လ - မေ 2019

ရဲရင့်သတ္တိရှိရန် နိုးဆော်ခြင်း

လန်ဒန်မြို့ ပါလီမန့်ရင်ပြင်၌ နယ်လ်ဆင် မင်ဒဲလား၊ ဝင်စတန် ချာချီ၊ မဟတ္တမ ဂန္ဒီ နှင့် အခြားသော အမျိုးသားရုပ်တုများကြားတွင် အမျိုးသမီးရုပ်ထုတစ်ခု ထီးထီးတည်ရှိသည်။ ထိုရုပ်တုမှာ အမျိုးသမီးများ မဲပေးခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ မီလီဆင့်ဖော့ဆက်၏ ရုပ်တုဖြစ်သည်။ ရုပ်တုကို ကြေးဖြင့် သွန်းထားပြီး “နေရာတိုင်းမှာ သတ္တိရှိဖို့ ရဲရင့်စိတ်က နိုးဆော်နေတယ်’’ ဟု မဲပေးခွင့်ရသူတစ်ဦးကို ချီးကျူး ဂုဏ်ပြုစဉ် အားပေးခဲ့သည့် စကားလုံးကို ရေးသားထားသည့် အလံကို ကိုင်ဆောင်ထားသည့်ပုံက ထာဝရရှင်သန်ခြင်း ဟန်ပင်။

ဒါဝိဒ်မင်းသည် သူ့ထီးနန်းကို သားတော်ရှောလမုန်ထံ လွှဲပေးရန် စီစဉ်နေစဉ် သားတော်အား မကြာမီ သူ့ပခုံးပေါ် ကျရောက်လာတော့မည် ကြီးလေးသော တာဝန်ဝတ္တရားများကို ရှင်းလင်းပြောပြသည်။ ဘုရားသခင်၏ပညတ်ကို ဣသရေလလူအပေါင်းတို့ နာခံလိုက်လျှောက်အောင် ဦးဆောင် လမ်းပြရန်၊ ဘုရားသခင်ပေးသနားသည့် နယ်မြေကို ကာကွယ်ရန်၊ ဗိမာန်တော် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြီးကြပ်ရန်…

ထိန်းချုပ်ခံရလည်း တိတ်ဆိတ်မနေပါ

၁၉၆၃ ခုနှစ် နွေရာသီတွင် လူမှုအခွင့်အရေးအတွက် လှုပ်ရှားသူ ဖဲန်နီလောင်ဟာမား နှင့် အခြားလူ အပေါင်းအပါ ၆ ဦး တို့သည် တစ်ညလုံး ဘတ်စ်ကားစီးလာပြီး နောက် မစ်စ္စစပီပြည်နယ် ဝီနိုနားဒေသ စားသောက်ဆိုင်တစ်ခုတွင် နံနက်စာစားရန် ရပ်နားကြသည်။ ဥပဒေရဲအရာရှိများက ၎င်းတို့ကို မောင်းထုတ်ပြီးနောက် သူတို့ ဖမ်းဆီး ခံရပြီး ထောင်ချခံလိုက်ရသည်။ သို့သော် ထိုသို့ မတရား ဖမ်းဆီးမှုအားဖြင့် အရှက်ခွဲဖိနှိပ်မှုက မပြီးသွားပါ။ ၎င်းတို့ အားလုံး ပြင်းထန်စွာ ရိုက်နှက်ခံရပြီး ဖဲန်နီက အဆိုးဝါးဆုံး ခံရသည်။ သေလုမတတ် အရိုက်ခံရပြီးနောက် သူမကို ပစ်ထားချိန်တွင် သူမထံမှ သီချင်းသံထွက်ပေါ်လာသည်။ “ပေါလုနှင့်သိလတို့ အကျဉ်းချခံရပြီး၊ ကျွန်ုပ်တို့၏လူများကို သွားခွင့်ပြုပါ’’ ဟူသည့် သီချင်းကို သူမတစ်ဦးတည်း မဆို၊ ခန္ဓာကိုသာ ချုပ်ထိန်းနိုင်ပြီး စိတ်ဝိညာဉ်ကို မချုပ်ထိန်းနိုင်သော အခြားအကျဉ်းသားများကလည်း ဖဲန်နီနှင့်အတူ…

ဘုရားသခင် ကျွန်ုပ်အသက်ကို ကယ်ခဲ့သည်

အေရွန် (အမည်ရင်းမဟုတ်)သည် အသက် ၁၅ နှစ်တွင် “စာတန်နဲ့ ကျွန်တော်က မိတ်ဖက်တွေလို့ ကျွန်တော်ခံစားရတယ်’’ ဟု စာတန်ထံ စတင်ဆုတောင်းခဲ့သည်။ ထိုမှစ၍ အေရွန်သည် လိမ်လည်၊ ခိုးဆိုးလျက် မိသားစုနှင့် မိတ်ဆွေများအပေါ်လည်း ကြိုးကိုင်ခဲ့သည်။ ခြောက်ခြားဖွယ်ညများကိုလည်း သူကြုံခဲ့ရသည်။ “တစ်မနက်မှာ ကျွန်တော်အိပ်ယာက နိုးလာတော့ ကျွန်တော့်ခုတင် ခြေရင်းမှာ နတ်ဆိုးကြီးထိုင်နေတာ တွေ့ခဲ့တယ်’’။ သူက ကျွန်တော့်ကို “မင်းစာမေးပွဲအောင်မယ်၊ ပြီးရင်တော့ မင်းသေရမယ်’’ ဟု ပြောကြောင်း ပြောပြသည်။ သို့သော် စာမေးပွဲ ပြီးသွားသောအခါ သူမသေပါ။ အေရွန်က ပြန်ပြောင်း တွေးရင်း “စာတန်ဟာ မုသာအဘ ဖြစ်ကြောင်း ရှင်းနေတာပဲ’’ ဟုဆိုသည်။

ထို့နောက် မိန်းကလေးများနှင့် တွေ့ဆုံရင်းနှီးနိုင်ရေး ခရစ်ယာန်ပွဲတစ်ခုသို့ အေရွန်သွားခဲ့ရာ ထိုပွဲတွင် လူတစ်ဦးက သူ့ကို ဆုတောင်းပေးမည်ဟု ကမ်းလှမ်းသည်။ “သူ ဆုတောင်းနေတုန်း…

ကျောက်ခဲနှင့် ပစ်ခြင်း

မိမိအိမ်ထောင်ဖက်ကို လှည့်စားသူများအား လီစာ မည်သို့မျှ စာနာမပေးနိုင်၊ နောက်ဆုံး သူ့အိမ်ထောင်ရေး၌ မကျေနပ်မှုများစွာရှိကြောင်း သိလာချိန်၊ အန္တရာယ်ရှိသည့် ဆွဲဆောင်မှုနောက် မလိုက်ပါမိအောင် သူတွန်းလှန်ရုန်းကန်နေခဲ့ရသည်။ ထိုနာကျင်ဖွယ် အတွေ့အကြုံက အခြားသူများအပေါ် ကရုဏာထား စာနာတတ်အောင် “သင်တို့တွင် အပြစ်ကင်းစေသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေ’’ (ယော ၈း၇) ဟူသည့် ခရစ်တော်စကားကို ပိုရှင်းလင်း နားလည်သွားအောင် အထောက်အကူ ဖြစ်စေခဲ့သည်။

အထက်ပါစကားကို ဗိမာန်တော်ရင်ပြင်၌ သခင်ယေရှု သွန်သင်ဟောပြောနေစဉ် မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့က မှားယွင်းခြင်းအမှုပြုစဉ် ဖမ်းမိသည့်အမျိုးသမီးကို သူ့ရှေ့မှောက်ခေါ်လာပြီး “ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူ မည်နည်းဟု လျှောက်ကြ၏’’(း၅)။ သခင်ယေရှုအား ၎င်းတို့၏အခွင့်အာဏာများကို ခြိမ်းခြောက်မည့်သူဟု သူတို့ထင်မှတ်ခြင်းကြောင့် ထိုမေးခွန်းက သခင့်ကို စွပ်စွဲနိုင်မည့်…

အစာရှောင်ခြင်း၏ အဓိကအရင်းခံ

ဆာလောင်မှုက ထိုး၍နှိပ်စက်သည်။ ကျွန်ုပ်၏ဆရာက အစာရှောင်လျှင် ဘုရားသခင်ကို အာရုံပြုရန်ပြောသည်။ အချိန်တစ်ဖြည်းဖြည်း ကုန်သွားစဉ် “သခင်ယေရှုက ရက် ၄၀ တောင် ဘယ်လို အစာရှောင်ခဲ့ပါလိမ့်’’ ဟု ကျွန်ုပ်တွေးမိသည်။ ငြိမ်သက်ခြင်း၊ ခွန်အားနှင့် သည်းခံခြင်း၊ အထူးသဖြင့် သည်းခံခြင်းစိတ်အတွက် သန့်ရှင်းသောဝိညာဉ်တော်၌ အမှီပြုနိုင်အောင် ကျွန်ုပ်ကြိုးစားရသည်။

ရုပ်ခန္ဓာက ခံနိုင်ရည်ရှိလျှင် အစာရှောင်ခြင်းသည် ဝိညာဉ်ရေးနှင့်ဆိုင်သောအစာ၏ အရေးပါမှုကို သင်ပြနိုင် သည်။ သခင်ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်’’ (မး၎း၄) ဟု မိန့်တော်မူသည်။ သို့သော် ကျွန်ုပ်လက်တွေ့သင်ယူမိသည်က အစာရှောင်ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်နီးအောင် မဆွဲနိုင်ခြင်းတည်း။

အမှန်စင်စစ် ပရောဖက်ဇာခရိအားဖြင့် သူ့လူများကို ဘုရားရှင်မိန့်ကြားသည်မှာ ၎င်းတို့၏အစာရှောင်ခြင်း အလေ့အကျင့်သည် ဆင်းရဲသားတို့အား လုပ်ကျွေးခြင်းမမည်၊ ထို့ကြောင့် အချည်းနှီးဖြစ်သည်ဟု ဆိုသည်။…