လ - ဧပြီ 2021

နို့ရည်အရင်လာသည်

ယူနိုက်တက်ကင်းဒမ်း (United Kingdom)ဟု ယခုခေါ်တွင်သောနိုင်ငံသည် ၇ ရာစု အတွင်းက မကြာခဏ စစ်မက်ဖြစ်ပွားသည့် များစွာသော ပဒေသရာဇ် နိုင်ငံငယ်များဖြစ်သည်။ နော်သန်ဘရီးယား နယ်မှ ဘုရင်အော့စဝေါလ် (Oswald of Northumbria)သည် ခရစ်တော်ကို ယုံကြည်သူဖြစ်လာသောအခါ သူ၏ ဒေသ၌ ဧဝံဂေလိတရားဟောရန် သာသနာပြု ဆရာတစ်ဦးကို ဖိတ်ခေါ်ခဲ့သည်။ ကော်မန် (Corman)ဆိုသူအား စေလွှတ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။ အင်္ဂလိပ်လူမျိုးများသည် "ခေါင်းမာပြီး"၊"လူရိုင်းများ"ဖြစ်ပြီး သူ၏ဟောပြော ချက်ကို စိတ်မဝင်စားသဖြင့် စိတ်ညစ်ညူးလျက် သူ့နိုင်ငံသို့ပြန်သွားသည်။

အီဒန်အမည်ရှိသော ဘုန်းတော်ကြီးက "ကျွန်တော်တစ်ခုတွေးမိတယ်။ ခင်ဗျားက အလွန်စိတ်အားထက်သန်ပြီး ဘာမှမသိသေးတဲ့ နားထောင်သူတွေကို ပြောချင်ရာကိုပဲ ဇွတ်အတင်းသွင်းတာကိုးဗျ" ဟု ကော်မန်ကို ပြောသည်။ နော်သန်ဘရီးယားဒေသခံများအား "လွယ်ကူသောသွန်သင်ဆုံးမမှုနို့ တိုက်ကျွေး ရမည့်အစား" ကော်မန်က ထိုသူတို့ တစ်ခါမျှမတွေ့ထိ နားမလည်သောအရာကို သင်ကြားပို့ချခြင်းကြောင့် ဖြစ်သည်။…

အတူတကွ စုပေါင်းလုပ်ဆောင်ခြင်း

ဂျိုးသည် တစ်နေ့လျှင် ၁၂ နာရီ ကျော်မျှ အလုပ်လုပ်ပြီး မကြာခဏဆိုသလို မနားဘဲ ဆက်တိုက်လုပ်လေ့ရှိသည်။ အချိန်နှင့်အင်အား အတော်စိုက်ရသော လူမှုရေးလုပ်ငန်းကို စတင်သည် မှစ၍ ဇနီးနှင့်သားသမီးများအတွက် အချိန်မပေး နိုင်တော့ပါ။ ထိုဖိစီးမှုကို အချိန်ကြာမြင့်စွာခံစားရပြီးနောက် ဂျိုး တစ်ယောက် ဘုံးဘုံးလဲကာ ဆေးရုံတက်ရတော့သည်။ ထိုအခါ သူ့မိတ်ဆွေတစ်ဦးက သူ့ကို ကူညီ နိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့လိုက်သည်။ သူလက်လွတ်ရမည်ကို စိုးရိမ်သော်လည်း နဂိုပုံမှန်အခြေအနေကို သူပြန်မလိုက်နိုင်ကြောင်း ဂျိုးသိသည်။ သို့နှင့် သူ့မိတ်ဆွေနှင့် ဘုရားသခင်ကိုယုံကြည်ပြီး သူတို့အတူတကွ ရွေးချယ်လိုက်သူများအား တာဝန်ခွဲဝေပေးရန်သဘောတူလိုက်သည်။ သူ့အား ဘုရားသခင်ပေးလာသည့် အကူအညီကို သူငြင်းပါက သူ၏လူမှုရေးလုပ်ငန်းနှင့် မိသားစုအတွက် မည်သည့် အကျိုးမျှ ရရှိလိမ့်မည်မဟုတ်ကြောင်း တစ်နှစ်ကြာပြီးနောက်မှ သူဝန်ခံခဲ့သည်။

ချစ်ခင်ရသောလူ့အသိုက်အမြုံ၏ကူညီပံ့ပိုးမှုကိုမယူပဲ မိမိတစ်ကိုယ်တည်း လှုပ်ရှားရုန်းကန်လုပ်ဆောင်ရန် ဘုရားက လူသားများအား ပုံစံမချထားပါ။ ထွက်မြောက်ရာကျမ်း ၁၈…

နွေးထွေးစွာ ပွေ့ဖက်ခြင်း

"သမီးကို စာဖတ်ပြပေးမလား၊ ဖေဖေ" ဟု ကျွန်တော့်သမီးက မေးလာသည်။ ထိုမေးခွန်းသည် ကလေးငယ်များက မိဘကို ထူးထူးခြားခြားမေးသော မေးခွန်းမျိုး မဟုတ်ပါ။ သို့သော် သမီးသည် ယခု အသက် ၁၁နှစ် ရှိပြီဖြစ်သောကြောင့် ထိုမေးခွန်းကို သူငယ်စဉ်က မေးသောအကြိမ်ရေထက် ယခုအခါလျော့နည်းသွားပါပြီ။ "ဖတ်ပေးမှာပေါ့၊ သမီးလေးရယ်" ဟုရွှင်လန်းစွာဖြေလိုက်သည့်အခါ သူမသည် ကုတင်ပေါ်တွင် တွန့်လိမ်ပြီး ကျွန်တော့်အနီးသို့ လူးလှိမ့်လာသည်။

သူ့အား The Fellowsip of the Ring စာအုပ်မှစာသားများကို ဖတ်ပြသောအခါ သူစိတ်ကျေနပ်နူးညံ့သွားသည်။ ၎င်းသည် မိဘအနေဖြင့် အလွန်အံ့မခမ်း ခံစားရသည့် အခိုက်အတန့်လေးဖြစ်ပြီး၊ ကျွန်ုပ်တို့အတွက် အဘဘုရား၏ စုံလင်သော မေတ္တာတော်၊ သူ့မျက်မှောက်တော်နှင့် မေတ္တာတော်သို့ ကျွန်ုပ်တို့တိုးဝင် ပွေ့ဖက်စေလိုသည့် ကိုယ်တော်၏စိတ်ဆန္ဒကို အရိပ်အမြွက်လေး ခံစားရသည်။

ထိုအချိန်တွင် ကျွန်တော်သည် ၁၁ နှစ်အရွယ် သမီးနှင့်အလွန်တူသည်ကို…

မိုက်မဲသောလုပ်ဆောင်မှုမှသင်ခန်းစာယူခြင်း

သြစတြေးလျနိုင်ငံ၊ ဝါလုံကောင်းမြို့ ကုန်စုံဆိုင်တစ်ခုတွင် လူတစ်ဉီးသည် ဒေါ်လာ ၂၀ တန် ငွေစက္ကူတစ်ရွက်ကိုပေးပြီး ငွေပြန်အမ်းခိုင်းသည်။ ကောင်တာစာရေးက ငွေသိမ်းအံဆွဲကိုဖွင့်နေစဉ် ထိုသူသည် သေနတ်ထုတ်ပြီး ရှိသမျှငွေအားလုံးကို ပေးရန်ပြောရာ စာရေးက ကြောက်လန့်စွာဖြင့် ချက်ချင်းထုတ်ပေးလိုက်သည်။ ဒေါ်လာ ၂၀ တန် ငွေစက္ကူကို ကောင်တာ၌ထားခဲ့ပြီး ငွေအားလုံးကိုယူ၍ ထိုသူ ထွက်သွားသည်။ သူရသွားသည့် ငွေစုစုပေါင်းမှာ ၁၅ ဒေါ်လာမျှသာဖြစ်သည်။

ထိုသူကဲ့သို့မဟုတ်ဘဲ မှန်ကန်သောလုပ်ရပ်များကို ကျွန်ုပ်တို့ကြိုးစား လုပ်ဆောင်ကြ သော်လည်း တချိန်ချိန်တွင် ရူးသွပ်မိုက်မဲစွာ ပြုမူကြဆဲဖြစ်သည်။ သို့သော် မိမိ၏မိုက်မဲသော အပြုအမူများမှ မည်ကဲ့သို့ သင်ခန်းစာရယူမည်ဆိုသည့် အချက်က အဓိကကျပါသည်။ အမှားကို မပြုပြင်ပါက ကျွန်ုပ်တို့၏ ညံ့ဖျင်းသော ရွေးချယ်မှုသည် တစ်စတစ်စနှ င့် အလေ့အထဖြစ်သွားပြီး ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည်။ ဒေသနာကျမ်း ၁၀:၃ တွင် ဖော်ပြသကဲ့သို့ "လမ်း၌…

ကျွန်ုပ်တို့၏အဆိုးဝါးဆုံးအခြေအနေ၌

ဂျိန်းအော်စတင် (Jane Austen)၏ “မာနနှင့် မနာလိုအမုန်း” (Pride and Prejudice) ဝတ္ထုတွင် မစ္စတာဒါစီက "သူမရဲ့ရုပ်ရည်က အသင့်အတင့်ပါ။ မဆိုး ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့အထိတော့ သူမ မလှပါဘူး" ဟူသည့် စကားကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထိုစကားက ကျွန်မ၏အတွေးကို စိုးမိုးလျက် လုံးဝ မမေ့နိုင်ပါ။ ထိုစာကြောင်းကို ဖတ်ပြီးနောက် မစ္စတာဒါစီ အား ဘယ်သော အခါမျှ မနှစ်သက်ရန် ကျွန်မ ဆုံးဖြတ်ချက်ခိုင်မာစွာချလိုက်သည်။

သို့သော် ကျွန်မမှားခဲ့ပါသည်။ အော်စတင်၏ဇာတ်ကောင် အဲလစ်စဘက် ဘင်နက် နည်းတူ ကျွန်မသည်လည်း စိတ်နေသဘောထားကို ပြောင်းလဲရန် နှေးကွေးခြင်း၊ တုံ့ဆိုင်းခြင်းစသည့် အတွေ့အကြုံများရှိသည်။ သူမကဲ့သို့ပင် ကျွန်မသည်ဒါစီ၏အကြောင်းကို အလုံးစုံမသိရှိဘဲ သူ၏မကောင်းသော အပြုအမူ တစ်ခုတည်းကိုသာ ကွက်၍ကြည့်ပြီးတုံ့ပြန်ခဲ့သည်။ ထိုဝတ္ထုကိုအဆုံးထိ ဖတ်ပြီးချိန်၌ လက်တွေ့ဘဝတွင် မည်သူ့အပေါ် ကျွန်မ…