လ - ဧပြီ 2022

မြည်းပေါ်မှ ဘုရင်

ယနေ့ တနင်္ဂနွေသည် သံလွင်ခက်တနင်္ဂနွေဟု ကျွန်ုပ်တို့ ယခုခေါ်ဆိုသောနေ့ဖြစ်သည်။ ထိုနေ့က သခင်ယေရှု ယေရုရှလင်မြို့သို့ ပထမဆုံးလာရောက်ခြင်း မဟုတ်သည်ကို သံသယဖြစ်စရာ မရှိပါ။ ဘာသာရေးကိုင်းရှိုင်းသော ဂျူးလူမျိုးတစ်ဦးအနေနှင့်၊ ကြီးမြတ်သောပွဲတော် သုံးပွဲအတွက် နှစ်စဉ် ထို မြို့သို့ သွားခဲ့လိမ့်မည်(လု ၂:၄၁-၄၂၊ ယော ၂:၁၃၊ ၅:၁)။ လွန်ခဲ့သည့် (၃)နှစ်က ခရစ်တော်သည် ယေရုရှလင်မြို့၌ အမှုဆောင်ပြီး ဆုံးမသြဝါဒပေးခဲ့သည်။ သို့သော် ဤတနင်္ဂနွေတွင် မြို့ထဲသို့ သခင်ကြွလာပုံက တစ်မူထူးခြားသည်။

ယေရုရှလင်မြို့သို့ ဝတ်ပြုသူထောင်ပေါင်းများစွာ ရောက်ရှိနေချိန်တွင် မြည်းကလေးတစ်ကောင်ကိုစီး၍ ဝင်လာခြင်းက အများအာရုံစူးစိုက်စရာ ဖြစ်ခဲ့သည် (မ ၂၁:၉-၁၁)။ လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း သခင်သည် တမင် မထင်မရှားနေခဲ့ပြီး ယခု ထောင်ပေါင်းများစွာသောလူများရှေ့တွင်မှ အဘယ်ကြောင့် ထင်ပေါ်မှုကို ရွေးခဲ့သနည်း။ သူမသေဆုံးမီ (၅) ရက် အလိုတွင် သူသည် ဘုရင်ဖြစ်ကြောင်း လူအများ၏ကြွေးကြော်ချက်ကို…

စကားပြောသောဘတ်စ်ကား

၂၀၁၉ ခုနှစ်တွင် Oxford (အောက်စဖို့) ဘတ်စ်ကားကုမ္ပဏီသည် တမဟုတ်ချင်း ရေပန်းစားသွားသော “စကားပြောသောဘတ်စ်ကား”ကို စတင်ပြေးဆွဲခဲ့သည်။ ဘတ်စကား၌ စိတ်ဝင်စားသောခရီးသည်များ စကားပြောဆိုနိုင်သည့် လူများကို တာဝန်ချထားသည်။ ဗြိတိန်နိုင်ငံသား (၃၀)ရာခိုင်နှုန်းသည် တစ်ပတ်လျှင်အနည်းဆုံး တစ်ရက်တာကို အဓိပ္ပာယ်ရှိသော စကားစမြည်ပြောဆိုခြင်းမရှိဘဲ ဖြတ်သန်းကြကြောင်း တွေ့ရှိခဲ့သည့် အစိုးရသုတေသနစစ်တမ်းကြောင့် ထို ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

လိုအပ်ချိန်၌ စကားပြောနိုင်မည့်သူ တစ်စုံတစ်ယောက် မရှိခြင်းကြောင့် ဖြစ်ပေါ်လာသောအထီးကျန်မှုကို ကျွန်ုပ်တို့အများစု ခံစားဖူးကြပေမည်။ ကျွန်ုပ်၏ ဘဝတွင် အရေးကြီးသော စကားဝိုင်းများ၏တန်ဖိုးကို ဆင်ခြင်တွေးမိသောအခါ ကျေးဇူးတရားနှင့်ပြည့်သော ဆွေးနွေးမှုများကို အထူးသတိရမိပါသည်။ ထိုအချိန်များက ကျွန်ုပ်အတွက် ဝမ်းမြောက်မှုနှင့်ခွန်အားပေးမှုများ ယူဆောင်လာပြီး ပိုလေးနက်သည့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ပေးရန် မစခဲ့သည်။

ကောလောသဲအသင်းတော်သို့ ပေးပို့သောစာအဆုံးတွင် ရှင်ပေါလုက ကျွန်ုပ်တို့ကြုံဆုံရသူတိုင်းကို မိမိ၏စကားအပြောအဆိုများအားဖြင့် မေတ္တာပြသနိုင်သည့် နည်းလမ်းများအပါအဝင်၊ သခင်ယေရှုကိုယုံကြည်သူများအတွက် စစ်မှန်သော အသက်ရှင်မှု၏စည်းကမ်းများဖြင့်…

အမြဲတမ်းလိပ်စာ

မကြာသေးမီက ကျွန်ုပ်တို့သည် အိမ်အဟောင်းနှင့် မလှမ်းမကမ်းရှိ အိမ်အသစ်သို့ ပြောင်းခဲ့သည်။ မလှမ်းမကမ်းဆိုသော်လည်း၊ ငွေကြေးလွှဲပြောင်းမှု အချိန်ဇယားကြောင့် ကျွန်ုပ်တို့၏ပစ္စည်းများအားလုံးကို ရွေ့ရှားထရပ်ကားပေါ်သို့ ပြောင်းရွေ့ရန် လိုအပ်သေးသည်။ အရောင်းနှင့်ဝယ်ယူမှုကြား ကာလတွင်၊ ကျွန်ုပ်တို့၏ ပရိဘောဂများကို ထရပ်ကားပေါ်ထားပြီး ကျွန်ုပ်တို့မိသားစုမှာ ယာယီတည်းရန်နေရာကို ရှာဖွေခဲ့ရသည်။ ထိုအတောအတွင်း၊ နေထိုင်ရာအိမ်မှ ရွှေ့ပြောင်းရသော်လည်း ကျွန်ုပ်အချစ်ဆုံးသူများဖြစ်သော ကျွန်ုပ်၏မိသားစုနှင့် အတူရှိခြင်းကြောင့် ရိုးရိုးလေးပြောရလျှင် နေသားကျသော “အိမ်”၏ ခံစားမှုရသကို ရှာဖွေတွေ့ရှိရသဖြင့် အံ့အားသင့်ခဲ့ရသည်။

ဒါဝိဒ်၏ဘဝ တစ်စိတ်တစ်ပိုင်းတွင် နေထိုင်စရာအိမ်ဟူ၍ သတ်သတ်မှတ်မှတ် မရှိခဲ့ပါ။ ရှောလုမင်းလက်မှလွတ်အောင် ပြေးလွှားရသည့်ဘဝဖြင့် သူအသက်ရှင်ခဲ့ရသည်။ ရာဇပလ္လင်ကိုဆက်ခံရန် ဘုရားသခင် ခန့်အပ်ထားသောကြောင့်၊ ဒါဝိဒ်အား အန္တရာယ်အဖြစ် တွေးဆပြီး သတ်ဖြတ်ရန် ရှောလု ရှာကြံခဲ့သည်။ ဒါဝိဒ်သည် မိမိအိမ်မှထွက်ပြေးပြီး ခိုလှုံနိုင်သောနေရာတိုင်း၌ အိပ်ခဲ့ရသည်။ သူ့၌အဖော်အသင်းရှိသော်လည်း ဒါဝိဒ်၏အပြင်းပြဆုံးဆန္ဒမှာ ‘ထာဝရဘုရား၏ အိမ်တော်၌နေ’ကာ ကိုယ်တော်နှင့် ထာဝရမိတ်သဟာယဖွဲ့လျက်…

စစ်မှန်သောဧည့်ဝတ်ပြုမှု

“Kumain ka naba?” (ကူမာအင်းကာနာဘာ) - “စားပြီးပြီလား”။

ကျွန်မ၏ဇာတိမြေ ဖိလစ်ပိုင်နိုင်ငံရှိ အိမ်များစွာ၌ ဧည့်သည်တစ်ယောက်အနေဖြင့် ထိုစကားကို အမြဲကြားရပါသည်။ ၎င်းသည် ဧည့်သည်များအပေါ် ဂရုစိုက်မှုနှင့်ကြင်နာမှုကို ဖော်ပြသည့် ဖိလစ်ပိုင်လူမျိုးတို့၏လောကွတ်စကား ဖြစ်သည်။ သင့်အဖြေမည်သို့ပင်ဖြစ်စေ၊ အိမ်ရှင်က စားရန် အစာတစ်ခုခုကို အမြဲပြင်ဆင်ပေးလိမ့်မည်။ ကြင်နာမှုအစစ်အမှန်သည် နှုတ်ဆက်စကားဆိုရုံမျှမက စကားလုံးများထက်သာလွန်သော စစ်မှန်သည့် ဧည့်ဝတ်ပြုမှုကိုပြသခြင်းဟု ဖိလစ်ပိုင်လူမျိုးများက ယုံကြည်ကြသည်။

ရေဗက္ကသည်လည်း ကြင်နာသနားခြင်းက မည်သို့ဖြစ်သည်ကို သိသည်။သူမ၏နေ့စဉ်ဝတ္တရားများတွင် မြို့ပြင်ရေတွင်းမှရေငင်ခြင်းနှင့် လေးလံသောရေအိုးကို အိမ်ပြန်သယ်ယူခြင်းတို့ ပါဝင်သည်။ ခရီးဝေးနှင်ခဲ့ပြီး အလွန်ရေငတ်နေသူ အာဗြဟံ၏ကျွန်က အိုးထဲမှရေအနည်းငယ် တောင်းသောအခါ၊ တုံ့ဆိုင်းမနေဘဲ သောက်ရေကို သူပေးခဲ့သည် (က ၂၄:၁၇-၁၈)။

သို့သော် ထိုမျှမက ပို၍ပင် ရေဗက္ကာဧည့်ဝတ်ကျေခဲ့သည်။ ဧည့်သည်၏ ကုလားအုပ်များ ရေငတ်သည်ကို မြင်သောအခါ၊ လျင်မြန်စွာကမ်းလှမ်း၍ သူတို့အတွက် ရေတစ်ဖန်ခပ်ရန် အမြန်ပြန်သွားခဲ့သည်…

ကားရပ်နားကွင်းမှငြင်းခုံမှုရန်ပွဲ

ယာဉ်ရပ်နားကွင်းရှိမြင်ကွင်းသည် ကြေကွဲဖွယ်မဟုတ်လျှင် ရယ်စရာဖြစ်နိုင်သည်။ ကားတစ်စီးက အခြားကားသွားမရအောင် လမ်းကြောပိတ်နေသည့် အတွက် ကားပိုင်ရှင် ယာဉ်မောင်းနှစ်ဦးက ကျယ်လောင်စွာ ငြင်းခုံလျက် ကြမ်းတမ်းသောစကားလုံးများဖြင့် အပြန်အလှန် ပြောဆိုနေကြသည်။

မြင်ရသည်မှာ စိတ်မချမ်းသာပါ။ ပို၍နာကျင်စရာကောင်းသည်မှာ ဘုရားကျောင်း၏ကားရပ်နားရာနေရာ၌ ဤသို့စကားများရန်ဖြစ်နေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းအကြောင်းစသည့် တရားဒေသနာတစ်ခုခုကို ကြားနာခဲ့ရမည်ဖြစ်သော်လည်း ယခုတွင်မူ သွေးဆူလျက် ကြားခဲ့သမျှကို မေ့လျော့သွားခဲ့သည်။

၎င်းတို့ကို ဖြတ်သွားရင်း ကျွန်တော်ခေါင်းကို ခါယမ်းလိုက်မိသည်။ ပြီးမှကျွန်တော်လည်း ထူးမခြားနားဟု သိလိုက်ရသည်။ သမ္မာကျမ်းစာကို အကြိမ်ကြိမ်ဖတ်ခဲ့ပြီးမှ ကြင်နာစာနာမှုကင်းမဲ့သည့် အတွေးဖြင့် ထိမိ၍လဲစရာ အပြစ်ထဲကျခဲ့လေခြင်း။ “မှန်၌ကြည့်၍ မိမိပကတိမျက်နှာကို ... ကြည့်ပြီးမှ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်းမေ့လျော့”သူကဲ့သို့ ကျွန်တော် ဘယ်နှစ်ကြိမ် ပြုမူခဲ့မိသနည်း (ယာ ၁:၂၃-၂၄)။

ရှင်ယာကုပ်က သူ၏စာဖတ်သူများအား ဘုရားသခင်၏ညွှန်ကြားချက်ကို ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ရန်သာမက…