လ - မေ 2019

ထူးဆန်းအံ့သြဖွယ် အတုမရှိသော

လန်ဒန်တိရိစ္ဆာန်ဥယျာဉ်၏အဆိုအရ - လူသည် အထူးစပယ်ရှယ်များ မဟုတ်ပါ။ ၂၀၀၅ ခုနှစ်က တိရိစ္ဆာန်ဥယျာဉ်အာဏာပိုင်များက “သဘာဝပတ်ဝန်းကျင်၌ရှိသော လူသားများ’’ ဟူသည့် ပြပွဲတစ်ခုကို ၄ ရက်ကြာ ခင်းကျင်းပြသခဲ့သည်။ လှောင်အိမ်၌ ထည့်ထားသည့် လူသားများကို အွန်လိုင်းပြိုင်ပွဲ ပြုလုပ်ပြီး ရွေးချယ်ခဲ့ကြသည်။ လူသားသဘာဝကို ဧည့်ပရိသတ်များ ပိုနားလည်စေရန် တိရိစ္ဆာန်ဥယျာဉ် ဝန်ထမ်းများက ဆိုင်းဘုတ်တွင် သူတို့ စားသည့်အစာ၊ အမူအကျင့်၊ ၎င်းတို့ကို ခြိမ်းခြောက်သည့် အရာ စသည့်ဖြင့် အသေးစိတ် ရေးသားဖော်ပြကြသည်။ တိရိစ္ဆာန်ဥယျာဉ်၏ ပြောရေးဆိုခွင့်ရှိသူက ဤပြပွဲ၏ ရည်ရွယ်ချက်မှာ လူသား၏အတုမရှိဖြစ်ခြင်းကို မှေးမှိန် အောင် လုပ်ရန်ဖြစ်သည်ဟု ဆိုသည်။ ထိုပြပွ္ပဲ၌ ပါဝင်ခဲ့သူ တစ်ဦးကလည်း ထိုအချက်ကို သဘောတူပုံရသည်။ “လူကို သတ္တဝါလို့ မြင်တဲ့အခါ … ငါတို့ဟာ ဘာမှအထူးစပယ်ရှယ်တွေ မဟုတ်ပါလားဆိုတာ သတိပေးနေသလိုပါပဲ’’ ဟု ဆိုသည်။…

ဘုရားပေးသောလွတ်မြောက်မှု

အာဂါသာ ခရစ်တီ ရေးသားသည့် ဟာကြူလီ ပေါ်ရော့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထု The Clocks မှ ဇာတ်လမ်းသည် ဆက်တိုက်လူသတ်မှု ကျူးလွန်ခဲ့သူ ရန်ဘက်တစ်ဦး အကြောင်းဖြစ်သည်။ ဇာတ်လမ်းအစတွင် လူတစ်ယောက်ကိုသာ သတ်ရန် ရည်ရွယ်ခဲ့ သော်လည်း ထိုလူသတ်မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း ဆက်တိုက်လူသတ်မှုများ ကျူးလွန်ခဲ့တော့သည်။ လူသတ်မှု၌ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးက “ လူတစ်ယောက်ကိုပဲ သတ်မလို့ပါ” ဟု စုံထောက် ပေါ်ရော့အား ဝန်ခံခဲ့သည်။

ဇာတ်လမ်းထဲမှ ကြံစည်သူများကဲ့သို့ပင် ဘာသာရေး အာဏာရှိသူများသည် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုကိုစီစဉ်ခဲ့သည်။ လာဇရုကို သခင်ယေရှု သေခြင်းမှ ထမြောက် စေခဲ့ပြီးနောက် (ယော ၁၁း၃၈-၄၄) သူတို့သည် အရေးပေါ်တွေ့ဆုံကာ ယေရှုကို သတ်ရန် ကြံစည်ခဲ့သည် (း၄၅-၅၃)။ ထိုမျှနှင့်မပြီးသေး။ သခင်ယေရှု သြေ ခင်းမှ ထမြောက်သော အခါ သင်္ချိုင်း၌ဖြစ်ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်၍…

ကွေးကောက်သောမျှော်စင်

ကွေးကောက်ပုံပျက်နေသော ဘုရားကျောင်းမျှော်စင်ကို တွေ့မြင်ရသူတိုင်းက အံ့သြကြ သည်။ မိတ်ဆွေအချို့၏ပြောပြချက်အရ ပြင်းထန်သော လေမုန်တိုင်းဒဏ်ကြောင့် တစ်ချိန်က ဝင့်ကြွားခဲ့သော ဘုရားကျောင်းမျှော်စင်မှာ ကွေးကောက် ပုံပျက်သွားပြီး အန္တရာယ်သတိပေးနေတော့သည်။

အသင်းတော်မှ ထိုမျှော်စင်ထိပ်ကို အမြန်ပြုပြင် ခဲ့သည်။ သို့သော် ရယ်စရာပုံပေါက်နေသည့် ပုံသဏ္ဌာန်က ကျွန်ုပ်ကို အတွေးနက်စေသည်။ အသင်းတော်ဆိုသည့် နေရာကို အရာရာ ပြီးပြည့်စုံသည့်နေရာအဖြစ် ကျွန်ုပ်တို့ ရှုမြင်တတ်ကြသည်။ မိမိ၏ပုံပျက်ကွေးကောက်မှုများကို ဖွင့်ပြနိုင်သောအရာအဖြစ် ကျွန်ုပ်တို့ မမှတ်ယူတတ်ပါ။ ဟုတ်သည် မဟုတ်ပါလား။

သို့သော် ပျက်စီးသောလောကကမ္ဘာ၌ ကျွန်ုပ်တို့ အားလုံးသည် ပုံပျက်နေသူများဖြစ်သည်။ ပင်ကိုယ် မိမိအားနည်းချက်ကိုယ်စီ ရှိကြသည်။ မိမိ၏အားနည်းချက်ကို ဖုံးကွယ်ထားရန် သွေးဆောင်ခံရနိုင်သည်။ သို့သော် ဆန့်ကျင်ဖက်စိတ်ထားကို ခံယူရန် ကျမ်းစာမှ အားပေးသည်။ ဥပမာ - ၂ ကော ၁၂ တွင် ရှင်ပေါလုက သူ၏မဖော်ပြလိုသော “ကိုယ်၌…

အချင်းချင်းကို ကျွန်ုပ်တို့ လိုအပ်သည်

ကျွန်မကလေးများနှင့် တောင်တက်သွားစဉ် လမ်းတစ်နေရာ၌ ပေါက်နေသည့် စပရိန်ကဲ့သို့ အနွယ်အတက်များနှင့် အစိမ်းနုရောင် အပင်တစ်ပင်ကို တွေ့ခဲ့သည်။ ၎င်းကို ရေညှိပင်ဟု သာမန်ခေါ်ဆိုသော်လည်း ၎င်းသည် ရေညှိမဟုတ်ပါ။ အကျိုးပြုသည့် အပင်ဖြစ်သည်။ မှိုနှင့်စိမ်းပြာရေညှိမှော်ပင်သည် သီးခြားစီ မရှင်သန်နိုင်၊ သို့သော် ၎င်းတို့နှစ်ခု အတူရှင်သန်ခြင်းဖြင့် အယ်လ်ပိုင်း(alpine) ဒေသတွင် နှစ်ပိုင်း ၄၅၀၀ အထိ ရှင်သန်နိုင်သည်။ ထိုအပင်သည် မိုးခေါင်ရေရှားဒဏ်နှင့် အပူချိန်ကျဆင်းသည့် ဒဏ်ကို ခံရပ်နိုင်ခြင်းကြောင့် အလွန်အေးသည့် ဆောင်းရာသီ ကာလများတွင် သမင်များအတွက် တစ်ခုတည်းသောအစာ ဖြစ်သည်။

မှိုနှင့်စိမ်းပြာရေညှိမှော်ပင်၏ ဆက်နွယ်မှုအားဖြင့် လူသားတို့၏ဆက်နွယ်ပတ်သက်မှုများကို သတိပြုမိသည်။ ကျွန်မတို့လည်း တစ်ဦးအပေါ်တစ်ဦး အမှီသဟဲပြုနေရသည်။ အတူတကွ ရှင်သန်တိုးပွားနိုင်ရေး ကျွန်မတို့ အချင်းချင်း ဆက်သွယ်ဆက်ဆံမှုရှိရမည်။

ကောလောသဲအသင်းတော်ရှိ ယုံကြည်သူများထံ ရှင်ပေါလုထံ စာရေးပေးစဉ် ကျွန်ုပ်တို့၏ဆက်သွယ်ပေါင်းသင်း ဆက်ဆံရေးသည် မည်သို့မည်ပုံဖြစ်သင့်သည်ကို ဖော်ပြခဲ့သည်။ ကျွန်မတို့သည်…

ဘုရားသခင်၏ အံ့ဖွယ်လက်တော်

နယူးယောက်မှ ဆန်အန်တိုနီယိုသို့ ထွက်ခွာသည့် လေယာဉ်သည် ထွက်ခွာပြီး မိနစ် ၂၀ အကြာတွင် ပြဿနာတက်တော့သည်။ လေယာဉ်၏စက်တစ်လုံး ချို့ယွင်းသွားပြီး စက်မှ လွင့်စင်ထွက်လာသည့် အပိုင်းအစက လေယာဉ်မှန်ပြတင်းကို ထိမှန်ပြီး ပျက်စီးသွားသဖြင့် အလုံပိတ်လေယာဉ်၏ဖိအားကို လျော့ကျသွားစေသည်။ ခရီးသည် များစွာတို့ ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးသွားသည်။ ရေကြောင်း တိုက်လေယာဉ်မောင်းသူအဖြစ် လေ့ကျင့် သင်တန်း တက်ဖူးသူ လေယာဉ်မှူးသာ ငြိမ်ဝပ်စွာဖြင့် လေယာဉ်ကို မထိန်းနိုင်ခဲ့လျှင် အခြေအနေ ပိုဆိုးသွား မည်ပင်။ ဒေသထုတ်သတင်းစာ၌ ထိုအကြောင်းကို “အံ့ဖွယ် လက်ထဲ၌” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းပါလာသည်။

ဆာလံ ၃၁ တွင် ဒါဝိဒ်သည် ထာဝရဘုရား၏ အံ့ဖွယ်သော ဂရုပြုတော်မူသော လက်တော်အကြောင်းကို သူသိကြောင်း ဖော်ပြခဲ့သည်။ ထိုသို့သိခြင်းကြောင့် “အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏” ဟု (း၅) စိတ်ချမှုဖြင့် သူပြောနိုင်ခဲ့သည်။…