
ခရစ္စမတ်ပြီး နောက်တစ်နေ့
ခရစ္စမတ်နေ့၏ ပျော်ရွင်မှုအားလုံးပြီးဆုံးသည့် နောက်တစ်နေ့သည် စိတ်ပျက်အားလျော့စရာကဲ့သို့ ခံစားခဲ့ရသည်။ တစ်ညလုံး မိတ်ဆွေများနှင့်အတူ ရှိနေခဲ့၍ ကောင်းစွာ မအိပ်ခဲ့ရပါ။ ပြီးနောက် ကျွန်ုပ်တို့အိမ်အပြန်လမ်းတွင် ကားပျက်သွားသည်။ ပြီးနောက် နှင်းများကျလာသည်။ ကားကိုထားခဲ့ပြီး အငှားယာဉ်နှင့် အိမ်ပြန်ခဲ့ရသည်။ ခွန်အားမရှိသကဲ့သို့ ခံစားရသည်။
ခရစ္စမတ်နေ့ပြီးသည့်နောက် အားလျော့သောစိတ်မျိုးကို ကျွန်ုပ်တို့သာခံစားရသူများမဟုတ်ပါ။ အစာအလွန်အကျွံစားသုံးခြင်းဖြစ်စေ၊ ရေဒီယိုမှ ခရစ္စမတ်သီချင်းများ ရုတ်တရက်ပျောက်ကွယ်သွားခြင်းဖြစ်စေ၊ (သို့) လွန်ခဲ့သည့်အပတ်က ဝယ်ယူခဲ့သော လက်ဆောင်ပစ္စည်းများကို ယခု တစ်ဝက်ဈေးနှင့် ရောင်းချပေးခြင်း စသည့်အရာများကြောင့် မှော်ဆန်သော ခရစ္စမတ်နေ့သည် မြန်မြန်ဆန်ဆန်ပင် လွင့်စင်ပပျောက်သွားသည်။
ယေရှုဖွားမြင်ပြီး နောက်တစ်နေ့အကြောင်းကို ကျမ်းစာက ဘာမှဖော်ပြထားခြင်းမရှိပါ။ သို့သော် ဗက်လင်မြို့သို့ ခြေလျင်ခရီးနှင်ပြီးနောက် တည်းခိုရန်နေရာကြိုးပမ်းရှာဖွေရ၊ မာရိ၏ မီးဖွားရာတွင်နာကျင်ရမှုနှင့်၊ သိုးထိန်းများကလည်း ဗြုန်းစားကြီး ရောက်ချလာခြင်း (လု ၂:၄-၁၈) စသည့်အကြောင်းများကြောင့် မာရိနှင့်ယောသပ်တို့ ပင်ပန်းနွမ်းနယ်နေကြမည်ကို ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်ပါသည်။ မာရိသည် သူမ၏မွေးကင်းစကလေးကို…
ခရစ်တော်မွေးဖွားမည့် ကတိတော်
ရူပဗေဒပညာရှင် John W. Mauchly ဂျွန်ဒဗလျူမောက်ချလီ သည် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလက “သာမန်ယောကျ်ားလေး (သို့) မိန်းကလေးတစ်ဦးက ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်နိုင်စရာ အကြောင်းမရှိဘူး” ဟုပြောကြားခဲ့သည်။ မောက်ချလီ ၏ခန့်မှန်းချက်သည် ထိုခေတ်ကာလက ထူးဆန်းပုံရသော်လည်း အံ့သြဖွယ် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ ယနေ့ခေတ်တွင် ကွန်ပြူတာ (သို့) လက်ကိုင်အီလက်ထရွန်နစ် ပစ္စည်းတစ်ခုအား အသုံးပြုခြင်းသည် ကလေးငယ်တစ်ဦး အစောဆုံးသင်ယူနိုင်သည့် ကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်လာသည်။
မောက်ချလီ၏ခန့်မှန်းချက် အမှန်တကယ်ဖြစ်လာသကဲ့သို့ပင် ခရစ်တော်ကြွဆင်းလာမည့်အကြောင်း ပိုမိုအရေးပါသည့် သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်များမှာလည်း ပြည့်စုံခဲ့သည်။ ဥပမာ “အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏” ဟု မိက္ခာအနာဂတ္တိကျမ်း ၅:၂…

ခရစ္စမတ်ကြယ်
“အဲဒီကြယ်ကိုတွေ့ရင် အိမ်အပြန်လမ်းကို အမြဲရှာတွေ့နိုင်တယ်”။ ထိုစကားများမှာ ကျွန်ုပ်ငယ်စဥ်က ဓူဝံကြယ်၏တည်နေရာအား မည်သို့ရှာဖွေရမည်ကို ကျွန်ုပ်အား သင်ကြားပေးရင်း အဖေပြောခဲ့သည့် စကားများဖြစ်သည်။ အဖေသည် စစ်မက်ကာလတွင် စစ်တပ်၌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ညဘက်ကောင်းကင်ကိုကြည့်ကာ လမ်းကြောင်းရှာဖွေနိုင်သည့်အပေါ် မူတည်ပြီး အသက်ရှင်ရပ်တည်ခဲ့ရသည့် အချိန်ကာလများ ရှိခဲ့သည်။ ထိုကြောင့် ကြယ်တာရာများ၏ နာမည်များနှင့် တည်နေရာများကို ကျွန်ုပ်မှတ်မိနေစေရန် အဖေသင်ပေးခဲ့သည်။ သို့သော် ဓူဝံကြယ်ကို ရှာဖွေနိုင်ခြင်းမှာ အရေးအကြီးဆုံးဖြစ်သည်။ ထိုကြယ်၏တည်နေရာကို သိရှိခြင်းက ကျွန်ုပ် မည်သည့်နေရာ၌ ရောက်ရှိနေစေကာမူ လမ်းကြောင်းရှာဖွေနိုင်ပြီး၊ ကျွန်ုပ်ရှိနေရန်လိုအပ်သည့် နေရာကို ရှာဖွေတွေ့ရှိနိုင်စေသည်။
အလွန်အရေးပါသည့် အခြားကြယ်တစ်လုံးအကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ သူ၏လူမျိုးတို့အတွက် ဘုရားသခင်ခန့်အပ်သည့် ဘုရင်ဖြစ်လာမည့်သူ၏ မွေးဖွားခြင်းဆိုင်ရာ ကောင်းကင် နိမိတ်လက္ခဏာများကို (ယနေ့ခေတ် အီရန်နှင့် အီရတ်နိုင်ငံတို့၏နယ်မြေများတွင် ပါဝင်သည့် ဒေသမှလာသော) “အရှေ့ပြည်မှ မာဂုပညာရှိများ”က လေ့လာစောင့်ကြည့်ခဲ့ကြသည်။ သူတို့သည် ယေရုရှလင်မြို့သို့…


သခင်ယေရှု၌ မိတ်သဟာယဖွဲ့ခြင်း
တနင်္ဂနွေမနက် ဝတ်ပြုစည်းဝေးခြင်းအပြီးတွင် မီးခလုတ်များကို ပိတ်ရန်နှင့် ဘုရားကျောင်းတံခါးအား သော့ခတ်ရန် မည်သူတာဝန်ယူထားသည်ကို ကျွန်ုပ်မသိသော်လည်း ထိုလူနှင့်ပတ်သက်၍ တနင်္ဂနွေညစာနောက်ကျမည်ကိုဖြင့် ကျွန်ုပ် သိသည်။ လူများစွာက ဘုရားကျောင်းပြီးလျှင် မိတ်ဆွေများနှင့် ဘဝဆုံးဖြတ်ချက်များအကြောင်း၊ နှလုံးသားရေးရာကိစ္စများ၊ ရုန်းကန်နေရမှုများနှင့် အခြားအကြောင်းအရာများကို ဝေမျှပြောဆိုရန် နှစ်သက်ကြခြင်းကြောင့်၊ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် ပြီးဆုံးပြီးနောက် မိနစ် (၂၀) ခန့်မျှ လူတို့ အချင်းချင်း မိတ်သဟာယဖွဲ့နေကြသည်ကို မြင်ရသည်မှာ ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။
မိတ်သဟာယဖွဲ့ခြင်းသည် ခရစ်တော်နှင့်သဏ္ဌာန်တူသော အသက်တာ၏ အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ယုံကြည်သူအချင်းချင်း တွေ့ဆုံ အချိန်ကုန်ဆုံးခြင်းမှ ထွက်ပေါ်လာသည့် ဆက်နွယ်မှုမရှိလျှင် ယုံကြည်သူဖြစ်ရခြင်း ၏ အကျိုးကျေးဇူးများစွာကို ကျွန်ုပ်တို့ လက်လွတ်ဆုံးရှုံးသွားမည် ဖြစ်သည်။
ဥပမာအနေဖြင့် “အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြ”ရန် ရှင်ပေါလုက ပြောသည် (၁ သက် ၅:၁၁)။ ဟေဗြဲသြဝါဒစာ ရေးသားသူကလည်း ကျွန်ုပ်တို့ “အချင်းချင်းတိုက်တွန်းနှိုးဆော်”ရန်…
တံတိုင်းများဖြိုလျက် တလုံးတဝတည်းဖြစ်ခြင်း
၁၉၆၁ ခုနှစ်ကတည်းကပင် ဘာလင်တံတိုင်းကြီးကြောင့် မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများ စည်းခြားကာ တကွဲတပြား နေခဲ့ကြရသည်။ နိုင်ငံသားများ အနောက်ဂျာမနီသို့ မထွက်ပြေးနိုင်ရန် ရည်ရွယ်၍ ထိုနှစ်၌ အရှေ့ဂျာမနီအစိုးရက ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စင်စစ် ၁၉၄၉ ခုနှစ်မှစ၍ ထိုတံတိုင်းကို စတင်တည်ဆောက်သည့်အချိန်အထိ အရှေ့ဂျာမန်လူမျိုး (၂.၅) သန်းကျော်ခန့် အနောက်ဂျာမဏီသို့ ထွက်ပြေးခဲ့ကြပြီးဖြစ်သည်။ ၁၉၈၇ ခုနှစ်၌ အမေရိကန် သမ္မတ Ronald Reagan (ရော်နယ်ရေဂန်)သည် ဘာလင်တံတိုင်းကြီး၌ ရပ်လျက် “တံတိုင်းကြီးကို ဖြိုချလိုက်ပါ” ဟူသည့် အထင်ကရစကားကို ပြောခဲ့သည်။ သူ၏စကားသည် ကြီးမားသည့် အပြောင်းအလဲကို ထင်ဟပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ထိုတံတိုင်းကြီးပြိုလဲကာ ဝမ်းမြောက်ဖွယ်ရာ ဂျာမဏီနိုင်ငံသူ နိုင်ငံသားများ၏ ပြန်လည်ပေါင်းစည်းခြင်းကို ဖြစ်စေခဲ့သည်။
ဧဖက်သြဝါဒစာ ၂:၁၄-၁၅ တွင် သခင်ယေရှုဖြိုချခဲ့သည့် “ရန်ငြိုးဖွဲ့ခြင်း အုတ်တံတိုင်းနံရံ” အကြောင်း ရှင်ပေါလု…
