လ - မေ 2018

မိတ်သဟာယပျက်ပြားခဲ့သည့်အချိန်

ဂေါလဂေါသတောင်ကုန်းတွင် ကားစင်တင်ခံရသည့် သခင်ယေရှုသည် နာကျင်မှု ဝေဒနာကိုခံရင်း  ပူဆွေးမှုဖြင့် ‘‘ဧလိ၊ ဧလိ၊ လာမာရှာ ဗခသာနိ’’ ဟု ကြွေးကြော်ခဲ့သည်။

အနက်ကား ‘‘အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း’’ ဟူ၍ဖြစ်သည်။

ဆွေးမြေ့ဝမ်းနည်းဖွယ် ထိုအသံက နေ့လယ်ခင်း လေထုကို ထိုးဖောက်လျက် ကျယ်လောင်စွာ  ပေါ်ထွက်လာပြီး   သခင်ယေရှု၏ခြေတော်ရင်း၌ စုဝေးကြသည့် မိတ်ဆွေများနှင့် ချစ်ခင်ရသူများ ငိုကြွေးမြည်တမ်းသံကိုပင် ဖုံးလွှမ်းသွားသည်။ထိုမြည်တမ်းသံက ယေရှု၏နံဘေး တစ်ဘက်တစ်ချက်မှ ရာဇ၀တ်သားနှစ်ဦး၏ ညည်းညူသံထက် ကျယ်လောင် မည်မှာ မလွဲပါ။ ထိုအသံကို ကြားရသူများအားလုံး လန့်ဖျပ် သွားကြမည်ဟု ကျွန်တော် စိတ်ကူးယဉ်မြင်ယောင် ကြည့်မိသည်။

ထိုစကားထက် ပို၍ စိတ်ထိခိုက်စေသော စကားလုံးကို ကျွန်တော် စဉ်းစား၍ မရပါ။ ထာဝရကာလတိုင် သခင်ယေရှုသည် အဘဘုရားနှင့် မိတ်သဟာယ ဖွဲ့နေမည်ပင် ဖြစ်သည်။ စကြ၀ဠာကို သူတို့အတူဖန်ဆင်းပြီး သဏ္ဌာန်တော်နှင့်အညီ…

စကားလုံးများ မှားယွင်းသောအခါ

မကြာမီက ကျွန်တော့်ဇနီးသည် ကာရီ ထံ အသံကို စာသားအဖြစ် ပြောင်းပေး သည့် ဆော့ဝဲလ်ဖြင့် စာတိုတစ်ခုပေးပို့ခဲ့သည်။ သူ့ကို ရုံးမှအိမ်သို့ ကားဖြင့် ကြိုလာရန် ‘‘ဘယ်နေရာမှာ လာကြိုစေချင်သလဲ မိန်းမအိုလေး(old gal)’’ ဟု ပြော၍ ပို့လိုက်သည်။

သူ့အား ‘‘မိန်းမအိုလေး (old gal)’’ ဟုခေါ်ခြင်းကို ကာရီ ဘာမှမခံစားရပါ။ ၎င်းသည် ကျွန်တော်တို့အိမ်တွင် ခေါ်နေကျ ချစ်စနိုး အိမ်ခေါ်နာမည် ဖြစ်သည်။ သို့သော် ကျွန်တော်၏ မိုဘိုင်းလ်ဖုန်းက ၎င်းကို နားမလည်ဘဲ ထိုအစား ‘‘နွားအိုလေး (old cow)’’ဟု ပေးပို့ ခဲ့သည်။

အခြေအနေကို ကာရီ ချက်ချင်းနားလည်ပြီး ရယ်မောလိုက်သည်။ ထိုအကြောင်းကို ကာရီ က အွန်လိုင်း ပေါ်တင်လိုက်ပြီး ‘‘ကျွန်မစိတ်ဆိုးရမှာလားရှင်’’ ဟု ရေးလိုက် သည်။ ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက်…

မိုးကုတ်စက်ဝိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း

သင်္ဘောထွက်စမှာပင် နေလို့မကောင်းဟု  သမီးငယ်က ကျွန်မကို ပြောသည်။ လှိုင်းမူး သည့် ဒဏ်ကို သူစတင်ခံစားရခြင်းဖြစ်သည်။ မကြာမီ ကျွန်မလည်း မူးဝေအော့အန်လာသည်။ ‘‘မိုးကုတ်စက်ဝိုင်းကို ကြည့်နေပါ’’ ဟု ကျွန်မကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ထိုကဲ့သို့ ကြည့်နေခြင်းက မြင်ကွင်းကို မှန်ကန်စွာ ရှုမြင်စေသည်ဟု သင်္ဘောသားများက ပြောသည်။

မိုးကုတ်စက်ဝိုင်းကို ဖန်ဆင်းသူသည် (ယော ၂၆း၁၀) တစ်ခါတစ်ရံ ဘဝတွင် ကြောက်ရွံ့မှုနှင့် ပင်ပန်းမှုကို ကျွန်မတို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို သိသည်။ အဝေးရှိ ကျွန်မတို့၏ ဦးတည်ရာနေရာအမှတ်ကို အာရုံစိုက်ခြင်းဖြင့် မှန်ကန်သောအမြင်ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။

ဟေဗြဲသြ၀ါဒစာကို ရေးသားသူက ဤအချက်ကို သိသည်။ သူရေးသားသည့်သြ၀ါဒစာကို ဖတ်ရှုသူများသည် စိတ်ဓာတ်ကျဆင်းနေကြောင်း သူသိရှိခံစားရသည်။ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့်  သူတို့ အိုးအိမ်စွန့်လျက် ထွက်ပြေးရသည်။ အခြားသောယုံကြည်သူများလည်း ပြင်းထန် သော စုံစမ်းစစ်ဆေးခြင်းများကို ခံကြရပြီး နေရပ်စွန့်ခဲ့ရကြောင်း၊ ၎င်းတို့ ထိုသို့…

နောက်ဆုံးအမိန့်ပြန်တမ်း

ရဟတ်ယာဉ်မောင်းအဖြစ် အနှစ် ၂၀ ကြာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် သင်ကြားရေးဆရာတစ်ဦးအဖြစ် မိမိလူမှုအသိုင်းအ၀န်းကို အလုပ်အကျွေးပြု အစေခံရန် ဂျိမ်းစ် ဇာတိမြေသို့ ပြန်လာခဲ့သည်။ သို့သော် ရဟတ်ယာဉ်များကို သူလွမ်းသည်၊ သူမေ့မရသဖြင့် ဒေသန္တရဆေးရုံတစ်ခုသို့ ရဟတ်ယာဉ်ဖြင့် ကာကွယ်ဆေး ပစ္စည်းများ ပို့ဆောင်ပေးရသောအလုပ်ကို သူဝင်ရောက် လုပ်ကိုင်ခဲ့သည်။ သူ့အသက် အတော်ကြီးသည်အထိ    ရဟတ်ယာဉ်မောင်းအလုပ်ကို သူလုပ်ကိုင်ခဲ့သည်။

ယခုတွင် သူ့ကို နောက်ဆုံးနှုတ်ဆက်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ မိသားစု၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက် များက သင်္ချိုင်းကုန်းတွင် တန်းစီရပ်နေကြပြီး ရဲဘော်ရဲဘက်တစ်ဦးက ဆက်သွယ်ရေးစက်ဖြင့် အမိန့်ပေး အကြောင်းကြားလိုက်သည်။ မကြာမီ လေထုကို ပဲ့တင်ရိုက် ခတ်သော ပန်ကာလည်သံကို ကြားကြရသည်။ ရဟတ်ယာဉ်တစ်စီးက အောက်မေ့ဖွယ်  ခြံဝင်းကို တစ်ပတ် ပျံသန်းပြီး အလေးပြုသည့်အနေဖြင့် ခေတ္တခဏ လေထဲတွင် ရပ်တန့် ပြီးနောက်…

လူယောင်ဆောင်သောဘုရားသခင်

ကျွန်မ၏ခင်ပွန်းသည် တစ်လခန့်ကြာမျှ ခရီးထွက်ရသဖြင့် ကျွန်မမှာ ရုံးအလုပ်၊ အိမ်အလုပ်၊ ကလေးများ၏ဝေယျာဝစ္စများနှင့် ဖိစီးဗျာများရတော့သည်။ အလုပ်ပြီးစီးရန် သတ်မှတ်ထားသောအချိန်က စိုးရိမ်အမှတ်သို့ရောက်လာသည်။ မြက်ရိတ်စက်က ပျက်၊ကလေးများက ကျောင်းပိတ်သဖြင့် ပျင်းနေကြသည်။

ကျွန်မတစ်ယောက်တည်း ထိုအရာ များကို မည်သို့ဖြေရှင်းရမည်နည်း။ ကျွန်မသည် တစ်ယောက်တည်း မဟုတ်ကြောင်း မကြာမီ သဘောပေါက်သွားသည်။ ဘုရားကျောင်းမှ မိတ်ဆွေများက ကျွန်မကို လာရောက်ကူညီကြပါသည်။  ဂျော့ရှ် က မြက်ရိတ်စက် ပြင်ပေးရန် ရောက်လာသည်။ ဂျွန် က နေ့လယ်စာ ယူလာပေးသည်။ ကတ်စီဒီ က မီးပူ ကူတိုက်ပေးသည်။ အဘီ က ကလေးများကိုခေါ်ပြီး အတူ ကစားပေးသဖြင့် ကျွန်မ အေးအေးဆေးဆေး အလုပ်လုပ်နိုင် ခဲ့သည်။ ဘုရားသခင်သည် ကျွန်မကို ကူညီရန် မိတ်ဆွေများအားဖြင့် အလုပ်လုပ်နေသည်။ ၎င်းသည် ရောမ ၁၂ တွင် ရှင်ပေါလု ဖော်ပြထားသည့်…