လ - ဩဂုတ် 2025

သခင်ယေရှု သင့်ထံ လက်ကမ်းပေးနေသည်

ရုံးတစ်ရုံး၌ သန့်ရှင်းရေးလုပ်သားဖြစ်သူ လက်တီ(Letty)သည် အမြန့်တကာ အမြန်ဆုံးလမ်းလျှောက်သူအဖြစ် နာမည်ကြီးသည်။ ထိုသို့လျှောက်မှသာ လူများကို သူရှောင်နိုင်မည်ဖြစ်သည်။ သူမသည် ဆင်းရဲမှုဒဏ်ကြောင့် ထိခိုက်နာကျင်ရလျက်၊ ကိုယ်ကို နှိမ့်ချခြင်း၌လည်း အသားကျနေပြီဖြစ်၍ သူ့မျက်နှာတစ်ခြမ်းကို လက်ဖြင့် အလိုလိုကွယ်ကာ အခြားလူများကို ကျော်တက်သည်။ သူ့စကားအရ သူမသည် “သာမန် ချောမောပြီး ပညာတတ်သူများ”ကဲ့သို့ မဟုတ်ခြင်းကြောင့် သူမ၏ရှက်စိတ်က နက်နဲစွာကိန်းအောင်းနေသည်။ အလုပ်ခွင်မှ အမျိုးသမီးတစ်ဦးက သူမကို မိတ်ဖွဲ့ပေါင်းလာသောအခါ သူမ၏စိတ်ဒဏ်ရာမှာ စတင်သက်သာလာသည်။

နူနာစွဲသူတစ်ဦးသည်လည်း လက်တီ၏ရှက်စိတ်ထက် ပိုဆိုးဝါးစွာ ခံစားရလျက် ဘဝရှင်သန်ရသည်။ မောရှေ၏ပညတ်တရားအရ သူ့ရောဂါက သူ့ကို ရွံရှာဖွယ် ညစ်ညူးသူအဖြစ်သတ်မှတ်ကာ လူ့ဘောင်အသိုင်းအဝိုင်းမှ သူ့ကိုပစ်ပယ်စေသည်။ ထိုသူ၏အနာရောဂါက အပြင်ပန်းရုပ်ပိုင်းတွင် ဖြစ်ပေါ်သည်သာမက စိတ်နှင့် ဝိညာဥ်တွင်ပါ ဒဏ်ရာဖြစ်စေသည်။ ဤဒဏ်ရာများနှင့် နူနာစွဲသူသည် သခင်ခရစ်တော်အား “ကိုယ်တော် အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏…

ဉာဏ်ပညာရရန် နက်နဲစွာ တူးဖော်ခြင်း

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဆောက်လုပ်‌‌ရေးအဖွဲ့တစ်ဖွဲ့သည် အဖိုးတန်ရတနာတည်ရှိသည့် နေရာ၌ ဒေါ်လာ ၄၂ သန်းတန် ရေမြောင်းစီမံကိန်းတစ်ခုကို လုပ်ကိုင်နေကြသည်။ ထိုမြေအောက်တွင် ၁၉ ရာစုနှစ်မှ ငါးဖမ်းလှေတစ်စင်းမှာ မပျက်မယွင်းရှိနေသည်။ ထိုလှေ၌ ရေနံဆီမီးခွက်၊ အုန်းမှုတ် သောက်ရေခွက်၊ ဒင်္ဂါးပြား စသည့် စိတ်ဝင်စားဖွယ် အသုံးအဆောင်များကို တွေ့ရှိခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က ထိုဒေသတွင် မည်သို့ဘဝရှင်သန်သည်ကို အသေးစိတ်ဖော်ပြမည့်အချက်အလက်များကို သိနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ထိုလှေကို စူးစမ်းလေ့လာနေပါသည်။ ရေကြောင်းဆိုင်ရာ ရှေးဟောင်းသုတေသီတစ်ဦးက “ဒါက သင်္ဘောတစ်စင်း ဆိုတာထက် ပိုပါတယ်။ ဒါက လူတွေရဲ့နိစ္စဓူဝရှင်သန်မှုကို သတိပေးဖော်ပြနေပါတယ်” ဟုဆိုသည်။ နက်နဲစွာ တူးဆွလေ့လာခြင်းဖြင့် ဗဟုသုတနှင့် အသိပညာများကို ရရှိနိုင်ပါသည်။

ဒေသနာကျမ်းကို လေ့လာသော် ၎င်းတွင် ရှေးခေတ်နှင့် ကျွန်ုပ်တို့ခေတ်မှ နိစ္စဓူဝအဖြစ်အပျက်များကို ဆင်ခြင် ထင်ဟပ်သည့် ရှေးပဝေသဏီမှ ပညာဉာဏ်ဘဏ်တိုက်ကြီးရှိသည်။…

ပျောက်ဆုံးသွားသော ထာဝရဘုရား၏သေတ္တာတော်

အသင်းတော်၏‌ဆောင်းရာသီ အားသစ်လောင်းအစီအစဥ်ကို အနီးဝန်းကျင်ရှိ စခန်းတစ်ခုတွင် ပြုလုပ်ရာ၊ သင်းအုပ်ဂျက်ဖ်သည် ကျွန်မသားနှင့်အတူ ပတ်ဝန်းကျင်ကို လျှောက်ကြည့်စဥ် သားက ဆရာကို တောအုပ်လမ်းလေးအတိုင်း ခေါ်သွားသည်။ စခန်း၏ ဝတ်ပြုဆောင်အပြင်ဘက်နေရာသို့ ရောက်သော်၊ ရုတ်တရက် ထိုနေရာတွင် ပဋိညာဥ်သေတ္တာတော်ကို တွေ့လိုက်ရသည်။ သေတ္တာတော်အစစ်တော့ မဟုတ်ပါ။ သို့သော် သေတ္တာ၏မူလအရွယ်အစားအတိုင်းကို ရွှေမင်ဆေးသုတ်ကာ ပုံတူလုပ်ထားသည်။ ၎င်းကို ဆရာ၏အားပေးမှုဖြင့် လွန်ခဲ့သောနှစ်များက ကျွန်မခင်ပွန်းပြုလုပ်ခဲ့ပြီး မကြာမီကမှ သားက အပြီးသတ်ပေးခဲ့သည်။ ဆရာမှာ အံ့ဩသွားသည်။

ဆရာမှာ အလွန်ကျေနပ်လျက် သေတ္တာတော်ကို သူတို့စခန်းချသည့် နေရာ၏ ထမင်းစားခန်းသို့ သယ်လာရန် အခြားသူများကို အမြန်အကူအညီတောင်းလိုက်သည်။ လူကြီးများက သေတ္တာကို သယ်လာစဥ် ဆရာ၏မြေးလေးနှစ်ဦးက လက်တွဲပြီး အနောက်မှ လိုက်ပါလာသည့်မြင်ကွင်းက ကြည်နူးစရာပင်။
သူ့လူတို့နှင့် ဘုရားသခင်၏အတူရှိခြင်းကို ပုံဆောင်သည့် ပဋိညာဥ်သေတ္တာ အစစ်ကို ၎င်း၏နေရာမှန် ဖြစ်သည့် ဒါဝိဒ်မြို့”(၂…

ဘုရားသခင်၏သာလွန်သောခွန်အား

ဂျွန်စထရော့ပ်၏ From the Pit to the Pulpit စာအုပ်တွင် သူက သူ့အား ရုပ်ပိုင်း၊ ကာမဂုဏ်ဆက်ဆံမှုပိုင်း၊ စိတ်ပိုင်းတို့တွင် ထုထောင်းဖိစီးနှိပ်စက်သည့် အားကြီးသော သူမသိကျွမ်းသော ဘဝ၏ဖိစီးမှုများအကြောင်းကို ဖော်ပြထားသည်။ “ကားမမောင်းတတ်ခင်ကတည်းက ကျွန်တော်မူးယစ်ဆေးဝါးကို စသုံးခဲ့တယ်။... ကျောင်းလည်း ထွက်လိုက်ပြီး ဒုစရိုက်ပြုလို့ ရာဇဝတ်သားဘဝမှာ ကျင်လည်ခဲ့တယ်”ဟု သူက ရေးသားခဲ့သည်။ နောက်ဆုံးတွင် သူကျူးလွန်သည့်ပြစ်မှုများကြောင့် ထောင်နန်းစံခဲ့ရသည်။ ထောင်ဒဏ် ၅ နှစ် စီရင်ချက်ကျစဥ်အတွင်း သူ့အသက်တာ၌ သမ္မာကျမ်းစာသက်ဝင်လာပြီး ဘုရားရှင်ရှေ့တော်၌ သူနှိမ့်ချခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သူ့ထက်အားကြီးသည့် အတိတ်၏ အကျင့်ဆိုးများမှ သူလွတ်မြောက်ခဲ့သည်။

ရှေးခေတ်ဣသရေလလူမျိုးတို့သည် ဖိနှိပ်မှုနှင့် ရံဖန်ရံခါ “သူ့ထက် အားကြီးသူ”(ယေ ၃၁:၁၁)များ၏ဖမ်းဆီးကျွန်ပြုခေါ်ဆောင်ခြင်းများကို ကြုံတွေ့ခံစားခဲ့ရသည်။ ထိုသို့ကြုံတွေ့ခံစားရခြင်းသည် ၎င်းတို့၏မိုက်မဲမှုကြောင့် ဖြစ်လင့် ကစား နာခံမှုမရှိ၊ လမ်းလွဲသွားသည့်သူ့လူတို့အပေါ် ဘုရားသခင်သည် သူ၏…

လှပသောနိဂုံး

နွေးထွေးသောညနေခင်းတစ်ခုတွင် ကျွန်မမိတ်ဆွေများနှင့် မြို့တွင်းတစ်နေရာ၌ တွေ့ဆုံခဲ့သည်။ ဆိုင်အပြင် ဘက်၌ ဂျက်ဇ်မြူးဇစ်တီးဝိုင်းရှိသည့် စားသောက်ဆိုင်၌ စားသောက်ကြမည်ဖြစ်၍ ကျွန်မတို့စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။ သို့သော် ဆိုင်သို့ရောက်သောအခါ လူပြည့်နေ၍ စိတ်ပျက်လက်ပျက်နှင့်လှည့်ပြန်ကာ နောက်ထပ်ဆိုင်တစ်ဆိုင်တွေ့သည်အထိ တိုက်အိမ်များစွာကို‌ကျော်လွန်ပြီး လမ်းပြန်လျှောက်ခဲ့ရသည်။

လောက၌ စိတ်ပျက်စရာများက ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံပင်။ ချစ်ရသည့်အိမ်မွေးတိရိစ္ဆာန်လေး သေသွားသည်။ သက်မွေးမှုအလုပ်အကိုင် အဆင်မပြေ၊ ကျန်းမာရေးချို့ယွင်း၊ချစ်ခင်ရသူနှင့်ဆက်ဆံရေး ပြတ်တောက်နှင့်၊ မိမိကိုနှောင့်နှေးစေသည့် အမှုအရာများကြားတွင် ဘုရားသခင်၏နှစ်သိမ့်မှုကို ရရှိသော်လည်း မိမိတို့၏အသက်တာဇာတ်လမ်းများတွင် ကျွန်မတို့တောင့်တလိုချင်သည့် ချမ်းသာသုခနှင့် ပြည့်စုံသည့်နိဂုံးမျိုးက အစဥ်အမြဲ မပါရှိပါ။ သို့သော်လည်း သခင်ယေရှုကို ယုံကြည်သူများ၌ ထာဝရဝမ်းမြောက်စရာ မျှော်လင့်ခြင်းရှိပါသည်။

ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်က ရှင်ယောဟန်အား ရင်သပ်ရှုမောဖွယ် ရူပါရုံကို ပေးသည့်အကြောင်းအရာများ မှတ်တမ်းတင်ထားသည်။ ‌ရှင်ယောဟန် သည် “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်”ကို မြင်ခဲ့ပြီး (၂၁:၂)၊ “မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်”…