လ - ဇွန် 2023

စစ်မှန်သောဘာသာတရား

ကျွန်မ ကောလိပ်ဒုတိယနှစ်အပြီး နွေရာသီ၌ အတန်းဖော်သူငယ်ချင်းတစ်ဦး မမျှော်လင့်ပဲ ကွယ်လွန်သွားသည်။ သူ မကွယ်လွန်မီရက်အနည်းငယ်က သူ့ကို ကျွန်မတွေ့ခဲ့စဉ် သူ့အခြေအနေကောင်းပုံရပါသည်။ ကျွန်မနှင့် အတန်းဖော်များသည် ငယ်ရွယ်သူများဖြစ်ပြီး၊ ဘဝ၏အကောင်းဆုံးအချိန်ဟု ကျွန်မတို့ယူဆခဲ့သည့်အချိန်၌ ရှိနေချိန်၊ ကောလိပ်ကျောင်းသားအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့အသီးသီးတွင် ကတိ ကဝတ်သစ္စာဆိုခဲ့ကြပြီး မောင်နှမများပမာ ဖြစ်လာချိန်တွင်ဖြစ်သည်။

ကျွန်မ၏အတန်းဖော် ကွယ်လွန်သွားချိန်၌ အမှတ်ရဆုံးမှာ “စင်ကြယ်သန့်ရှင်းသောသီလ” (ယာ ၁:၂၇) ဟု ရှင်ယာကုပ် ခေါ်ဆိုသည့်အရာကို ကျွန်မ၏ သဟာယစိတ်ဓါတ်ရှိသောသူငယ်ချင်းများ၏ လက်တွေ့ပုံသက်သေမှ တွေ့မြင်ခဲ့ရခြင်းဖြစ် သည်။ ယောကျ်ားလေးများသည် ကွယ်လွန်သွားသည့်သူငယ်ချင်း၏ ညီမအတွက် အစ်ကိုများကဲ့သို့ ဖြစ်လာခဲ့သည်။ သူမ၏အစ်ကို ကွယ်လွန်ပြီးနောက်ပိုင်းနှစ်များတွင် သူတို့သည် သူမ၏မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြကာ ကလေးမွေးဖွားခြင်းအကြိုပွဲသို့လည်း သွားရောက်ခဲ့ကြသည်။ သူမလိုအပ်သည့်အချိန်၌ သူ့အားဆက်သွယ်နိုင်ရန် သူတို့အထဲက တစ်ဦးက သူမအား မိုဘိုင်းလ် ဖုန်းလက်ဆောင်ကိုပင် ပေးခဲ့သည်။
ရှင်ယာကုပ်၏အဆိုအရ စင်ကြယ်သောသီလ (စစ်မှန်သော…

ခရစ်တော်၌ တိုးတက်ကြီးထွားခြင်း

ပိုမိုသိရှိရန်

သခင်ယေရှု၌ ဝိညာဥ်ရေးရာတိုးတက်ရင့်ကျက်ခြင်းသည် မည်သည့်အဓိပ္ပာယ်နည်း။ ယုံကြည်သူတစ်ဦးအနေဖြင့် ယုံကြည်ခြင်းရင့်ကျက်ခြင်း၊ နောင်တရခြင်း စသည်တို့အပြင် အခြားသောအမှုအရာများ၌ ကျင်လည်ရန် ခေါ်တော်မူခြင်းခံရသည်။

လွတ်လပ်စွာ ရှင်သန်ခြင်း

ကျွန်မကြီးပြင်းခဲ့သည့် အမေရိကန်နိုင်ငံ၊ Texas (တက္ကဆက်)ပြည်နယ်၌ ဇွန်လ (၁၉) ရက်တိုင်းတွင် လူမည်းအသိုင်းအဝိုင်းများ၌ လှည့်လည်ချီတက်ကာ ပွဲတော်ဆင်နွှဲခြင်းနှင့် ပျော်ပွဲစားထွက်ခြင်းများရှိခဲ့သည်။ ‘June’ နှင့် ‘nineteenth’ ကိုပေါင်းထားသည့် ‘Juneteenth’ အထိမ်းအမှတ်ပွဲဆင်နွှဲခြင်း၏ ကြေကွဲဖွယ် ထူးခြားမှုကို ကျွန်မ ဆယ်ကျော်သက်အရွယ် မ‌ရောက်မီအထိ မသိရှိခဲ့ပေ။ Juneteenth သည် သမ္မတ Abraham Lincoln (အာဗြံဟံလင်ကွန်း)က ငွေဝယ်ကျွန်လူတန်းစားများအား ကျွန်အဖြစ်မှ လွတ်မြောက်ခြင်း ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့သည်ကို တက္ကဆက်ရှိ ကျွန်အဖြစ်သတ်မှတ်ခံရသူများက နှစ်နှစ်ခွဲအကြာ ၁၈၆၅ ခုနှစ်တွင်မှ သိခဲ့ရသည့် အထိမ်းအမှတ်အဖြစ် ဆင်နွှဲကြခြင်းဖြစ်သည်။ ကျွန်အဖြစ်သတ်မှတ်ခံရသူများသည် သူတို့လွတ်မြောက်ပြီဖြစ်ကြောင်းကို မသိရှိခဲ့ကြ၍ တက္ကဆက်ပြည်နယ်၌ ကျွန်အဖြစ် ဆက်လက်နေထိုင်ခဲ့ကြသည်။

လွတ်မြောက်ခြင်းအခွင့် ရရှိပြီးဖြစ်သော်လည်း ကျွန်အဖြစ် ဆက်လက်နေထိုင်ခြင်းက ဖြစ်နိုင်ပါသည်။ ဂလာတိဩဝါဒစာ၌ ဘာသာရေးစည်းမျဥ်းများ၏ တင်းကြပ်သော တောင်းဆိုမှုများအောက်၌ အသက်ရှင်ခြင်းဟူသည့် အခြားသော ကျွန်ဖြစ်ခြင်းတစ်မျိုးကို…

ပြိုင်ကားငယ်ကို ပြုပြင်ခြင်း

ကျွန်တော်ကလေးဘဝက နေခဲ့သောအိမ်ရှိ ကားဂိုဒေါင်နှင့်ပတ်သက်ပြီး အမှတ်တရများစွာရှိခဲ့သည်။ စနေနေ့မနက်ခင်းများ၌ အဖေက ကားကို ဂိုဒေါင်အပြင်ဘက်ထုတ်ကာ ကျွန်တော်အနှစ်သက်ဆုံးအလုပ်ဖြစ်သည့် ပြိုင်ကားငယ်အပျက်တစ်စီးကို ပြုပြင်ရန်အတွက် နေရာပေးခဲ့သည်။ ကားဂိုဒေါင်ကြမ်းပြင်ပေါ်၌ ထိုကားလေးကို ဘီးအသစ်နှင့် ပြိုင်ကားဆန်ဆန် ပလပ်စတစ် လေကာတစ်ခု တပ်ဆင်ပေးခဲ့သည်။ အဖေက ကားအသွားအလာကို ကြည့်ပေးပြီး၊ ကျွန်တော်က ကားလမ်းအတိုင်း ပြိုင်ကားလေးကို မောင်းလိုက်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ အတိတ်ကိုပြန်လှည့်ကြည့်ရင်း ထိုကားဂိုဒေါင်၌ ပြိုင်ကားပြင်ခြင်းမက အမှုအရာများစွာဖြစ်ပျက်ခဲ့သည်ကို မြင်ယောင်မိသည်။ လူငယ်လေးတစ်ဦးသည် ဖခင်၏ပုံသွင်းပြုပြင်မှုကို ခံယူခဲ့ရပြီး ထိုဖြစ်စဉ်၌ ဘုရားသခင်ကို သူတစ်စွန်းတစ်စ သိမြင်ခဲ့ရသည်။

လူသားများသည် ဘုရားသခင်၏ သဘာဝသဏ္ဌာန်တော်အတိုင်း ပုံသွင်းဖန်ဆင်းခံကြရသည် (က ၁:၂၇-၂၈)။ လူသားမိဘများ၏ အုပ်ထိန်းစောင့်ရှောက်မှု မူလအရင်းအမြစ်မှာလည်း ဘုရားသခင်၌ အစပြုပါသည်။ အကြောင်းမှာ ဘုရားသခင်သည် “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏အချုပ်အခြာ ... ခမည်းတော်” ဖြစ်တော်မူသောကြောင့်တည်း (ဧ…

အသံ၏အစွမ်းတန်ခိုး

သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး ဟောပြောသူများသည် အပြုသဘောဆောင်သည့် အပြောင်းအလဲဖြစ်ပေါ်စေရန် သူတို့၏အသံကို အသုံးပြုခဲ့ကြသည့် ခေါင်းဆောင်များဖြစ်ကြသည်။ ကျွန်စနစ်ဖျက်သိမ်းရေးနှင့် လွတ်လပ်ရေးအတွက် ပြောကြားခဲ့သည့် Frederick Douglass (ဖရက်ဒရစ်ဒေါက်ဂလပ်စ်)၏ မိန့်ခွန်းများသည် အမေရိကန်ပြည်ထောင်စု၌ ငွေဝယ်ကျွန်စနစ် အဆုံးသတ်စေရန် လမ်းပြပေးခဲ့သည့် လှုပ်ရှားမှုတစ်ရပ်ကို လှုံဆော်ဖြစ်ပေါ်စေခဲ့သည်။ ဆိတ်ဆိတ် နေရန်သာ သူရွေးချယ်ခဲ့ပါက မည်သို့ဖြစ်ခဲ့မည်နည်း။ သူတစ်ပါးကို အားပေးမစရန် မိမိ၏အသံကို အသုံးပြုနိုင်စွမ်း ကျွန်ုပ်တို့၌ ရှိနေသည်။ သို့ရာတွင် ဖော်ထုတ်ပြောဆိုရန်ကြောက်ရွံ့မှုက စိတ်ခြောက်ခြားစရာဖြစ်နိုင်သည်။ ထိုကြောက်စိတ်၏လွှမ်းမိုးမှုခံရချိန်တွင် ကျွန်ုပ်တို့၏ဉာဏ်ပညာနှင့် ခွန်အားအရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို ကျွန်ုပ်တို့မျှော်ကြည့်နိုင်ပါသည်။

တိုင်းနိုင်ငံများ၏ပရောဖက်အဖြစ် ယေရမိအား ဘုရားသခင်ခေါ်ချိန်၌ သူသည် ချက်ချင်းပင် သူ၏စွမ်းရည်ကို စတင်သံသယဖြစ်ခဲ့သည်။ “အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏” ဟု သူထိန့်လန့်စွာ ဆိုခဲ့သည် (ယေ ၁:၆)။ သို့ရာတွင် သူ၏အသံအားဖြင့် မျိုးဆက်တစ်ခုအား တိုက်တွန်းခွန်အားပေးရန် ဘုရားသခင်၏ မြင့်မြတ်သောခေါ်ယူစေစားမှု၌…

မပျောက်ပျက်နိုင်သော ဘုရားသခင်၏မှတ်ဉာဏ်

ဘစ်ကွိုင် (bitcoin - ဒစ်ဂျစ်တယ်ငွေကြေး) ဒေါ်လာသန်း ၄၀၀ ကျော် ပိုင်ဆိုင်သူတစ်ဦးသည် ထိုငွေတစ်ပြားတစ်ချပ်ကိုမျှ သုံးစွဲခွင့်မရ၍ အကြီးအကျယ်အကြပ်ရိုက်နေခဲ့သည်။ ထိုငွေများကို သိမ်းဆည်းထားသည့်စက်၏ လျှို့ဝှက်နံပါတ်ကို သူမေ့သွားသောကြောင့်ဖြစ်သည်။ လျှို့ဝှက်နံပါတ်ကို (၁၀) ကြိမ် ရိုက်ထည့်ပြီးနောက် မမှန်ပါက စက်မှအလိုအလျောက် ဖျက်ဆီးလိုက်မည်ဖြစ်၍၊ ထာဝရဆုံးရှုံးသွားမည့် စည်းစိမ်ဖြစ်သည်။ သူ့ဘဝကို ပြောင်းလဲစေမည့် ရင်းနှီးမြှုပ်နှံမှုအတွက် လျှို့ဝှက်နံပါတ်ကို မှတ်မိအောင် အားထုတ်စဉ်းစားရင်း အချိန် (၁၀) နှစ်တာမျှ စိတ်ပူပန်ခဲ့ရသည်။ လျှို့ဝှက်နံပါတ်ကို (၈) ကြိမ်တိုင် သူကြိုးစားဖွင့်ကြည့်ခဲ့ပြီး၊ (၈) ကြိမ်စလုံး မှားယွင်းခဲ့သည်။ သူ့ပိုင်ဆိုင်မှုများ အငွေ့ပျံပျောက်ပျက်မသွားမီ နောက်ထပ်ကြိုးစားရန် အခွင့် (၂) ကြိမ်သာကျန်တော့ကြောင်း ၂၀၂၁ ခုနှစ်က သူညည်းတွားခဲ့သည်။

ကျွန်ုပ်တို့သည် မေ့လျော့တတ်ကြပါသည်။ တစ်ခါတစ်ရံ၌ (သော့ဘယ်မှာထားမိလဲ)ဟု အသေးအမွှားကိစ္စများကို မေ့ပြီး၊ တစ်ခါတစ်ရံ (ဒေါ်လာသန်းပေါင်းများစွာရယူနိုင်မည့် လျှို့ဝှက်နံပါတ်) ကြီးကြီးမားမား…