လ - ဇန်နဝါရီ 2018

ကတိမ်ား

ကျွန်တော့်သမီးထွေးလေးနှင့်ကျွန်တော်တို့ ရံဖန်ရံခါ ဆွဲဆိတ်တမ်းကစားကြသည်။ သူ့အပေါ်ထပ်တက်လျှင် ကျွန်တော်က နောက်မှလိုက်ပြီး သူ့ကို ဆွဲဆိတ်သည်။ စည်းကမ်းမှာ သူ့ကို ဖြည်းဖြည်းလေးသာ ဆိတ်ရပါသည်။ ထို့ပြင် သူလှေကားထစ်ပေါ်၌ ရှိနေချိန် တွင်သာ ဆွဲဆိတ်နိုင်သည်။ အပေါ်ထပ်သို့ရောက်သွားလျှင် ဆိတ်၍မရတော့ပါ။ တစ်ခါတစ်ရံ သူက ကစားလိုစိတ်မရှိဖြစ်ပြီး ကျွန်တော် နောက်မှပါလာလျှင် လေသံမာမာဖြင့် ‘‘မဆိတ်ကြေးနော်’’ ဟု ပြောတတ်သည်။ ထိုအခါမျိုးတွင် ‘‘မဆိတ်ပါဘူး။ ... ဖေဖေ ကတိပေးပါတယ်’’ ဟု ကျွန်တော်ပြန်ဖြေရသည်။

ကတိဆိုသည့်အရာက ဘာမှ မဟုတ်၊ အရေးမပါဟု ထင်ရသည်။ သို့သော် ကျွန်တော်ပြောသည့်အတိုင်း ကတိတည် သောအခါ သမီးက ကျွန်တော့်သဘောထားကို နားလည် သိမြင်လာသည်။ အပြောနှင့်အလုပ်ညီသည်ဟု သူခံစားရ သည်။ ကျွန်တော့်စကားကို သူယုံကြည်နိုင်ကြောင်း သူသိ လာသည်။ ထိုသို့ ကတိတည်ခြင်းက အသေးအမွှားကိစ္စ ဖြစ်သော်လည်း ကတိပေးခြင်း၊ ကတိတည်ခြင်းသည် ကျွန်တော့်အမြင်ဖြင့်ပြောရလျှင် လူမှုပေါင်းသင်းဆက်ဆံရေး…

ငါ့ကို မစခြင်းအကြောင်း

ဂုဏ်သတင်းမွှေးသည့် Brooklyn Tabernacle သံစုံအဖွဲ့သည် ၀ိညာဉ်ရေးကို အားဖြည့်ပေးသော ဓမ္မတေးသီချင်းများအားဖြင့် ဆယ်စုနှစ်များစွာအတွင်း လူများစွာ အတွက် ကောင်းချီးမင်္ဂလာများစွာ ဖြစ်စေခဲ့သည်။ ဥပမာ - ဆာလံ ၁၂၁ ကို အခြေပြုသည့် ‘‘ငါ့ကို မစခြင်းအကြောင်း’’ ဟူသည့် သီချင်းသည် စိတ်ဝိညာဉ်ကို ရွှင်လန်းငြိမ်ဝပ်စေသည်။

ဆာလံ ၁၂၁ တွင် ‘အရာခပ်သိမ်းကို ဖြစ်တည်စေသောဘုရားသခင်၌ ယုံကြည်ကြောင်း’ လူတစ်ဦး၏၀န်ခံချက်ဖြင့် အစပြုထားသည်။ အရာခပ်သိမ်းကို တည်ရှိတည်စေသူသည် ဆာလံဆရာ၏ မစခြင်းအကြောင်း ပေါ်ထွက်ရာ အရင်းအမြစ်ဖြစ်သည် (း၁-၂)။ ဆိုလိုသည်မှာ တည်ငြိမ်မှု (း၃)၊ အချိန်ပြည့် ဂရုပြုမှု (း၃-၄)၊ အစဉ်တည်ရှိခြင်းနှင့်ကွယ်ကာခြင်း (း၅-၆)၊ ယခုဘ၀နှင့် ထာဝရကာလအတွက် မကောင်းမှုမှန်သမျှမှ စောင့်ထိန်းပေးမှုတို့ကို (း၇-၈)ဘုရားသခင်ပေးနေသည်။

သမိုင်းတစ်လျှောက် ဘုရား၏လူများသည် နှုတ်ကပတ်တော်မှ အထောက်အထား များကို ယူပြီး သခင်သည် သူတို့၏မစခြင်းအရင်းအမြစ်ဖြစ်ကြောင်း သီချင်းများအားဖြင့် ဖော်ပြကြသည်။…

ဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့်

သင်သွားရမည့်လမ်းတွင် တောင်တစ်တောင်ဆီးတားနေပါက သင်ဘာလုပ်မည်နည်း။ Dashrath Manjhi ဆိုသူ၏ဇာတ်ကြောင်းက သင့်အတွက် စိတ်ခွန်အားဖြစ်စေ နိုင်သည်။ အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် သူ့ဇနီးကို ဆေးရုံသို့ အချိန်မီ မပို့ဆောင်နိုင်၍သူ့ဇနီးသည် ဆုံးပါးသွားရာ၊ Manjhi က မဖြစ်နိုင်ဟု ထင်ရသည့် အမှုအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ အခြားရွာသားများ ဆေးကုသမှုခံယူရန် လိုအပ်ချိန်တွင် ဒေသန္တရဆေးရုံသို့ အလွယ်တကူသွားနိုင်ရန် သူသည် ၂၂ နှစ်ကြာမျှ တောင်ကိုဖောက်၍ လှိုဏ်ခေါင်းတစ်ခု တူးပေးခဲ့သည်။ သူမကွယ်လွန်မီတွင် အိန္ဒိယအစိုးရက သူ၏အောင်မြင်မှု အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့သည်။

ကျွန်ပြုခံရာမှ ပြန်လာရောက်သည့် ဣသရေလ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဇေရုဗဗေလအတွက် ဗိမာန်တော် ပြန်လည်တည်ဆောက်ရန်ကိစ္စသည် မဖြစ်နိုင်ဟု ထင်စရာ ဖြစ်ကောင်းဖြစ်ခဲ့မည်။ လူများကလည်းစိတ်ဓာတ်ကျ၊ ရန်သူများ၏ဆန့်ကျင်မှုကို ရင်ဆိုင်ရ၊ ဆောက်လုပ်ရေး အတွက်ပစ္စည်းမရှိ၊ အကာအကွယ်ပေးမည့်စစ်တပ်လည်း မရှိ။ သို့သော် ဘုရားသခင်က ဇာခရိကို ဇေရုဗဗေလထံ စေလွှတ်ပြီး လုပ်ဆောင်ရမည့် အမှုသည်…

နှောင့်နှေးကြန့်ကြာမှုကို ကိုင်တွယ်ဖြေရှင်းခြင်း

ကမ္ဘာလုံးဆိုင်ရာကွန်ပြူတာစနစ် ချို့ယွင်းမှုကြောင့် နေရာများစွာ၌ လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခဲ့သည့်အတွက် လေယာဉ်ကွင်း၌ ထောင်ပေါင်းများစွာသော ခရီးသည်များ သောင်တင်ခဲ့ရသည်။ ဆောင်းမုန်တိုင်းအတွင်း ကားမတော်တဆဖြစ်မှုများကြောင့် အဓိက အဝေးပြေးလမ်းမကြီးများ ပိတ်ဆို့ခဲ့ရသည်။ ‘‘ချက်ခြင်း’’ စာပြန်မည်ဟု ကတိပေး ထားသူကလည်း စာပြန်ရန် ပျက်ကွက်ခဲ့သည်။ နှောင့်နှေး ကြန့်ကြာမှုကြောင့် မကြာခဏဆိုသလို  ဒေါသထွက်ရသည်၊ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သို့သော် သခင်ယေရှု၏ နောက်တော်လိုက်များအနေနှင့် ကိုယ်တော့်ထံမှ အကူအညီ တောင်းခံရန် မျှော်ကြည့်နိုင်သည့် အခွင့်ထူး ကျွန်ုပ်တို့၌ရှိ၏။

ကျမ်းစာမှ သည်းခံခြင်းနှင့်ဆိုင်သည့် ဥပမာဆိုလျှင် မနာလိုဝန်တိုကြသည့်အစ်ကိုများက ကျွန်အဖြစ် ရောင်းစား လိုက်သူ၊ သခင့်မယားနှင့်ဖောက်ပြန်သည်ဟု စွပ်စွဲခံရပြီး အဲဂုတ္တုပြည်၌ ထောင်နန်းစံခဲ့ရသူ ယောသပ်အကြောင်းကို ပြရမည်ပင်။ ‘‘ယောသပ်သည် ထောင်ထဲမှာနေရ၏။ သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ ရှိသည်’’ (က ၃၉း၂၀-၂၁)။ နှစ်များစွာကြာပြီးနောက် ဖာရောဘုရင်၏အိပ်မက်အနက်ကို ဖော်ပြပြီးမှ ယောသပ်သည်…

ကျေးဇူးသိတတ်ခြင်း၌ ကြီးထွားခြင်း

 ကျေးဇူးသိတတ်သိစိတ် တိုးပွားလာအောင် သင်ပြုစုပျိုးထောင်လိုပါသလား။ ၁၇ ရာစုနှစ် ဗြိတိသျှကဗျာဆရာ ဂျော့ရှ် ဟားဘတ်က ‘‘Gratefulness’’ အမည်ရှိ သူ၏ကဗျာ၌ စာဖတ်သူများကို ထိုပန်းတိုင်သို့ ဦးတည်သွားရန် အားပေးတိုက်တွန်းထားသည်။ ‘‘ကျွန်ုပ် အတွက် မြောက်မြားကောင်းချီး ကိုယ်တော်ပေးသည်၊ နောက်ထပ်တစ်ခု ပေးသနားမူပါ။ ကျေးဇူးသိတတ်သည့် နှလုံးသားပေးပါ’’။

သူ့အား ဘုရားသခင်ပေးထားသည့် ကောင်းချီး များကို သိမှတ်ခြင်းသည် ကျေးဇူးတင်တတ်သူဖြစ်စေသည့် တစ်ခုတည်းသောလိုအပ်ချက်ဟု ဟားဘတ် သိသည်။

သခင်ယေရှုခရစ်တော်သည် ခပ်သိမ်းသော မင်္ဂလာ ကောင်းချီးများ၏ အရင်းအမြစ်ဖြစ်ကြောင်း ကျမ်းစာမှ ဖော်ပြ သည်။ ရောမ ၁၁း၃၆ ၌ ‘‘ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့် လည်းကောင်း၊ ကိုယ်တော်အဘို့အလိုငှာလည်းကောင်း ဖြစ်ကြ၏’’ ဟု ဆိုထားသည်။ ‘‘ခပ်သိမ်းသောအရာ’’ ဟုဆိုရာ၌ ကျွန်ုပ်တို့အသက်တာ၌ နေ့စဉ်ရရှိသည့် ပိုလျှံသည့်အရာ၊ သိပ်မလိုအပ်သည့်အရာ နှစ်ခုလုံး ပါဝင်သည်။ အသက်တာ၌ ကျွန်ုပ်တို့…