လ - မေ 2019

ရော့ မင်းအတွက်

ကမ္ဘာတစ်ဝှမ်းရှိ အခြားသောမြို့ကြီးများကဲ့သို့ပင် ပဲရစ်မြို့ဆင်ခြေဖုံးရပ်ကွက်များ၌ မိမိဝန်းကျင်ရပ်ကွက်ရှိ အိမ်ယာမဲ့များကို မစကူညီရန် လူများရောက်ရှိလာသည်။ ရေလုံအိတ်ထဲထည့်ထားသည့် အဝတ်အထည်များကို လမ်းပေါ်နေထိုင်သူများက သူတို့လိုလျှင် လိုသလောက်ယူနိုင်သည်။ အိတ်များပေါ်၌ “ကျွန်ုပ်ရှိသည်။ သင်အေး နေလျှင် ကျွန်ုပ်သည် သင့်အတွက် ဖြစ်သည်’’ ဟု စာရေး ကပ်ထားသည်။ ထိုလှုပ်ရှားမှုက မှီခိုရာမဲ့သူတို့အတွက် နွေးထွေးမှုဖြစ်စေသည်သာမက ရပ်ကွက်နေပြည်သူတို့အား မိမိတို့ကြားရှိ ဆင်းရဲလိုအပ်နေသူများအား မစထောက်ပံ့ရန် အရေးကြီးကြောင်းကို သင်ပြပေးသည်။

ဆင်းရဲသူများကို ဂရုပြုရန် အရေးကြီးကြောင်း သမ္မာကျမ်းမှလည်း အလေးထားဖော်ပြပြီး ထိုသူတို့အတွက် လက်ကျယ်ကျယ် ဖွင့်ပေးရန် သွန်သင်သည် (တရား ၁၅း၁၁)။ ဆင်းရဲသူများ၏ဒုက္ခကို မျက်နှာလွဲပစ်ရန်၊ မဝေမျှဘဲ မိမိဥစ္စာပစ္စည်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရန် ကျွန်ုပ်တို့ သွေးဆောင်ခံရနိုင်သည်။ သို့သော် လိုအပ်မှု ရှိနေသူများက ကျွန်ုပ်တို့ဝန်းကျင်၌ ဝန်းရံရှိနေကြောင်းကို အသိအမှတ်ပြုရန်၊ ထိုကြောင့် ကပ်စေးနှဲမနေဘဲ (း၁၀) ရက်ရောသော…

ကြောက်ရွံ့ခြင်းမဲ့သည့် ချစ်ခြင်း

ကျွန်မ၏နှလုံးသားကို ဖုံးကွယ်ရန် ကြောက်ရွံ့ခြင်းဒိုင်းလွှားကို နှစ်ပေါင်းများစွာ ကျွန်မ ခြုံခဲ့သည်။ အတွေ့အကြုံအသစ်ကို မစမ်းသပ်နိုင်အောင်၊ မိမိအိမ်မက်ကို မဖော်ဆောင်နိုင်အောင်၊ ဘုရားသခင်ကို မနာခံနိုင်အောင် ကြောက်ရွံ့ခြင်းက ဆင်ခြင်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဆုံးရှုံးရမှာစိုးကြောက်စိတ်၊ နှလုံးနာကျင်ကြေကွဲမှုနှင့် ငြင်းပယ်ခံရခြင်းတို့က ဘုရားသခင်၊ အခြားသူတို့နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံ ရေး တိုးတက်မှုမရှိအောင် အဆီးအတား ဖြစ်ခဲ့သည်။ ကြောက်ရွံ့စိုးစိတ်က ကျွန်မကို မလုံခြုံသော၊ သောကများ သော၊ သဝန်တိုသော ဇနီးသည်၊ သားသမီးအပေါ် အလွန် အကျူးကာကွယ်သော စိတ်ပူပန်သောမိခင် ဖြစ်စေခဲ့သည်။ ဘုရားသခင် ကျွန်မကိုမည်မျှချစ်ကြောင်း ကျွန်မ ဆက်လက်ခံယူသင်ယူရင်း ဘုရားသခင်က ကျွန်မနှင့် ကိုယ်တော်၊ ကျွန်မနှင့်အခြားသူများ၏ ဆက်ဆံရေးတို့ကို ပြောင်းလဲပေးခဲ့ သည်။ ဘုရားသခင် ကျွန်မကိုဂရုစိုက်ကြောင်း သိခြင်းကြောင့် လုံခြုံမှုကို ကျွန်မတိုး၍ ခံစားရပြီး အခြားသူများ၏လိုအင်ကို ကျွန်မ၏လိုအင်ထက် ရှေ့တန်းတင်ဦးစားပေး လိုစိတ်…

လွတ်နေသော အိပ်ယာ

ဂျမေးကားနိုင်ငံ မွန်တေဂိုပင်လယ်အော်ရှိ စိန့်ဂျိမ်းစ်ဖျားနာသူများဂေဟာသို့ ပြန်သွားပြီး ရဲန်ဒဲလ်နှင့် ကျွန်ုပ်အဆက်အသွယ် ရလိုသည်။ သူက လွန်ခဲ့သော ၂ နှစ်ခန့်က သခင်ယေရှု၏မေတ္တာကို သိကျွမ်းခဲ့သူဖြစ်သည်။ နွေဦးရာသီတိုင်း အထက်တန်းကျောင်း သံစုံအဖွဲ့နှင့် ထိုနေရာသို့ ကျွန်ုပ်တို့သွားလေ့ရှိရာ ဆယ်ကျော်သက်လေး အီဗီက ရဲန်ဒဲလ်နှင့်အတူ ကျမ်းစာဖတ်ရင်း ဧဝံဂေလိပြောပြရာ ရဲန်ဒဲလ်က သခင်ယေရှုကို သူ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့သည်။

ဂေဟာ၏အမျိုးသားဆောင်သို့ ဝင်ပြီး ရဲန်ဒဲလ်၏ ခုတင်နေရာကို လှမ်းကြည့်ရာ အိပ်ယာက လွတ်နေသည်။ သူနာပြုဆရာမအခန်းသို့ဝင်၍ မေးကြည့်ရာ ကျွန်ုပ် မကြားလိုသော အဖြေကို ကြားခဲ့ရသည်။ ကျွန်ုပ်တို့ မရောက်မီ ၅ ရက်အလို ရဲန်ဒဲလ် ကွယ်လွန်သွားခဲ့သည်။

မျက်ရည်ဖြင့် ဝမ်းနည်းစရာသတင်းကို ကျွန်ုပ် အီဗီကို ပြောပြရာ သူမက ရိုးရိုးလေး တုံ့ပြန်သည်။ “ရဲန်ဒဲလ်တော့ သခင်ယေရှုနဲ့ ပျော်နေပြီ’’။ နောက်ပိုင်းမှ အီဗီက “ကျွန်မတို့…

ဘယ်သောအခါမှ တစ်ဦးတည်းမဟုတ်

အင်ဒိုနီးရှားနိုင်ငံ၌ သင်းအုပ်များအတွက် သမ္မာကျမ်းစာ လမ်းညွှန်ရေးသားပြင်ဆင်ချိန်၌ စာရေးဖက်မိတ်ဆွေတစ်ဦးက ထိုနိုင်ငံ၏အတူတကွရှိနေခြင်း ယဉ်ကျေးမှုကို ကြာလေတိုး၍ နှစ်သက်ခံစားမိသည်။ အပြန်အလှန်အထောက်အပံ့ပေးခြင်းသဘော (gotong royong)ကို ရွာများတွင် ကျင့်သုံးကြသည်။ အိမ်မိုးခြင်း၊ တံတားပြင်၊ လမ်းပြင်သည့် လုပ်ငန်းများကို အိမ်နီးချင်းများက ကူညီလုပ်ဆောင်ပေးကြသည်။ မြို့ပြ တွင်လည်း ဆရာဝန်နှင့်ပြသရန် ချိန်းဆိုမှုများ စသည့်ကိစ္စ များတွင်လည်း အဖော်နှင့်အတူ သွားကြကြောင်း၊ ယဉ်ကျေးမှုက ထိုသို့ဖြစ်၍ သင်ဘယ်သောအခါမှ တစ်ဦးတည်း မဖြစ်ကြောင်း ထိုမိတ်ဆွေက ပြောပြသည်။

ကမ္ဘာတစ်ဝှမ်း၌လည်း သခင်ယေရှုကို ယုံကြည်သူ များသည် မိမိသည် ဘယ်သောအခါမှ တစ်ဦးတည်း မဖြစ်ကြောင်းကိုသိလျက် ဝမ်းမြောက်ကြသည်။ သုံးပါးတစ်ဆူ ဘုရားမှ တတိယပုဂ္ဂိုလ် - သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အမြဲထာဝရ အဖော်ဖြစ်သည်။ သစ္စာရှိသော မိတ်ဆွေအဖြစ် ထက်မက ကျွန်ုပ်တို့ကို မစရန်၊ ကျွန်ုပ်တို့နှင့် “အတူအစဉ်မပြတ် တည်နေစေခြင်းငှာ’’…

ရှင်သန်သော အောက်မေ့ဖွယ်အကြင်နာ

အစဉ်အလာထုံးတမ်းများ ကျင့်သုံးသည့် အသင်းတော်၌ ကျွန်ုပ်ကြီးပြင်းလာခဲ့သည်။ မိသားစုဝင် (သို့) မိတ်ဆွေတစ်ဦးဦး ကွယ်လွန်ချိန်တွင် သတိရမိသည့် အရာတစ်ခုမှာ မကြာမီအချိန်အတွင်း “… အတွက် အမှတ်တရ’’ ဟု ကမ္ဗည်းထိုးထားသည့် ကြေးပြား တပ်ထားသည် ခုံတန်းရှည်အလှူရောက်လာသည်။ သို့မဟုတ် ခန်းမလျှောက်လမ်းတွင် ထိုသို့ ကြေးပြားတပ်ထားသည့် ပန်းချီကားရောက်လာသည်။ ရေးထိုးထားသည့် ကွယ်လွန်သူ၏အမည်သည် လွန်သွား သည့် ဘဝအသက်တစ်ခုကို တောက်ပစွာ သတိပေးနေ သည်။ ထိုအမှတ်တရများကို ကျွန်ုပ်အစဉ် နှစ်သက်မြတ်နိုး သည်။ ယခုလည်း မြတ်နိုးဆဲပါ။ သို့သော် တစ်ချိန်တည်း မှာပင် ထိုအရာများသည် မလှုပ်ရှားနိုင်သော သက်မဲ့ဝတ္ထုများ ဖြစ်ခြင်းကြောင့် တစ်နည်းဆိုရလျှင် “အသက် မရှိ’’ ဟု ကျွန်ုပ် အတွေးဝင်မိသည်။ ထိုအမှတ်တရများသို့ အသက်သွင်း နိုင်သော နည်းလမ်းတစ်ခုခု ရှိပါသလား။

သူချစ်သောမိတ်ဆွေ ယောနသန် သေဆုံးခြင်း ကြောင့်…