တိတ်ဆိတ်ခြင်းအတွက်နေရာ
အကယ်၍ ငြိမ်သက်တိတ်ဆိတ်မှုကို သင်နှစ်သက်သည်ဆိုလျှင် အမေရိကန်နိုင်ငံ၊ Minnesota (မင်နီဆိုတာ ပြည်နယ် )၊ Minneapolis (မင်နီယာပိုလစ်)မြို့၌ သင်နှစ်သက်မည့် အခန်းတစ်ခန်းရှိသည်။ ထိုအခန်းသည် ဝင်လာသမျှအသံ၏ ၉၉.၉၉%ကို စုပ်ယူသည်။ Orfield Laboratories (အော်ဖီး ဓာတ်ခွဲစမ်းသပ်ခန်းများ)ရှိ ကမ္ဘာကျော် ပဲ့တင်သံကင်းမဲ့သောအခန်းကို “ကမ္ဘာ့ဆိတ်ငြိမ်ဆုံးနေရာ” ဟု သတ်မှတ်ခေါ်ဆိုကြသည်။ ထိုအသံဗလံကင်းမဲ့သောနေရာကို တွေ့ကြုံခံစားလိုသူတို့အနေဖြင့် ထိုင်နေဖို့ လိုအပ်သည်။ ဆူညံသံမရှိသဖြင့် ဇဝေဇဝါဖြစ်မှုကို ရှောင်ရှားနိုင်ရန်ဖြစ်သည်။ ထိုအခန်းထဲ၌ (၄၅) မိနစ်ကျော်သည်ထိ မည်သူ တစ်ဦးတစ်ယောက်မှ နေနိုင်ခဲ့ခြင်း မရှိသေးပါ။
ထိုမျှလောက်သော တိတ်ဆိတ်မှုမျိုးကို လူမဆိုစလောက်ကသာ လိုအပ်သည်။ ဆူညံကျယ်လောင်ပြီး ပျားပန်းခတ်လှုပ်ရှားနေသည့် ကမ္ဘာကြီးထဲတွင် အနည်းငယ်သော တိတ်ဆိတ်ငြိမ်သက်မှုကို တစ်ခါတစ်ရံ ကျွန်မတို့ တောင့်တမိ တတ်ကြသည်။ ကျွန်မတို့ကြည့်ရှုသည့် သတင်းများနှင့် အသုံးပြုသည့် လူမှုမီဒီယာများက ကျွန်မတို့၏စိတ်အာရုံကို ဆွဲဆောင်လျက် ရှုပ်ထွေးကျယ်လောင်သော “ဆူညံမှု”ကို…

နှိမ့်ချခြင်းကို ယူတင်ဝတ်ဆင်ခြင်း
‘Undercover Boss’ (ရုပ်ဖျက်ထားသော ဘော့စ်) တီဗီစီးရီးတွင် ရေခဲမုန့်စားသောက်ကုန်လုပ်ငန်း၏ အမှုဆောင်အရာရှိသည် ငွေရှင်းကောင်တာ ဝန်ထမ်းဝတ်စုံဖြင့် ရုပ်ဖျက်ကာ သရုပ်ဆောင်ထားသည်။ ဆံပင်အတုနှင့် မိတ်ကပ်များဖြင့် သူမ၏သရုပ်မှန်ကို ဖုံးကွယ်ကာ ဆိုင်ခွဲတစ်ခွဲတွင် ဝန်ထမ်းသစ်အဖြစ် အလုပ်ဝင်လုပ်သည်။ သူမ၏ရည်ရွယ်ချက်မှာ အတွင်းကျကျနှင့်လက်တွေ့၌ ဖြစ်ပျက်သော အခြေအနေမှန်များကို သိရှိရန်ဖြစ်သည်။ သူမ၏လေ့လာတွေ့ရှိချက်များကြောင့် ဆိုင်တွင် ကြုံတွေ့ရသော ပြဿနာအချို့ကို ဖြေရှင်းနိုင်ခဲ့သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းရန် “အစေခံကျွန်၏ သဏ္ဌာန်”ကို ယူတင်ဝတ်ဆောင်ခဲ့သည် (ဖိ ၂:၇)။ ကိုယ်တော်သည် လူသားတစ်ယောက်အဖြစ် ကမ္ဘာမြေတွင် ကျင်လည်လျက် ဘုရားသခင်အကြောင်း သွန်သင်ပေးပြီး နောက်ဆုံး ကျွန်ုပ်တို့၏အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သည်(:၈)။ နာခံမှုဖြင့် သူ့အသက်ကို ကျွန်ုပ်တို့၏အပြစ်ဖြေရာယဇ်အဖြစ် တင်လှူခြင်းက ခရစ်တော်၏နှိမ့်ချခြင်းကို ဖော်ကျူးနေသည်။ သူသည် လူသားအဖြစ် လောကတွင် ကျင်လည်ခဲ့ပြီး၊ ကျွန်ုပ်တို့အမှန်တကယ် ရင်ဆိုင်တွေ့ကြုံရသည့် အရာများကိုလည်း တွေ့ကြုံခဲ့ရသည်။…

အပြစ်ကို ဖြည်းဖြည်းချင်း ဖုံးကွယ်ခြင်း
ခွေးလေး ဝင်စတန်သည် ဖိနပ်များကို မကိုက်ဝါးရကြောင်းကို သိသည်။ ထို့ကြောင့် သူသည် ပါးနပ်သောဗျူဟာတစ်ခုကို ချမှတ်ခဲ့ပြီး၊ ၎င်းကို “ဖြည်းဖြည်းချင်းလျှောက်”ဟု ကျွန်ုပ်တို့ခေါ်သည်။ ဝင်စတန်သည် စောင့်ကြည့်သူမရှိ၊ စွန့်ပစ်ထားသောဖိနပ်ကို တွေ့လျှင်၊ သူသည် ထိုဖိနပ်ရှိရာသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားကာ ဖိနပ်ကိုကောက်ချီပြီး ဖြည်းဖြည်းလေး လမ်းဆက်လျှောက်သွားမည်။ မည်သူမျှ သတိမထားမိပါက တံခါးအပြင်သို့ထွက်သွားမည်။ “အမေရေ၊ ဝင်စတန် က အမေ့ဖိနပ်ကို တံခါးအပြင်ကို ဖြည်းဖြည်းချင်း ချီသွားပြီ”။
မိမိ၏အပြစ်များကို ဘုရားသခင်မမြင်အောင် “နှေးနှေးလျှောက်ပြီး” မသိမသာ ဖုံးကွယ်နိုင်သည်ဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့ထင်မြင်သည်။ ဘုရား သတိမထားမိဟု တွေးရန် သွေးဆောင်ခံရတတ်သည်။ ဘယ်အပြစ်ဖြစ်ဖြစ် အရေးမကြီးဟု ကျိုးကြောင်းဆီလျော်စွာ တွေးတတ်ကြသည်။ သို့သော် ဝင်စတန် နည်းတူ ကျွန်တော်တို့က ပိုသိသည်။ ထိုရွေးချယ်မှုများသည် ဘုရားစိတ်တော်နှင့် မတွေ့သောအရာဖြစ်ကြောင်း ကျွန်ုပ်တို့သိသည်။
ဧဒင်ဥယျာဉ်၌ အာဒံနှင့်ဧဝတို့ကဲ့သို့ မိမိ၏အပြစ်ကြောင့်…


မှန်သောအရာကို ပြုခြင်း
ကျွန်တော်တို့ဇနီးမောင်နှံက ပိုင်ရှင်မဲ့ခွေးပေါက်လေးများကို မသန်စွမ်းသူများအား ကူညီသည့်ခွေးများ ဖြစ်လာရန် “မွေးစား”ပြီး ပြုစုပျိုးထောင်ပေးသည်။ ၎င်းတို့ထဲမှ တစ်ကောင်သည် ခွေးများကို လေ့ကျင့်သင်ကြားပေးရန် တတ်မြောက်ကျွမ်းကျင်သော အကျဥ်းသားများ၏ အဆင့်မြင့်လေ့ကျင့်ပေးမှုမှ သင်တန်းဆင်းခဲ့သည်။ အကျဉ်းသားတစ်ဦးဖြစ်သူ Jason (ဂျေဆင်) ရေးသည့်စာက ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့သည်။ သူ့အတိတ်အတွက် သူစိတ်မကောင်းဖြစ်မိကြောင်း ရေးထားပြီး၊ “Snickers (စနိကာ)က ကျွန်တော်လေ့ကျင့်ပေးတဲ့ (၁၇) ကောင်မြောက် ခွေးဖြစ်ပြီး အတော်ဆုံးခွေးဖြစ်တယ်။ ကျွန်တော့်ကို မော့ကြည့်နေတဲ့သူ့ကိုကြည့်ပြီး မှန်ကန်တဲ့အရာတစ်ခုကို နောက်ဆုံးတော့ ကျွန်တော်လုပ်နေပြီလို့ ခံစားရတယ်” ဟု ဆိုသည်။
ဂျေဆင် သာမက ကျွန်တော်တို့ အားလုံးတွင် နောင်တကိုယ်စီရှိသည်။ ယုဒရှင်ဘုရင် မနာရှေတွင်လည်း နောင်တများစွာရှိခဲ့သည်။ ရာဇဝင်ချုပ်ဒုတိယစောင် ၃၃ တွင် သူ၏ရက်စက်ယုတ်မာမှုအချို့ကို ဖော်ပြထားသည်။ ဗာလဘုရားအဖို့ ယဇ်ပလ္လင်တည်၏ (:၃)။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကိုသုံး၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေးပြီး မိမိသားတို့ကို…
မိမိ၏ရည်ရွယ်ချက်က ဘာလဲ
“မုဆိုးဖိုလည်းဖြစ်၊ အငြိမ်းစားလည်းဖြစ်၊ ကလေးတွေကလည်း သူတို့မိသားစုနဲ့သူတို့ အလုပ်ရှုပ်နေပြီး၊ နံရံပေါ်က အရိပ်တွေကိုကြည့်ပြီး ညနေခင်းတွေကို တိတ်တဆိတ် ကုန်ဆုံးစေရတာ ကျွန်တော် လုံးဝအသုံးမကျသလို ခံစားရတယ်” ဟု Harold (ဟယ်ရို) က ဆိုသည်။ “အဖေအသက်ကြီးပြီ၊ ဘဝကို အပြည့်အဝ နေထိုင်ခဲ့ပြီးပြီ။ အဖေ့မှာ ရည်ရွယ်ချက်မရှိတော့ဘူး။ ဘုရားက အဖေ့ကို အချိန်မရွေး ခေါ်သွားနိုင်ပြီ” ဟု သူ့သမီးကို မကြာခဏပြောလေ့ရှိသည်။
သို့သော် တစ်နေ့နေ့လည်ခင်းတွင် သူ့အိမ်နီးချင်းနှင့်စကားစမြည်ပြောရင်း ဟယ်ရို စိတ်ပြောင်းလဲခဲ့သည်။ “ကျွန်တော့်အိမ်နီးချင်းမှာ သူ့ကလေးတွေနဲ့ ပြဿနာတစ်ချို့ရှိတာကြောင့် သူ့အတွက် ဆုတောင်းပေးခဲ့တယ်။ နောက်တော့ သူ့ကို ဧဝံဂေလိတရား ဝေမျှခဲ့တယ်။ အဲဒီမှာ ကျွန်တော့်မှာ ရည်ရွယ်ချက် ရှိနေဆဲ ဆိုတာ သဘောပေါက်လိုက်တယ်။ ယေရှုအကြောင်း မကြားရသေးတဲ့သူ ရှိနေသရွေ့ ကယ်တင်ရှင်အကြောင်း သူတို့ကို ပြောပြရမှာပေါ့” ဟု ဟယ်ရို က…
