လ - အောက်တိုဘာ 2018

ကျွန်ုပ်၏မျက်နှာအစစ်

အတိတ်က ဘုရားတရားမဲ့စွာ ရှင်သန်ခဲ့သည့်အသက်တာကြောင့် မထိုက်မတန်၊ အရှက်တစ်ကွဲ အကျိုးနည်းခံစားရသည့် ခံစားချက်များက ကျွန်မဘဝ၏ကဏ္ဍတိုင်းကို ဂယက်ရိုက်သည်။ ကျွန်မ၏အပြစ်အနာအဆာများကို အခြားသူများသိသွားလျှင် မည်သို့ ဖြစ်မည်နည်း။ သို့နှင့် ဘုရားသခင်၏မစမှုဖြင့် အားယူကာ အမှုတော်ဆောင် ခေါင်းဆောင်တစ်ဦးကို နေ့လယ်ထမင်းဖိတ်ကျွေးရင်း ကျွန်မ၌ အပြစ်အနာအဆာ မရှိသည့်ပုံ ဖမ်းလိုက်သည်။ အိမ်သန့်ရှင်းရေးလုပ်၊ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြီး၊ အကောင်းဆုံး အဝတ်အစားများ ဝတ်ဆင်ထားသည်။

အိမ်ရှေ့ပန်းခြံမှ ရေပန်းကို ကျွန်မ အပြေးသွားပိတ်စဉ် လိမ်နေသည့် ပိုက်ခေါင်းမှ ရေများ ပန်းထွက်လာသဖြင့် ကျွန်မရွှဲရွှဲစိုသွားတော့သည်။ သို့နှင့် ကမန်းကတန်း ဆံပင်သုတ်၊ မိတ်ကပ်ပြန်လိမ်း၊ အဝတ်အစားပြန်လဲနှင့် အချိန်မီရုံလေးပါ။ အိမ်ရှေ့မှ တံခါးခေါင်းလောင်းမြည်လာ သည်။ တစ်မနက်လုံး ပြာယာခတ်လျက် အလုပ်ရှုပ်ခဲ့သည်ကို စိတ်ရှုပ်ထွေးရင်းမှ ဝန်ခံရသည်။ ကျွန်မ၏မိတ်ဆွေသစ် ခေါင်းဆောင် ဆရာမက သူသည် စိုးကြောက်စိတ်နှင့် စိတ်မလုံမှုကြောင့် အတိတ်မှ အားနည်းချို့ယွင်းချက်များကို…

အမြဲ ထာဝစဉ် လက်ခံသည်

အဲန်ဂျီသည် သူမ၏ပညာရေးအတွက် လေ့လာသင်ယူရာ၌ နှစ်ပေါင်းများစွာ အလွန်ကြိုးစား ခဲ့သော်လည်း နောက်ဆုံးတွင် အဆင့်မြင့်အခြေခံမူလတန်းကျောင်းမှ နှုတ်ထွက်ပြီး သာမန်ကျောင်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ စင်္ကာပူနိုင်ငံ၏ပညာရေးလောကသည် အလွန် အပြိုင်အဆိုင်များပြီး “အဆင့်မြင့်ကျောင်းကောင်း” များသည် လူတစ်ဦး၏ ရှေ့အလားအလာ ကောင်းစေရန် ပံ့ပိုးပေးသည်ဟု ခံယူသည့် ခေတ်တွင် အဲန်ဂျီ ၏အဖြစ်သည် ဆုံးရှုံးမှုကြီးတစ်ခုဟု အများက မြင်ကြသည်။

အဲန်ဂျီ၏ မိဘများလည်း စိတ်မကောင်းဖြစ်ရသလို အဲန်ဂျီ ကိုယ်တိုင်ကလည်း သူမကို အဆင့်နိမ့်လိုက်သည်ဟု ခံစားမိသည်။ ၉ နှစ်အရွယ်ရှိ ကျောင်းသူလေးသည် ကျောင်းသစ်တွင် တက်ရောက်ပြီး မကြာမီမှာပင် သာမန် အဆင့်သာရှိသော ကျောင်းသူကျောင်းသားများနှင့်အတူ စာသင်ကြားရသည်ကို သတိပြုမိသည်။ “မေမေ၊ ကျွန်မ ဒီအတန်းနဲ့ပဲ သင့်တော်တယ်။... “နောက်ဆုံးတော့ သူတို့ကျွန်မကို လက်ခံလိုက်ပြီ” ဟုသူမက ပြောသည်။

သခင်ယေရှုသည် အခွန်ခံအိမ်သို့ သူသွားမည်ဟု ပြောသောအခါ ဇက္ခဲမည်မျှ…

သင်၏လှေများကိုယူဆောင်ခဲ့ပါ

၂၀၁၇ ခုနှစ်တွင် အရှေ့ပိုင်းတက္ကဆက်ပြည်နယ်၌ ဟာရီကိန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးခြင်း ကပ်ဆိုက်ရောက်ခဲ့သည်။ ပြင်းထန်စွာရွာသွန်းသော မိုးကြောင့်ရေကြီးပြီး ထောင်နှင့်ချီသော ပြည်သူလူထုတို့မှာ အိမ်ထဲတွင် ပိတ်မိကြသည်။ ပိတ်မိနေသူ တို့အား ကယ်ဆယ်ရန် အခြားသောပြည်နယ်များမှ တာဝန်သိပြည်သူများက မိမိတို့၏ လှေများကို ယူဆောင်လာကြပြီး “တက္ကဆက် ရေတပ်ဖွဲ့” ကို ဝိုင်းဝန်ကူညီခဲ့ကြသည်။

ရဲရင့်၍စေတနာစိတ်ပြင်းပြသော ထိုအမျိုးသား အမျိုးသမီးများ၏ လုပ်ဆောင်မှုများသည် အခြားသူများကို ကူညီနိုင်စွမ်းရှိသလောက် ကူညီပေးရန် ခွန်အားပေး နှိုးဆော်သည့် သုတ္တံကျမ်း ၃း၂၇ ကို သတိရမိသည်။ ထိုသူတို့သည် အခြားသူများ ဒုက္ခရောက်နေသည့်ကာလ မိမိတို့၏လှေများယူဆောင်လာကာ ကူညီပေးနိုင်စွမ်းရှိသည်။ ထိုကဲ့သို့ အစွမ်းရှိသည့်အတိုင်း သူတို့ အမှန်တကယ် ကူညီခဲ့ကြသည်။ အများအတွက် အကျိုးကျေးဇူးရှိမည်ဆိုပါက သူတို့တွင်ရှိသည့် အရင်းအမြစ်ရှိသမျှကို စိုက်ထုတ်၍ စိတ်အားထက်သန်စွာ ကူညီကြသည်။

အရေးပေါ်အကူအညီပေးရန် မိမိ၌ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ မလုံလောက်၍ အခြားသူများကို…

နစ်ဝင်သောဆူး

ကျွန်တော့်လက်ညှိုးကို ဆူးစူး၍ သွေးထွက်လေ၏။ ကျွန်တော် စူးရှစွာ အော်လိုက်ပြီး ညည်းညူလျက် ရုတ်တရက် လက်ကို ရုပ်လိုက်သည်။ အံ့သြစရာ မဟုတ်ပါ။ ဆူးနှင့်ပြည့် နေသောချုံပုတ်ကို ဥယျာဉ်ခြံမြေသုံး လက်အိတ်ကို မသုံးဘဲ အလုပ်လုပ်မိခြင်းကြောင့် ဤကဲ့သို့ ဆူးစူးခြင်းဖြစ်သည်။

ဆူးစူးသောအနာက ပို၍ဆိုးလာပြီး သွေးလည်း ထွက်လာသည်။ သတိထားရတော့မည်။ ပတ်တီးရှာနေစဉ် ကျွန်တော် ကယ်တင်ရှင်အကြောင်းကို အမှတ်မထင် သတိရ တွေးမိသည်။ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကို သခင်ယေရှု၏ခေါင်းပေါ်သို့ အတင်းအဓမ္မ ဆောင်းစေသည်
(ယော ၁၉း၁-၃)။ ဆူးတစ်ချောင်းက ဤမျှနာကျင်မှုကို ခံစားရစေပါက ထိုဆူးဦးရစ်တစ်ခုလုံးကြောင့် မည်မျှနာကျင် လိမ့်မည်နည်း။ ထိုနာကျင်မှုက ခန္ဓာကိုယ်၏အစိတ်အပိုင်း တစ်နေရာမျှသာ။ ထိုမျှမက ကျောပေါ်သို့ ကြာပွတ်နှင့် ရိုက်နှက်ခြင်း၊ လက်ခြေများကို သံချွန်ဖြင့်ရိုက်ခြင်း၊ နံဘေးသို့ လှံဖြင့် ထိုးခြင်းများလည်း ခံရသည်။

သခင်ယေရှုသည် ခန္ဓာသာမက…

ဆုတောင်းခြင်းနှင့် မော်တာလွှစက်

ကျွန်မအဒေါ်၏ရဲရင့်ပြတ်သားမာကြောသော စိတ်ဓာတ်ကို ကျွန်မလေးစားသည်။ သို့သော် ထိုစိတ်ဓာတ်ကြောင့်လည်း ကျွန်မစိတ်ပူရသည်။ စိတ်ပူရသည့်အကြောင်းမှာ “အိမ်က သစ်ကြားပင်ကြီးကို မနေ့က ငါခုတ်ပစ်လိုက်ပြီ” ဟု ပို့လိုက်သော အီးမေးလ်စာကြောင့် ဖြစ်သည်။

သင်သိထားရမည်မှာ မော်တာလွှစက်ကိုင်ဆောင်သူ ကျွန်မ၏အဒေါ်သည် အသက် ၇၆ နှစ်အရွယ်ပါ။ ထိုအပင်သည် သူမ၏ကားဂိုဒေါင်အနောက်ဘက်တွင် ရှိပြီး အပင်၏အမြစ်များက ကွန်ကရစ်သားကို ထိုးဆွနေ၍ တဖြည်းဖြည်း ပျက်စီးလာမည်ကို သူသိနေသည်။ သို့သော် “ငါဒီမော်တာလွှစက်နဲ့ မခုတ်လှဲခင် အမြဲဆုတောင်းခြင်းနဲ့ အစပြုခဲ့တယ်” ဟုသူမက ပြောသည်။

ဣသရေလလူတို့ ဗာဗုလုန်သို့ ဖမ်းသွားခြင်းခံရစဉ် က နေဟမိသည် ပါးရှားဘုရင်၏ဖလားတော်ဝန်အဖြစ် တာဝန် ထမ်းဆောင်နေပြီး၊ ယေရုရှလင်မြို့သို့ ပြန်သွား သော သူများ၏သတင်းကို သူကြားသိခဲ့ရသည်။ လုပ်ဆောင်စရာ အလုပ်အချို့ ရှိသေးသည်။ “ယေရုရှလင် မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီ်”ဟု သူသိခဲ့ရသည်(နေ…