လ - ဖေ‌ဖော်ဝါရီ 2019

ဆုတောင်းခြင်းနှင့် ကြီးထွားခြင်း

ကျွန်တော့်မိတ်ဆွေဒေးဗစ်၏ဇနီးသည်သည် မှတ်ဉာဏ်ချွတ်ယွင်းသည့်ရောဂါ ခံစားရ သည့်အချိန်မှစ၍ သူဘ၀၌ ဖြစ်လာသည့် အပြောင်းအလဲက သူ့ကို ခါးခါးသီးသီး ခံစားရစေသည်။ ဇနီးသည်ကို ကြည့်ရှုစောင့်ရှောက်ရန် သူစောစောစီးစီး အလုပ်မှ အနားယူ ခဲ့ရသည်။ ရောဂါအခြေအနေ ပြင်းထန်လာသည်နှင့်အမျှ ဇနီးသည်အား ပို၍ ဂရုပြု စောင့်ရှောက်ရန် လိုအပ်လာသည်။

‘‘ကျွန်တော် ဘုရားသခင်ကို အရမ်းစိတ်ဆိုးတယ်။ ဒါပေမယ့် ကျွန်တော်ဆုတောင်းလေလေ၊ ဘုရားက ကျွန်တော့်ရဲ့စိတ်နှလုံးကို ထောက်ပြပြီး အိမ်ထောင်သက်တမ်း အများစုမှာ ကျွန်တော် ဘယ်လောက်တစ်ကိုယ်ကောင်းဆန် ခဲ့လဲဆိုတာ ပြလေလေပဲ။ ကျွန်တော့်ဇနီးက ဆယ်နှစ်ကြာ ရောဂါခံစားရတယ်။ ဒါပေမယ့် ဘုရားက ကျွန်တော့်ရဲ့ အမြင်ကို ပြောင်းလဲပစ်ဖို့ ကူညီခဲ့တယ်။ အခု သူ့အတွက် လုပ်ပေးသမျှ မေတ္တာစိတ်နဲ့လုပ်ပေးတယ်၊ ရှင်ယေရှုအတွက် လည်းပဲ မေတ္တာနဲ့လုပ်ပေးတယ်။ သူ့ကို ဂရုစိုက် စောင့်ရှောက် ရတာက ကျွန်တော့်ဘ၀ရဲ့အကြီးမားဆုံး အခွင့်အရေးဖြစ်လာ တယ်’’…

ခွန်အားပေးခြင်း အ၀န်းအ၀ိုင်း

ကျွန်ုပ်၏အိမ်အနီးရှိ ကျန်းမာရေးလေ့ကျင့်သည့်စင်တာသို့သွားတိုင်း အမြဲပင်ခွန်အား ရသည်။ ပျားပန်းခပ်နေသည့်ထိုနေရာ၌ မိမိတို့၏ခန္ဓာကိုယ် ကျန်းမာရေးနှင့် အားအင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားနေကြသည့်သူများက ကျွန်ုပ်ကို ၀န်းရံနေသည်။ ဆင်ထားသည့် ကြော်ငြာပိုစတာများက အချင်းချင်းကို မဝေဖန်ရန် သတိပေးနေပြီး အခြားသူ၏အားထုတ်ကြိုးစားမှုကို အထောက်အမပြုသော အပြုအမူ၊ ပြောစကားများကိုဖြင့် အမြဲပင် ကြိုဆိုသည်။

၎င်းသည် ၀ိညာဉ်ရေးရာအသက်တာ၌လည်း ဖြစ်သင့်သည့် မြင်ကွင်းသရုပ်ပင် မဟုတ်ပါလား။ ၀ိညာဉ်ရေး၌ ‘‘ပုံကျပန်းကျ’’ဖြစ်ရန်၊ ယုံကြည်ခြင်း၌ ကြီးထွားလာရန် ကြိုးစားရင်း၊ တစ်ခါတစ်ရံတွင် ရှင်ယေရှုနှင့်အတူ လျှောက် လှမ်းရာတွင် ရင့်ကျက်သူတစ်ဦးဦးကဲ့သို့ ဖြစ်မနေဘဲ ၀ိညာဉ်ရေး ပုံမကျဖြစ်နေခြင်းကြောင့် ၄င်းနှင့်မသက်ဆိုင် သည့် ဘေးထွက်နေသူအလား ခံစားမိတတ်သည်။

ရှင်ပေါလုက ကျွန်ုပ်တို့အတွက် ဤသို့ တိုတိုတုတ်တုတ်နှင့် တိုက်ရိုက် အကြံ ပြုထားပါသည်။ ‘‘အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့’’ (၁ သက် ၅း၁၁)။ ရောမမြို့ရှိ…

ကြင်နာပြမှုတစ်ခု

''အက်စထြာ ရေ၊ သမီးသူငယ်ချင်း ဟယ်လင်က သမီးအတွက် လက်ဆောင်ပို့လိုက်တယ်" ဟု အလုပ်မှ ပြန်လာသည့် မေမေက ကျွန်မကိုလှမ်းပြောသည်။ ချို့ချို့တဲ့တဲ့နှင့် ကြီးပြင်းလာရသည့်အတွက် ဤကဲ့သို့စာတိုက်မှ လက်ဆောင်ရရှိခြင်းက ဒုတိယခရစ်စမတ်နှင့် အလားတူနေသည်။ ဘုရားသခင်က ကျွန်မကို ချစ်ကြောင်း၊ သတိရကြောင်း၊ တန်ဖိုးထားကြောင်း ဤနှစ်လိုဖွယ် အမျိုးသမီးအားဖြင့် ခံစားရသည်။

မျက်နှာမွဲမုဆိုးမ တဗိသ(ဒေါ်ကာ)သည်လည်း အလားတူ ခံစားရသူများအတွက် အ၀တ်အစားများကို ချုပ်လုပ်ပေးသည်။ သူသည် ယုပ္ပေမြို့တွင် နေထိုင်သည့် ရှင်ယေရှု၏ တပည့်တော်တစ်ဦးဖြစ်ပြီး သူ၏ကြင်နာသော အပြုအမူလုပ်ရပ်များအတွက် ရပ်ရွာအတွင်း၌ လူသိများ ထင်ရှားသည်။ သူသည် အမြဲပင် ‘‘ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်”တို့ကို ပြုတတ်သည် (တ ၉း၃၆)။ တစ်နေ့သော် သူဖျားနာပြီး ကွယ်လွန်သွားသည်။ ထိုအချိန်တွင် ရှင်ပေတရုသည် အနီးအနားမြို့သို့ ရောက်ရှိနေ သည့်အတွက် ယုံကြည်သူနှစ်ဦးက သူ့ထံသွားပြီး ယုပ္ပေသို့ လိုက်လာရန်…

ကျေးဇူးတော်၌ နှစ်မြှုပ်ခြင်း

၁၇ နှစ်သား ရဲန်ဒီ ဂါ့ဒ်နာသည် ၁၁ ရက်နှင့် ၂၅ မိနစ်ကြာမျှ မအိပ်ဘဲနေခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တစ်မှေး အိပ်ပျော်သွားတော့သည်။ လူတစ်ယောက်သည် မအိပ်ဘဲ မည်မျှကြာကြာနေနိုင်သည်ကို ဂင်းနစ်ကမ္ဘာစံချိန်စာအုပ်မှ စံချိန်ကို သူချိုးနိုင်ခဲ့သည်။ အချိုရည်သောက်၊ ဘက်စကတ်ဘော ဂိုးသွင်းခြင်း၊ ဘိုးလင်း ကစားခြင်း စသည်ဖြင့် ရက်သတ္တပတ် ၁ ပတ်ကျော်မျှ တောင့်ခံ ခဲ့သည်။ နောက်ဆုံး အရုပ်ကြိုးပြတ်မလဲမီ သူ့ပါးစပ် အရသာ၊ အနံ့ခံအာရုံနှင့် အကြားအာရုံများ လုံးဝပျက်စီး သွားသည်။ နှစ်ပေါင်းများစွာ ဂါ့ဒ်နာသည် အိပ်မရသည့် ရောဂါနှင့် နပမ်းလုံးခဲ့ရသည်။ စံချိန်သစ်ကို သူတင်နိုင်ခဲ့သလို၊ အိပ်စက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း အထင်အရှား သူလက်ခံအတည်ပြုခဲ့သည်။

ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ရန်အရေးအတွက် လူများစွာတို့ လုံးပမ်း ရုန်းကန်ရသည်။ ပူပန်စရာသောကများသောကြောင့်၊ ပြီးစီးလုပ်ဆောင်ရမည့်ကိစ္စ မပြီးမှာ…

ကြောင်းကျိုးဆက်စပ်မှု လွဲနေသောအခါ

လေယာဉ်ပေါ်တက်ရန် တန်းစီနေစဉ် တစ်ယောက်ယောက်က ပခုံးကို လာပုတ်သဖြင့် လှည့်ကြည့်ရာ ရင်းနှီးနှစ်လိုဖွယ် အပြုံးနှင့် ‘‘အယ်လီဇာ ငါ့ကိုမှတ်မိလား ... ဂျုန်းလေ’’ ဟုဆိုသည်။ ကျွန်မသိသည့် ဂျုန်းများကို အမြန်စဉ်းစားလိုက်သော်လည်း သူ့ကို မသိပါ။ အိမ်နီးချင်းဟောင်းလား၊ အလုပ်ဟောင်းက မိတ်ဆွေလား၊ အမလေး... မမှတ်မိပါ။

ကျွန်မအဖြစ်ကို သူရိပ်မိပြီး၊ ‘‘အယ်လီဇာ တို့တွေက အထက်တန်းကျောင်းတုံးက ခင်မင်သိကျွမ်းခဲ့တာလေ’’ ဟု ပြောပြသည်။ ထိုအခါမှ အမှတ်တရပုံရိပ်ထင်လာသည်။ သောကြာနေ့ညပိုင်း ဘောလုံးပွဲ၌ အော်ဟစ်အားပေးရသည့် ကျွန်မတို့၏အဖွဲ့ဝင်၊ သဲကွဲသွားပါပြီ၊ ဂျုန်းကို ကျွန်မမှတ်မိပါပြီ။

သခင်ယေရှု အသေခံပြီးနောက်၊ နံနက်စောစောတွင် မာရိသည် ဂူသင်္ချိုင်းသို့ သွားရောက်ခဲ့ရာ ဂူဝ၌ ပိတ်နေသည့် ကျောက်တုံးကြီး လိမ့်လှန်လျက် အလောင်းတော်သည်လည်း မရှိတော့ပါ (ယော ၂၀း၁-၂)။ ပေတရုနှင့် ယောဟန်ထံ ထိုသတင်းပို့ပြီး ဗလာဖြစ်နေသည့် သင်္ချိုင်းသို့ သူတို့…