လ - ဇန်နဝါရီ 2019

ဖန်ဆင်းခြင်းတေးကဗျာ

သိပ္ပံပညာရှင်များသည် အသံဆိုင်ရာ နက္ခတ်ဗေဒ (acoustic astronomy) ဘာသာရပ် အားဖြင့် အာကာသအတွင်းရှိ အသံများလေ့လာနိုင်သည်။ နားထောင်နိုင်သည်။ ကြယ်များသည် ဆန်းကြယ်နက်နဲသော ညကောင်းကင်ယံ၌ အသံတိတ် လှည့်ပတ်နေခြင်းမဟုတ်ဘဲ တေးသွားများ ထုတ်လွှင့်ကြောင်း၊ ထိုတေးသွားက ဝေလငါး၏ အသံနှင့်တူပြီး ၎င်းတို့ ထုတ်လွှင့်လိုက်သော အသံလှိုင်းကို လူ့နားဖြင့် မကြားနိုင်ပါ။ သို့သော် ကြယ်၊ ဝေလငါးနှင့် အခြားသောသတ္တဝါများသည် စုပေါင်းလျက် ဘုရားသခင်၏ကြီးမြတ်မှုကို ကြွေးကြော်သည့် တေးသံစဉ်ကို ဖန်တီးကြသည်။

ဆာလံ ၁၉း၁-၄ တွင် ‘‘မိုးကောင်းကင်သည် ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သော အရာများကို ပြသ၏။ တစ်နေ့ကို တစ်နေ့ မြွက်ဆို၍ တစ်ညကို တစ်ညသွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း သူတို့၏ အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏’’…

မည်သည့်အရပ်သို့ သင်ဦးတည်သွားနေသနည်း

အသက်တာ၏လားရာများကို မည်သည့်အရာများက သတ်မှတ်ပေးသနည်း။ ထိုမေးခွန်း အတွက် ထူးဆန်းသောအဖြေကို မော်တော်ဆိုင်ကယ်မောင်း လေ့ကျင့်ရေးကျောင်းတွင် ကြားခဲ့ဖူးသည်။ ကျွန်တော်နှင့်သူငယ်ချင်းအချို့တို့ တစ်ခါက မော်တော်ဆိုင်ကယ် အစီးသင်ခဲ့ဖူးသည်။ သင်တန်းတွင် ပန်းတိုင်ကို ဦးတည်အာရုံစိုက်ခြင်းနှင့် ပတ်သက် သော သင်ခန်းစာတစ်ခု ပါဝင်သည်။

နည်းပြက “နောက်ပိုင်းမှာ ခင်ဗျားတို့က မမျှော်လင့်တဲ့အတားအဆီးတွေနဲ့ ရင်ဆိုင်ရမယ်။ အဲဒီအတားအဆီးကို ကြည့်ပြီး အဲဒီအပေါ်အာရုံစိုက်ရင် အဲဒါကို တည့်တည့်ဝင်တိုး လိမ့်မယ်။ ဒါပေမဲ့ အဲဒီအတားအဆီးကို ကျော်ပြီး ကိုယ် သွားမယ့်လမ်းကိုကြည့်ရင် အဲဒီအတားအဆီးကို အသာလေး ကျော်သွားနိုင်လိမ့်မယ်”ဟု ပြောသည်။ ထို့နောက် သူက “ခင်ဗျား ကြည့်တဲ့လမ်းက ခင်ဗျားသွားမဲ့ လမ်းပဲ”ဟု ဖြည့်စွက်ပြောကြားလိုက်သည်။

ရိုးရှင်းပြီး လေးနက်သော ထိုဥပဒေသလေးသည် ကျွန်တော်တို့၏၀ိညာဉ်ရေးရာ အသက်တာအတွက်လည်း အထောက်အကူပြု အသုံးဝင်ပါသည်။ ပြသနာများ၊ ရုန်းကန် ရမှုများအပေါ်တွင် ကျွန်ုပ်တို့အာရုံရောက်နေသောအခါ ကျွန်ုပ်တို့၏အသက်တာသည် အလိုလို…

ချစ်ခြင်းမေတ္တာ၏ လှပတင့်တယ်မှု

မက္ကစီကန်ဦးထုပ်အကဟု နာမည်ကြီးသော Jarabe Tapatio အကသည် ချစ်ခြင်း မေတ္တာကို ဖော်ကျူးသောအကဖြစ်သည်။ ထိုမြူးကြွသောအကတွင် အမျိုးသားများသည် နားပန်းကားကား မက္ကစီကန်ဦးထုပ်ကို မြေပေါ်တွင် ပစ်ချထားသည်။ သီချင်းပြီးကာနီး တွင်မှ အမျိုးသမီးက ဦးထုပ်ကိုကောက်ကာ ဦးထုပ်နောက်တွင် နှစ်ယောက်သား ကွယ်ပြီး အကြင်နာပေးခြင်းဖြင့် အဆုံးသတ်ထားသည်။

အိမ်ထောင်တစ်ခုတွင် သစ္စာတရားသည် အင်မတန် အရေးကြီးကြောင်း ထိုအကက သတိပေးနေသည်။ သုတ္တံ ၅ တွင် ကိုယ်ကျင့်တရားပျက်ပြားခြင်း၏ အဖိုးအခသည် ကြီးမားကြောင်းဖော်ပြပြီး အိမ်ထောင်ရေး၏ အရေးကြီးပုံကို ဖတ်ရှုရသည်။ အငယ် ၁၅ တွင် ‘‘သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့’’ ဟု ဖော်ပြ ထားပါသည်။ စင်ပေါ်တွင် Jarabe အက ကသော အတွဲ ၁၀တွဲပင်လျှင် အယောက်စီတိုင်းသည် ကိုယ်နှင့်တွဲကသောအဖော်ကိုသာ အာရုံပြုပါသည်။ မိမိ၏ခင်ပွန်းအပေါ် နက်ရှိုင်းပြီး…

မေးခွန်းများနှင့် ၀တ်ပြုကိုးကွယ်ခြင်း

ခရီးရှည်ဖြစ်စေ၊ ခရီးတိုဖြစ်စေ ခရီးသွားဖော်တစ်ယောက်ယောက်မှ ‘‘ရောက်တော့ မှာလား’’ ‘‘ဘယ်လောက်လိုသေးလဲ’’ စရှိသည်ဖြင့် မေးတတ်ကြသည်မှာ မဆန်းပါ။ ကလေးများမှအစ လူကြီးများအဆုံး ခရီးဆုံးကိုရောက်ချင်ဇောဖြင့်မေးသည့်မေးခွန်း၊ တစ်လောကလုံး မေးနေကြမေးခွန်းကို မကြားဖူးသူများ ရှိပါသလား။ မဆုံးနိုင်သော ဘ၀၏လောကဓံ စိန်ခေါ်မှုများကြောင့် ပူပင်သောက ရောက်ကာ အလားတူ မေးခွန်းများကို အသက်အရွယ်မရွေး လူတိုင်း မေးတတ်ကြသည်။

၎င်းသည် ဆာလံ ၁၃တွင် ဖော်ပြသည့် ဒါဝိဒ် မင်းကြီး၏အကြောင်းပင်ဖြစ်သည်။ ပထမကျမ်းပိုဒ်(၂)ပိုဒ်ထဲမှာပင် ဒါဝိဒ်မင်းကြီးက မည်မျှကြာအောင် အမေ့လျော့ခံ၊ အစွန့်ခံ၊ အနိုင်ခံရမည်နည်းဟု မည်မျှ ဟူသည့် စကားကို လေးကြိမ်တိုင်အောင် ဖော်ပြထားပါသည်။ အငယ် ၂ တွင် “အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း’’ ဟု မေးထားပါသည်။ ယခုကဲ့သို့ ညည်းချင်း ဟန်ဖြင့် စပ်ဆိုထားသော ဆာလံကျမ်းမျိုးသည် ကျွန်ုပ်တို့အား ဘုရားရှင်ထံသို့…

လက်လွတ်ဆုံးရှုံးမခံနိုင်သောအရာ

ရေဒီယိုမှအစီအစဉ်တင်ဆက်သူက သင်လက်လွတ်ဆုံးရှုံးမခံနိုင်သောအရာကား အဘယ်နည်းဟုမေးရာ၊ စိတ်ဝင်စားဖွယ်အဖြေများနှင့် နားသောတဆင်ကြသူများထံမှ ဖုန်းများဝင်လာသည်။ အချို့သူများက မိသားစုဖြစ်ကြောင်း၊ သေဆုံးသွားသော ဇနီးသည်အကြောင်း ပြောပြသည့် ခင်ပွန်းသည်တစ်ဦးလည်း ပါသည်။ အချို့မှာ ဂီတဖြင့် အသက်မွေးဝမ်းကြောင်းပြုရန်၊ မိခင်တစ်ယောက်ဖြစ်လာရန် စသည့်အိမ်မက်များကို မစွန့်လွတ်နိုင်ကြောင်း ပြောပြကြ သည်။ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီတိုင်းတွင် လက်လွတ် အဆုံးရှုံးမခံနိုင်အောင် အလွန်တန်ဖိုးထားရသော လူပုဂ္ဂိုလ်၊ စိတ်ဆန္ဒ္ဒ၊ ပိုင်ဆိုင်မှုများ ရှိကြပါသည်။

ဟောရှေအနာဂတ္တိကျမ်းတွင် ဘုရားရှင်သည် သူရွေးချယ်ထားသော သူတန်ဖိုးထားရသော လူမျိုးတော် ဣသရေလလူတို့အပေါ် ဘယ်သောအခါမျှ လက်မလျော့ ကြောင်း ပြောထားသည်။ ဣသရေလလူမျိုး၏ ချစ်မြတ်နိုး ရသော ခင်ပွန်းဖြစ်သည့်အလျောက် ဘုရားရှင်သည် သူမ လိုအပ်သောအရာမှန်သမျှ နေစရာ၊ အစားအစာ၊ အ၀တ်အစား၊ လုံခြုံမှုများကို ပေးခဲ့သည်။ အိမ်ထောင်ရေး ဖောက်ပြန်သောဇနီးကဲ့သို့ပင် ဣသရေလလူမျိုးသည် ဘုရားရှင်ကို ငြင်းပယ်ကာ အခြားသောနေရာတွင် အပျော်ရှာ၊
လုံခြုံမှုရှာခဲ့သည်။…