လ - ဩဂုတ် 2024

စကားလုံးလေးလုံးထဲမှ အသက်တာ

J. I. Packer ဟု လူသိများသည့် James Innell Packerသည်၂၀၂၀ ခုနှစ်၌ အသက် ၉၄နှစ် မပြည့်မီ ၅ ရက် အလိုတွင် ကွယ်လွန်ခဲ့သည်။ ဓမ္မပညာရှင်နှင့် စာရေးဆရာဖြစ်သူ ပက်ကာ၏ အကျော်ကြားဆုံးစာအုပ် "Knowing God" သည် စတင်ထုတ်ဝေစဉ်ကပင် ၁.၅ သန်းကျော် ရောင်းထွက်ခဲ့သည်။ Packerသည် သမ္မာကျမ်းစာ၏ တန်ခိုးအာဏာရှိခြင်း၊ တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းတို့ကို ကာကွယ်ထောက်ခံပြီး ခရစ်တော်၌ ယုံကြည်သူများအား နေရာတိုင်း၌ ခရစ်တော်အတွက် အလေးအနက်ရှင်သန်ရန် တိုက်တွန်းခဲ့သည်။ အသက်ကြီးချိန်တွင်မှ အသင်းတော်အတွက် နောက်ဆုံးအမှာစကားပြောပေးရန် တောင်းဆိုခံခဲ့ရသည်။ သူ၏စကားလုံးလေးလုံးပါသည့် စာတစ်ကြောင်းမှာ “Glorify Christ every way” - ရှိသမျှနည်းမျိုးစုံဖြင့် ခရစ်တော်၏ဘုန်းတော် ထင်ရှားစေပါဟူ၍ဖြစ်၏။

ထိုစကားလုံးများက အံ့ဩဖွယ် အသက်တာပြောင်းလဲပြီးနောက် သစ္စာရှိစွာ ဘုရားသခင်၏အမှုတော်မြတ်ကို စတင်ဆောင်ရွက်ကာ ရလဒ်များကို ဘုရားထံ…

အခြားသူများအပေါ် ကျွန်ုပ်တို့၏သက်ရောက်မှု

ကျွန်မ၏ ကျမ်းစာကျောင်း ပါမောက္ခ ဒေါက်တာလီသည် နေ့လည်စာစားပွဲ၌ ကျွန်မတို့၏ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်သူ ဘင်ဂျီး အလာနောက်ကျမည်ကို သတိပြုမိသောအခါ၊ သူသည် အစားအသောက်တစ်ပန်းကန်စာကို ဘင်ဂျီးအတွက် အသာလေး ဖယ်ထားလိုက်သည်။ အတန်းဖော်များနှင့် ကျွန်မစကားပြောနေစဉ် ဒေါက်တာလီက နောက်ဆုံးကျန်သည့်ဆန်ကိတ်ကိုလည်း ဘင်ဂျီးအတွက် အသာလေး ပန်းကန်ပေါ် ထားပေးလိုက်သည်။ ခြစ်ထားသော အုန်းသီးအချို့ကို အရသာရှိရှိ အပေါ်၌ ဖြူးပေးသည်။ ဤကြင်နာပြမှုက ထင်ရှားကျော်ကြားသော ဓမ္မပညာရှင်တစ်ဦး၏ အပြုအမူများစွာထဲမှ တစ်ခုဖြစ်ပြီး၊ ၄င်းသည် ဘုရားသခင်အပေါ် ဒေါက်တာလီ၏ သစ္စာရှိမှု ပြည့်လျှံနေခြင်းဟု ကျွန်မယူဆပါသည်။ အနှစ်နှစ်ဆယ် ကြာပြီးနောက်၊ သူ၏နက်နဲသည့် စွဲမှတ်ဖွယ်အပြုအမူက ကျွန်မအပေါ် လွှမ်းမိုးဆဲဖြစ်သည်။

တမန်တော်ယောဟန်၌ ယုံကြည်သူမြောက်မြားစွာအပေါ် နက်နဲသည့် စွဲမက်ဖွယ်အပြုအမူတို့ ချန်ရစ်ထားခဲ့သော မိတ်ဆွေတစ်ဦး ရှိပါသည်။ ဘုရားသခင်နှင့် သမ္မာကျမ်းစာအပေါ် သစ္စာတည်ပြီး “သမ္မာတရား”၌ အစဉ်မပြတ်လျှောက်လှမ်းသူ ဂါယု အကြောင်း (၃…

သစ်တောအမှောင်ခန်း

စစ်တပ်က တိုနီ ဗက်ကာရိုကို ဓာတ်ပုံဆရာတစ်ဦးအနေဖြင့် အခွင့်မပေးခဲ့သော်လည်း ၎င်းသည် သူ့ကို မတားဆီးနိုင်ခဲ့ပါ။ သစ်ပင်ထက်မှ ကျလာသကဲ့သို့ တဖွဲဖွဲကျလာ သော အမြောက်ဆန်များနှင့် ကျည်စကျည်နများကို ရှောင်တိမ်းရင်း ကြောက်မက်ဖွယ်ကောင်းသည့်အခိုက်အတန့်ကြား၌ သူဓာတ်ပုံရိုက်ခဲ့သည်။ ထို့နောက် သူ၏ သူငယ်ချင်းများ အိပ်ပျော်သွားသောအခါ သူတို့၏သံခမောက်များကို သုံးပြီး ဓာတုပစ္စည်းများကို ရောနှောကာ သူ၏ရုပ်ရှင်ကို ဖန်တီးခဲ့သည်။ သစ်တော၏ညအချိန်က ဗက်ကာရိုအတွက် ဒုတိယကမ္ဘာစစ် ဟတ်ဂင်သစ်တောတိုက်ပွဲ၏ ကောင်းမွန်သော မှတ်တမ်းကို ဖန်တီးခဲ့သည့် သစ်တောအမှောင်ခန်း ဖြစ်လာခဲ့သည်။

ဒါဝိဒ်မင်းသည် သူ၏တိုက်ပွဲများနှင့် မှောင်မိုက်သောအချိန်များကို ဖြတ်သန်းခဲ့ရသည်။ ၂ ရာ၂၂ ၌ “ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ” ဟု ‌ပြောထားသည် (:၁)။ ဒါဝိဒ်သည် ထိုအတွေ့အကြုံများကို အသုံးပြု၍ ဘုရားသခင်၏သစ္စာရှိမှုမှတ်တမ်းကို ပြုစုခဲ့သည်။ သူက “သေခြင်း…

ကောင်းကင်တေးသံ

အထက်တန်းကျောင်း သံစုံအဖွဲ့မှ အာဂျင်တီးနားသီချင်း “အယ် စီယဲ့လို ကန်တာ အလက်ဂရီယာ” (El Cielo Canta Alegría) ကို သီဆိုစဉ် သူတို့၏အသံများတွင် ဝမ်းမြောက်ခြင်းက ပေါ်လွင်နေခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုကို နှစ်သက်သော်လည်း စပိန်စကား မတတ်သောကြောင့် စာသားများကို နားမလည်ခဲ့ပါ။ သို့သော် သံစုံအဖွဲ့မှ “အာလေလူယာ” (Aleluya) ဟု ရွှင်မြူးစွာဖြင့် စတင်ကြွေးကြော်စဉ်၊ အကျွမ်းတဝင်ရှိလှသည့် စကားလုံးတစ်လုံးကို မကြာမီမှာပင် ကျွန်မ မှတ်မိခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဘာသာစကားအများစုတွင် ဘုရား သခင်အား ချီးမွမ်းကြွေးကြော်သည့် အသံဆင်တူသော “အာလေလူယာ” ကို ထပ်ခါတလဲလဲ ကြားခဲ့ရသည်။ သီချင်း၏နောက်ကြောင်းရာဇဝင်ကို သိလိုစိတ်ပြင်းပြ၍ ဖျော်ဖြေပွဲပြီးနောက် အွန်လိုင်းပေါ်ရှာဖွေရာ သီချင်းခေါင်းစဉ်ကို “ဝမ်းမြောက်မှုအတွက် ကောင်းကင်တေးသံ” ဟု ဘာသာပြန်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဗျာဒိတ်ကျမ်း ၁၉ ပါ အောင်ပွဲခံသည့်ကျမ်းပိုဒ်၌၊ “ကောင်းကင်တစ်ခုလုံး ဝမ်းမြောက်ကြ၏”…

အချင်းချင်းကူညီပါ

ဖဲလေး ဒစ်ကင်ဆန် တက္ကသိုလ် (အက်ဖ်ဒီယူ) မှ ဘတ်စကက်ဘောအသင်းသည် ကောလိပ် ဘတ်စကက်ဘောပြိုင်ပွဲအတွက် စတင်ယှဉ်ပြိုင်သော်၊ ပရိသတ်များက အရေးနိမ့်ဟန်ရှိသောအသင်းကို အော်ဟစ်အားပေးခဲ့ကြသည်။ အသင်းက ပထမပိုင်းပြီးချိန်ထိ တောင့်ခံနိုင်မည်ဟု မမျှော်လင့်ထားလည်း၊ သူတို့ တောင့်ခံနိုင်ခဲ့သည်။ ယခုတစ်ဖန် သူတို့၏တီးဝိုင်းအဖွဲ့ ပါမလာသော်လည်း သူတို့၏အားပေးသီချင်းသံကို ပွဲကြည့်စင်ထက်မှ ကျယ်လောင်စွာ ကြားရသည်။ ဒေးတွန်တက္ကသိုလ်တီးဝိုင်းသည် ကစားပွဲမစမီ မိနစ်ပိုင်းတွင် အက်ဖ်ဒီယူ၏သီချင်းကို သင်ယူခဲ့သည်။ တီးဝိုင်းက သူတို့ရသောသီချင်းများကို ရိုးရိုးလေးတီးခတ်ခြင်းသာဖြစ်နိုင်သော်လည်း အခြားကျောင်းနှင့် အခြားအဖွဲ့ကို ကူညီရန် သီချင်းကို သင်ယူရန် ရွေးချယ်ခဲ့သည်။

ဤတီးဝိုင်း၏လုပ်ဆောင်ချက်ကို ဖိလိပ္ပိဩဝါဒစာ၌ ဖော်ပြထားသော စည်းလုံးမှုသင်္ကေတအဖြစ် တွေ့မြင်နိုင်သည်။ ပေါလုသည် ဖိလိပ္ပိမြို့ရှိ ကနဦးအသင်းတော်နှင့် ယနေ့ကျွန်ုပ်တို့ကို စည်းလုံးညီညွတ်ရန် သို့မဟုတ် “သဘောတညီတညွတ်တည်း” (ဖိ ၂: ၂) ရှိရန်ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အထူးသဖြင့် ခရစ်တော်၌ စည်းလုံးကြသောကြောင့်ဖြစ်သည်။…