်မ၏အသက်တာ၌ ဘ၀အတွက် ရုန်းကန်ရမှုများ ရှိပြီး တစ်ခါတစ်ရံ အခြားသူများခံစားရသည့်နာကျင်မှုနှင့်  အခက်အခဲများကို နားမလည်နိုင်ဖြစ်ရသော်လည်း ဆာလံဆရာနှင့်အတူ ‘‘လက်တော်နှင့် ပြုပြင်သမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုရန်’’ (း၎) ထာဝရဘုရားသခင် အခွင့်ပေး သည်။ မိသားစု၊ မိတ်ဆွေများ၊ စိတ်ကျေနပ်စရာကောင်းသည့် အလုပ်အကိုင်စသည့် ဘုရားပေးထားသော ကောင်းချီးမင်္ဂလာများအတွက် ၀မ်းမြောက်ရသည်။…

နောက်ဆုံးစကား

တစ်နေ့တွင် တက္ကသိုလ်တစ်ခုမှ ဒဿနိကဗေဒအတန်းတစ်တန်း၌   ကျောင်းသား တစ်ဦးသည် ပါမောက္ခတစ်ဦး၏အမြင်နှင့်ပတ်သက်ပြီး စိတ်ဆိုးလောက်သည့် ဝေဖန်ချက် မှတ်ချက်ပေးခဲ့သည်။ ဆရာသည် ထိုကျောင်းသားကို ကျေးဇူးတင်ခဲ့ပြီး အခြားထင်မြင်ဝေဖန်ချက်ကို ဆက်လက်ဆွေးနွေးသွားသည်။ ထိုအပြုအမူသည် အခြား ကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။ ထိုကျောင်းသား ကို အဘယ်ကြောင့်  မတုံ့ပြန်မချေပသနည်းဟု သူ့ကို မေးမြန်းရာ၊ ‘‘ ဒါဟာ နောက်ဆုံးစကား၊ ငါ့စကားအတည်ပဲလို့ ပြောစရာမဖြစ်ရဆိုတဲ့ စည်းမျဉ်းကို လေ့ကျင့်နေတာပါ’’ ဟု ဆရာက ပြန်ဖြေခဲ့သည်။

ထိုဆရာသည် ဘုရားကို ချစ်ကြောက်ရိုသေသူ တစ်ယောက် ဖြစ်ပြီး၊ သူသည် မေတ္တာပြလျက် နှိမ့်ချသော စိတ်ထားကို ယူတင်ဝတ်ဆောင်လိုသူဖြစ်သည်။ သူ့စကား  များက အခြားဆရာတစ်ဦးကို သွားသတိရစေသည်။ ထိုသူမှာ ဒေသနာကျမ်းကို ရေးသားခဲ့သူဖြစ်သည်။ စိတ်ဆိုးနေသူတစ်ဦးကို မည်သို့ ဆက်ဆံရမည်ကို အတိအလင်းမညွှန်ပြထားသော်လည်း ဘုရားသခင်ကို ချဉ်းကပ်ရာ၌ စဉ်းစားမဆင်ခြင်၊ နှလုံးသားနှင့်နှုတ်ကို စောင့်စည်းမှုမရှိ…