လ - ဇူလိုင် 2020

အဖိုးအခကြီးသောပျော်ရွှင်မှု

တေးသံစဉ်ကို ကြားလိုက်ရသည်နှင့် ကျွန်တော်တို့ ၆ ယောက်လုံး စတင်လှုပ်ရှားလိုက်ပါတော့သည်။ အချို့က ဖိနပ်စွပ်ကြစဥ် အချို့မှာ ခြေဗလာဖြင့်ပင် တံခါး ပေါက်သို့ ရောက်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အိမ်အပြင်လမ်းတိုင်း ပြေးကာ ရေခဲမုန့်ကားကို အမှီပြေးလိုက်ပါတော့သည်။ နွေရာသီ၏ ပထမဆုံး နွေးထွေးသောနေ့ဖြစ်သည့် ဤနေ့ကို အေးမြချိုမြိန်သောရေခဲမုန့်ဖြင့် ကြိုဆိုခြင်း ထက် သာ၍ကောင်းသောအရာမရှိပါ။ ရိုးရိုးလေးပါ။ ဤအမှုက ပျော်ရွှင်မှုကိုပေး သောကြောင့် ကျွန်တော်တို့ပြုလုပ်ပါသည်။ စည်းကမ်းတာဝန်ကြောင့် မဟုတ်ပါ။

မဿဲ ၁၃:၄၄-၄၆ တွင် နှိုင်းယှဉ်ပြသော ပုံဥပမာလေးနှစ်ခုတွင် ဆိုလိုရင်းမှာ "ရှိသမျှကိုရောင်းချခြင်းသည် တစုံတခုကို ရယူလိုခြင်းကြောင့်ဖြစ်သည်။" ၎င်းက စွန့်လွှတ်ပေးဆပ်ခြင်းအကြောင်းဖြစ်မည်ဟု ကျွန်တော်တို့တွေးကောင်းတွေးမိမည်။ ဆိုလိုရင်းမှာ ထိုသို့မဟုတ်။ စင်စစ် ပထမပုံဥပမာတွင် ဝမ်းမြောက်ခြင်းကြောင့် ထိုသူ သည် ရှိသမျှရောင်းပြီး လယ်ကိုဝယ်ခြင်းဖြစ်သည်။ ဝမ်းမြောက်ခြင်းသည် ပြောင်းလဲ မှုကိုဖြစ်စေသည်။ လိပ်ပြာမလုံခြင်းကြောင့်၊ တာဝန်အရကြောင့် မဟုတ်ပါ။…

အခိုက်အတန့်များကို တန်ဖိုးထားခြင်း

Su Dongpo (ဝါ) Su Shi သည် တရုတ်ပြည်၏နာမည်ကြီးကဗျာဆရာနှင့် အက်ဆေးရေးဆရာတစ်ယောက်ဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခံရစဉ် လကို ကြည့်ပြီး သူ့ညီဖြစ်သူအား မည်မျှလွမ်းဆွတ်ကြောင်း ကဗျာရေးခဲ့သည်။ “လမင်းကြီးက ပေါ်လိုက် ကွယ်လိုက်၊ ငါတို့လည်း ပျော်လိုက် ဝမ်းနည်းလိုက်၊ တွေ့ဆုံလိုက် ခွဲခွာလိုက်နဲ့၊ ဟောင်းနွမ်းအချိန်လို ဘယ်အရာမှမပြည့်စုံ၊...” “မိုင်ပေါင်းများစွာ ဝေးနေရလည်း ချစ်ခင်ရသူများ အသက်ရှည်ပြီး အတူရှိနေချိန်၏လှပသောမြင်ကွင်းများကို ရှုမြင်နိုင်ကြပါစေသား” ဟုသူရေးစပ်ထားသည်။

သူ့ကဗျာသည် ဒေသနာကျမ်းမှအချက်ကို ထင်ဟပ်ပြနေသည်။ ဒေသနာဆရာ (၁:၁) ဟု အမည်ရသည့် ကျမ်းရေးသူက "ငိုရသောအချိန်နှင့်ရယ်ရသောအချိန်…ဖက်ယမ်းရသောချိန်နှင့် မဖက်ယမ်းဘဲခွဲခွာ၍နေရသောအချိန်"ရှိကြောင်း ဖော်ပြ ထားသည်(၃:၄-၅)။ ဆန့်ကျင်ဘက်အချိန်နှစ်ခုကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြင့် ဒေသနာဆရာသည် Su Dongpo နည်းတူ ခပ်သိမ်းသောအရာဟူသမျှသည် အဆုံးရှိကြောင်း ပြောကြားသည်။

လကွယ်လိုက် ပေါ်လိုက်ဖြစ်ခြင်းကို မည်သည့်အရာကမျှ ပြည့်စုံခြင်းမရှိ သည့်လက္ခဏာအဖြစ် Su Dongpo သိမြင်ခဲ့သလို…

အရှက်တကွဲအကျိုးနည်း

ကျွန်တော့်ဘဝ၏အရှက်ရဆုံးအချိန်မှာ အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းသားနှင့် သူငယ်ချင်းများရှေ့တွင် ကျောင်း၏ နှစ်၅၀ပြည့် နှစ်ပတ်လည်မိန့်ခွန်း ပြောရသော အချိန်ဖြစ်သည်။ ဖတ်ကြားမည့်စာရွက်ကိုကိုင်ပြီး မိန့်ခွန်းပြောမည့် စင်ပေါ်တက် လာကာ လူအုပ်ကြီးကို ကြည့်လိုက်သည်။ သို့သော် ကျွန်တော့်မျက်လုံးများသည် ရှေ့တန်းတွင် ဘွဲ့ဝတ်ရုံများကို ကျကျနဝတ်ဆင်ထားပြီး ရုပ်တည်ကြီးများနှင့်ထိုင် နေသော ပါမောက္ခများအပေါ်တွင်သာ ရောက်နေပါသည်။ နှုတ်ခမ်းများလည်း ခြောက်ကပ်လျက် အာရုံစူးစိုက်မှုပျောက်သွားသည်။ စာကြောင်းများကို ထစ်ထစ် ငေ့ါငေါ့ဖြင့်စပြောပြီးနောက် လက်တန်းလျှောက်ပြောမိသည်။ ကိုယ်ဘာပြောနေမှန်း မသိဘဲ အဓိပ္ပာယ်မရှိ ရမ်းသမ်းပြောနေသဖြင့် ပရိသတ်များလည်း န‌ဝေတိမ်တောင် ဖြစ်ကုန်သည်။ ထိုအခါ ထိတ်လန့်ပြီး စာမျက်နှာများကို လျှောက်လှန်မိပြန်သည်။ မည်သို့ပင်ဖြစ်စေ၊ အဆုံးသတ်နိုင်ခဲ့ပြီး ကိုယ့်ထိုင်ခုံသို့ပြန်ထိုင်ကာ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိသည်။ ကျွန်တော်သေသာသေလိုက်ချင်သည်။

သို့သော် ထိုအရှက်ကွဲခြင်းသည် နှိမ့်ချခြင်းကိုဖြစ်စေပါက ကောင်းပါသည်။ အဘယ်‌ကြောင့်ဆိုသော် ၎င်းသည် ဘုရားရှင်၏နှလုံးသားကို ဖွင့်နိုင်သောသော့ ဖြစ်သည်။ နှုတ်ကပတ်တော်၌ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်…

မော့ကြည့်လိုက်ပါ

ရုပ်ရှင်ထုတ်လုပ်သူ ဝီလီအိုဗာစထရိ သည် တစိမ်းတရံများအား အားကောင်း သော အဝေးကြည့်မှန်ပြောင်းဖြင့် လပုံကိုပြသသောအခါ သူတို့သည် အနီးကပ်မြင် ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကာ တီးတိုးအာမေဋိတ်သံများ ထွက်လာပါ သည်။ “ထိုအံ့မခန်းမြင်ကွင်းကိုမြင်ရတဲ့အခါ ကိုယ့်ထက်ပိုကြီးတဲ့အရာရှိတယ်ဆိုတဲ့အံ့သြမှုကြီးက ကိုယ့်ကိုလွှမ်းမိုးသွားတယ်” ဟု အိုဗာစထရိ က ရှင်းပြခဲ့သည်။

ဆာလံဆရာဒါဝိဒ်လည်း ဘုရားရှင်၏ ကောင်းကင်မှအလင်းတန်းကိုကြည့်ပြီး အံ့သြခံစားခဲ့ရသည်။ “လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်...၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း” (ဆာ ၈:၃-၄)။

နှိမ့်ချခြင်းအပြည့်နှင့်မေးသော ဒါဝိဒ်၏မေးခွန်းက ကျွန်ုပ်တို့၏အံ့အားသင့်မှု အတွက် မှန်သောအမြင်ရှုထောင့်ကိုပေးသည်။ ဘုရားရှင်သည် ကောင်းကင်သစ် နှင့် မြေကြီးသစ်ကို ဖန်ဆင်းပြီးသောအခါ နေနှင့်လကို ကျွန်ုပ်တို့ မလိုအပ်တော့ ကြောင်း အတွေးကိုပေးပါသည်။ သည့်အစား ရှင်ယောဟန်က ဘုရားရှင်၏ ဘုန်းတော်သည် လိုအပ်သောအလင်းကိုပေးမည် ဟုဆိုသည်။…

ခွဲခွာခြင်းတွင် ညီညွတ်နေခြင်း

လုပ်ဖော်ကိုင်ဖက် တင်းမ် နှင့် ပရောချက်တစ်ခုကို အတူတကွလုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရသောအခါ အယ်ဗင်သည် ကြီးမားသောစိန်ခေါ်မှုနှင့် ရင်ဆိုင် လိုက်ရပါတော့သည်။ ထိုအလုပ်ကို လုပ်ဆောင်မည့်နည်းလမ်းအပေါ် သူတို့၏ အကြံ၊ အစီအစဥ်များက အလွန်ကွဲပြားနေသောကြောင့်ဖြစ်သည်။ တစ်ယောက်၏ အမြင်ကို အပြန်အလှန်လေးစားလျက်နှင့် သူတို့၏နည်းလမ်းက ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ပဋိပက္ခကြီးလာသည်။ သို့သော် အချင်းမများမီ သူတို့နှစ်ဦး သည် သူတို့၏မတူညီမှုများကို သူတို့ဆရာနှင့်ဆွေးနွေးရန် သဘောတူခဲ့ပြီး ဆရာက သူတို့နှစ်ယောက်ကို အဖွဲ့ခွဲထား လိုက်ပါတော့သည်။ ထိုနေ့၌ အတူတူလုပ်ရမှ စည်းလုံးခြင်းမမည်ကြောင်း စည်းလုံးညီညွတ်ခြင်းနှင့်ပတ်သက်သည့် သင်ခန်းစာကို အယ်ဗင် ရလိုက်ပါတော့သည်။

အာဗြံဟံသည်လည်း သူ့လူနှင့် လောတလူတို့ ဗေသလမြို့၌ တစ်ယောက် တစ်လမ်းစီ လမ်းခွဲရန် အကြံပြုခဲ့စဥ်က ထိုအမှန်တရားကိုနားလည်ခဲ့ပေလိမ့်မည် (က ၁၃:၅-၉)။ သူတို့ နှစ်ဦးလုံး၏တိရိစ္ဆာန်များအတွက် နေရာမလုံလောက်တော့ သောအခါ အာဗြံဟံက အမြော်အမြင်ရှိစွာဖြင့် အဖွဲ့ခွဲရန် အကြံပြုလိုက်သည်။…