လ - ဒီဇင်ဘာ 2019

ကြီးမားသော အကူးအပြောင်း

“The Call of Service” စာအုပ်တွင် စာရေးသူ Robert Coles က မည်သည့် ရည်ရွယ်ချက်ဖြင့် လူတို့အစေခံကြကြောင်းကို စူးစမ်းရှာဖွေဖော်ထုတ်ထားပြီး၊ အခြားသူများကို အစေခံသည့် သက်ကြီးအမျိုးသမီးတစ်ဉီး၏အကြောင်းကို ပြောပြထားသည်။ သူမသည် ကျောင်းကားမောင်းသူဖြစ်ပြီး၊ နေ့စဥ် ကလေးများကိုအလွန်ဂရုစိုက်ပြီး ကျောင်းပို့ ကျောင်းကြို ပေးသည်။ ကလေးများ၏အိမ်စာအတွက် အမေးအဖြေ လုပ်ပေးပြီး ကလေးများ၏အောင်မြင်မှုအတွက် ဂုဏ်ပြု ပေးသည်။ “ဒီကလေးတွေ ဘဝမှာ အောင်မြင်တာကို မြင်ချင် ပါတယ်” ဟု သူမ၏ရည်ရွယ်ချက်ကို ပြောပြသည်။ သို့သော် ထိုမျှသာမက အခြားရည်ရွယ်ချက်လည်းရှိပါသေးသည်။

ထိုအမျိုးသမီးငယ်စဥ်က သူ့အဒေါ်ပြောခဲ့သည့် စကားက သူ၏ယုံကြည်ချက်ကို ဆိုးဝါးစွာ ပျက်စီးစေခဲ့သည်။ “ဘုရားသခင် ကျွန်မတို့ကို သတိထားမိအောင် ကျွန်မတို့ဘက်က တစ်ခုခုလုပ်ရမယ်။ မလုပ်ရင် ကြီးမားတဲ့အကူးအပြောင်းမှာ ကျွန်မတို့ လမ်းပျောက်သွားလိမ့်မယ်လို့ အဒေါ်ပြောဖူးတယ်” ဟု စာရေးသူ Coles…

ပေးကမ်းခြင်း၌ ကြီးထွားလာခြင်း

ကျွန်တော်၏ ၂ နှစ်အရွယ် မြေးလေးမှ ကျွန်တော့်လက်ထဲသို့ ဘူးလေးတစ်ဘူးထည့်ပေးကာ စိတ်လှုပ်ရှားစွာဖြင့် “အဖိုးအတွက်လက်ဆောင်” ဟု အော်ပြောသည်။ “သူကိုယ်တိုင် စိတ်ကြိုက် ရွေးထားတာလေ” ဟု ကျွန်တော့်မိန်းမက အပြုံးနှင့်ဆိုသည်။

ကျွန်တော် ဘူးကို ဖွင့်ကြည့်ရာ သူ့အကြိုက်ဆုံး ကာတွန်းအရုပ်ကို တွေ့ရသည်။ မြေးလေးက “ကျွန်တော်ကြည့်လို့ရမလား” ဟု စိုးရိမ်စိတ်နှင့် မေးသည်။ ထို့နောက် ကျွန်တော့်အတွက် လက်ဆောင်ဆိုသော အရုပ်ဖြင့် သူ တစ်ညနေလုံး ကစားနေခဲ့သည်ကို ကျွန်တော် ကြည့်ပြီး ပြုံးမိသည်။

ကျွန်တော် ပြုံးရခြင်းအကြောင်းမှာ ကျွန်တော် အထက်တန်းကျောင်းသားဘဝက ကျွန်တော်အလွန် နားထောင်ချင်သော (နားလည်းနားထောင်ခဲ့သော) သီချင်းခွေ ကို အစ်ကို့အား ခရစ်စမတ်လက်ဆောင်အနေဖြင့် ပေးခဲသည့် အတိတ်မှ အဖြစ်အပျက်လေးကို သတိရမိခြင်းကြောင့်ပါ။ နှစ်များစွာကြာပြီးနောက်မှ အတ္တအကျိုးမကြည့်ဘဲ ပေးကမ်းရန် ဘုရားသခင်သည် ကျွန်တော့်ကို သွန်သင်နေဆဲဖြစ်သည်ကို သိနားလည်လာသည်။

ပေးကမ်းခြင်းအရာ၌…

ခရစ်စမတ်ဧည့်သည်

၁၉၉၄ ခုနှစ် ခရစ်စမတ်နေ့ဉီးတွင် Old Brinker ဆိုသော လူတစ်ယောက်သည် အကျဉ်းထောင်ဆေးရုံတွင် သူ့ဘဝ၏နောက်ဆုံးအချိန်ဖြစ်၍ လဲလျောင်းကာ မိတ်ဆွေ အကျဉ်းသားများမှ ဉီးစီးလုပ်ဆောင်သော ခရစ်စမတ်အစီအစဉ်ကို စောင့်ဆိုင်းနေခဲ့သည်။ စူမားတြားကျွန်းဆွယ်ရှိ မွန်တော့အကျဉ်းစခန်းတွင် သူနှင့်အတူ အကျဉ်းချခံရသော William McDougall အား “တီးဝိုင်းဘယ်တော့စမှာလဲ” ဟု မေးရာ၊ McDougall က“မကြာခင်ပေါ့” ဟု ပြန်ဖြေသည်။ “ကောင်းပြီ၊ ဒါဆို သူတို့အသံကို ကောင်းကင်တမန်တွေရဲ့ သီချင်းသံနဲ့ နှိုင်းယှဉ်ကြည့်လို့ရတာပေါ့” ဟု ပြောလိုက်သည်။

Brinker သည် လွန်ခဲ့သောဆယ်နှစ်ခန့်က ယုံကြည်ခြင်းမှ ရွှေ့လျော့သွားခဲ့သော်လည်း သူ၏နောက်ဆုံး အချိန်တွင် အပြစ်ကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထံမှ ငြိမ်သက်ချမ်းသာခြင်းကို တွေ့ရှိခဲ့သည်။ တစ်ပါးသူများကို မချေမငံအကြည့်ဖြင့် နှုတ်ဆက်မည့်အစား ပြုံးပြနှုတ်ဆက် ခဲ့ခြင်းမှာ သိသာသော ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း McDougall ဆိုသည်။

Brinker တောင်းဆိုသော သီချင်းဖြစ်သည့်…

ဝန်ခံခြင်းများဖြင့် ချည်နှောင်ထားသောကြိုး

ခရစ်စမတ်နေ့တစ်ရက်တွင် အဖွားသည် ကျွန်မကို လှပသော ပုလဲဆွဲကြိုးလေးပေးခဲ့သည်။ ထိုလှပသော ပုတီးစေ့လေးများသည် ကျွန်မလည်ပင်းပေါ်တွင် တောက်ပနေခဲ့သည်။ တစ်နေ့တွင် ပုတီးကုံး​ကြိုးပြတ်သွားရာ ပုလဲလုံးလေးများမှာ သစ်သားကြမ်းပြင်ပေါ်သို့ ခုန်ပေါက်ပြန့်ကျဲကျသွားသည်။ ကျွန်မသည် ထိုပုလဲလုံးသေးသေးလေးများကို လေးဘက် ကုန်းလျက် တစ်လုံးစီ လိုက်ကောက်ခဲ့ရသည်။ တစ်လုံးချင်းစီ အနေဖြင့် သေးငယ်သော ပုလဲလုံးဖြစ်သော်လည်း အတူတကွ ကြိုးဖြင့် တွဲသီလိုက်သောအခါ ထိုပုလဲလေးများမှာ အလွန် နှစ်သက်ဖွယ်ကောင်းသောအရာ ဖြစ်လာ​ေတော့သည်။

တစ်ခါတစ်ရံ ထိုပုလဲလုံးတစ်လုံးချင်းစီကဲ့သို့ ဘုရားကို ဟုတ်ကဲ့ပါ ဟု ကျွန်မဝန်ခံခဲ့သောအရာများသည် အရေးမကြီးသကဲ့သို့ ထင်မိသည်။ နာခံမှုအပြည့်အဝရှိသော ယေရှု၏မိခင်မာရိနှင့် ကျွန်မကိုယ်ကျွန်မ နှိုင်းယှဉ်ကြည့်မိ သည်။ မေရှိယကို ကိုယ်ဝန်ဆောင်ရန် ဘုရားသခင်၏ ရွေးချယ် စေစားခြင်းကို “ဟုတ်ကဲ့ပါ” ဟု သူဝန်ခံခဲ့သည်။ မာရိက “အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသော”(လု ၂:၃၈)ဟု…

ဖခင်၏ ကောင်းချီးမင်္ဂလာ

မကြာမီက ကျွန်ုပ်တို့အသင်းတော်၌ ဖခင်များနှင့်ရင်းနှီးကျွမ်းဝင်မှု အားနည်းသူများက ကျွန်ုပ်အား ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဖခင်တစ်ယောက်ကဲ့သို့ ရပ်တည်ပြီး ၎င်းတို့ကို ကောင်းချီးပေးရန် တောင်းဆိုခဲ့သည်။ ကျွန်ုပ်ဆု​တောင်းရာတွင် သားသမီးများ အပေါ် မျှော်လင့်ချက် ကြီးမားမြင့်မားစွာ ထားရှိခြင်း၊ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုကို မပေးခြင်း၊ ရပ်တည်ပေးရန် ပျက်ကွက်မှု စသည်တို့ကြောင့် သားသမီးများကို ဒဏ်ရာရနာကျင်စေသော ဖခင်၏လုပ်ရပ်များအတွက် ရှေ့ဦးစွာ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သည်။ ထို့ပြင် ဝမ်းမြောက် ပျော်ရွှင်ခြင်း၊ ချစ်ခင်လေးစားခြင်းနှင့် ကြွယ်ဝသောချစ်ခြင်း မေတ္တာကို ခံစားရပါစေဟု ကောင်းချီးပေးကြွေးကြော်ခဲ့သည်။
ထိုသို့ဆု​တောင်းကောင်းချီးပေးနေစဉ် ကျွန်ုပ်မျက်ရည်ကျခဲ့ သည်။ ထိုကောင်းချီးကို ကျွန်ုပ်လည်းလိုအပ်ဆဲဖြစ်ပြီး ကျွန်ုပ်၏ သားသမီးများလည်း အဘယ်မျှလိုအပ်လိမ့်မည်ကို နားလည်သဘောပေါက်ခဲ့သည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ဖခင်အဖြစ် ထပ်ခါထပ်ခါဖော်ပြလျက် ၎င်းသည် ပုံပျက်နေသောဖခင်၏ပုံရိပ်သဏ္ဌာန်ကို ပြန်လည်ဖော်ဆောင်ပေးသည့် အမှန်တရား ဖြစ်သည်။ ကျွန်ုပ်တို့၏ထာဝရအဘ ဖြစ်သော ဘုရားသခင်သည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာကို…