လ - ဇူလိုင် 2023

ဆုတောင်းခြင်းနှင့် ပြောင်းလဲခြင်း

၁၉၈၂ ခုနှစ်တွင် သင်းအုပ်ဆရာ Christian Führer (ခရစ်ရှန်ဖူဟာ)သည် Leipzig's St. Nicholas (လိုက်ပ်စစ် စိန်နီကိုးလပ်စ်) ဘုရားကျောင်း၌ တနင်္လာနေ့ ဆုတောင်းအစည်းအဝေးကို အစပြုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုများနှင့် အရှေ့ဂျာမနီအစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြားတွင် လူလက်တစ်ဆုပ်စာမျှသာ ဘုရားသခင်ထံ တိုးဝင်လျက် ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ကြသည်။ အသင်းတော်များကို ကွန်မြူနစ်အာဏာပိုင်များက အနီးကပ်စောင့်ကြည့်ခဲ့ပြီး သူတို့သတိမမူခဲ့ပေ။ ထို့နောက် ဆုတောင်းပွဲသို့ တက်ရောက်သူများ တိုးပွားများပြားလာကာ ဘုရားကျောင်းဝင်းတံခါး အပြင်ဘက်ထိ လူများပြည့်လျှံသွားသည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဆန္ဒပြသူပေါင်း ၇၀,၀၀၀ ခန့်တွေ့ဆုံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ အရှေ့ဂျာမနီရဲဝန်ထမ်း ၆၀၀၀ သည် ရန်စမှုမှန်သမျှကို တုံ့ပြန်ရန် အသင့်ရှိနေသည်။ သို့သော် လူစုလူဝေးကြီးသည် ငြိမ်သက်နေခဲ့ပြီး သမိုင်းပညာရှင်များက ထိုနေ့ကို ‌ပြောင်းလဲမှုကြီးတစ်ခုအတွက် သမိုင်းတွင်မည့်အချိန်ဟု မှတ်ယူခဲ့ကြသည်။…

နေ့ရက်စဥ်တိုင်းအတွက် ခွန်အားပေးပါ

‘Every Moment Holy’ (အချိန်တိုင်း သန့်ရှင်းခြင်း) ဟူသည့်စာအုပ်သည် အစားအစာပြင်ဆင်ခြင်း၊ အဝတ်လျှော်ခြင်းစသည့် သာမန်လုပ်ငန်းဆောင်တာများ အပါအဝင် လုပ်ဆောင်မှုအမျိုးမျိုးအတွက် လှပသောဆုတောင်းစာအုပ်တစ်အုပ်ဖြစ်သည်။ မလွဲမရှောင်သာသော အလုပ်များကို “ဒါပဲလုပ်နေရတယ်၊ သာမန်အလုပ်”ဟု ခံစားရနိုင်သည်။ ထိုစာအုပ်အားဖြင့် “အစာမစားခင် ကျေးဇူးတော် ချီးမွမ်းတယ်။ မှန်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပုံကြမ်းဆွဲတာ၊ ပန်းချီဆွဲတာ၊ ရေကူးတာ၊ ဓားခုတ်လေ့ကျင့်တာ၊ လက်ဝှေ့ထိုးတာ၊ လမ်းလျှောက်တာ၊ ကစားတာ၊ ကခုန်တာ၊ စာရေးဖို့ ပြင်ဆင်တာ စတာတွေ မလုပ်ခင် ကျေးဇူးတော်ကို ချီးမွမ်းတယ်” ဟုရေးသားခဲ့သည့် စာရေးဆရာ G. K. Chesterton (ဂျီကေ ချက်စတာတန်)၏ စကားလုံးများကို ကျွန်မ ပြန်သတိရမိသည်။

ထိုသို့သောခွန်အားပေးမှုက မိမိ၏တစ်နေ့တာ လုပ်ဆောင်မှုများအပေါ် ကျွန်မအတွက် အမြင်သစ်ကို ပေးသည်။ တစ်ခါတစ်ရံ ကျွန်မက အစာမစားမီ ဝိညာဥ်ရေးစာအုပ်ဖတ်ပြီး ဝတ်ပြုခြင်းကို ဝိညာဉ်ရေးအတွက်တန်ဖိုးရှိသောအမှု၊…

ရေနက်ရာ

William Bill Pinkney (ဝီလီယျံဘေးလ်ပင့်ခ်နေ)သည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ တစ်ကိုယ်တော်ရွက်လွှင့်ခဲ့စဥ်က အန္တရာယ်များသော ‘Great Southern Capes’ (ကြီးမားသောတောင်ပိုင်းအငူများ) လမ်းကြောင်းအတိုင်း ရွက်လွှင့်ခဲ့ပြီး၊ ထိုလမ်းကြောင်းကို မြင့်မားသောရည်ရွယ်ချက်ဖြင့် သူတမင်ရွေးခဲ့သည်။ ထိုခရီးစဉ်မှာ ကလေးများကို စိတ်ဓာတ်လှုံ့ဆော်ပေးရန်နှင့် ပညာပေးရန်ဖြစ်သည်။ ကလေးများဆိုရာ၌ သူသင်ကြားခဲ့ဖူးသော အမေရိကန်နိုင်ငံ၊ ရှီကာဂို မြို့တွင်း မူလတန်းကျောင်းမှ ကျောင်းသားများလည်း ပါဝင်သည်။ သူ၏ပန်းတိုင်မှာ စာကိုကြိုးစားသင်ယူခြင်းနှင့် သစ္စာအဓိဌာန်ပြုခြင်းဖြင့် မည်သည့်အတိုင်းအတာထိ ခရီးပေါက်နိုင်ကြောင်းကို ပြသရန်ဖြစ်ပြီး၊ သူ့လှေကိုလည်း “သစ္စာအဓိဌာန်” ဟုနာမည်ပေးထားသည်။ ဘေးလ်က ကျောင်းသားလေးများကို “သစ္စာအဓိဌာန်”လှေဖြင့် ခေါ်သွားသောအခါ “သူတို့ရဲ့လက်နဲ့ တက်မ‌ကို ကိုင်‌စေပြီး၊ ဘဝမှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အခြေခံအချက်ဖြစ်တဲ့ ထိန်းချုပ်မှု၊ ကိုယ်ကိုချုပ်တည်းမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုအကြောင်းကို လေ့လာသင်ယူစေတယ်” ဟုပြောခဲ့သည်။

ဘေးလ်၏စကားများသည် ရှောလမုန်၏ဉာဏ်ပညာကို ပုံဆောင်သည်။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း၊…

ကိုယ်တိုင်တာဝန်ယူမှု

ကျွန်တော့်သူငယ်ချင်း၏မျက်လုံးများက ကျွန်တော်ကိုယ်တိုင်ခံစားနေရသည့် “ကြောက်ရွံ့မှု”ကို ဖော်ပြနေသည်။ ကျွန်တော်တို့ ဆယ်ကျော်သက်နှစ်ယောက်သည် ဆိုးဝါးစွာပြုမူခဲ့ပြီး၊ ယခု သင်တန်းတာဝန်ခံ ရှေ့မှောက်တွင် ကုပ်ကုပ်လေးဖြစ်နေပါသည်။ သူက ကျွန်တော်တို့ ဖခင်များကိုသိပြီး၊ မေတ္တာနှင့်ကျွန်တော်တို့ကို ပြောနေသော်လည်း ကျွန်တော်တို့ဖခင်များ မည်မျှ စိတ်ပျက်သွားမည်ကို ပြတ်သားစွာဖော်ပြခဲ့သည်။ ကိုယ့်အပြစ်‌ကြောင့် မိမိကိုယ်တိုင်၌သာ တာဝန်ရှိကြောင်း ဝန်ထုပ်ကြီးကြောင့် စားပွဲအောက်သို့သာ တိုးဝင်ပုန်းလိုက်ချင်တော့သည်။

ဘုရားသခင်သည် အပြစ်အတွက် ကိုယ်တိုင်တာဝန်ယူမှုနှင့် ပတ်သက်သည့် ကြီးလေးသော စကားလုံးများပါဝင်သော၊ သတင်းစကားကို ယုဒလူမျိုးအတွက် ပရောဖက်ဇေဖနိမှတစ်ဆင့် ပေးခဲ့သည် (ဇေ ၁:၁၊ ၆-၇)။ ယုဒ၏ရန်သူများထံ ကျရောက်စေမည့် ဘေးနှင့်စီရင်ချက်ချခြင်းများကို ဖော်ပြပြီးနောက် (အခန်းကြီး ၂)၊ ဘုရားသခင်သည် နေမထိထိုင်မသာဖြစ်နေသော အပြစ်ရှိသည့် သူ့လူများဘက်သို့ လှည့်ပြီး (အခန်းကြီး ၃)၊ “ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲတတ်သောမြို့သည် အမင်္ဂလာရှိ၏” (:၁)။ “သူတို့သည်ကြိုးစား၍ မှားယွင်းသောအကျင့်ကိုသာ ကျင့်ကြ၏”…

ကျွန်ုပ်ကို ဆေးကြောပါ

“ကျွန်ုပ်ကိုဆေးကြောပါ” ဟူသောစာသားကို ကျွန်တော့်ကားပေါ်တွင် မရေးထားသော်လည်း၊ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကားရေဆေးဝန်ဆောင်မှုသို့ သွားခဲ့သည်။ မကြာမီက ဆီးနှင်းကျခဲ့ပြီး ဆားပေါက်သည့်လမ်းများကြောင့် ညစ်ပတ်ပေကျံသော အမှိုက်များကို ဆေးရန် အခြားယာဉ်မောင်းများလည်း ကားလာဆေးကြသည်။ ကားတန်းရှည်ပြီး ဝန်ဆောင်မှုက နှေးသော်လည်း စောင့်ရကျိုးနပ်ခဲ့သည်။ ဝန်ဆောင်မှုနှောင့်နှေးမှုကြောင့် အခမဲ့ကားရေဆေးပေးသဖြင့် သန့်ရှင်းတောက်ပြောင်နေသောကားကို မောင်းပြီး ကျွန်တော်အိမ်ပြန်လာခဲ့သည်။

တစ်ပါးသူ၏စရိတ်ခံပေးမှုဖြင့် သန့်စင်‌စေခြင်းအမှုသည် သခင်ယေရှု၏ ဧဝံဂေလိတရားဖြစ်သည်။ သခင်ယေရှု၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ဘုရားသခင် ပေးခဲ့သည်။ ဘဝ၏ “အညစ်အကြေးများ” တွယ်ကပ်လာသောအခါ “ရေချိုးရန်” မလိုဟု မည်သူခံစားရမည်နည်း။ တစ်ကိုယ်ကောင်းဆန်သောအတွေး (သို့) တစ်ပါးသူအား ထိခိုက်နစ်နာစေမည့် အပြုအမူများနှင့် ကျွန်ုပ်တို့စွန်းထင်းနေချိန်၊ ကျွန်ုပ်တို့ရရှိထားသော ဘုရားသခင်၏ငြိမ်သက်ခြင်း အလုယူခံရချိန်တွင်ပါ မသန့်ရှင်းလိုဘူးလား။ ဆာလံ ၅၁ သည် သွေးဆောင်ခြင်းက အောင်နိုင်လွှမ်းမိုးချိန်၌ ဒါဝိဒ်၏ ကြွေးကြော်သံဖြစ်သည်။ သူ၏အပြစ်နှင့်ပတ်သက်၍ ဝိညာဉ်ရေးကို…